Other Leagues

အလွတ်တည်ကန်ဘောကနေ အံ့အားသင့်ဖွယ် ဂိုးကန်သွင်းယူပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ဘာတွေစွမ်းဆောင်နိုင်လဲဆိုတာကို အားလုံးသိအောင် သတိပေးခဲ့ပါတယ်။

စနေနေ့ညနေမှာ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ်မှာ အက်ဘ်ဟာနဲ့ ရင်ဆိုင်ကစားခဲ့ပြီး ဆုဖလားစိန်ခေါ်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာတား အဒမ်က ၂၆ မိနစ်မှာ ဧည့်သည်းအသင်းကို ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပြီးနောက် အယ်လ်နာဆာအတွက် အများကြီးပိုမို ခက်ခဲစေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်က လိုအပ်နေချိန်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ရော်နယ်လ်ဒိုက ရင်သပ်ရှုမောဖွယ် အလွတ်တည်ကန်ဘောကနေ ဂိုးကန်သွင်းပေးခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ အားပါပြင်းထန်တဲ့ ကန်ချက်ကို အက်ဘ်ဟာ ဂိုးသမား ပုတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ဘဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ပေါ်တူဂီတိုက်စစ်မှူးရဲ့ ဂိုးကန်သွင်းမှုကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး “ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ၃၅ ကိုက်ကျော်အကွာက အလွတ်တည်ကန်ဘော။ ဟိုးအရင်အချိန်တွေကို ပြန်ရောက်သွားသလိုပဲ။ ကောင်းလိုက်တဲ့ ဖရီးကစ်”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကောင်းလိုက်တဲ့ ဖရီးကစ်။ ဒီနေ့အချိန်အထိ သူ့ရဲ့အသင်းအတွက် ဂိုးသွင်းယူဖို့ ပွဲစဉ်တိုင်းမှာ သူ့ရဲ့ အားထုတ်မှုနဲ့ စိတ်နှစ်မြှုပ်မှုကို ခင်ဗျား မြင်နိုင်ပါတယ်။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလွတ်တည်ကန်ဘောကနေ ချေပဂိုးရရှိခဲ့ပြီးနောက် အန်ဒါဆန် တာလစ်စ်ကာက ပွဲကစားချိန် ၆ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ အက်ဘ်ဟာအသင်းကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အယ်လ် အစ်တီဟတ်အသင်းနဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး ၁ မှတ်အကွာကနေ ဖိအားလိုက်ပေးနိုင်ခဲံပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္းအတြက္ အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ဘာေတြစြမ္းေဆာင္ႏိုင္လဲဆိုတာကို အားလုံးသိေအာင္ သတိေပးခဲ့ပါတယ္။

စေနေန႔ညေနမွာ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာအသင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္မွာ အက္ဘ္ဟာနဲ႔ ရင္ဆိုင္ကစားခဲ့ၿပီး ဆုဖလားစိန္ေခၚတဲ့ လမ္းေၾကာင္းေပၚ ျပန္ေရာက္လာဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖာတား အဒမ္က ၂၆ မိနစ္မွာ ဧည့္သည္းအသင္းကို ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ၿပီးေနာက္ အယ္လ္နာဆာအတြက္ အမ်ားႀကီးပိုမို ခက္ခဲေစခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာေတာ့ ၎တို႔ရဲ႕ အသင္းေခါင္းေဆာင္က လိုအပ္ေနခ်ိန္မွာ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၁၀ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုက ရင္သပ္ရႈေမာဖြယ္ အလြတ္တည္ကန္ေဘာကေန ဂိုးကန္သြင္းေပးခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ႕ အားပါျပင္းထန္တဲ့ ကန္ခ်က္ကို အက္ဘ္ဟာ ဂိုးသမား ပုတ္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ဘဲ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ေပၚတူဂီတိုက္စစ္မႉးရဲ႕ ဂိုးကန္သြင္းမႈကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ၃၅ ကိုက္ေက်ာ္အကြာက အလြတ္တည္ကန္ေဘာ။ ဟိုးအရင္အခ်ိန္ေတြကို ျပန္ေရာက္သြားသလိုပဲ။ ေကာင္းလိုက္တဲ့ ဖရီးကစ္”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေကာင္းလိုက္တဲ့ ဖရီးကစ္။ ဒီေန႔အခ်ိန္အထိ သူ႔ရဲ႕အသင္းအတြက္ ဂိုးသြင္းယူဖို႔ ပြဲစဥ္တိုင္းမွာ သူ႔ရဲ႕ အားထုတ္မႈနဲ႔ စိတ္ႏွစ္ျမႇဳပ္မႈကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္။”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

အယ္လ္နာဆာအသင္းဟာ ေရာ္နယ္လ္ဒိုရဲ႕ ရင္သပ္ရႈေမာဖြယ္ရာ အလြတ္တည္ကန္ေဘာကေန ေခ်ပဂိုးရရွိခဲ့ၿပီးေနာက္ အန္ဒါဆန္ တာလစ္စ္ကာက ပြဲကစားခ်ိန္ ၆ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းဟာ အက္ဘ္ဟာအသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက အယ္လ္ အစ္တီဟတ္အသင္းနဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ၁ မွတ္အကြာကေန ဖိအားလိုက္ေပးႏိုင္ခဲံၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.