Carabao & FA Match Report Premier League

အမှားပေါ် အမှားဆင့်တဲ့ ဖူလ်ဟမ်ကို ဒရာမာကျကျ Come Back Win ယူတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဗက်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဒီယော့ပ်၊ တင်မ် ရင်းမ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ ဟာရစ်ဆန် ရိဒ်၊ အန်ဒရီးယက်စ် ပါရဲရား၊ ဝီလီယန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပယ်လင်ညာ ပြန်ပါလာတဲ့ ဖူလ်ဟမ်တို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ခပ်ရဲရဲပဲ ကစားလာခဲ့ပြီး ပွဲစကတည်းက ဒီယော့ပ်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို ဘောလုံးရတာနဲ့ တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ဗျူဟာကို သုံးလာခဲ့တဲ့ မာကို ဆေးလ်ဗားရဲ့ လူတွေက အတော်လေး ဟုတ်နေခဲ့ပြီး မန်ယူတို့ဘက်ကတော့ အဘိုးကြီးအိုစတိုင်လုပ်နေတဲ့ ဗက်ဂ်ဟော့စ်ရဲ့ အထောင်တိုက်စစ်က စိတ်ညစ်စရာဖြစ်ခဲ့ပါတယ်။

ကွင်းလယ်က ဆာဘစ်ဇာကတော့ ကာစီမီရိုလောက် အဖျက်မနပ်တာကလွဲရင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပူးပေါင်းပြီး အတက်အဆင်း ကစားနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ကတော့ ဘယ်ခြမ်းမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ပထမပိုင်းမှာတော့ ဖူလ်ဟမ်တို့က ကစားပုံ ပိုကောင်းခဲ့ပြီး ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာလည်း ဧည့်သည် ဖူလ်ဟမ်တို့ကပဲ အထသွက်ခဲ့သလို ဝီလီယန်ပေးတာကို ရော်ဘင်ဆန်ရဲ့ အနီးကပ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာခဲ့ရပြီး စပိန်ဂိုးသမားကတော့ ဒီနေ့မှာ တော်တော်လေး ကယ်နေခဲ့သလို သိပ်မကြာခင်မှာပဲ ဝီလီယန်ရဲ့ ဧရိယာအပြင်ဘက်ကနေ ဂိုးဝင်သွားနိုင်တဲ့ ကန်သွင်းမှုကိုပါ တားဆီးသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဖူလ်ဟမ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး မန်ယူတို့ ဆက်တိုက် ထောင့်ကန်ဘောတွေ ခွင့်ပြုနေခဲ့ရတဲ့နောက် ဒီတစ်ကြိမ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ပါရဲရား ကန်ပို့ပေးတာကို ဒီယော့ပ်က နောက်ပေါက်နဲ့ ချပေးခဲ့ရာမှာ မီထရိုဗစ်ချ်က အဝေးတိုင်ဘက်ကနေ ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးခဲ့ရအပြီးမှာတော့ နည်းပြ တန်ဟတ်အနေနဲ့ ကွင်းလယ်က မက်တော်မီနေးအစား အန်တိုနီကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို ဒီအချိန်မှာ အလုပ်မဖြစ်ဘဲ တိုင်ပတ်နေတုန်း ဖူလ်ဟမ်ဘက်က မီထရိုဗစ်ချ်ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကိုသာ ဒဟေးယား ပုတ်မထုတ်နိုင်ခဲ့ရင် ပွဲသိမ်းသွားဖို့တောင် နီးစပ်ခဲ့တာဖြစ်ပြီး မန်ယူနောက်တန်းတွေအနေနဲ့ ဆားဘီးယားတိုက်စစ်မှူးကို မနိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ အန်တိုနီ ပေးတာကို ဆန်ချိုက ကန်သွင်းခဲ့ရာမှာ ဂိုးသမား မရှိတော့တဲ့ ဂိုးထဲကို ပိတ်ဆို့ခဲ့တဲ့ ဝီလီယန်ရဲ့ လက်ကို ထိမှန်ခဲ့လို့ ဒိုင်လူကြီး ကာဗန်းနားနဲ့ VAR တို့က အနီကတ်နဲ့ ထုတ်ပယ်ပြီး ပင်နယ်တီပေးခဲ့သလို ဒိုင်လူကြီးကို စောဒကတက်ရင်း တွန်းမိတဲ့ မီထရိုဗစ်ချ်ကိုလည်း အနီကတ်ထပ်ပြခဲ့သလို အရန်ခုံက နည်းပြ မာကို ဆေးလ်ဗားပါ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂိုးသေချာပေါက် ဝင်နိုင်တဲ့ အခွင့်အရေးကို လက်နဲ့ တားဆီးရာမှာ အနီတစ်ကတ်၊ ပင်နယ်တီနဲ့ အေးအေးဆေးဆေး ပြီးသွားရမယ့် ကိစ္စမှာ ပြဿနာများပြီးမှ ပြီးခဲ့တဲ့ ဒီပင်နယ်တီကိုတော့ မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား လီနိုရဲ့ ဘယ်ဘက်ထောင့်ကို လှည့်စားကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့သလို ပွဲချိန် ၇၅ မိနစ်အရောက်မှာတော့ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ကိုးယောက်ပဲရှိတော့တဲ့ ဖူလ်ဟမ်တို့ကို ခပ်ချောင်ချောင် ကစားနိုင်ခဲ့ချိန်မှာ တစ်သင်းလုံး ရှေ့တက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြချိန်မှာ ဘယ်ခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ လုခ်ရှောက ဧရိယာထဲ ဝင်ရောက်ပြီး အနီးတိုင်ဘက်ကို အနိမ့်ဘော ချိုးပေးရာမှာ ဆာဘစ်ဇာက နောက်ပေါက်နဲ့ သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ ကွင်းထဲမှာ ကျန်နေတဲ့ ဖူလ်ဟမ် လက်ထောက်နည်းပြ လူးဝစ် ဘိုအာမော်တေက ကစားသမားလေးယောက်ကို တစ်ပြိုင်တည်း လဲလှယ်ပြီး တစ်ခုခု ပြန်လုပ်နိုင်ဖို့ ကြိုးစားလာခဲ့သလို ဒီကော်ဒိုဗာ-ရိဒ်၊ ဟာရစ်ဆန် ရိဒ်၊ ကင်နီ တီတီနဲ့ အန်ဒရီးယက်စ် ပါရဲရားတို့အစား ဆော်လမွန်၊ ဒန်ဂျိမ်းစ်၊ ဆီးဒရစ်နဲ့ ကဲရ်နီတို့ကို ထည့်သွင်းလာခဲ့ပြီး နာကျင်အချိန်ပိုကိုတော့ ခုနစ်မိနစ်အထိ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို မန်ချက်စတာသားတွေ သွင်းယူသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖရက်ဒ်က ဆွဲယူလာပြီး ဧရိယာထိပ်အရောက်မှာ ဖူလ်ဟမ်တို့ မျက်စိလည်အောင် နောက်ကျပြီး ပြေးဝင်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ထိုးပေးရာမှာ သူက အပြင်းကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ဖူလ်ဟမ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ချိန်မှာတော့ မဲခွဲရေးဆွဲမှုတွေအရ ဘရိုက်တန်တို့နဲ့ ကစားရတော့မှာဖြစ်သလို တစ်ဖက်က မန်ချက်စတာစီးတီးနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ထဲက အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ ဆာဘစ္ဇာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ ဗက္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္အသင္းကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ဒီေယာ့ပ္၊ တင္မ္ ရင္းမ္၊ ကင္နီ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာေတာ့ ဂ်ာအို ပယ္လင္ညာ၊ ဟာရစ္ဆန္ ရိဒ္၊ အန္ဒရီးယက္စ္ ပါရဲရား၊ ဝီလီယန္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပယ္လင္ညာ ျပန္ပါလာတဲ့ ဖူလ္ဟမ္တို႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ခပ္ရဲရဲပဲ ကစားလာခဲ့ၿပီး ပြဲစကတည္းက ဒီေယာ့ပ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရသလို ေဘာလုံးရတာနဲ႔ တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ ဗ်ဴဟာကို သုံးလာခဲ့တဲ့ မာကို ေဆးလ္ဗားရဲ႕ လူေတြက အေတာ္ေလး ဟုတ္ေနခဲ့ၿပီး မန္ယူတို႔ဘက္ကေတာ့ အဘိုးႀကီးအိုစတိုင္လုပ္ေနတဲ့ ဗက္ဂ္ေဟာ့စ္ရဲ႕ အေထာင္တိုက္စစ္က စိတ္ညစ္စရာျဖစ္ခဲ့ပါတယ္။

ကြင္းလယ္က ဆာဘစ္ဇာကေတာ့ ကာစီမီ႐ိုေလာက္ အဖ်က္မနပ္တာကလြဲရင္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ပူးေပါင္းၿပီး အတက္အဆင္း ကစားႏိုင္ခဲ့သလို ရက္ရွ္ဖို႔ဒ္ကေတာ့ ဘယ္ျခမ္းမွာ ပုံမွန္ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဖူလ္ဟမ္တို႔က ကစားပုံ ပိုေကာင္းခဲ့ၿပီး ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာလည္း ဧည့္သည္ ဖူလ္ဟမ္တို႔ကပဲ အထသြက္ခဲ့သလို ဝီလီယန္ေပးတာကို ေရာ္ဘင္ဆန္ရဲ႕ အနီးကပ္ ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ သက္သာခဲ့ရၿပီး စပိန္ဂိုးသမားကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ကယ္ေနခဲ့သလို သိပ္မၾကာခင္မွာပဲ ဝီလီယန္ရဲ႕ ဧရိယာအျပင္ဘက္ကေန ဂိုးဝင္သြားႏိုင္တဲ့ ကန္သြင္းမႈကိုပါ တားဆီးသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး မန္ယူတို႔ ဆက္တိုက္ ေထာင့္ကန္ေဘာေတြ ခြင့္ျပဳေနခဲ့ရတဲ့ေနာက္ ဒီတစ္ႀကိမ္မွာေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့တဲ့ ပါရဲရား ကန္ပို႔ေပးတာကို ဒီေယာ့ပ္က ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့ရာမွာ မီထ႐ိုဗစ္ခ်္က အေဝးတိုင္ဘက္ကေန ေျပးဝင္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးခဲ့ရအၿပီးမွာေတာ့ နည္းျပ တန္ဟတ္အေနနဲ႔ ကြင္းလယ္က မက္ေတာ္မီေနးအစား အန္တိုနီကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ဒီအခ်ိန္မွာ အလုပ္မျဖစ္ဘဲ တိုင္ပတ္ေနတုန္း ဖူလ္ဟမ္ဘက္က မီထ႐ိုဗစ္ခ်္ရဲ႕ ေခါင္းတိုက္ခ်က္တစ္ႀကိမ္ကိုသာ ဒေဟးယား ပုတ္မထုတ္ႏိုင္ခဲ့ရင္ ပြဲသိမ္းသြားဖို႔ေတာင္ နီးစပ္ခဲ့တာျဖစ္ၿပီး မန္ယူေနာက္တန္းေတြအေနနဲ႔ ဆားဘီးယားတိုက္စစ္မႉးကို မႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန အန္တိုနီ ေပးတာကို ဆန္ခ်ိဳက