Premier League

ကြမ်းကပ်အသင်းကိုတောင် မနိုင်လို့ အသင်းသားတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ စနေနေ့ပွဲစဉ်အပြီးမှာ တော့တင်ဟမ်ဟော့စပါးကစားသမားတွေကို တကိုယ်ကောင်းသမား၊ တိုက်ပွဲဝင်စိတ်မရှိသူတွေ၊ အသင်းအတွက် ကစားပေးခြင်းမရှိသူတွေလို့ ပြစ်တင်စွပ်စွဲခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်သားတွေဟာ ၇၄ မိနစ်အကြာမှာ ဟာရီ ကိန်းနဲ့ ပါရီဆစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် စိန့် မေရီမှာ ရှားရှားပါးပါး အဝေးကွင်းနိုင်ပွဲ သက်တောင့်သက်သာ ရရှိသွားတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယို ဝဲလ်ကော့တ်က စပါးစ်ရဲ့ ဆိုးရွားတဲ့ ခံစစ်ကစားပုံကနေ ချေပဂိုးကို သွင်းယူသွားခဲ့ပြီးနောက် နာကျင်အချိန်ပိုမှာ အငြင်းပွားဖွယ် ပင်နယ်တီကနေ ဝါ့ဒ်-ပရောက်စ်က တစ်ဖက် ၃ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ယခုရာသီကုန်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွန်တီက ပင်နယ်တီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကစားသမားတွေရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပင်နယ်တီအကြောင်း ဆွေးနွေးမယ်ဆိုရင် တခြားအခြေအနေတွေကို မမြင်တွေ့ချင်ဘူးလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။ ပင်နယ်တီက ကျွန်တော့်အတွက်တော့ ပင်နယ်တီ မဟုတ်ပါဘူး။ ဒီမှာပဲ ရပ်ပါတယ်။ အဆိုးရွားဆုံးအခြေအနေက ကွင်းထဲမှာ ဖြစ်ခဲ့တဲ့ဟာတွေပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းဘာတွေဖြစ်နေခဲ့တာလဲ။ ကျွန်တော့်ရဲ့ဒုတိယရာသီမှာ ဘာတွေဖြစ်နေတာလဲ။ ဒါက ပြောဖို့ သင့်တော်တဲ့ အချိန်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီစွမ်းဆောင်ရည်အပြီးမှာ ကျွန်တော့်အတွက် အဲဒါက လက်မခံနိုင်စရာဖြစ်နေလို့ပါ။ ခင်ဗျားက ၃-၁ နဲ့ အနိုင်ရနေပြီး ပွဲကို ထိန်းချုပ်ထားနိုင်တယ်။ ခင်ဗျား ၂ ဂိုး ပြန်ပေးခဲ့ရပြီး အဲဒီထက်တောင် ပေးခဲ့ရနိင်တဲ့ အန္တရာယ်ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုမှာ ဖရေဆာက အံ့အားသင့်စရာ ကာကွယ်မှုတစ်ခု ပြုလုပ်နိုင်ခဲ့လို့ပါ။ ပြဿနာအကြောင်းကို ပြောဖို့က အခုက အများကြီးပိုကောင်းတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ပြဿနာက ကျွန်တော်တို့က အသင်းအဖွဲ့မဟုတ်ဘူးဆိုတာ နောက်ထပ်ပြသခဲ့တာမို့လို့ပါ။ ကျွန်တော်တို့ ကွင်းထဲကို သွားခဲ့တဲ့ ကစားသမား ၁၁ ဦးရှိတယ်။ တကိုယ်ကောင်းဆန်တဲ့ကစားသမားတွေကို ကျွန်တော်မြင်တယ်။ ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် မကူညီဘဲ စိတ်ထည့်ပြီး မကစားချင်ခဲ့တာကို မြင်တယ်။ ဒီနေ့မတိုင်ခင်တုန်းက ကျွန်တော် အခြေအနေတွေကို ဖုံးကွယ်ပြီး စကားပြောဖို့၊ စိတ်ဓာတ်ကို တိုးတက်လာအောင် ကြိုးပမ်းဖို့၊ အခြေအနေကို တိုးတက်လာအောင် လုပ်ဖို့ စကားလုံးတွေနဲ့ ကြိုးစားခ့တယ်။

