Ligue1 Match Report

ခပ်ညံ့ညံ့နည်းပြကို မက်ဆီနဲ့ အမ်ဘာပေ မကယ်နိုင်တော့လို့ ရင်းနေးကို ရှုံးတဲ့ PSG

ပီအက်စ်ဂျီတို့အနေနဲ့ ဒီနေ့မှာတော့ ရင်းနေးအသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့ပြီး ထိုက်ထိုက်တန်တန်ပဲ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ တိကျတဲ့ ဗျူဟာမျိုး ဘာမှ မရှိသလို နည်းစနစ်ပိုင်းလည်း မကြွယ်ဝတဲ့ နည်းပြ ဂယ်လ်တီယေးအနေနဲ့ ရှုံးပွဲတွေ့သင့်နေတာ ကြာပြီဖြစ်ပြီး ဒီနေ့မှာတော့ ဘယ်သူကမှ သူ့ကို ကယ်တင်မပေးနိုင်တော့ဘဲ ပါရီသားတွေ မင်းသားကွင်းမှာ အမှတ်ဗလာဖြစ်ခဲ့ရတာပါ။

အိမ်ရှင်တွေအနေနဲ့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဒါနီလို ပါရဲရား၊ ဘစ်ရှီယာဘူးနဲ့ ဘားနတ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ပမ်ဘီလီ၊ နူနို မန်ဒက်စ်၊ ဗာရက်တီ၊ ဖာဘီယန် ရူးဝီးဇ်နဲ့ ဗီတင်ညာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့ နှစ်ဦးကို တွဲဖက်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ရင်းနေးတို့ကတော့ ဂိုးသမား မွန်ဒွန်ဒါ၊ ခံစစ်မှာ ခရစ္စတိုဖာဝူး၊ အိုမာရီ၊ သီယာတေ၊ စပင့်စ်နဲ့ ထူးဖာ့တ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘူရီဂျို၊ အူဂိုချူကဝူ၊ ဒူယေးနဲ့ တိုကို အီကမ်ဘီတို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ လူငယ်တိုက်စစ်မှူး ကာလီမွန်ဒိုတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပီအက်စ်ဂျီတို့အနေနဲ့ ပွဲထွက်လူစာရင်းအရ ဒါနီလို ပါရဲရား၊ ဘစ်ရှီယာဘူး၊ ပမ်ဘီလီနဲ့ ဘားနတ် သို့မဟုတ် နူနို မန်ဒက်စ်တို့ကို 4 Back အဖြစ် အထိုင်ချနိုင်ပေမယ့် လှေနံဓားထစ်ပုံစံနဲ့ ဘာမှ မလုပ်တတ်တဲ့ ဂယ်လ်တီယေးကတော့ မက်ဆီနဲ့ပါ လေ့ကျင့်ရေးကွင်းမှာ အချင်းများအပြီးမှာ အကြံတုံး ဉာဏ်တုံးဖြစ်နေပုံလည်း ပေါ်ပါတယ်။

ပွဲစကတည်းက ရင်းနေးတို့က အိမ်ရှင်တွေကို ထိထိရောက်ရောက် ခြိမ်းခြောက်နေခဲ့သလို ညာနောက်ခံအတွင်းလူနေရာမှာ ကစားတဲ့ ဘယ်သန် ဘားနတ်ကတော့ သနားစရာတောင်ကောင်းနေခဲ့ပြီး လီယွန်ကနေ အငှားလာကစားနေတဲ့ ကင်းမရွန်း ဘယ်တောင်ပံတိုက်စစ်မှူး တိုကို အီကမ်ဘီက သူ့ကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ခဲ့တာပါ။