ကန္သြင္းခဲ့ရာမွာ ဂိုးသမား မရွိေတာ့တဲ့ ဂိုးထဲကို ပိတ္ဆို႔ခဲ့တဲ့ ဝီလီယန္ရဲ႕ လက္ကို ထိမွန္ခဲ့လို႔ ဒိုင္လူႀကီး ကာဗန္းနားနဲ႔ VAR တို႔က အနီကတ္နဲ႔ ထုတ္ပယ္ၿပီး ပင္နယ္တီေပးခဲ့သလို ဒိုင္လူႀကီးကို ေစာဒကတက္ရင္း တြန္းမိတဲ့ မီထ႐ိုဗစ္ခ်္ကိုလည္း အနီကတ္ထပ္ျပခဲ့သလို အရန္ခုံက နည္းျပ မာကို ေဆးလ္ဗားပါ အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဂိုးေသခ်ာေပါက္ ဝင္ႏိုင္တဲ့ အခြင့္အေရးကို လက္နဲ႔ တားဆီးရာမွာ အနီတစ္ကတ္၊ ပင္နယ္တီနဲ႔ ေအးေအးေဆးေဆး ၿပီးသြားရမယ့္ ကိစၥမွာ ျပႆနာမ်ားၿပီးမွ ၿပီးခဲ့တဲ့ ဒီပင္နယ္တီကိုေတာ့ မန္ယူကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးသမား လီႏိုရဲ႕ ဘယ္ဘက္ေထာင့္ကို လွည့္စားကန္သြင္းၿပီး ေခ်ပဂိုး ရယူသြားခဲ့သလို ပြဲခ်ိန္ ၇၅ မိနစ္အေရာက္မွာေတာ့ တစ္ဂိုးစီသေရက်ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ကိုးေယာက္ပဲရွိေတာ့တဲ့ ဖူလ္ဟမ္တို႔ကို ခပ္ေခ်ာင္ေခ်ာင္ ကစားႏိုင္ခဲ့ခ်ိန္မွာ တစ္သင္းလုံး ေရွ႕တက္ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ၾကခ်ိန္မွာ ဘယ္ျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ လုခ္ေရွာက ဧရိယာထဲ ဝင္ေရာက္ၿပီး အနီးတိုင္ဘက္ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဆာဘစ္ဇာက ေနာက္ေပါက္နဲ႔ သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ ကြင္းထဲမွာ က်န္ေနတဲ့ ဖူလ္ဟမ္ လက္ေထာက္နည္းျပ လူးဝစ္ ဘိုအာေမာ္ေတက ကစားသမားေလးေယာက္ကို တစ္ၿပိဳင္တည္း လဲလွယ္ၿပီး တစ္ခုခု ျပန္လုပ္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့သလို ဒီေကာ္ဒိုဗာ-ရိဒ္၊ ဟာရစ္ဆန္ ရိဒ္၊ ကင္နီ တီတီနဲ႔ အန္ဒရီးယက္စ္ ပါရဲရားတို႔အစား ေဆာ္လမြန္၊ ဒန္ဂ်ိမ္းစ္၊ ဆီးဒရစ္နဲ႔ ကဲရ္နီတို႔ကို ထည့္သြင္းလာခဲ့ၿပီး နာက်င္အခ်ိန္ပိုကိုေတာ့ ခုနစ္မိနစ္အထိ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို မန္ခ်က္စတာသားေတြ သြင္းယူသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဖရက္ဒ္က ဆြဲယူလာၿပီး ဧရိယာထိပ္အေရာက္မွာ ဖူလ္ဟမ္တို႔ မ်က္စိလည္ေအာင္ ေနာက္က်ၿပီး ေျပးဝင္လာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို ထိုးေပးရာမွာ သူက အျပင္းကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ဖူလ္ဟမ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး အက္ဖ္ေအဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ခ်ိန္မွာေတာ့ မဲခြဲေရးဆြဲမႈေတြအရ ဘ႐ိုက္တန္တို႔နဲ႔ ကစားရေတာ့မွာျဖစ္သလို တစ္ဖက္က မန္ခ်က္စတာစီးတီးနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ထဲက အႏိုင္ရတဲ့ အသင္းနဲ႔ ဗိုလ္လုရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.