Premier League Transfer News

ပရီးမီးယားလိဂ္အသင္းအခ်ဳိ႕ရဲ႕ အေျပာင္းအေရႊ႕မ်ား – ၁.၁၀.၂၀၂၀

– စပါးစ္အသင္းအေနနဲ႔ တုိက္စစ္မွဴး ဟာရီကိန္းရဲ႕ အရန္အစီအစဥ္အျဖစ္ ဘင္ဖီကာအသင္းရဲ႕ ဘရာဇီးလ္သားတုိက္စစ္မွဴး ကားလို႔စ္ ဗီနီးရွပ္စ္ကို အငွားနဲ႔ ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ ယူ႐ုိသန္း ၄၀ (ေပါင္ ၃၆.၄ သန္း)နဲ႔ ေခၚယူခြင့္ ထည့္သြင္းထား။

– အဲဗာတန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူေတြျဖစ္ၾကတဲ့ ဇူးမားနဲ႔ တုိမုိရီတုိ႔ကို ေခၚယူဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ေနာက္မွာ ေနာ့ဝစ္ခ်္စီးတီး အသင္းရဲ႕ လူငယ္ေနာက္ခံလူ ဘန္ ေဂါ့ဒ္ဖရီကို ေခၚယူဖို႔ ေပါင္ ၂၆ သန္းနဲ႔ ကမ္းလွမ္းထား။

– ပရီးမီးယားလိဂ္အသင္းႀကီးေတြ မ်က္စိက်ေလာက္စရာ ေျခစြမ္းကို ျပသေနခဲ့တဲ့ သူတုိ႔ရဲ႕ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကြန္နာ ကိုဒီကို အသင္းမွာ ႏွစ္ရွည္လမ်ားရွိေနေစမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆုိဖို႔ စီစဥ္ေန။

– ကြင္းလယ္လူ ဆူးခ်က္ခ္ရဲ႕ အသင္းေဟာင္း ဆလားဗီးယား ပရာဟာရဲ႕ ေနာက္ခံလူ ဗလာဒီမီယာ ကူဖယ္လ္ကို ေခၚယူဖို႔ ေပါင္ ၅ သန္းနဲ႔ ဝက္စ္ဟမ္းသေဘာတူညီႏိုင္ခဲ့ၿပီး ၾကာသပေတးေန႔မွာ ေဆးစစ္ဖို႔ လန္ဒန္ကို ေရာက္ဖြယ္ရွိ။

– စပါးစ္အသင္းရဲ႕ ဘယ္ေနာက္ခံနဲ႔ ေတာင္ပံလူ ႐ိုင္ယန္ ဆီဆက္ညြန္ကို ေခၚယူဖို႔ စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းက စိတ္ဝင္စားေနၿပီး လန္ဒန္ကလပ္ဘက္က ေတာင္းဆိုမွဳကိုေတာ့ လုိက္ေလ်ာဖို႔ ခက္ခဲႏိုင္။

– စိန္႔အက္တီယန္ေနာက္ခံလူ ဝက္စ္လီ ဖိုဖာနာကို လက္စတာစီးတီးအသင္းအေနနဲ႔ သေဘာတူညီခဲ့အၿပီးမွာ ဂ်ာမနီမွာ ေဆးစစ္မွဳေတြ ျပဳလုပ္ေနၿပီး ဒီကေနတစ္ဆင့္ အေျပာင္းအေရႊ႕အတြက္ အၿပီးသတ္လုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္သြားဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းကေန အက္စ္တန္ဗီလာအသင္းကို ထင္မွတ္မထားဘဲ ခ်က္ခ်င္းဆုိသလို အငွားနဲ႔ ေရာက္ရွိသြားခဲ့တဲ့ ကြင္းလယ္လူ ေရာ့စ္ ဘာကလီရဲ႕ အေျပာင္းအေရႊ႕အတြက္ ႏွစ္ဦးႏွစ္ဖက္အက်ဳိးရွိမွာျဖစ္ၿပီး ကစားသမားရဲ႕ အဂၤလန္လက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ အတြက္လည္း အဆင္ေခ်ာေမြ႕ႏုိင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စပါးစ်အသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ အရန်အစီအစဉ်အဖြစ် ဘင်ဖီကာအသင်းရဲ့ ဘရာဇီးလ်သားတိုက်စစ်မှူး ကားလို့စ် ဗီနီးရှပ်စ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်နွေရာသီမှာ ယူရိုသန်း ၄၀ (ပေါင် ၃၆.၄ သန်း)နဲ့ ခေါ်ယူခွင့် ထည့်သွင်းထား။

– အဲဗာတန်အသင်းအနေနဲ့ ချဲလ်ဆီးနောက်ခံလူတွေဖြစ်ကြတဲ့ ဇူးမားနဲ့ တိုမိုရီတို့ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက်မှာ နော့ဝစ်ချ်စီးတီး အသင်းရဲ့ လူငယ်နောက်ခံလူ ဘန် ဂေါ့ဒ်ဖရီကို ခေါ်ယူဖို့ ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းထား။

– ပရီးမီးယားလိဂ်အသင်းကြီးတွေ မျက်စိကျလောက်စရာ ခြေစွမ်းကို ပြသနေခဲ့တဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ကွန်နာ ကိုဒီကို အသင်းမှာ နှစ်ရှည်လများရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ စီစဉ်နေ။

– ကွင်းလယ်လူ ဆူးချက်ခ်ရဲ့ အသင်းဟောင်း ဆလားဗီးယား ပရာဟာရဲ့ နောက်ခံလူ ဗလာဒီမီယာ ကူဖယ်လ်ကို ခေါ်ယူဖို့ ပေါင် ၅ သန်းနဲ့ ဝက်စ်ဟမ်းသဘောတူညီနိုင်ခဲ့ပြီး ကြာသပတေးနေ့မှာ ဆေးစစ်ဖို့ လန်ဒန်ကို ရောက်ဖွယ်ရှိ။

– စပါးစ်အသင်းရဲ့ ဘယ်နောက်ခံနဲ့ တောင်ပံလူ ရိုင်ယန် ဆီဆက်ညွန်ကို ခေါ်ယူဖို့ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းက စိတ်ဝင်စားနေပြီး လန်ဒန်ကလပ်ဘက်က တောင်းဆိုမှုကိုတော့ လိုက်လျောဖို့ ခက်ခဲနိုင်။

– စိန့်အက်တီယန်နောက်ခံလူ ဝက်စ်လီ ဖိုဖာနာကို လက်စတာစီးတီးအသင်းအနေနဲ့ သဘောတူညီခဲ့အပြီးမှာ ဂျာမနီမှာ ဆေးစစ်မှုတွေ ပြုလုပ်နေပြီး ဒီကနေတစ်ဆင့် အပြောင်းအရွှေ့အတွက် အပြီးသတ်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖို့ရှိနေ။

– ချဲလ်ဆီးအသင်းကနေ အက်စ်တန်ဗီလာအသင်းကို ထင်မှတ်မထားဘဲ ချက်ချင်းဆိုသလို အငှားနဲ့ ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီရဲ့ အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိမှာဖြစ်ပြီး ကစားသမားရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် အတွက်လည်း အဆင်ချောမွေ့နိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.