Analysis Article Match Report Premier League

Double Double ဆာကာနဲ့ စံချိန်တင်တဲ့ အာဆင်နယ် 4-1 ပဲလေ့စ်ပွဲက ပြောစရာများ

Double Double ဆာကာ
အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုးရော၊ ဖန်တီးမှုမှာပါ အနည်းဆုံး ဂဏန်းနှစ်လုံး မှတ်တမ်းကို ပထမဆုံး ရေးထိုးနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ၁၂ ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ညာတောင်ပံသမားဟာ ပဲလေ့စ်တို့ တစ်ချက်အလစ်ပေးတာနဲ့ တစ်ဂိုးသွင်းယူနိုင်သူလည်းဖြစ်ပြီး ဒီနေ့ပွဲမှာ ကန်သွင်းခွင့်တစ်ကြိမ် ပိတ်ဆို့ခံရပြီးတဲ့နောက် ဂိုးပေါက်ဆီကို နှစ်ကြိမ်ကန်သွင်းနိုင်ခဲ့တဲ့ ဆာကာဟာ နှစ်ဂိုးရရှိခဲ့တာပါ။ ပရီးမီးယားလိဂ်မှာတော့ ဂိုးပါဝင်ပတ်သက်မှု ၂၃ ကြိမ်အထိ ရှိလာခဲ့သလို သူ့ထက် အသင်းကို အကျိုးပြုနိုင်တာဆိုလို့ ဟာရီကိန်းနဲ့ ဟားလန်းတို့ပဲ ကျန်တော့တာလည်းဖြစ်ပါတယ်။

၅ မှတ်မှာ ၄ မှတ်ပေးလို့ရတဲ့ ဟိုးလ်ဒင်း
ဝီလီယမ် ဆာလီဘာ နာသွားလို့ ဝင်ကစားရတဲ့ အင်္ဂလိပ်နောက်ခံလူ ဟိုးလ်ဒင်းအနေနဲ့ ဒီနေ့မှာ ပြောစရာဆိုလို့ အမြန်နှုန်းနဲ့ မကစားတတ်ဘဲ ကျွံထွက်လာတဲ့ ဘောလုံးတွေကို ထွက်မစားတတ်တာလေးတစ်ခုပဲ ရှိခဲ့တာပါ။ မိနစ် ၉၀ လုံးလုံး စိတ်အားထက်သန်မှုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ခံစစ်မှူးအနေနဲ့ တစ်ဖက်တိုက်စစ်မှူး ဇာဟာကို အကောင်းဆုံး ကိုင်တွယ်သွားခဲ့သလို ဂါဘရီယယ်လ်နဲ့ အတွဲညီညီ ကစားနိုင်ခဲ့ပြီး ဟားလန်းကိုတောင် ထိန်းပြခဲ့ဖူးတဲ့သူအနေနဲ့ ပဲလေ့စ်လောက်ကိုတော့ မမှုဘူးဆိုတာကို ပြသသွားနိုင်ခဲ့တာကြောင့် အမြန်နှုန်းကလေးကလွဲရင် ကျန်တဲ့ အကဲဖြတ် အမှတ်တွေကို ပေးလို့ရခဲ့တာဖြစ်ပါတယ်။

