Carabao & FA Match Report Premier League

ဂရင်းမ်စ်ဘီကို ငါးဂိုးသွင်းပြီး လာမယ့်ပွဲမှာလည်း ဆက်ကြမ်းမယ်ထင်ရတဲ့ ဘရိုက်တန်

ကွာတားဖိုင်နယ်အဆင့်မှာ ပွဲအချောင်ဆုံးဖြစ်ခဲ့တဲ့ ဘရိုက်တန်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဝက်ဘ်စတာ၊ ဂရော့စ်နဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ မက္ကယ်လစ္စတာ၊ ဆော်လီမာ့ချ်နဲ့ မီတိုမာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်ဒက်ဗ်နဲ့ ဖာဂူဆန်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဒုတိယတန်းက ဂရင်းစ်မ်ဘီတို့ကတော့ ဂိုးသမား ခရိုကုမ်း၊ ခံစစ်မှာ ဝါးတားဖောလ်၊ စမစ်၊ မေဟာ၊ အီဖီတီနဲ့ ဒရစ္စကိုးလ်-ဂလင်နွန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဟိုလိုဟန်၊ ဂရင်း၊ ကလစ်ဖ်တန်နဲ့ အိုတစ္စခန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အော်စီ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက အိမ်ရှင်တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးရခဲ့တဲ့ ဖာဂူဆန်က နောက်ကို ပြန်ပေးရာမှာ ကိုင်စီဒိုက လှမ်းကျုံးခဲ့တာကို ဂရင်းမ်စ်ဘီဂိုးသမား မဖမ်းနိုင်ဘဲ လွတ်ထွက်လာခဲ့တဲ့ ဘောလုံးကို အန်ဒက်ဗ်က ပြေးပိတ်နိုင်ခဲ့လို့ ဘရိုက်တန်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

နည်းပြ ဒီဇာဘီ ပွဲပယ်ခံထားရတဲ့ ဘရိုက်တန်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ရယူသွားခဲ့သလို အသင်းအဆင့်အတန်းနဲ့ ပြိုင်ပွဲအဆင့်အတန်းချင်း ကွာဟမှုကြောင့် တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ကြပြီး ဧည့်သည်တွေကတော့ တုံ့ပြန်နိုင်မှု နည်းခဲ့ကြချိန်မှာ အိမ်ရှင်တွေအနေနဲ့ ပထမပိုင်းမှာ ဂိုးထပ်မရတာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပေးအယူလုပ်ပြီး ဘောလုံးရခဲ့တဲ့ မက္ကယ်လစ္စတာက ဧရိယာထဲကို အသာမ,တင်ပေးလိုက်တာကို တိုက်စစ်မှူး ဖာဂူဆန်က သပ်ရပ်တဲ့ အထိန်းအသိမ်းနဲ့ ရယူကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ တတိယ ဦးဆောင်ဂိုးကို ဘရိုက်တန်တို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂရင်းမ်စ်ဘီခံစစ်က ဖျက်ထုတ်ရာမှာ မပျက်ဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်ဒက်ဗ်က ဧရိယာထိပ်ကို ချပေးရာမှာ လူငယ်တိုက်စစ်မှူး ဖာဂူဆန်က ဆွဲပြေးပြီး ဂိုးဘယ်ဘက်ထောင့်ကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာ ဘရိုက်တန်တို့ပဲ စတုတ္ထအနိုင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ ရေပက်မဝင်အောင် ပိတ်ကစားနေခဲ့လို ထိုးဖောက်ရခက်နေတဲ့ ဂရင်းမ်စ်ဘီခံစစ်ပေါ်ကနေ ဝက်ဘ်စတာက အမှတ်မထင် ကျော်တင်ပေးရာမှာ တောင်ပံသမား ဆော်လီမာ့ချ်က ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဘရိုက်တန်တို့ ပွဲသိမ်း ပဉ္စမဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝါးတားဖောလ် ဘောလုံးပျက်ရာကနေ အိမ်ရှင်တွေ ထိုးဖောက်ဂိုးသွင်းဖို့ ကြိုးစားခဲ့ရာမှာ ဘောလုံးပြန်ရသွားခဲ့တဲ့ ဂရော့စ်က ဘယ်ခြမ်းကို ချပေးရာမှာ မီတိုမာက အနိမ့်ဘော ကန်သွင်းခဲ့တာက ဝါးတားဖောလ်နဲ့ပဲထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က ဧည့်သည် ဂရင်းမ်စ်ဘီတို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားနိုင်ခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကြသလို လာမယ့် ဝင်ဘလီက ပွဲစဉ်မှာတော့ မဲခွဲရေးဆွဲမှုအရ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကြာတားဖိုင္နယ္အဆင့္မွာ ပြဲအေခ်ာင္ဆုံးျဖစ္ခဲ့တဲ့ ဘ႐ိုက္တန္တို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ဝက္ဘ္စတာ၊ ဂေရာ့စ္နဲ႔ အက္စ္တူပီညန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ မကၠယ္လစၥတာ၊ ေဆာ္လီမာ့ခ်္နဲ႔ မီတိုမာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္ဒက္ဗ္နဲ႔ ဖာဂူဆန္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဒုတိယတန္းက ဂရင္းစ္မ္ဘီတို႔ကေတာ့ ဂိုးသမား ခ႐ိုကုမ္း၊ ခံစစ္မွာ ဝါးတားေဖာလ္၊ စမစ္၊ ေမဟာ၊ အီဖီတီနဲ႔ ဒရစၥကိုးလ္-ဂလင္ႏြန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟိုလိုဟန္၊ ဂရင္း၊ ကလစ္ဖ္တန္နဲ႔ အိုတစၥခန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေအာ္စီ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက အိမ္ရွင္ေတြ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေဘာလုံးရခဲ့တဲ့ ဖာဂူဆန္က ေနာက္ကို ျပန္ေပးရာမွာ ကိုင္စီဒိုက လွမ္းက်ဳံးခဲ့တာကို ဂရင္းမ္စ္ဘီဂိုးသမား မဖမ္းႏိုင္ဘဲ လြတ္ထြက္လာခဲ့တဲ့ ေဘာလုံးကို အန္ဒက္ဗ္က ေျပးပိတ္ႏိုင္ခဲ့လို႔ ဘ႐ိုက္တန္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