မက်ဆီနဲ့ အမ်ဘာပေတို့အဖွဲ့တွေ ကြိုးစားထိုးဖောက်ခဲ့ကြပေမယ့် ပြင်သစ်လက်ရွေးစင်ဂိုးသမားဟောင်း မွန်ဒွန်ဒါ ဦးဆောင်တဲ့ ရင်းနေးခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ရသမျှ အခွင့်အရေးတွေကလည်း ဖြုန်းတီးဖို့နဲ့ ဂိုးသမားဆီ ကန်ဖို့ပဲ ဖြစ်နေခဲ့သလို ပရိသတ်တွေအတွက်ကတော့ နည်းပြပဲ ညံ့လွန်းတာလား လုပ်ပွဲပဲ ကစားတာလားဆိုပြီး မေးရမလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ရင်းနေးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဘူရီဂျိုက ပီအက်စ်ဂျီဂိုးရှေ့ကို တန်းပြီး ကန်ပို့လိုက်တဲ့ အဝေးဘောကို တိုကို အီကမ်ဘီက ပြေးလိုက်ပြီး မည်ကာမတ္တ နောက်ခံလူတွေဖြစ်ကြတဲ့ ဘားနတ်နဲ့ ဒါနီလို ပါရဲရားတို့ကြားကနေ ထိန်းသိမ်းရယူပြီး ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းခဲ့တာကို ဒွန်နာရမ်မာ မတားနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ ဦးဆောင်ခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ရင်းနေးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဗီတင်ညာ ဘောလုံးပျက်ရတာကနေ ဘယ်ခြမ်းကနေ ဆွဲယူသွားခဲ့တဲ့ အူဂိုချူကဝူက တောင်ပံကနေ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဒါနီလို ပါရဲရားရဲ့ နောက်နေ ရောက်လာတဲ့ ကာလီမွန်ဒိုက အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ပီအက်စ်ဂျီတို့ရဲ့ လူစားလဲမှုတွေကလည်း အလုပ်မဖြစ်ဘဲ အမှားများခဲ့သလို ပမ်ဘီလီ၊ ဘားနတ်နဲ့ ဖာဘီယန် ရူးဝီးဇ်တို့အစား ဇိုင်ယာ-အမ်မရီ၊ ရီနာတို ဆန်ချက်စ်နဲ့ အီကီတီတို့ကို ထည့်သွင်းခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ဖို့ ပစ်မှတ်ထားနေတဲ့ ရင်းနေးတို့ရဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးရဖို့ကတော့ လုံးဝမဖြစ်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ ဒုတိယနဲ့ တတိယနေရာတွေက မာဆေးလ်နဲ့ လွန်းစ်အသင်းတွေကို စောင့်ခေါ်သလိုဖြစ်ခဲ့ရပြီး အသင်းမှာ မပြေလည်မှုတွေနဲ့ ဒဏ်ရာတွေ များပြားနေခဲ့ချိန်မှာ နာမည်ကြီး ကစားသမားတွေကို ဦးဆောင်မှု မပေးနိုင်တဲ့ ခပ်ညံ့ညံ့ နည်းပြ ဂယ်လ်တီယေးနဲ့တော့ လိဂန်ချန်ပီယံဆုအတွက် ပန်းအဝင်ဟာ ထင်တာထက်ပိုပြီး ခက်ခဲတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီတို႔အေနနဲ႔ ဒီေန႔မွာေတာ့ ရင္းေနးအသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့ၿပီး ထိုက္ထိုက္တန္တန္ပဲ ရႈံးနိမ့္သြားခဲ့ရတာျဖစ္ပါတယ္။ တိက်တဲ့ ဗ်ဴဟာမ်ိဳး ဘာမွ မရွိသလို နည္းစနစ္ပိုင္းလည္း မႂကြယ္ဝတဲ့ နည္းျပ ဂယ္လ္တီေယးအေနနဲ႔ ရႈံးပြဲေတြ႕သင့္ေနတာ ၾကာၿပီျဖစ္ၿပီး ဒီေန႔မွာေတာ့ ဘယ္သူကမွ သူ႔ကို ကယ္တင္မေပးႏိုင္ေတာ့ဘဲ ပါရီသားေတြ မင္းသားကြင္းမွာ အမွတ္ဗလာျဖစ္ခဲ့ရတာပါ။

အိမ္ရွင္ေတြအေနနဲ႔ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဒါနီလို ပါရဲရား၊ ဘစ္ရွီယာဘူးနဲ႔ ဘားနတ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပမ္ဘီလီ၊ ႏူႏို မန္ဒက္စ္၊ ဗာရက္တီ၊ ဖာဘီယန္ ႐ူးဝီးဇ္နဲ႔ ဗီတင္ညာတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ ႏွစ္ဦးကို တြဲဖက္ေပးလာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ရင္းေနးတို႔ကေတာ့ ဂိုးသမား မြန္ဒြန္ဒါ၊ ခံစစ္မွာ ခရစၥတိုဖာဝူး၊ အိုမာရီ၊ သီယာေတ၊ စပင့္စ္နဲ႔ ထူးဖာ့တ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘူရီဂ်ိဳ၊ အူဂိုခ်ဴကဝူ၊ ဒူေယးနဲ႔ တိုကို အီကမ္ဘီတို႔ကို ပြဲထုတ္ခဲ့ၿပီး တိုက္စစ္မွာေတာ့ လူငယ္တိုက္စစ္မႉး ကာလီမြန္ဒိုတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ ပြဲထြက္လူစာရင္းအရ ဒါနီလို ပါရဲရား၊ ဘစ္ရွီယာဘူး၊ ပမ္ဘီလီနဲ႔ ဘားနတ္ သို႔မဟုတ္ ႏူႏို မန္ဒက္စ္တို႔ကို 4 Back အျဖစ္ အထိုင္ခ်ႏိုင္ေပမယ့္ ေလွနံဓားထစ္ပုံစံနဲ႔ ဘာမွ မလုပ္တတ္တဲ့ ဂယ္လ္တီေယးကေတာ့ မက္ဆီနဲ႔ပါ ေလ့က်င့္ေရးကြင္းမွာ အခ်င္းမ်ားအၿပီးမွာ အႀကံတုံး ဉာဏ္တုံးျဖစ္ေနပုံလည္း ေပၚပါတယ္။