ချာကာ မပါရင် မကစားတတ်တော့ဘူးလား
နည်းပြ အာတီတာအနေနဲ့ ဒီနေ့ပွဲမှာ အညှာအတာ ကင်းမဲ့စွာနဲ့ပဲ စပို့တင်းလစ္စဘွန်းနဲ့ပွဲကို မိနစ် ၁၂၀ လုံးလုံး ကစားထားတဲ့သူ ငါးယောက်ကို သုံးစွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ဂိုးသမား ရမ်းစ်ဒေးလ်ကလွဲရင် ကျန်တဲ့ လေးဦးထဲက သုံးဦးဖြစ်တဲ့ ဂါဘရီယယ်လ်၊ ဇင်ချန်ကိုနဲ့ မာတီနယ်လီတို့ကို အနားပေးသွားခဲ့ပေမယ့် ချာကာကိုတော့ ပွဲချိန်အပြည့်အထိ သုံးစွဲသွားခဲ့သလို ဒါက အာတီတာအနေနဲ့ သူ့အတွက် အသင်းရဲ့ ဘယ်ခြမ်း နံပါတ် ၈ နေရာမှာ ယုံစားလို့ ရတဲ့သူ မရှိသေးဘူးလို့လည်း ပြသနေခဲ့တာပါ။ တကယ်တမ်းမှာ ဒီလိုပွဲမျိုးကို ဖာဘီယို ဗီယာရာ၊ စမစ်ရိုး၊ ထရော့ဆတ်တို့လို ကစားသမားတွေနဲ့ မိနစ် ၆၀ ကျော်မှာ ကစားကွက် စမ်းသပ်သင့်တာဖြစ်ပေမယ့် သူ့အနေနဲ့ စွန့်စားဖို့ ပျက်ကွက်ခဲ့ပြီး ဆွစ်ဇာလန်သားကိုပဲ ဒဏ်ရာရနိုင်တဲ့ကြားက စိုးရိမ်စရာ ကိစ္စကို ကျူးလွန်ခဲ့တာလည်းဖြစ်လို့ ဘာမှ မဖြစ်တာပဲ ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လန်ဒန်ဒါဘီ ၉ ပွဲအနိုင်နဲ့ စံချိန်တင်ခဲ့တဲ့ ဂန်းနားများ
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲကတော့ ဒီရာသီမှာ ၁၀ ပွဲမြောက် လန်ဒန်ဒါဘီကို ကစားခဲ့တာဖြစ်ပြီး နိုင်ပွဲ ၉ ပွဲမြောက်အဖြစ် ပြောင်းလဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရယ်လို့ စတင်ခဲ့ကတည်းက တစ်ရာသီအတွင်းမှာ လန်ဒန်သားချင်း ၉ ပွဲအထိ နိုင်ခဲ့တဲ့ စံချိန်ကို ဘယ်အသင်းကမှ မလုပ်နိုင်သေးဘဲ ဂန်းနားတွေက စပြီးတင်ရှိနိုင်ခဲ့တာပါ။ အဝေးကွင်းမှာ ရာနှုန်းပြည့်အဖြစ် ပဲလေ့စ်၊ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ စပါးစ်နဲ့ ဖူလ်ဟမ်တို့ကို အနိုင်ရခဲ့သလို အိမ်ကွင်းမှာတော့ ဘရန့်ဖို့ဒ်ကို သရေကျပြီး ဖူလ်ဟမ်၊ စပါးစ်၊ ဝက်စ်ဟမ်းနဲ့ ပဲလေ့စ်တို့ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ကျန်ပွဲတွေမှာတော့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်း၊ ချဲလ်ဆီးနဲ့ အိမ်ကွင်းနှစ်ပွဲကို ကစားရဦးမှာဖြစ်ပြီး ၁၁ ပွဲအထိ စံချိန်သစ် ရေးထိုးနိုင်မလားတော့ စောင့်ကြည့်ရဦးမှာပါ။

