Premier League

ငါတို့အသင်းထဲ ဂေါင်းကြီးရောက်နေပြီလို့ ဝေဖန်ခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ

ချဲလ်ဆီးအသင်းဟာ စနေနေ့ညနေက အဲဗာတန်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ စိတ်ပျက်ဖွယ် ၂-၂ သရေကျခဲ့ပြီး ဆီနီဂေါနောက်ခံလူဟာ ပွဲစဉ်အတွင်း လုပ်ခဲ့တဲ့အရာကြောင့် ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။

ဆင်းမ်စ်က ၈၉ မိနစ်မှာ အဲဗာတန်အသင်းအတွက် ချေဂိုးကို သွင်းယူပေးသွားခဲ့ပြီး ကူလီဘေလီကို သက်တောင့်သက်သာ ဖြတ်ကျော်ပြီး ပရိသတ်တွေက ဆိုးရွားတဲ့ ခံစစ်ကစားပုံနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာအို ဖဲလစ်က ၅၂ မိနစ်မှာ ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး အိုနာနာရဲ့ ခေါင်းတိုက်ချက်ကနေ လူထိပြီး နှစ်ကြိမ်ဆက်ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ မက်နီးလ်က ဖြတ်တင်ပေးခဲ့တာဖြစ်ပါတယ်။

တာကော့ဗ်စကီးက ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဒူကူရေးက နောက်ပြန်ခေါင်းတိုက်ပြီး သွင်းယူခဲ့ရာမှာ ဂိုးသမား ကီပါကို ကျော်ပြီး ဂိုးထဲ ဝင်သွားခဲ့ရာမှာ ဟာဗတ်ဇ်ရဲ့ ရှင်းထုတ်မှုက ဂိုးစည်းကျော်ပြီးမှ ဖြစ်ခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

ခိုင်ဟာဗတ်ဇ်က ၇၆ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ အိမ်ရှင်ချဲလ်ဆီးတို့ကို ဦးဆောင်ခွင့်ပြန်လည် ရယူပေးခဲ့ပေမယ့်လည်း ပွဲချိန် ၈၉ မိနစ်မှာတော့ အဲဗာတန်တို့ သရေကျစေမယ့် ချေပဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မစ်ကိုလန်ကို တင်ပေးတာကို ကွင်းလယ်ကနေ ဒူကူရေးက ခင်းပေးခဲ့ရာမှာ ဆင်းမ်စ်က ကုန်နေပြီဖြစ်တဲ့ ကူလီဘေလီကို ကျော်ပြေးပြီး ဧရိယာဘယ်ခြမ်းကနေ အနိမ့်ဘော ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကူလီဘေလီဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အဝါကတ် ၁ ကတ်၊ ကြားဝင်ရှင်းထုတ်မှု သုည၊ ရှင်းလင်းမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၁၁ ကြိမ်အထိ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တစ်ဦးက ကူလီဘေလီရဲ့ ခံစစ်ကစားပုံကို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ နှိုင်းယှဉ်ပြီး “ဆင်းမ်စ်က ကူလီဘေလီကို ဘာမှတောင် အားမထုတ်လိုက်ရဘဲ ကျော်ဖြတ်နိုင်ခဲ့တယ်။ မက်ဂွိုင်းယား ခံစစ်ကစားတဲ့ပုံစံမျိုးပဲ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကူလီဘေလီက ဟိုက လုပ်သွားတာ ခံလိုက်ရပြီး ပြီးတော့ အန်ဇိုကို အပြစ်တင်နေတယ် ဟားဟား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ စေနေန႔ညေနက အဲဗာတန္အသင္းကို အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ စိတ္ပ်က္ဖြယ္ ၂-၂ သေရက်ခဲ့ၿပီး ဆီနီေဂါေနာက္ခံလူဟာ ပြဲစဥ္အတြင္း လုပ္ခဲ့တဲ့အရာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဒါသထြက္ျခင္းခံခဲ့ရပါတယ္။

ဆင္းမ္စ္က ၈၉ မိနစ္မွာ အဲဗာတန္အသင္းအတြက္ ေခ်ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ကူလီေဘလီကို သက္ေတာင့္သက္သာ ျဖတ္ေက်ာ္ၿပီး ပရိသတ္ေတြက ဆိုး႐ြားတဲ့ ခံစစ္ကစားပုံနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဂ်ာအို ဖဲလစ္က ၅၂ မိနစ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၿပီး အိုနာနာရဲ႕ ေခါင္းတိုက္ခ်က္ကေန လူထိၿပီး ႏွစ္ႀကိမ္ဆက္ရတဲ့ ေထာင့္ကန္ေဘာကို ညာျခမ္းကေန မက္နီးလ္က ျဖတ္တင္ေပးခဲ့တာျဖစ္ပါတယ္။

တာေကာ့ဗ္စကီးက ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးကို ဒူကူေရးက ေနာက္ျပန္ေခါင္းတိုက္ၿပီး သြင္းယူခဲ့ရာမွာ ဂိုးသမား ကီပါကို ေက်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့ရာမွာ ဟာဗတ္ဇ္ရဲ႕ ရွင္းထုတ္မႈက ဂိုးစည္းေက်ာ္ၿပီးမွ ျဖစ္ခဲ့လို႔ ဂိုးျပန္ေပးခဲ့ရတာပါ။

ခိုင္ဟာဗတ္ဇ္က ၇၆ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန အိမ္ရွင္ခ်ဲလ္ဆီးတို႔ကို ဦးေဆာင္ခြင့္ျပန္လည္ ရယူေပးခဲ့ေပမယ့္လည္း ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ သေရက်ေစမယ့္ ေခ်ပဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မစ္ကိုလန္ကို တင္ေပးတာကို ကြင္းလယ္ကေန ဒူကူေရးက ခင္းေပးခဲ့ရာမွာ ဆင္းမ္စ္က ကုန္ေနၿပီျဖစ္တဲ့ ကူလီေဘလီကို ေက်ာ္ေျပးၿပီး ဧရိယာဘယ္ျခမ္းကေန အနိမ့္ေဘာ ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။

ကူလီေဘလီဟာ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း အဝါကတ္ ၁ ကတ္၊ ၾကားဝင္ရွင္းထုတ္မႈ သုည၊ ရွင္းလင္းမႈ ၁ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၁၁ ႀကိမ္အထိ ဆုံးရႈံးခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္တစ္ဦးက ကူလီေဘလီရဲ႕ ခံစစ္ကစားပုံကို မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားနဲ႔ ႏႈိင္းယွဥ္ၿပီး “ဆင္းမ္စ္က ကူလီေဘလီကို ဘာမွေတာင္ အားမထုတ္လိုက္ရဘဲ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ မက္ဂြိဳင္းယား ခံစစ္ကစားတဲ့ပုံစံမ်ိဳးပဲ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကူလီေဘလီက ဟိုက လုပ္သြားတာ ခံလိုက္ရၿပီး ၿပီးေတာ့ အန္ဇိုကို အျပစ္တင္ေနတယ္ ဟားဟား”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.