Other Leagues

မယုံနိုင်ဖွယ် ဖရီးကစ်သွင်းဂိုးသွင်းယူပြီးနောက် ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ ရော်နယ်လ်ဒို

အယ်လ်နာဆာကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အက်ဘ်ဟာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းကို ကူညီပေးနိုင်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို သတင်းစကား မျှဝေပေးခဲ့ပါတယ်။

ဂန္တဝင်တိုက်စစ်မှူးဟာ ၂၆ မိနစ်မှာ ဧည့်သည်အသင်းအတွက် အဒမ် အာမက် မိုဟာမက်သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ၇၈ မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေတဆင့် တိုက်ရိုက်ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက် ၈၆ မိနစ်မှာ တာလစ်စ်ကာက ပင်နယ်တီကနေတဆင့် အယ်လ်နာဆာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အင်စတာဂရမ်ကနေ ပရိသတ်တွေကို သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

“နိုင်ပွဲရရှိခဲ့တာ အရမ်းကောင်းမွန်ပြီး ဒီကွင်းထဲမှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့အတူ ဂိုးသွင်းယူနိုင်ခဲ့တာ အရမ်း ပျော်ရွှင်မိပါတယ်”လို့ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးက ပရိသတ် ၅၆၃ သန်းရှိတဲ့ ၎င်းရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး အက်ဘ်ဘာအသင်းကို အနိုင်ရရှိခဲ့မှုကြောင့် ရူဒီ ဂါစီယာရဲ့အသင်းဟာ ဆော်ဒီ ပရိုလိဂ်ဦးဆောင်သူ အယ်လ်-အစ်တီဟတ်အသင်းနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အက်ဘ်ဟာအသင်းနဲ့ ပွဲစဉ်က အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း Mrsool Park မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ အိမ်ကွင်းသွင်းဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အယ်လ်-အဒါလာလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် လစ်ချ်တန်စတိုင်း၊ လူဇင်ဘော့ဂ်တို့နဲ့ ကစားရမယ့် ပွဲစဉ်အတွက် ရောဘတ်တို မာတီနက်ဇ်ရဲ့ ပေါ်တူဂီလက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အယ္လ္နာဆာၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အက္ဘ္ဟာကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အသင္းကို ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚကေန ပရိသတ္ေတြကို သတင္းစကား မွ်ေဝေပးခဲ့ပါတယ္။

ဂႏၲဝင္တိုက္စစ္မႉးဟာ ၂၆ မိနစ္မွာ ဧည့္သည္အသင္းအတြက္ အဒမ္ အာမက္ မိုဟာမက္သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ၇၈ မိနစ္မွာ ရရွိခဲ့တဲ့ အလြတ္တည္ကန္ေဘာကေနတဆင့္ တိုက္႐ိုက္ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ၈၆ မိနစ္မွာ တာလစ္စ္ကာက ပင္နယ္တီကေနတဆင့္ အယ္လ္နာဆာအသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အင္စတာဂရမ္ကေန ပရိသတ္ေတြကို သတင္းစကားပါးလိုက္တာ ျဖစ္ပါတယ္။

“ႏိုင္ပြဲရရွိခဲ့တာ အရမ္းေကာင္းမြန္ၿပီး ဒီကြင္းထဲမွာ ကြၽန္ေတာ္တို႔ ပရိသတ္ေတြနဲ႔အတူ ဂိုးသြင္းယူႏိုင္ခဲ့တာ အရမ္း ေပ်ာ္႐ႊင္မိပါတယ္”လို႔ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ပရိသတ္ ၅၆၃ သန္းရွိတဲ့ ၎ရဲ႕ အင္စတာဂရမ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာေတာ့ အယ္လ္နာဆာအသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အက္ဘ္ဘာအသင္းကို အႏိုင္ရရွိခဲ့မႈေၾကာင့္ ႐ူဒီ ဂါစီယာရဲ႕အသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ဦးေဆာင္သူ အယ္လ္-အစ္တီဟတ္အသင္းနဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အက္ဘ္ဟာအသင္းနဲ႔ ပြဲစဥ္က အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း Mrsool Park မွာ ပထမဆုံးသြင္းယူႏိုင္ခဲ့တဲ့ အိမ္ကြင္းသြင္းဂိုး ျဖစ္ခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းဟာ လာမယ့္ ဧၿပီလ ၄ ရက္ေန႔မွာ အယ္လ္-အဒါလာလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအျဖစ္ လစ္ခ်္တန္စတိုင္း၊ လူဇင္ေဘာ့ဂ္တို႔နဲ႔ ကစားရမယ့္ ပြဲစဥ္အတြက္ ေရာဘတ္တို မာတီနက္ဇ္ရဲ႕ ေပၚတူဂီလက္ေ႐ြးစင္လူစာရင္းမွာ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.