တန်းဆင်းဖို့ အန္တရာယ်ရှိလာတဲ့ ပဲလေ့စ်
ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်မှာ လူတန်းစားနှစ်မျိုး ကွဲသွားခဲ့ပြီး တန်းဆင်းဖို့ မစိုးရိမ်ရဘဲ တစ်ခုခု မှတ်ကျောက်တင်ခံနိုင်အောင် ကြိုးစားရမယ့် ထိပ်ပိုင်း ၁၁ သင်းနဲ့ တန်းမဆင်းအောင် ရုန်းရမယ့် အောက်ပိုင်း ၉ သင်းလို့ ကွဲထွက်သွားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပဲလေ့စ်တို့ အနေနဲ့ ရပ်တည်မှုအရ အဆင့် ၁၂ ဖြစ်နေလို့ တန်းဆင်းဇုန် အဆင့် ၁၈ နဲ့ ၆ ဆင့်တောင် ဝေးကွာနေခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အမှတ်ကွာဟချက် အားဖြင့်တော့ သုံးမှတ်သာ ရှိနေခဲ့လို့ အချိန်မရွေး အဆင့် ၁၈ ကနေ ၂၀ အထိကို ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်လည်း ရှိလာခဲ့တာပါ။ ၂၀၂၃ နှစ်သစ် ကူးပြီးကတည်းက တစ်ပွဲမှ နိုင်ပွဲမရခဲ့ဘဲ ၁၂ ပွဲမှာ သရေပွဲ ၅ ပွဲနဲ့ ၇ ပွဲရှုံးခဲ့တဲ့ ပဲလေ့စ်တို့အနေနဲ့ နည်းပြ ဗီယာရာကို ထုတ်ပယ်ထားခဲ့ပေမယ့် ရလဒ်ကောင်း ပြန်ရှာနိုင်မယ့် ပုံစံမျိုးမှာတော့ ရှိမနေသေးဘဲ လှည်းကျိုးဝင်ထမ်းမယ့် နည်းပြသစ်နဲ့အတူ ဘာတွေဖြစ်လာမလဲတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တစ်ဆင့်မြင့် တိုက်စစ်မှူး မာတီနယ်လီ
အာဆင်နယ်အသင်းကို ပေါင် ၆ သန်းနဲ့ ရောက်လာခဲ့တုန်းက ဒီဘရာဇီးလ်သား ပုလွေရိုးလေး ဘာဖြစ်လာနိုင်မှာလဲလို့ သံသယမျက်လုံးတွေနဲ့ ကြည့်ခဲ့ကြပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းက တစ်ရှိန်ထိုး တိုးတက်လာခဲ့သလို ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ ရယူနိုင်ခဲ့ပြီး ဒါက သူ့ရဲ့ ပြီးခဲ့တဲ့ သုံးရာသီပေါင်းသွင်းဂိုး ၁၁ ဂိုးထက် သာလွန်သွားခဲ့သလို အသင်းဖော် ဆာကာနဲ့အတူ အမ်းမရိတ်ရဲ့ အချစ်တော်အဖြစ်လည်း ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ဆိုးရွားတဲ့ ပင်နယ်တီကို ကန်သွင်းခဲ့လို့ အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲက ထွက်စေခဲ့ပေမယ့် ဒီနေ့မှာတော့ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ အကောင်းဆုံး ကြိုးစားပေးနေခဲ့တာပါ။

ဖန်လွန်းလို့ အားတောင် နာယူရတဲ့ ထရော့ဆတ်
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားခဲ့ပြီး ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာလည်း သုံးဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ထရော့ဆတ်အနေနဲ့ ဒီနေ့မှာလည်း ထပ်ဖန်ပြန်လို့ အသာလုပ်ပါ၊ အားနာစရာကြီးလို့ ပြောရမလိုတောင် ဖြစ်ခဲ့ပါတယ်။ တစ်ကိုယ်ကောင်းဆန်မှုကို ရှာမတွေ့ရာမှာ ကန်မရမှ လူပေးတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ ပြောင်းပြန်ဖြစ်နေခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒီနေ့ပွဲမှာတော့ ချာကာအတွက် လှပတဲ့ ပေးပို့မှုနဲ့ ဂိုးရှေ့ကို ကွက်တိ ခင်းပေးနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ၆ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖန်တီးမှုကို လုပ်ဆောင်သွားခဲ့သလို ပေးလိုက်ရတဲ့ ပေါင် ၂၇ သန်းကတော့ တော်တော်လေး ဈေးပေါနေခဲ့ပြီလို့လည်း ဆိုရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Double Double ဆာကာ
အာဆင္နယ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကေတာ့ ဒီေန႔ပြဲမွာ အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာေတာ့ သြင္းဂိုးေရာ၊ ဖန္တီးမႈမွာပါ အနည္းဆုံး ဂဏန္းႏွစ္လုံး မွတ္တမ္းကို ပထမဆုံး ေရးထိုးႏိုင္သူအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာျဖစ္ပါတယ္။ ၁၂ ဂိုးသြင္းၿပီး ၁၁ ဂိုး ဖန္တီးေပးႏိုင္ခဲ့တဲ့ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ ညာေတာင္ပံသမားဟာ ပဲေလ့စ္တို႔ တစ္ခ်က္အလစ္ေပးတာနဲ႔ တစ္ဂိုးသြင္းယူႏိုင္သူလည္းျဖစ္ၿပီး ဒီေန႔ပြဲမွာ ကန္သြင္းခြင့္တစ္ႀကိမ္ ပိတ္ဆို႔ခံရၿပီးတဲ့ေနာက္ ဂိုးေပါက္ဆီကို ႏွစ္ႀကိမ္ကန္သြင္းႏိုင္ခဲ့တဲ့ ဆာကာဟာ ႏွစ္ဂိုးရရွိခဲ့တာပါ။ ပရီးမီးယားလိဂ္မွာေတာ့ ဂိုးပါဝင္ပတ္သက္မႈ ၂၃ ႀကိမ္အထိ ရွိလာခဲ့သလို သူ႔ထက္ အသင္းကို အက်ိဳးျပဳႏိုင္တာဆိုလို႔ ဟာရီကိန္းနဲ႔ ဟားလန္းတို႔ပဲ က်န္ေတာ့တာလည္းျဖစ္ပါတယ္။

