Premier League

ချီးကျူးခံရသင့်သလောက် ချီးကျူးမခံရတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က အာဆင်နယ်အသင်းက ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် ချီးကျူးခံရသင့်သလောက် ချီးကျူးမခံခဲ့ရတဲ့ ဘန် ဝှိုက်ကို ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပို့တင်း လစ္စဘွန်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာရဲ့အသင်းဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ရှုံးနိမ့်ခဲ့မှုကို အကောင်းဆုံး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

စပို့တင်းနဲ့ပွဲမှာ ပင်နယ်တီ လွဲခဲ့တဲ့ ဂါဘရီယဲလ် မာတီနယ်လီဟာ ၂၈ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဆာကာက ပထမပိုင်း မပြီးဆုံးခင်မှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချာကာနဲ့ ဆာကာကပဲ နောက်ထပ် ဦးဆောင်ဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ အလွန်ကောင်းမွန်တဲ့နိုင်ပွဲကြောင့် အထင်ကြီးမိခဲ့တဲ့ အိုဝင်က ဘန် ဝှိုက်ကို အမ်းမရိတ်စ်က နိုင်ပွဲအတွင်းက အခန်းကဏ္ဍအတွက် ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်ဟာ ညာနောက်ခံကစားသမားအဖြစ် ယခုရာသီမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အိုဝင်က အင်္ဂလန်နောက်ခံလူရဲ့ ဆာကာနဲ့ တွဲဖက်ကစားနိုင်မှုက အာဆင်နယ်အတွက် အရမ်း အရေးပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအတွဲအဖက်က အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။ ဒီပေါင်းစပ်ကစားပုံက အာဆင်နယ်အတွက် အရမ်း အရေးပါပါတယ်။ ဘန် ဝှိုက်က ရှေ့ကို တက်ပြီး ချိတ်ကစားတယ်။ သူ လိုအပ်ရင် နောက်ကို ပြန်ဆင်းနိုင်တဲ့ မြန်နှုန်းရှိတယ်”

“ပွဲပြီးခါနီးမှာ နှစ်သက်စရာအခိုက်အတန့်ရှိခဲ့ပြီး သူ ဘောလုံး ဖျက်ထုတ်ပြီး အောင်ပွဲခံခဲ့ပါတယ်။ သူက အခုအချိန်မှာ အာဆင်နယ်အတွက် နည်းနည်း တန်ဖိုးထားသင့်သလောက် အထားမခံရတဲ့ကစားသမားမျိုးလို့ ကျွန်တော် ခံစားရတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုက္ကယ္ အိုဝင္က အာဆင္နယ္အသင္းက ခရစၥတယ္ ပဲေလ့စ္ကို အႏိုင္ယူၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ခ်ီးက်ဴးခံရသင့္သေလာက္ ခ်ီးက်ဴးမခံခဲ့ရတဲ့ ဘန္ ဝႈိက္ကို ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ စပို႔တင္း လစၥဘြန္းအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာရဲ႕အသင္းဟာ တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၄-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီး ရႈံးနိမ့္ခဲ့မႈကို အေကာင္းဆုံး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

စပို႔တင္းနဲ႔ပြဲမွာ ပင္နယ္တီ လြဲခဲ့တဲ့ ဂါဘရီယဲလ္ မာတီနယ္လီဟာ ၂၈ မိနစ္မွာ အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီး ဆာကာက ပထမပိုင္း မၿပီးဆုံးခင္မွာ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ခ်ာကာနဲ႔ ဆာကာကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို သြင္းယူခဲ့တာျဖစ္ၿပီး ဂန္းနားေတြရဲ႕ အလြန္ေကာင္းမြန္တဲ့ႏိုင္ပြဲေၾကာင့္ အထင္ႀကီးမိခဲ့တဲ့ အိုဝင္က ဘန္ ဝႈိက္ကို အမ္းမရိတ္စ္က ႏိုင္ပြဲအတြင္းက အခန္းက႑အတြက္ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

ဘန္ ဝႈိက္ဟာ ညာေနာက္ခံကစားသမားအျဖစ္ ယခုရာသီမွာ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး အိုဝင္က အဂၤလန္ေနာက္ခံလူရဲ႕ ဆာကာနဲ႔ တြဲဖက္ကစားႏိုင္မႈက အာဆင္နယ္အတြက္ အရမ္း အေရးပါတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီအတြဲအဖက္က အထင္ႀကီးစရာ ေကာင္းခဲ့ပါတယ္။ ဒီေပါင္းစပ္ကစားပုံက အာဆင္နယ္အတြက္ အရမ္း အေရးပါပါတယ္။ ဘန္ ဝႈိက္က ေရွ႕ကို တက္ၿပီး ခ်ိတ္ကစားတယ္။ သူ လိုအပ္ရင္ ေနာက္ကို ျပန္ဆင္းႏိုင္တဲ့ ျမန္ႏႈန္းရွိတယ္”

“ပြဲၿပီးခါနီးမွာ ႏွစ္သက္စရာအခိုက္အတန႔္ရွိခဲ့ၿပီး သူ ေဘာလုံး ဖ်က္ထုတ္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ သူက အခုအခ်ိန္မွာ အာဆင္နယ္အတြက္ နည္းနည္း တန္ဖိုးထားသင့္သေလာက္ အထားမခံရတဲ့ကစားသမားမ်ိဳးလို႔ ကြၽန္ေတာ္ ခံစားရတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.