Premier League

မီထရိုဗစ်က ဖာနန်ဒက်စ်မဟုတ်လို့ အနီပြခံရတာလို့ ထင်မြင်နေတဲ့ ပရိသတ်များ

အလက်ဆန်းဒါး မီထရိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လီဗာပူးလ်နဲ့ပွဲတုန်းက ဘရူနို ဖာနန်ဒက်စ်ရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညနေက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဒုတိယပိုင်း ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖူလ်ဟမ်အသင်းဟာ ဒိုင်လူကြီး ခရစ္စ ကာဗာနာက တစ်မိနစ်အတွင်း အနီကတ် ၃ ကတ် ပြသခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဖူလ်ဟမ်အသင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဝီလီယံဟာ ဂျေဒန် ဆန်ချိုရဲ့ ဂိုးကန်သွင်းချက်ကို လက်နဲ့ ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့တာကို VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ တွေ့ခဲ့ရပြီးနောက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ပြီးတဲ့နောက်မှာ ကာဗာနာက မီထရိုဗစ်ကိုပါ အနီကတ်နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

မီထရိုဗစ်ဟာ ဒိုင်လူကြီးနဲ့ စကားများနေချိန်အတွင်း တွန်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားကလည်း အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ၂ ဂိုး၊ ဆဘစ်ဇာက ၁ ဂိုး သွင်းယူသွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲ ပြန်လည်ရယူနိုင်မှုက အိုးထရက်ဖို့ဒ်က ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ မြင်ကွင်းတွေရဲ့ အရိပ်မိုးခြင်းကို ခံခဲ့ရတာဖြစ်ပြီး မီထရိုဗစ်ရဲ့ ကာဗာနာကို ပြုလုပ်ခဲ့တဲ့ အပြုအမူလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ မီထရိုဗစ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အခြားပရိသတ်တွေကတော့ ဖာနန်ဒက်စ်ရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ပြီး စည်းမျဉ်းတွေက လိုတမျိုး မလိုတမျိုး ဆုံးဖြတ်နေတာကို လျင်လျင်မြန်မြန် ထောက်ပြခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ လီဗာပူးလ်အသင်းကို ၇-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လက်ထောက်ဒိုင်လူကြီးကို တွန်းခဲ့တဲ့ကိစ္စအပါအဝင် ၎င်းရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ အက်စတန် ဗီလာ တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်က တစ်သမတ်တည်းမရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ဝေဖန်သွားခဲ့ပါတယ်။

“ဘရူနိုက စည်းကြပ်ဒိုင်ကို တွန်းခဲ့ပေမယ့် ဘာအပြစ်မှ အပေးမခံခဲ့ရပေမယ့် မီထရိုဗစ်က ဒိုင်လူကြီးကို တိုက်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတယ်။ သမာသမတ်မရှိတဲ့ VAR။ အရှက်ရစရာကောင်းတယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကလည်း မီထရိုဗစ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ အငြင်းအခုံမှာ ပါဝင်ခဲ့ကြပြီး “မီထရိုဗစ် ဖြစ်ခဲ့တာက ရယ်ဖို့ကောင်းတယ်။ သူ ဒိုင်လူကြီးကို တွန်းတဲ့အားက အရင်အပတ်တွေတုန်းက ဘရူနို ဖာနန်ဒက်စ် စည်းကြပ်ဒိုင်ကို တွန်းလိုက်တာထက်တော့ မလျော့ပါဘူ။ ဘယ်မှာလည်း တသမတ်တည်းဖြစ်တဲ့ ဆုံးဖြတ်ချက်”လို့ ပရိသတ်တစ်ဦးက မေးခွန်းထုတ်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အရမ်းမိုက်မဲတဲ့ မီထရိုဗစ်ပဲ။ မင်း ဒိုင်လူကြီးကို တွန်းလို့မရဘူးလေ။ မင်းက ဘရူနို ဖာနန်ဒက်စ်မှ မဟုတ်တာ”လို့ သရော်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလက္ဆန္းဒါး မီထ႐ိုဗစ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ လီဗာပူးလ္နဲ႔ပြဲတုန္းက ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အျပဳအမူနဲ႔ ႏႈိင္းယွဥ္ၿပီး ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ တနဂၤေႏြေန႔ညေနက အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ဒုတိယပိုင္း ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖူလ္ဟမ္အသင္းဟာ ဒိုင္လူႀကီး ခရစၥ ကာဗာနာက တစ္မိနစ္အတြင္း အနီကတ္ ၃ ကတ္ ျပသခဲ့ၿပီးေနာက္ ဒုတိယပိုင္းမွာ ဖူလ္ဟမ္အသင္းဟာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ဝီလီယံဟာ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ ဂိုးကန္သြင္းခ်က္ကို လက္နဲ႔ ဂိုးစည္းေပၚက ရွင္းထုတ္ခဲ့တာကို VAR နဲ႔ ျပန္လည္စစ္ေဆးရာမွာ ေတြ႕ခဲ့ရၿပီးေနာက္ အနီကတ္ျပထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ကာဗာနာက မီထ႐ိုဗစ္ကိုပါ အနီကတ္နဲ႔ ထုတ္ပယ္လိုက္တာျဖစ္ပါတယ္။