၅ မွတ္မွာ ၄ မွတ္ေပးလို႔ရတဲ့ ဟိုးလ္ဒင္း
ဝီလီယမ္ ဆာလီဘာ နာသြားလို႔ ဝင္ကစားရတဲ့ အဂၤလိပ္ေနာက္ခံလူ ဟိုးလ္ဒင္းအေနနဲ႔ ဒီေန႔မွာ ေျပာစရာဆိုလို႔ အျမန္ႏႈန္းနဲ႔ မကစားတတ္ဘဲ ကြၽံထြက္လာတဲ့ ေဘာလုံးေတြကို ထြက္မစားတတ္တာေလးတစ္ခုပဲ ရွိခဲ့တာပါ။ မိနစ္ ၉၀ လုံးလုံး စိတ္အားထက္သန္မႈနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကစားခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ခံစစ္မႉးအေနနဲ႔ တစ္ဖက္တိုက္စစ္မႉး ဇာဟာကို အေကာင္းဆုံး ကိုင္တြယ္သြားခဲ့သလို ဂါဘရီယယ္လ္နဲ႔ အတြဲညီညီ ကစားႏိုင္ခဲ့ၿပီး ဟားလန္းကိုေတာင္ ထိန္းျပခဲ့ဖူးတဲ့သူအေနနဲ႔ ပဲေလ့စ္ေလာက္ကိုေတာ့ မမႈဘူးဆိုတာကို ျပသသြားႏိုင္ခဲ့တာေၾကာင့္ အျမန္ႏႈန္းကေလးကလြဲရင္ က်န္တဲ့ အကဲျဖတ္ အမွတ္ေတြကို ေပးလို႔ရခဲ့တာျဖစ္ပါတယ္။

ခ်ာကာ မပါရင္ မကစားတတ္ေတာ့ဘူးလား
နည္းျပ အာတီတာအေနနဲ႔ ဒီေန႔ပြဲမွာ အညႇာအတာ ကင္းမဲ့စြာနဲ႔ပဲ စပို႔တင္းလစၥဘြန္းနဲ႔ပြဲကို မိနစ္ ၁၂၀ လုံးလုံး ကစားထားတဲ့သူ ငါးေယာက္ကို သုံးစြဲသြားခဲ့တာျဖစ္ပါတယ္။ ဒီထဲမွာ ဂိုးသမား ရမ္းစ္ေဒးလ္ကလြဲရင္ က်န္တဲ့ ေလးဦးထဲက သုံးဦးျဖစ္တဲ့ ဂါဘရီယယ္လ္၊ ဇင္ခ်န္ကိုနဲ႔ မာတီနယ္လီတို႔ကို အနားေပးသြားခဲ့ေပမယ့္ ခ်ာကာကိုေတာ့ ပြဲခ်ိန္အျပည့္အထိ သုံးစြဲသြားခဲ့သလို ဒါက အာတီတာအေနနဲ႔ သူ႔အတြက္ အသင္းရဲ႕ ဘယ္ျခမ္း နံပါတ္ ၈ ေနရာမွာ ယုံစားလို႔ ရတဲ့သူ မရွိေသးဘူးလို႔လည္း ျပသေနခဲ့တာပါ။ တကယ္တမ္းမွာ ဒီလိုပြဲမ်ိဳးကို ဖာဘီယို ဗီယာရာ၊ စမစ္႐ိုး၊ ထေရာ့ဆတ္တို႔လို ကစားသမားေတြနဲ႔ မိနစ္ ၆၀ ေက်ာ္မွာ ကစားကြက္ စမ္းသပ္သင့္တာျဖစ္ေပမယ့္ သူ႔အေနနဲ႔ စြန႔္စားဖို႔ ပ်က္ကြက္ခဲ့ၿပီး ဆြစ္ဇာလန္သားကိုပဲ ဒဏ္ရာရႏိုင္တဲ့ၾကားက စိုးရိမ္စရာ ကိစၥကို က်ဴးလြန္ခဲ့တာလည္းျဖစ္လို႔ ဘာမွ မျဖစ္တာပဲ ကံေကာင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

