Premier League

တိုက်စစ်မှူးခေါ်ယူဖို့ အသင်းရဲ့ အဓိကစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဆာအဲလက်စ် ဖာဂူဆန်ဟာ ဖူလ်ဟမ်ကြယ်ပွင့်ဟောင်း လူးဝစ္စ ဆာဟာကို ခေါ်ယူနိုင်ဖို့အတွက် ၎င်းကိုယ်တိုင် သတ်မှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ယခုအပတ် ဖူလ်ဟမ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် နှစ်သင်းစလုံးမှာ ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ လူးဝစ္စ ဆာဟာဟာ မတ်ဇ်ကနေ ပြောင်းရွှေ့လာပြီးနောက် ၂၀၀၀ ကနေ ၂၀၀၄ ခုနှစ်အတွင်း ဖူလ်ဟမ်အသင်းအတွက် ၁၄၂ ပွဲမှာ ၆၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် တိုက်စစ်အင်အား ပိုမို လိုအပ်နေတာကြောင့် ဖာဂူဆန်ဟာ အပြောင်းအရွှေ့စျေးကွက်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဆာဟာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီ နဗီးအပါအဝင် ၎င်းရဲ့ ကစားသမားအချို့ဆီကနေ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့အရာဖြစ်တဲ့ အကြံဉာဏ်တောင်းခံခဲ့တာဖြစ်ပါတယ်။

“ဆာအဲလက်စ်က ဘယ်တုန်းကမှ ကျွန်တော်တို့ကို ဘယ်ကစားသမားကို ခေါ်ယူသင့်လဲဆိုတာ မမေးဖူးသလို သူ ဘယ်သူ့ကို ခေါ်တော့မယ်ဆိုပြီးလည်း အသိပေးခဲ့ဖူးတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလားမှာ(၂၀၀၁ ခုနှစ်)တစ်ကြိမ် ကစားခဲ့ပြီးတဲ့နောက်မှာ သူက ကျွန်တော်တို့ နောက်ခံလူတွေကို ငါတို့ လူးဝစ္စ ဆာဟာကို ခေါ်သင့်သလားဆိုပြီး မေးခဲ့တယ်။ ကျွန်တော်တို့အားလုံးလည်း ခေါ်သင့်တယ်လို့ ချက်ချင်း အဖြေပေးခဲ့ကြတယ်။ ၂၀၀၆ ခုနှစ်တုန်းက ဝက်ဇာ(ဝိန်း ရူနီ)နဲ့အတူ တိုက်စစ်မှာ သူ ကစားခဲ့တဲ့ရာသီကို ကျွန်တော် မှတ်မိသေးတယ်။ အဲဒါက မယုံနိုင်စရာကောင်းခဲ့တယ်။ သူတို့တွေ အတူတူ ကစားတာ အရမ်းကောင်းမွန်ခဲ့တယ်။ လူးဝစ္စက အရမ်းကို တော်တဲ့ ကစားသမားပါ။ သူ ဖူလ်ဟမ်အတွက် ကစားပေးနေတဲ့အချိန်တုန်းက သူနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အချိန်တုန်းက သူနဲ့ ဘိုအာ မော်တေတို့က ကျွန်တော့်ကို လုံးဝ အိပ်မက်ဆိုးတွေ ပေးခဲ့ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဖူလ်ဟမ်အသင်းကနေ လူးဝစ္စ ဆာဟာကို ပေါင် ၁၂.၄ သန်းဝန်းကျင်နဲ့ ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက ပထမဆုံးပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၇ ဂိုးသွင်းယူပြီးနောက် ချက်ချင်း ခြေစွမ်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဆာဟာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အက်ဖ်အေဖလား ရရှိအောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဖာဂူဆန်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၃ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း မော်ရင်ညိုရဲ့ ပေါ်တိုအသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆာဟာဟာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ကာလအတွင်း ၁၂၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၂ ဂိုး သွင်းယူပေးခဲ့ပြီး ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် တစ်ရာသီကို ပရီးမီးယားလိဂ် ၂၄ ပွဲထက် ပိုမကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဆာအဲလက္စ္ ဖာဂူဆန္ဟာ ဖူလ္ဟမ္ၾကယ္ပြင့္ေဟာင္း လူးဝစၥ ဆာဟာကို ေခၚယူႏိုင္ဖို႔အတြက္ ၎ကိုယ္တိုင္ သတ္မွတ္ထားတဲ့ အေျပာင္းအေ႐ႊ႕စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးေဟာင္းဟာ ယခုအပတ္ ဖူလ္ဟမ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္ခင္ ႏွစ္သင္းစလုံးမွာ ထင္ေပၚေက်ာ္ၾကားတဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ပါတယ္။ လူးဝစၥ ဆာဟာဟာ မတ္ဇ္ကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၂၀၀၀ ကေန ၂၀၀၄ ခုႏွစ္အတြင္း ဖူလ္ဟမ္အသင္းအတြက္ ၁၄၂ ပြဲမွာ ၆၃ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ တိုက္စစ္အင္အား ပိုမို လိုအပ္ေနတာေၾကာင့္ ဖာဂူဆန္ဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲကို ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ဆာဟာကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီ နဗီးအပါအဝင္ ၎ရဲ႕ ကစားသမားအခ်ိဳ႕ဆီကေန တစ္ခါမွ မလုပ္ခဲ့ဖူးတဲ့အရာျဖစ္တဲ့ အႀကံဉာဏ္ေတာင္းခံခဲ့တာျဖစ္ပါတယ္။