မီထ႐ိုဗစ္ဟာ ဒိုင္လူႀကီးနဲ႔ စကားမ်ားေနခ်ိန္အတြင္း တြန္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဖူလ္ဟမ္နည္းျပ မာကို ေဆးလ္ဗားကလည္း အနီကတ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဖူလ္ဟမ္အသင္းကို ၃-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္က ၂ ဂိုး၊ ဆဘစ္ဇာက ၁ ဂိုး သြင္းယူသြားခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္မႈက အိုးထရက္ဖို႔ဒ္က ႐ုပ္ပ်က္ဆင္းပ်က္ႏိုင္တဲ့ ျမင္ကြင္းေတြရဲ႕ အရိပ္မိုးျခင္းကို ခံခဲ့ရတာျဖစ္ၿပီး မီထ႐ိုဗစ္ရဲ႕ ကာဗာနာကို ျပဳလုပ္ခဲ့တဲ့ အျပဳအမူလည္း အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။ မီထ႐ိုဗစ္ဟာ လူမႈကြန္ရက္ေပၚမွာ ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း အျခားပရိသတ္ေတြကေတာ့ ဖာနန္ဒက္စ္ရဲ႕ အျပဳအမူနဲ႔ ႏႈိင္းယွဥ္ၿပီး စည္းမ်ဥ္းေတြက လိုတမ်ိဳး မလိုတမ်ိဳး ဆုံးျဖတ္ေနတာကို လ်င္လ်င္ျမန္ျမန္ ေထာက္ျပခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ လီဗာပူးလ္အသင္းကို ၇-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ လက္ေထာက္ဒိုင္လူႀကီးကို တြန္းခဲ့တဲ့ကိစၥအပါအဝင္ ၎ရဲ႕ အျပဳအမူေတြနဲ႔ပတ္သက္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။ အက္စတန္ ဗီလာ တိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္တ္က တစ္သမတ္တည္းမရွိတဲ့ ဆုံးျဖတ္ခ်က္ေတြအေပၚ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖစ္ရပ္နဲ႔ ႏႈိင္းယွဥ္ေဝဖန္သြားခဲ့ပါတယ္။

“ဘ႐ူႏိုက စည္းၾကပ္ဒိုင္ကို တြန္းခဲ့ေပမယ့္ ဘာအျပစ္မွ အေပးမခံခဲ့ရေပမယ့္ မီထ႐ိုဗစ္က ဒိုင္လူႀကီးကို တိုက္ခဲ့တဲ့အတြက္ တိုက္႐ိုက္အနီကတ္ျပခံခဲ့ရတယ္။ သမာသမတ္မရွိတဲ့ VAR။ အရွက္ရစရာေကာင္းတယ္”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကလည္း မီထ႐ိုဗစ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ အျငင္းအခုံမွာ ပါဝင္ခဲ့ၾကၿပီး “မီထ႐ိုဗစ္ ျဖစ္ခဲ့တာက ရယ္ဖို႔ေကာင္းတယ္။ သူ ဒိုင္လူႀကီးကို တြန္းတဲ့အားက အရင္အပတ္ေတြတုန္းက ဘ႐ူႏို ဖာနန္ဒက္စ္ စည္းၾကပ္ဒိုင္ကို တြန္းလိုက္တာထက္ေတာ့ မေလ်ာ့ပါဘူ။ ဘယ္မွာလည္း တသမတ္တည္းျဖစ္တဲ့ ဆုံးျဖတ္ခ်က္”လို႔ ပရိသတ္တစ္ဦးက ေမးခြန္းထုတ္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အရမ္းမိုက္မဲတဲ့ မီထ႐ိုဗစ္ပဲ။ မင္း ဒိုင္လူႀကီးကို တြန္းလို႔မရဘူးေလ။ မင္းက ဘ႐ူႏို ဖာနန္ဒက္စ္မွ မဟုတ္တာ”လို႔ သေရာ္ၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.