Match Report Serie A

မာရာဒိုနာအတွက် စီးရီးအေဖလား ယူပေးဖို့ ၁၉ မှတ်အထိ ဖြတ်လိုက်တဲ့ နာပိုလီ

နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ဂင်မင်းဂျယ်၊ ရာမာနီ၊ ဒီလော်ရန်ဇိုနဲ့ အိုလီဗီယေးရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လိုဇာနို၊ ကဗာရတ်စခီလီယာနဲ့ အိုဆီမင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တိုရီနိုတို့ကတော့ ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ ပါးရှူးစ်၊ ဂရာဗီယွန်နဲ့ ရီကာဒို ရိုဒရီးရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လင်နက်တီ၊ ရစ်ချီ၊ ဆင်ဂို၊ ဗွိုင်ဗိုဒါ၊ ဗလာရှစ်ချ်နဲ့ ရာဒွန်ယစ်ချ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဆာနာဘရီယာတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာကတည်းက နာပိုလီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဇီလင်စကီး ကန်တင်ပေးရာမှာ စုဖွဲ့နေရာယူပုံတွေမှာ အားနည်းနေတဲ့ တိုရီနိုခံစစ်ကြားကနေ တိုက်စစ်မှူး အိုဆီမင်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းပြီး သူ့ရဲ့ ဒီရာသီ စီးရီးအေ ဂိုး ၂၀ မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ အိမ်ရှင် တိုရီနိုတို့ သွေးပူလာခဲ့ပြီး တိုက်စစ်ပြန်ဆင်ခဲ့သလို ဗလာရှစ်ချ်ရဲ့ ကန်သွင်းမှုကို ဂိုးသမား မီရက် ကာကွယ်ခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ ကွင်းလယ်ကနေ ရစ်ချီရဲ့ လက်ပြုတ်သွားနိုင်တဲ့ ကန်ချက်မျိုးနဲ့ ခြိမ်းခြောက်မှုကိုလည်း မီရက်ကပဲ ပုတ်ထုတ်ခဲ့လို့ ပြန်အကျမှာ ဆာနာဘရီယာ ဝင်ပိတ်တာက တိုင်ထိထွက်ခဲ့လို့ နာပိုလီတို့ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ နာပိုလီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ကဗာရတ်စခီလီယာကို နောက်ကနေ ဘောလုံးမထိဘဲ ကန်ခဲ့တဲ့ လင်နက်တီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဂျော်ဂျီယာတောင်ပံသမားက ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို သူကိုယ်တိုင်ပဲ လှည့်စားကန်သွင်းပြီး ဒီရာသီ ၁၂ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ နေပယ်လ်သားတွေ တတိယ အနိုင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ ကဗာရတ်စခီလီယာက နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို ပြေးတက်လာတဲ့ နောက်ခံလူ အိုလီဗီယေးရားက ဖြတ်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ အိုဆီမင်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ နာပိုလီတို့ဘက်က လိုဇာနို၊ ဇီလင်စကီး၊ အိုဆီမင်၊ ရာမာနီနဲ့ လိုဘော့တ်ကာတို့ကို လူစားလဲသွားခဲ့ပြီး အဲလ်မာ့စ်၊ အန်ဒွမ်ဘီလီ၊ ဆီမီယွန်နီ၊ အော်စတီဂွါဒ်နဲ့ ဂေတာနိုတို့ကို ထည့်သွင်းသွားခဲ့သလို တိုရီနိုတို့ဘက်ကတော့ ဗွိုင်ဗိုဒါ၊ ဂရာဗီယွန်၊ လင်နက်တီ၊ ဆင်ဂိုနဲ့ ဗလာရှစ်ချ်တို့အစား ဘွန်ဂျော်နို၊ ဂျီဂျီ၊ အီလစ်ချ်၊ အိုလာ အီနာနဲ့ ဒမ်ဘာဆက်ခ်တို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ နာပိုလီတို့ပဲ ပွဲသိမ်း စတုတ္ထ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရလာခဲ့တဲ့ ကဗာရတ်စခီလီယာက တိုရီနိုခံစစ်ကြားကနေ ဂိုးရှေ့ကို ပါးပါးနပ်နပ် ခင်းပေးခဲ့ရာမှာ နောက်က လိုက်တက်လာတဲ့ အန်ဒွမ်ဘီလီက ဂိုးသမား ပေါင်ကြားကနေ ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နာပိုလီတို့က တိုရီနိုတို့ကို လေးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ကြပြီး အင်တာမီလန်ရဲ့ ရှုံးပွဲနဲ့ ရောမဒါဘီရဲ့ ရလဒ်တို့ကြောင့် ဒုတိယနေရာကို ရောက်လာခဲ့တဲ့ လာဇီယိုအသင်းကို ၁၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သလို စီးရီးအေ အမှတ်ပေးချန်ပီယံဆုအတွက် နောက်ထပ် ၅ ပွဲ အနိုင်ရရင် ကွယ်လွန်သူ ဟီးရိုးကြီး မာရာဒိုနာကို ဖလားနဲ့ ဂုဏ်ပြုပေးနိုင်မယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ဂင္မင္းဂ်ယ္၊ ရာမာနီ၊ ဒီေလာ္ရန္ဇိုနဲ႔ အိုလီဗီေယးရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏို၊ ကဗာရတ္စခီလီယာနဲ႔ အိုဆီမင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ တိုရီႏိုတို႔ကေတာ့ ဂိုးသမား မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္၊ ခံစစ္မွာ ပါးရႉးစ္၊ ဂရာဗီယြန္နဲ႔ ရီကာဒို ႐ိုဒရီးရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ လင္နက္တီ၊ ရစ္ခ်ီ၊ ဆင္ဂို၊ ဗြိဳင္ဗိုဒါ၊ ဗလာရွစ္ခ်္နဲ႔ ရာဒြန္ယစ္ခ်္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာနာဘရီယာတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက နာပိုလီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ဇီလင္စကီး ကန္တင္ေပးရာမွာ စုဖြဲ႕ေနရာယူပုံေတြမွာ အားနည္းေနတဲ့ တိုရီႏိုခံစစ္ၾကားကေန တိုက္စစ္မႉး အိုဆီမင္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းၿပီး သူ႔ရဲ႕ ဒီရာသီ စီးရီးေအ ဂိုး ၂၀ ေျမာက္အျဖစ္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ အိမ္ရွင္ တိုရီႏိုတို႔ ေသြးပူလာခဲ့ၿပီး တိုက္စစ္ျပန္ဆင္ခဲ့သလို ဗလာရွစ္ခ်္ရဲ႕ ကန္သြင္းမႈကို ဂိုးသမား မီရက္ ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ကြင္းလယ္ကေန ရစ္ခ်ီရဲ႕ လက္ျပဳတ္သြားႏိုင္တဲ့ ကန္ခ်က္မ်ိဳးနဲ႔ ၿခိမ္းေျခာက္မႈကိုလည္း မီရက္ကပဲ ပုတ္ထုတ္ခဲ့လို႔ ျပန္အက်မွာ ဆာနာဘရီယာ ဝင္ပိတ္တာက တိုင္ထိထြက္ခဲ့လို႔ နာပိုလီတို႔ ဦးေဆာင္မႈကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ကဗာရတ္စခီလီယာကို ေနာက္ကေန ေဘာလုံးမထိဘဲ ကန္ခဲ့တဲ့ လင္နက္တီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေဂ်ာ္ဂ်ီယာေတာင္ပံသမားက ဂိုးသမား မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို သူကိုယ္တိုင္ပဲ လွည့္စားကန္သြင္းၿပီး ဒီရာသီ ၁၂ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေနပယ္လ္သားေတြ တတိယ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန ေဘာလုံးရလာခဲ့တဲ့ ကဗာရတ္စခီလီယာက ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့တာကို ေျပးတက္လာတဲ့ ေနာက္ခံလူ အိုလီဗီေယးရားက ျဖတ္တင္ေပးခဲ့ရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ အိုဆီမင္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ နာပိုလီတို႔ဘက္က လိုဇာႏို၊ ဇီလင္စကီး၊ အိုဆီမင္၊ ရာမာနီနဲ႔ လိုေဘာ့တ္ကာတို႔ကို လူစားလဲသြားခဲ့ၿပီး အဲလ္မာ့စ္၊ အန္ဒြမ္ဘီလီ၊ ဆီမီယြန္နီ၊ ေအာ္စတီဂြါဒ္နဲ႔ ေဂတာႏိုတို႔ကို ထည့္သြင္းသြားခဲ့သလို တိုရီႏိုတို႔ဘက္ကေတာ့ ဗြိဳင္ဗိုဒါ၊ ဂရာဗီယြန္၊ လင္နက္တီ၊ ဆင္ဂိုနဲ႔ ဗလာရွစ္ခ်္တို႔အစား ဘြန္ေဂ်ာ္ႏို၊ ဂ်ီဂ်ီ၊ အီလစ္ခ်္၊ အိုလာ အီနာနဲ႔ ဒမ္ဘာဆက္ခ္တို႔ကို အေျပာင္းအလဲလုပ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ ပြဲသိမ္း စတုတၳ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေဘာလုံးရလာခဲ့တဲ့ ကဗာရတ္စခီလီယာက တိုရီႏိုခံစစ္ၾကားကေန ဂိုးေရွ႕ကို ပါးပါးနပ္နပ္ ခင္းေပးခဲ့ရာမွာ ေနာက္က လိုက္တက္လာတဲ့ အန္ဒြမ္ဘီလီက ဂိုးသမား ေပါင္ၾကားကေန ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နာပိုလီတို႔က တိုရီႏိုတို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ အႏိုင္ရရွိခဲ့ၾကၿပီး အင္တာမီလန္ရဲ႕ ရႈံးပြဲနဲ႔ ေရာမဒါဘီရဲ႕ ရလဒ္တို႔ေၾကာင့္ ဒုတိယေနရာကို ေရာက္လာခဲ့တဲ့ လာဇီယိုအသင္းကို ၁၉ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့သလို စီးရီးေအ အမွတ္ေပးခ်န္ပီယံဆုအတြက္ ေနာက္ထပ္ ၅ ပြဲ အႏိုင္ရရင္ ကြယ္လြန္သူ ဟီး႐ိုးႀကီး မာရာဒိုနာကို ဖလားနဲ႔ ဂုဏ္ျပဳေပးႏိုင္မယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.