ဒါပေမယ့် နည်းဗျူဟာပိုင်း ဒါမှမဟုတ် နည်းစနစ်ပိုင်း ရှုထောင့်ကတော့ အခြေအနေတစ်ခုပါ။ အရေးအကြီးဆုံးအရာက ခင်ဗျားက အားကောင်းတဲ့အသင်းဖြစ်လာချင်ရင်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းဖြစ်လာချင်ရင် ခင်ဗျား အနိုင်ရဖို့ တိုက်ပွဲဝင်ချင်ရင် စိတ်ဆန္ဒရှိဖို့လိုတယ်။ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ၊ နှလုံးသားထဲမှာ မီးတောက်နေဖို့ လိုတယ်။ ဒါကို အချိန်တိုင်းမှာ ခင်ဗျား ပြသဖို့ လိုတယ်။ ပြီးခဲ့တဲ့ရာသီနဲ့ယှဉ်ရင် ပိုတောင်ဆိုးလာသေးတယ်။ ခင်ဗျားက အသင်းအဖွဲ့မဟုတ်ရင် အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီမှာ အချိန်အတော်ကြာကြာ အသားကျနေကြတယ်။ အသင်းက အပြောင်းအရွှေ့စျေးကွက်အတွက် တာဝန်ရှိတယ်။ ဒီမှာရှိနေတဲ့နည်းပြတိုင်းက တာဝန်ရှိတယ်။ ဒါပေမယ့် ကစားသမားတွေကရော။ ဘယ်မှာလဲ ကစားသမားတွေက။ ကျွန်တော့်အတွေ့အကြုံအရ ခင်ဗျားကို ပြောနိုင်တယ်။ ခင်ဗျား ယှဉ်ပြိုင်နိုင်စွမ်းရှိချင်ရင် တိုက်ပွဲဝင်ချင်ရင် ခင်ဗျား တာဝန်ယူမှု တာဝန်ခံမှုအပိုင်းမှာ တိုးတက်အောင်လုပ်ရမယ်။ အခုအချိန်မှာတော့ တကယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုက နိမ့်ကျနေတယ်။ သူတို့အတွက်ပဲ သူတို့ ကစားနေတဲ့ ကစားသမား ၁၁ ဦးပဲ ကျွန်တော် မြင်နေရတယ်။”

ကွန်တီကို ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာမှုတွေ ရှိနေတာက အသင်းကို ပြဿနာတွေ ဖြစ်စေခဲ့သလားလို့ မေးမြန်းခဲ့ရာမှာ ပိုလို့တောင် ဒေါသတွေထွက်လာပြီး “ခင်ဗျားက အလီဘိုင်ပြဖို့ ကြိုးစားနေတာ။ နောက်ထပ်အလီဘိုင်၊ ကစားသမားတွေအတွက် ဆင်ခြေရှာပေးနေတာ။ ကောင်းပြီ။ ဒီတိုင်းပဲ ဆက်လုပ်နေ။ အကြောင်းပြချက်ရှာနေကြ။ ခင်ဗျား ဒါပဲ လုပ်နေတာမလား။ ကစားသမားတွေအတွက် အကြောင်းပြချက်ရှာနေတယ်။ ‘အိုး ဒါပေမယ့် ကစားသမားတွေက ကျွန်တော့်ရဲ့အနာဂတ်ကြောင့် ကစားသမားတွေ ဒီလိုဖြစ်နေတာနေမယ်’ဆိုတာတွေက ဆင်ခြေတွေ၊ ဆင်ခြေတွေ။ အချိန်တိုင်း ကာကွယ်ဖို့ လုပ်မနေစမ်းပါနဲ့။ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ။ အသင်းက ကျွန်တော်တို့ကို ပိုက်ဆံတွေ အများကြီးပေးထားတယ်။ ကစားသမားတွေရော ကျွန်တော်ပါ ပိုက်ဆံတွေ ရနေတယ်။ ဆင်ခြေပေးဖို့ မရှာနဲ့။ စိတ်ဓာတ်မရှိတာ ဒါမှမဟုတ် တာဝန်ယူတတ်တဲ့စိတ်မျိုး မပြသတာပဲ။ ကျွန်တော့်အတွက်တော့ ဒါက လက်မခံနိုင်စရာပဲ။ ဒီလိုအခြေအနေမျိုး မြင်တွေ့ရတာက