Match Report Premier League

ပဲလေ့စ်ကို ပေါက်ကွဲပြပြီး မန်စီးတီးကို ရှစ်မှတ်ဖြတ်ဦးဆောင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့အတွဲကိုပဲ ဆက်လက်ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပက်ထရစ် ဗီယာရာကို ထုတ်ပယ်ထားခဲ့တဲ့ နည်းပြလက်မဲ့ ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ ဂိုးသမားတွေပါ ဒဏ်ရာရနေလို့ လူငယ်အသင်းက ဂိုးသမား ဝစ်ဝေါ့သ်၊ ခံစစ်မှာ ဂေးဟီ၊ တွမ်ကင်းစ်၊ ဂျိုးလ် ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ မီလီဗိုယေဗစ်ချ်၊ ရှိတ်ခ် ဒူကူရေးနဲ့ ရှလု(ပ်)တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ အိုလီဆေး၊ ဇာဟာနဲ့ အေဒူယာတို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ မိနစ် ၁၂၀ ကစားထားတဲ့ ကစားသမားတွေထဲက အနားပေးလို့ရတဲ့ ဇင်ချန်ကိုနဲ့ ချာကာတို့ကို မညှာတာဘဲ ဆက်သုံးလာခဲ့တာကတော့ နည်းပြ အာတီတာရဲ့ ပြိုင်ပွဲအပေါ် အလေးအနက်ထားမှုကို နားလည်ပေးလို့ရနိုင်ပေမယ့် ဆွစ်ဇာလန်သားရဲ့ မျက်နှာမှာ မျက်လုံးသာ ရှိတော့တဲ့ ပုံစံနဲ့ လေးလံနေတဲ့ ပုံစံတွေကတော့ အသင်းကို တစ်နည်းနည်းနဲ့ ထိခိုက်မှာနဲ့ ဒဏ်ရာရမှာတွေကို စိုးရိမ်ခဲ့ရတာဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုကို ၆၉ ရာခိုင်နှုန်းအထိ ထိန်းချုပ်သွားနိုင်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ပုံမှန်အတိုင်းပဲ ပွဲကို စိုးမိုးထားခဲ့ပြီး ညာတောင်ပံမှာ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ အတွင်းအပြင် တစ်လှည့်စီ Interchange ကစားရင်း နှစ်ယောက်စလုံး အတွင်းတစ်ပြိုင်တည်း ရောက်သွားတတ်တာလေးတစ်ခုပဲ ပြောစရာရှိခဲ့သလို ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ခြေမပေါ်ခဲ့တဲ့ ဘန်ဝှိုက်ကတော့ အတော်လေးကောင်းအောင် အတက်အဆင်း ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ ဆာကာက ဧရိယာထဲ ဖြတ်ချိုးပေးခဲ့ရာမှာ မာတီနယ်လီက သူ့ကို ပိတ်ထားတဲ့ ဂျိုးလ် ဝါ့ဒ်ကို ဖြတ်ကျော်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဝစ်ဝေါ့သ် ဘာမှ မတတ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်ဂိုးရအပြီးမှာ ပဲလေ့စ်တို့ တုံ့ပြန်ချင်ခဲ့ပေမယ့် အာဆင်နယ်တို့ရဲ့ အကွက်စိပ်စိပ်နဲ့ ကစားနေတဲ့ ကွင်းလယ်ကို မကျော်နိုင်ဘဲဖြစ်နေခဲ့သလို ဂန်းနားတွေ အခွင့်အရေးတချို့ ထပ်ရခဲ့ပေမယ့် တစ်ကိုယ်ကောင်းဆန်ပြီး ဖြုန်းတီးနေခဲ့ပြီး ကန်မရမှ လူပေးချင်တဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ကြောင့် မာတီနယ်လီနဲ့ ထရော့ဆတ်တို့ ဂိုးရခွင့်တွေ ဆုံးရှုံးခဲ့ရတာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက ဖြတ်တင်ဘော အရှိန်လွန်ပြီး ထွက်လာခဲ့တာကို ဆာကာက လိုက်လံရယူပြီးမှ ဘန်ဝှိုက်နဲ့ ဝမ်းတူးရိုက်ထွက်ခဲ့ရာကနေ ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ရသွားခဲ့ချိန်မှာ ထောင့်ပိတ်ဖို့ ကြိုးစားတဲ့ ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ မြန်မြန်ဆန်ဆန် ကစားပြီး အိမ်ရှင်တွေကို ဖိအားပေးဖို့ ကြိုးစားလာတဲ့ ပဲလေ့စ်တို့ကြောင့် အာတီတာရဲ့ လူတွေ အနည်းငယ် ရုန်းကန်နေခဲ့ရသလို ပွဲချိန် ၅၃ မိနစ်မှာ ထောင့်ကျဉ်းအနေအထားကနေ ဇာဟာက ဘယ်ခြမ်းက ကန်သွင်းမှုကို ရမ်းစ်ဒေးလ် ပုတ်ထုတ်သွားခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဇင်ချန်ကိုရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ ချာကာက ဧရိယာထိပ်မှာ ရယူနိုင်ခဲ့ပြီး ထရော့ဆတ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲမှာ ပြန်ရခဲ့တဲ့ ဘောလုံးကို ဆွစ်ဇာလန်သားက နောက်ကနေ တွန်းချတာ ခံရတဲ့ကြားက ခြေဦးနဲ့ ထိအောင်ထိုးပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ပေါတောတောနဲ့ ကွင်းလယ်လောက်ကနေ ဂိုးစည်းနောက်ကို လှမ်းဖျက်ပြီး ပေးလိုက်တဲ့ ဘန်ဝှိုက်ကြောင့် ပေးခဲ့ရတဲ့ ထောင့်ကန်ဘောကနေ အိုလီဆေး ကန်တင်ပေးရာမှာ ထုံးစံအတိုင်း ကြံ့ခိုင်မှု အားနည်းစွာနဲ့ မတားဆီးနိုင်ခဲ့တဲ့ အော်ဒီဂွါဒ်ရှေ့ကနေ ရှလု(ပ်)က တားယူပြီး အနီးကပ် ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးရအပြီးမှာတော့ အာဆင်နယ်တို့ဘက်က ထရော့ဆတ်နဲ့ ဇင်ချန်ကိုတို့အစား တီယာနီနဲ့ ဂျေဆူးစ်တို့ကို လူစားသွင်းခဲ့ပြီး ပဲလေ့စ်တို့ဘက်ကတော့ အေဒူယာနဲ့ မီလီဗိုယေဗစ်ချ်အစား အာယူးနဲ့ ဟယူးချ်တို့ကို ထည့်သွင်းခဲ့သလို အိမ်ရှင်တွေဘက် စိတ်ကုန်စရာ ခံစစ်ကစားပုံမျိုးကို ဆက်လက်ပြသနေခဲ့တဲ့အတွက် ဇာဟာရဲ့ ဂိုးသွင်းမယ့်အရေးတစ်ကြိမ်နဲ့ ထပ်မံကြုံတွေ့ခဲ့ရပြီး ပေါ့ဆလွန်းတဲ့ ပုံစံတွေကို မြင်ခဲ့ရတာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်မှုကို စိတ်ချရစေမယ့် စတုတ္ထဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျေဆူးစ်ရဲ့ ထိုးဖောက်မှုကနေ ပဲလေ့စ်ခံစစ်က ရှင်းထုတ်မှု မပီပြင်ခဲ့တာကို ဧရိယာအစပ်မှာ ရခဲ့တဲ့ တီယာနီက အတွင်းကို အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဆာကာက အလျင်အမြန် ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ဂိုးသမားမြင်ကွင်းကို ဂျေဆူးစ် နှောင့်ယှက်သလားဆိုပြီး VAR ပြန်ကြည့်ခဲ့ရပေမယ့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဂိုးရအပြီးမှာလည်း လေးလံလွန်းတဲ့ ချာကာကတော့ ပဲလေ့စ်ဘက်က ဇာဟာတို့အဖွဲ့ရဲ့ ပစ်မှတ်ထားစရာဖြစ်နေခဲ့ပေမယ့် လူစားမလဲခဲ့တာကတော့ အံ့လောက်စရာဖြစ်ခဲ့သလို ပွဲချိန် ၈၃ မိနစ်မှာတော့ ဘန်ဝှိုက်၊ မာတီနယ်လီနဲ့ ဂါဘရီယယ်လ်တို့အစား ဂျော်ဂျင်ညို၊ ကီဗီယာနဲ့ စမစ်ရိုးတို့ကိုသာ ထည့်သွင်းသွားခဲ့တာပါ။

ပွဲအချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ခရစ္စတယ်လ်ပဲလေ့စ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ဒီတစ်ပတ်မှာ အက်ဖ်အေဖလား သွားကန်နေပြီး ပရီးမီးယားလိဂ် ကစားရခြင်း မရှိတဲ့ မန်စီးတီးတို့ကို ၈ မှတ်ဖြတ်လိုက်နိုင်သလို ပဲလေ့စ်တို့ကတော့ တန်းဆင်းဇုန်နဲ့ သုံးမှတ်သာ ကွာဟတော့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ ဘန္ဝႈိက္၊ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔အတြဲကိုပဲ ဆက္လက္ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပက္ထရစ္ ဗီယာရာကို ထုတ္ပယ္ထားခဲ့တဲ့ နည္းျပလက္မဲ့ ဧည့္သည္ ခရစၥတယ္လ္ပဲေလ့စ္အသင္းကေတာ့ ဂိုးသမားေတြပါ ဒဏ္ရာရေနလို႔ လူငယ္အသင္းက ဂိုးသမား ဝစ္ေဝါ့သ္၊ ခံစစ္မွာ ေဂးဟီ၊ တြမ္ကင္းစ္၊ ဂ်ိဳးလ္ ဝါ့ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ မီလီဗိုေယဗစ္ခ်္၊ ရွိတ္ခ္ ဒူကူေရးနဲ႔ ရွလု(ပ္)တို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ အိုလီေဆး၊ ဇာဟာနဲ႔ ေအဒူယာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ပြဲမွာ မိနစ္ ၁၂၀ ကစားထားတဲ့ ကစားသမားေတြထဲက အနားေပးလို႔ရတဲ့ ဇင္ခ်န္ကိုနဲ႔ ခ်ာကာတို႔ကို မညႇာတာဘဲ ဆက္သုံးလာခဲ့တာကေတာ့ နည္းျပ အာတီတာရဲ႕ ၿပိဳင္ပြဲအေပၚ အေလးအနက္ထားမႈကို နားလည္ေပးလို႔ရႏိုင္ေပမယ့္ ဆြစ္ဇာလန္သားရဲ႕ မ်က္ႏွာမွာ မ်က္လုံးသာ ရွိေတာ့တဲ့ ပုံစံနဲ႔ ေလးလံေနတဲ့ ပုံစံေတြကေတာ့ အသင္းကို တစ္နည္းနည္းနဲ႔ ထိခိုက္မွာနဲ႔ ဒဏ္ရာရမွာေတြကို စိုးရိမ္ခဲ့ရတာျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈကို ၆၉ ရာခိုင္ႏႈန္းအထိ ထိန္းခ်ဳပ္သြားႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ပုံမွန္အတိုင္းပဲ ပြဲကို စိုးမိုးထားခဲ့ၿပီး ညာေတာင္ပံမွာ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ အတြင္းအျပင္ တစ္လွည့္စီ Interchange ကစားရင္း ႏွစ္ေယာက္စလုံး အတြင္းတစ္ၿပိဳင္တည္း ေရာက္သြားတတ္တာေလးတစ္ခုပဲ ေျပာစရာရွိခဲ့သလို ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ေျခမေပၚခဲ့တဲ့ ဘန္ဝႈိက္ကေတာ့ အေတာ္ေလးေကာင္းေအာင္ အတက္အဆင္း ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ ဆာကာက ဧရိယာထဲ ျဖတ္ခ်ိဳးေပးခဲ့ရာမွာ မာတီနယ္လီက သူ႔ကို ပိတ္ထားတဲ့ ဂ်ိဳးလ္ ဝါ့ဒ္ကို ျဖတ္ေက်ာ္ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဝစ္ေဝါ့သ္ ဘာမွ မတတ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

တစ္ဂိုးရအၿပီးမွာ ပဲေလ့စ္တို႔ တုံ႔ျပန္ခ်င္ခဲ့ေပမယ့္ အာဆင္နယ္တို႔ရဲ႕ အကြက္စိပ္စိပ္နဲ႔ ကစားေနတဲ့ ကြင္းလယ္ကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့သလို ဂန္းနားေတြ အခြင့္အေရးတခ်ိဳ႕ ထပ္ရခဲ့ေပမယ့္ တစ္ကိုယ္ေကာင္းဆန္ၿပီး ျဖဳန္းတီးေနခဲ့ၿပီး ကန္မရမွ လူေပးခ်င္တဲ့ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ေၾကာင့္ မာတီနယ္လီနဲ႔ ထေရာ့ဆတ္တို႔ ဂိုးရခြင့္ေတြ ဆုံးရႈံးခဲ့ရတာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ျဖတ္တင္ေဘာ အရွိန္လြန္ၿပီး ထြက္လာခဲ့တာကို ဆာကာက လိုက္လံရယူၿပီးမွ ဘန္ဝႈိက္နဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့ရာကေန ဧရိယာထဲမွာ လြတ္လြတ္ကြၽတ္ကြၽတ္ရသြားခဲ့ခ်ိန္မွာ ေထာင့္ပိတ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ျမန္ျမန္ဆန္ဆန္ ကစားၿပီး အိမ္ရွင္ေတြကို ဖိအားေပးဖို႔ ႀကိဳးစားလာတဲ့ ပဲေလ့စ္တို႔ေၾကာင့္ အာတီတာရဲ႕ လူေတြ အနည္းငယ္ ႐ုန္းကန္ေနခဲ့ရသလို ပြဲခ်ိန္ ၅၃ မိနစ္မွာ ေထာင့္က်ဥ္းအေနအထားကေန ဇာဟာက ဘယ္ျခမ္းက ကန္သြင္းမႈကို ရမ္းစ္ေဒးလ္ ပုတ္ထုတ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဇင္ခ်န္ကိုရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကေန ခ်ာကာက ဧရိယာထိပ္မွာ ရယူႏိုင္ခဲ့ၿပီး ထေရာ့ဆတ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲမွာ ျပန္ရခဲ့တဲ့ ေဘာလုံးကို ဆြစ္ဇာလန္သားက ေနာက္ကေန တြန္းခ်တာ ခံရတဲ့ၾကားက ေျခဦးနဲ႔ ထိေအာင္ထိုးၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ေပါေတာေတာနဲ႔ ကြင္းလယ္ေလာက္ကေန ဂိုးစည္းေနာက္ကို လွမ္းဖ်က္ၿပီး ေပးလိုက္တဲ့ ဘန္ဝႈိက္ေၾကာင့္ ေပးခဲ့ရတဲ့ ေထာင့္ကန္ေဘာကေန အိုလီေဆး ကန္တင္ေပးရာမွာ ထုံးစံအတိုင္း ႀကံ့ခိုင္မႈ အားနည္းစြာနဲ႔ မတားဆီးႏိုင္ခဲ့တဲ့ ေအာ္ဒီဂြါဒ္ေရွ႕ကေန ရွလု(ပ္)က တားယူၿပီး အနီးကပ္ ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးရအၿပီးမွာေတာ့ အာဆင္နယ္တို႔ဘက္က ထေရာ့ဆတ္နဲ႔ ဇင္ခ်န္ကိုတို႔အစား တီယာနီနဲ႔ ေဂ်ဆူးစ္တို႔ကို လူစားသြင္းခဲ့ၿပီး ပဲေလ့စ္တို႔ဘက္ကေတာ့ ေအဒူယာနဲ႔ မီလီဗိုေယဗစ္ခ်္အစား အာယူးနဲ႔ ဟယူးခ်္တို႔ကို ထည့္သြင္းခဲ့သလို အိမ္ရွင္ေတြဘက္ စိတ္ကုန္စရာ ခံစစ္ကစားပုံမ်ိဳးကို ဆက္လက္ျပသေနခဲ့တဲ့အတြက္ ဇာဟာရဲ႕ ဂိုးသြင္းမယ့္အေရးတစ္ႀကိမ္နဲ႔ ထပ္မံႀကဳံေတြ႕ခဲ့ရၿပီး ေပါ့ဆလြန္းတဲ့ ပုံစံေတြကို ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဦးေဆာင္မႈကို စိတ္ခ်ရေစမယ့္ စတုတၳဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဂ်ဆူးစ္ရဲ႕ ထိုးေဖာက္မႈကေန ပဲေလ့စ္ခံစစ္က ရွင္းထုတ္မႈ မပီျပင္ခဲ့တာကို ဧရိယာအစပ္မွာ ရခဲ့တဲ့ တီယာနီက အတြင္းကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ဆာကာက အလ်င္အျမန္ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ဂိုးသမားျမင္ကြင္းကို ေဂ်ဆူးစ္ ေႏွာင့္ယွက္သလားဆိုၿပီး VAR ျပန္ၾကည့္ခဲ့ရေပမယ့္ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ၿပီး ဂိုးရအၿပီးမွာလည္း ေလးလံလြန္းတဲ့ ခ်ာကာကေတာ့ ပဲေလ့စ္ဘက္က ဇာဟာတို႔အဖြဲ႕ရဲ႕ ပစ္မွတ္ထားစရာျဖစ္ေနခဲ့ေပမယ့္ လူစားမလဲခဲ့တာကေတာ့ အံ့ေလာက္စရာျဖစ္ခဲ့သလို ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘန္ဝႈိက္၊ မာတီနယ္လီနဲ႔ ဂါဘရီယယ္လ္တို႔အစား ေဂ်ာ္ဂ်င္ညိဳ၊ ကီဗီယာနဲ႔ စမစ္႐ိုးတို႔ကိုသာ ထည့္သြင္းသြားခဲ့တာပါ။

ပြဲအခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ခရစၥတယ္လ္ပဲေလ့စ္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ဒီတစ္ပတ္မွာ အက္ဖ္ေအဖလား သြားကန္ေနၿပီး ပရီးမီးယားလိဂ္ ကစားရျခင္း မရွိတဲ့ မန္စီးတီးတို႔ကို ၈ မွတ္ျဖတ္လိုက္ႏိုင္သလို ပဲေလ့စ္တို႔ကေတာ့ တန္းဆင္းဇုန္နဲ႔ သုံးမွတ္သာ ကြာဟေတာ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.