လန္ဒန္ဒါဘီ ၉ ပြဲအႏိုင္နဲ႔ စံခ်ိန္တင္ခဲ့တဲ့ ဂန္းနားမ်ား
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲကေတာ့ ဒီရာသီမွာ ၁၀ ပြဲေျမာက္ လန္ဒန္ဒါဘီကို ကစားခဲ့တာျဖစ္ၿပီး ႏိုင္ပြဲ ၉ ပြဲေျမာက္အျဖစ္ ေျပာင္းလဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရယ္လို႔ စတင္ခဲ့ကတည္းက တစ္ရာသီအတြင္းမွာ လန္ဒန္သားခ်င္း ၉ ပြဲအထိ ႏိုင္ခဲ့တဲ့ စံခ်ိန္ကို ဘယ္အသင္းကမွ မလုပ္ႏိုင္ေသးဘဲ ဂန္းနားေတြက စၿပီးတင္ရွိႏိုင္ခဲ့တာပါ။ အေဝးကြင္းမွာ ရာႏႈန္းျပည့္အျဖစ္ ပဲေလ့စ္၊ ဘရန႔္ဖို႔ဒ္၊ ခ်ဲလ္ဆီး၊ စပါးစ္နဲ႔ ဖူလ္ဟမ္တို႔ကို အႏိုင္ရခဲ့သလို အိမ္ကြင္းမွာေတာ့ ဘရန႔္ဖို႔ဒ္ကို သေရက်ၿပီး ဖူလ္ဟမ္၊ စပါးစ္၊ ဝက္စ္ဟမ္းနဲ႔ ပဲေလ့စ္တို႔ကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ လက္က်န္ပြဲေတြမွာေတာ့ ဝက္စ္ဟမ္းနဲ႔ အေဝးကြင္း၊ ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းႏွစ္ပြဲကို ကစားရဦးမွာျဖစ္ၿပီး ၁၁ ပြဲအထိ စံခ်ိန္သစ္ ေရးထိုးႏိုင္မလားေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

တန္းဆင္းဖို႔ အႏၲရာယ္ရွိလာတဲ့ ပဲေလ့စ္
ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္မွာ လူတန္းစားႏွစ္မ်ိဳး ကြဲသြားခဲ့ၿပီး တန္းဆင္းဖို႔ မစိုးရိမ္ရဘဲ တစ္ခုခု မွတ္ေက်ာက္တင္ခံႏိုင္ေအာင္ ႀကိဳးစားရမယ့္ ထိပ္ပိုင္း ၁၁ သင္းနဲ႔ တန္းမဆင္းေအာင္ ႐ုန္းရမယ့္ ေအာက္ပိုင္း ၉ သင္းလို႔ ကြဲထြက္သြားခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ပဲေလ့စ္တို႔ အေနနဲ႔ ရပ္တည္မႈအရ အဆင့္ ၁၂ ျဖစ္ေနလို႔ တန္းဆင္းဇုန္ အဆင့္ ၁၈ နဲ႔ ၆ ဆင့္ေတာင္ ေဝးကြာေနခဲ့တယ္လို႔ ဆိုႏိုင္ေပမယ့္ အမွတ္ကြာဟခ်က္ အားျဖင့္ေတာ့ သုံးမွတ္သာ ရွိေနခဲ့လို႔ အခ်ိန္မေ႐ြး အဆင့္ ၁၈ ကေန ၂၀ အထိကို ေျပာင္းလဲသြားႏိုင္တဲ့ အႏၲရာယ္လည္း ရွိလာခဲ့တာပါ။ ၂၀၂၃ ႏွစ္သစ္ ကူးၿပီးကတည္းက တစ္ပြဲမွ ႏိုင္ပြဲမရခဲ့ဘဲ ၁၂ ပြဲမွာ သေရပြဲ ၅ ပြဲနဲ႔ ၇ ပြဲရႈံးခဲ့တဲ့ ပဲေလ့စ္တို႔အေနနဲ႔ နည္းျပ ဗီယာရာကို ထုတ္ပယ္ထားခဲ့ေပမယ့္ ရလဒ္ေကာင္း ျပန္ရွာႏိုင္မယ့္ ပုံစံမ်ိဳးမွာေတာ့ ရွိမေနေသးဘဲ လွည္းက်ိဳးဝင္ထမ္းမယ့္ နည္းျပသစ္နဲ႔အတူ ဘာေတြျဖစ္လာမလဲေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