ပြဲစကတည္းက ရင္းေနးတို႔က အိမ္ရွင္ေတြကို ထိထိေရာက္ေရာက္ ၿခိမ္းေျခာက္ေနခဲ့သလို ညာေနာက္ခံအတြင္းလူေနရာမွာ ကစားတဲ့ ဘယ္သန္ ဘားနတ္ကေတာ့ သနားစရာေတာင္ေကာင္းေနခဲ့ၿပီး လီယြန္ကေန အငွားလာကစားေနတဲ့ ကင္းမ႐ြန္း ဘယ္ေတာင္ပံတိုက္စစ္မႉး တိုကို အီကမ္ဘီက သူ႔ကို ႀကီးႀကီးမားမား ဒုကၡေပးႏိုင္ခဲ့တာပါ။

မက္ဆီနဲ႔ အမ္ဘာေပတို႔အဖြဲ႕ေတြ ႀကိဳးစားထိုးေဖာက္ခဲ့ၾကေပမယ့္ ျပင္သစ္လက္ေ႐ြးစင္ဂိုးသမားေဟာင္း မြန္ဒြန္ဒါ ဦးေဆာင္တဲ့ ရင္းေနးခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ ရသမွ် အခြင့္အေရးေတြကလည္း ျဖဳန္းတီးဖို႔နဲ႔ ဂိုးသမားဆီ ကန္ဖို႔ပဲ ျဖစ္ေနခဲ့သလို ပရိသတ္ေတြအတြက္ကေတာ့ နည္းျပပဲ ညံ့လြန္းတာလား လုပ္ပြဲပဲ ကစားတာလားဆိုၿပီး ေမးရမလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ရင္းေနးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဘူရီဂ်ိဳက ပီအက္စ္ဂ်ီဂိုးေရွ႕ကို တန္းၿပီး ကန္ပို႔လိုက္တဲ့ အေဝးေဘာကို တိုကို အီကမ္ဘီက ေျပးလိုက္ၿပီး မည္ကာမတၱ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဘားနတ္နဲ႔ ဒါနီလို ပါရဲရားတို႔ၾကားကေန ထိန္းသိမ္းရယူၿပီး ေထာင့္ျဖတ္ အနိမ့္ေဘာ ကန္သြင္းခဲ့တာကို ဒြန္နာရမ္မာ မတားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ ဦးေဆာင္ခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ရင္းေနးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဗီတင္ညာ ေဘာလုံးပ်က္ရတာကေန ဘယ္ျခမ္းကေန ဆြဲယူသြားခဲ့တဲ့ အူဂိုခ်ဴကဝူက ေတာင္ပံကေန အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ဒါနီလို ပါရဲရားရဲ႕ ေနာက္ေန ေရာက္လာတဲ့ ကာလီမြန္ဒိုက အနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ပီအက္စ္ဂ်ီတို႔ရဲ႕ လူစားလဲမႈေတြကလည္း အလုပ္မျဖစ္ဘဲ အမွားမ်ားခဲ့သလို ပမ္ဘီလီ၊ ဘားနတ္နဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔အစား ဇိုင္ယာ-အမ္မရီ၊ ရီနာတို ဆန္ခ်က္စ္နဲ႔ အီကီတီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ဝင္ဖို႔ ပစ္မွတ္ထားေနတဲ့ ရင္းေနးတို႔ရဲ႕ ခံစစ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးရဖို႔ကေတာ့ လုံးဝမျဖစ္ႏိုင္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ဒုတိယနဲ႔ တတိယေနရာေတြက မာေဆးလ္နဲ႔ လြန္းစ္အသင္းေတြကို ေစာင့္ေခၚသလိုျဖစ္ခဲ့ရၿပီး အသင္းမွာ မေျပလည္မႈေတြနဲ႔ ဒဏ္ရာေတြ မ်ားျပားေနခဲ့ခ်ိန္မွာ နာမည္ႀကီး ကစားသမားေတြကို ဦးေဆာင္မႈ မေပးႏိုင္တဲ့ ခပ္ညံ့ညံ့ နည္းျပ ဂယ္လ္တီေယးနဲ႔ေတာ့ လိဂန္ခ်န္ပီယံဆုအတြက္ ပန္းအဝင္ဟာ ထင္တာထက္ပိုၿပီး ခက္ခဲေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.