“ဆာအဲလက္စ္က ဘယ္တုန္းကမွ ကြၽန္ေတာ္တို႔ကို ဘယ္ကစားသမားကို ေခၚယူသင့္လဲဆိုတာ မေမးဖူးသလို သူ ဘယ္သူ႔ကို ေခၚေတာ့မယ္ဆိုၿပီးလည္း အသိေပးခဲ့ဖူးတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဖူလ္ဟမ္နဲ႔ အက္ဖ္ေအဖလားမွာ(၂၀၀၁ ခုႏွစ္)တစ္ႀကိမ္ ကစားခဲ့ၿပီးတဲ့ေနာက္မွာ သူက ကြၽန္ေတာ္တို႔ ေနာက္ခံလူေတြကို ငါတို႔ လူးဝစၥ ဆာဟာကို ေခၚသင့္သလားဆိုၿပီး ေမးခဲ့တယ္။ ကြၽန္ေတာ္တို႔အားလုံးလည္း ေခၚသင့္တယ္လို႔ ခ်က္ခ်င္း အေျဖေပးခဲ့ၾကတယ္။ ၂၀၀၆ ခုႏွစ္တုန္းက ဝက္ဇာ(ဝိန္း ႐ူနီ)နဲ႔အတူ တိုက္စစ္မွာ သူ ကစားခဲ့တဲ့ရာသီကို ကြၽန္ေတာ္ မွတ္မိေသးတယ္။ အဲဒါက မယုံႏိုင္စရာေကာင္းခဲ့တယ္။ သူတို႔ေတြ အတူတူ ကစားတာ အရမ္းေကာင္းမြန္ခဲ့တယ္။ လူးဝစၥက အရမ္းကို ေတာ္တဲ့ ကစားသမားပါ။ သူ ဖူလ္ဟမ္အတြက္ ကစားေပးေနတဲ့အခ်ိန္တုန္းက သူနဲ႔ ရင္ဆိုင္ကစားခဲ့ရတဲ့အခ်ိန္တုန္းက သူနဲ႔ ဘိုအာ ေမာ္ေတတို႔က ကြၽန္ေတာ့္ကို လုံးဝ အိပ္မက္ဆိုးေတြ ေပးခဲ့ပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၀၄ ခုႏွစ္ ဇန္နဝါရီ ၂၃ ရက္ေန႔မွာ ဖူလ္ဟမ္အသင္းကေန လူးဝစၥ ဆာဟာကို ေပါင္ ၁၂.၄ သန္းဝန္းက်င္နဲ႔ ၅ ႏွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက ပထမဆုံးပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၇ ဂိုးသြင္းယူၿပီးေနာက္ ခ်က္ခ်င္း ေျခစြမ္း ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဆာဟာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အက္ဖ္ေအဖလား ရရွိေအာင္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဖာဂူဆန္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၃ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့တာ ျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း ေမာ္ရင္ညိဳရဲ႕ ေပၚတိုအသင္းကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ဆာဟာဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးခဲ့တဲ့ကာလအတြင္း ၁၂၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၂ ဂိုး သြင္းယူေပးခဲ့ၿပီး ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ တစ္ရာသီကို ပရီးမီးယားလိဂ္ ၂၄ ပြဲထက္ ပိုမကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.