နည္းျပ ဒီဇာဘီ ပြဲပယ္ခံထားရတဲ့ ဘ႐ိုက္တန္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၄ ရာခိုင္ႏႈန္းအထိ ရယူသြားခဲ့သလို အသင္းအဆင့္အတန္းနဲ႔ ၿပိဳင္ပြဲအဆင့္အတန္းခ်င္း ကြာဟမႈေၾကာင့္ တစ္ဖက္သတ္ ဖိကစားႏိုင္ခဲ့ၾကၿပီး ဧည့္သည္ေတြကေတာ့ တုံ႔ျပန္ႏိုင္မႈ နည္းခဲ့ၾကခ်ိန္မွာ အိမ္ရွင္ေတြအေနနဲ႔ ပထမပိုင္းမွာ ဂိုးထပ္မရတာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ အေပးအယူလုပ္ၿပီး ေဘာလုံးရခဲ့တဲ့ မကၠယ္လစၥတာက ဧရိယာထဲကို အသာမ,တင္ေပးလိုက္တာကို တိုက္စစ္မႉး ဖာဂူဆန္က သပ္ရပ္တဲ့ အထိန္းအသိမ္းနဲ႔ ရယူကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ တတိယ ဦးေဆာင္ဂိုးကို ဘ႐ိုက္တန္တို႔ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂရင္းမ္စ္ဘီခံစစ္က ဖ်က္ထုတ္ရာမွာ မပ်က္ဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို အန္ဒက္ဗ္က ဧရိယာထိပ္ကို ခ်ေပးရာမွာ လူငယ္တိုက္စစ္မႉး ဖာဂူဆန္က ဆြဲေျပးၿပီး ဂိုးဘယ္ဘက္ေထာင့္ကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ဘ႐ိုက္တန္တို႔ပဲ စတုတၳအႏိုင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထိပ္မွာ ေရပက္မဝင္ေအာင္ ပိတ္ကစားေနခဲ့လို ထိုးေဖာက္ရခက္ေနတဲ့ ဂရင္းမ္စ္ဘီခံစစ္ေပၚကေန ဝက္ဘ္စတာက အမွတ္မထင္ ေက်ာ္တင္ေပးရာမွာ ေတာင္ပံသမား ေဆာ္လီမာ့ခ်္က ဒိုက္ဗင္ထိုးၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ဘ႐ိုက္တန္တို႔ ပြဲသိမ္း ပၪၥမဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဝါးတားေဖာလ္ ေဘာလုံးပ်က္ရာကေန အိမ္ရွင္ေတြ ထိုးေဖာက္ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ေဘာလုံးျပန္ရသြားခဲ့တဲ့ ဂေရာ့စ္က ဘယ္ျခမ္းကို ခ်ေပးရာမွာ မီတိုမာက အနိမ့္ေဘာ ကန္သြင္းခဲ့တာက ဝါးတားေဖာလ္နဲ႔ပဲထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးျပတ္ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘ႐ိုက္တန္တို႔က ဧည့္သည္ ဂရင္းမ္စ္ဘီတို႔ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားႏိုင္ခဲ့ၾကၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ၾကသလို လာမယ့္ ဝင္ဘလီက ပြဲစဥ္မွာေတာ့ မဲခြဲေရးဆြဲမႈအရ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.