တစ္ဆင့္ျမင့္ တိုက္စစ္မႉး မာတီနယ္လီ
အာဆင္နယ္အသင္းကို ေပါင္ ၆ သန္းနဲ႔ ေရာက္လာခဲ့တုန္းက ဒီဘရာဇီးလ္သား ပုေလြ႐ိုးေလး ဘာျဖစ္လာႏိုင္မွာလဲလို႔ သံသယမ်က္လုံးေတြနဲ႔ ၾကည့္ခဲ့ၾကေပမယ့္ ဒီရာသီမွာေတာ့ ေျခစြမ္းက တစ္ရွိန္ထိုး တိုးတက္လာခဲ့သလို ပရီးမီးယားလိဂ္သြင္းဂိုး ၁၃ ဂိုးအထိ ရယူႏိုင္ခဲ့ၿပီး ဒါက သူ႔ရဲ႕ ၿပီးခဲ့တဲ့ သုံးရာသီေပါင္းသြင္းဂိုး ၁၁ ဂိုးထက္ သာလြန္သြားခဲ့သလို အသင္းေဖာ္ ဆာကာနဲ႔အတူ အမ္းမရိတ္ရဲ႕ အခ်စ္ေတာ္အျဖစ္လည္း ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ဆိုး႐ြားတဲ့ ပင္နယ္တီကို ကန္သြင္းခဲ့လို႔ အသင္းကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲက ထြက္ေစခဲ့ေပမယ့္ ဒီေန႔မွာေတာ့ အေရးပါတဲ့ အဖြင့္ဂိုးကို သြင္းယူေပးခဲ့သလို ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားေပးေနခဲ့တာပါ။

ဖန္လြန္းလို႔ အားေတာင္ နာယူရတဲ့ ထေရာ့ဆတ္
ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူထားခဲ့ၿပီး ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း သုံးဂိုးဖန္တီးေပးႏိုင္ခဲ့တဲ့ ထေရာ့ဆတ္အေနနဲ႔ ဒီေန႔မွာလည္း ထပ္ဖန္ျပန္လို႔ အသာလုပ္ပါ၊ အားနာစရာႀကီးလို႔ ေျပာရမလိုေတာင္ ျဖစ္ခဲ့ပါတယ္။ တစ္ကိုယ္ေကာင္းဆန္မႈကို ရွာမေတြ႕ရာမွာ ကန္မရမွ လူေပးတဲ့ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ေျပာင္းျပန္ျဖစ္ေနခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ ဒီေန႔ပြဲမွာေတာ့ ခ်ာကာအတြက္ လွပတဲ့ ေပးပို႔မႈနဲ႔ ဂိုးေရွ႕ကို ကြက္တိ ခင္းေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အာဆင္နယ္ကစားသမားဘဝ ၆ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ ဖန္တီးမႈကို လုပ္ေဆာင္သြားခဲ့သလို ေပးလိုက္ရတဲ့ ေပါင္ ၂၇ သန္းကေတာ့ ေတာ္ေတာ္ေလး ေဈးေပါေနခဲ့ၿပီလို႔လည္း ဆိုရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.