ကျွန်တော့်နည်းပြဘဝမှာ ဒါ ပထမဆုံးပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကြန္တီဟာ ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ စေနေန႔ပြဲစဥ္အၿပီးမွာ ေတာ့တင္ဟမ္ေဟာ့စပါးကစားသမားေတြကို တကိုယ္ေကာင္းသမား၊ တိုက္ပြဲဝင္စိတ္မရွိသူေတြ၊ အသင္းအတြက္ ကစားေပးျခင္းမရွိသူေတြလို႔ ျပစ္တင္စြပ္စြဲခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္သားေတြဟာ ၇၄ မိနစ္အၾကာမွာ ဟာရီ ကိန္းနဲ႔ ပါရီဆစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၃-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ စိန႔္ ေမရီမွာ ရွားရွားပါးပါး အေဝးကြင္းႏိုင္ပြဲ သက္ေတာင့္သက္သာ ရရွိသြားေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္တိုက္စစ္မႉးေဟာင္း သီယို ဝဲလ္ေကာ့တ္က စပါးစ္ရဲ႕ ဆိုး႐ြားတဲ့ ခံစစ္ကစားပုံကေန ေခ်ပဂိုးကို သြင္းယူသြားခဲ့ၿပီးေနာက္ နာက်င္အခ်ိန္ပိုမွာ အျငင္းပြားဖြယ္ ပင္နယ္တီကေန ဝါ့ဒ္-ပေရာက္စ္က တစ္ဖက္ ၃ ဂိုးစီ ညီမွ်ေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ယခုရာသီကုန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကြန္တီက ပင္နယ္တီ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့ေပမယ့္လည္း ၎ရဲ႕ ကစားသမားေတြရဲ႕ ကစားပုံနဲ႔ စိတ္ဓာတ္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ပင္နယ္တီအေၾကာင္း ေဆြးေႏြးမယ္ဆိုရင္ တျခားအေျခအေနေတြကို မျမင္ေတြ႕ခ်င္ဘူးလို႔ ဆိုလိုတာျဖစ္ပါလိမ့္မယ္။ ပင္နယ္တီက ကြၽန္ေတာ့္အတြက္ေတာ့ ပင္နယ္တီ မဟုတ္ပါဘူး။ ဒီမွာပဲ ရပ္ပါတယ္။ အဆိုး႐ြားဆုံးအေျခအေနက ကြင္းထဲမွာ ျဖစ္ခဲ့တဲ့ဟာေတြပါ။ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းဘာေတြျဖစ္ေနခဲ့တာလဲ။ ကြၽန္ေတာ့္ရဲ႕ဒုတိယရာသီမွာ ဘာေတြျဖစ္ေနတာလဲ။ ဒါက ေျပာဖို႔ သင့္ေတာ္တဲ့ အခ်ိန္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ဒီစြမ္းေဆာင္ရည္အၿပီးမွာ ကြၽန္ေတာ့္အတြက္ အဲဒါက လက္မခံႏိုင္စရာျဖစ္ေနလို႔ပါ။ ခင္ဗ်ားက ၃-၁ နဲ႔ အႏိုင္ရေနၿပီး ပြဲကို ထိန္းခ်ဳပ္ထားႏိုင္တယ္။ ခင္ဗ်ား ၂ ဂိုး ျပန္ေပးခဲ့ရၿပီး အဲဒီထက္ေတာင္ ေပးခဲ့ရနိင္တဲ့ အႏၲရာယ္ရွိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အေျခအေနတစ္ခုမွာ ဖေရဆာက အံ့အားသင့္စရာ ကာကြယ္မႈတစ္ခု ျပဳလုပ္ႏိုင္ခဲ့လို႔ပါ။ ျပႆနာအေၾကာင္းကို ေျပာဖို႔က အခုက အမ်ားႀကီးပိုေကာင္းတယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ျပႆနာက ကြၽန္ေတာ္တို႔က အသင္းအဖြဲ႕မဟုတ္ဘူးဆိုတာ ေနာက္ထပ္ျပသခဲ့တာမို႔လို႔ပါ။ ကြၽန္ေတာ္တို႔ ကြင္းထဲကို သြားခဲ့တဲ့ ကစားသမား ၁၁ ဦးရွိတယ္။ တကိုယ္ေကာင္းဆန္တဲ့ကစားသမားေတြကို ကြၽန္ေတာ္ျမင္တယ္။ ကစားသမားေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မကူညီဘဲ စိတ္ထည့္ၿပီး မကစားခ်င္ခဲ့တာကို ျမင္တယ္။ ဒီေန႔မတိုင္ခင္တုန္းက ကြၽန္ေတာ္ အေျခအေနေတြကို ဖုံးကြယ္ၿပီး စကားေျပာဖို႔၊ စိတ္ဓာတ္ကို တိုးတက္လာေအာင္ ႀကိဳးပမ္းဖို႔၊ အေျခအေနကို တိုးတက္လာေအာင္ လုပ္ဖို႔ စကားလုံးေတြနဲ႔ ႀကိဳးစားခ့တယ္။

ဒါေပမယ့္ နည္းဗ်ဴဟာပိုင္း ဒါမွမဟုတ္ နည္းစနစ္ပိုင္း ရႈေထာင့္ကေတာ့ အေျခအေနတစ္ခုပါ။ အေရးအႀကီးဆုံးအရာက ခင္ဗ်ားက အားေကာင္းတဲ့အသင္းျဖစ္လာခ်င္ရင္၊ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့အသင္းျဖစ္လာခ်င္ရင္ ခင္ဗ်ား အႏိုင္ရဖို႔ တိုက္ပြဲဝင္ခ်င္ရင္ စိတ္ဆႏၵရွိဖို႔လိုတယ္။ ခင္ဗ်ားရဲ႕ မ်က္လုံးထဲမွာ ၊ ႏွလုံးသားထဲမွာ မီးေတာက္ေနဖို႔ လိုတယ္။ ဒါကို အခ်ိန္တိုင္းမွာ ခင္ဗ်ား ျပသဖို႔ လိုတယ္။ ၿပီးခဲ့တဲ့ရာသီနဲ႔ယွဥ္ရင္ ပိုေတာင္ဆိုးလာေသးတယ္။ ခင္ဗ်ားက အသင္းအဖြဲ႕မဟုတ္ရင္ အခ်ိန္မေ႐ြး ဘာမဆိုျဖစ္သြားႏိုင္တယ္။ ဒါေပမယ့္ ဒီမွာ အခ်ိန္အေတာ္ၾကာၾကာ အသားက်ေနၾကတယ္။ အသင္းက အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြက္ တာဝန္ရွိတယ္။ ဒီမွာရွိေနတဲ့နည္းျပတိုင္းက တာဝန္ရွိတယ္။ ဒါေပမယ့္ ကစားသမားေတြကေရာ။ ဘယ္မွာလဲ ကစားသမားေတြက။ ကြၽန္ေတာ့္အေတြ႕အႀကဳံအရ ခင္ဗ်ားကို ေျပာႏိုင္တယ္။ ခင္ဗ်ား ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိခ်င္ရင္ တိုက္ပြဲဝင္ခ်င္ရင္ ခင္ဗ်ား တာဝန္ယူမႈ တာဝန္ခံမႈအပိုင္းမွာ တိုးတက္ေအာင္လုပ္ရမယ္။ အခုအခ်ိန္မွာေတာ့ တကယ္ကို တာဝန္ယူမႈ၊ တာဝန္ခံမႈက နိမ့္က်ေနတယ္။ သူတို႔အတြက္ပဲ သူတို႔ ကစားေနတဲ့ ကစားသမား ၁၁ ဦးပဲ ကြၽန္ေတာ္ ျမင္ေနရတယ္။”

ကြန္တီကို ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး မေရမရာမႈေတြ ရွိေနတာက အသင္းကို ျပႆနာေတြ ျဖစ္ေစခဲ့သလားလို႔ ေမးျမန္းခဲ့ရာမွာ ပိုလို႔ေတာင္ ေဒါသေတြထြက္လာၿပီး “ခင္ဗ်ားက အလီဘိုင္ျပဖို႔ ႀကိဳးစားေနတာ။ ေနာက္ထပ္အလီဘိုင္၊ ကစားသမားေတြအတြက္ ဆင္ေျခရွာေပးေနတာ။ ေကာင္းၿပီ။ ဒီတိုင္းပဲ ဆက္လုပ္ေန။ အေၾကာင္းျပခ်က္ရွာေနၾက။ ခင္ဗ်ား ဒါပဲ လုပ္ေနတာမလား။ ကစားသမားေတြအတြက္ အေၾကာင္းျပခ်က္ရွာေနတယ္။ ‘အိုး ဒါေပမယ့္ ကစားသမားေတြက ကြၽန္ေတာ့္ရဲ႕အနာဂတ္ေၾကာင့္ ကစားသမားေတြ ဒီလိုျဖစ္ေနတာေနမယ္’ဆိုတာေတြက ဆင္ေျခေတြ၊ ဆင္ေျခေတြ။ အခ်ိန္တိုင္း ကာကြယ္ဖို႔ လုပ္မေနစမ္းပါနဲ႔။ ကြၽန္ေတာ္တို႔က ပေရာ္ဖက္ရွင္နယ္ေတြပါ။ အသင္းက ကြၽန္ေတာ္တို႔ကို ပိုက္ဆံေတြ အမ်ားႀကီးေပးထားတယ္။ ကစားသမားေတြေရာ ကြၽန္ေတာ္ပါ ပိုက္ဆံေတြ ရေနတယ္။ ဆင္ေျခေပးဖို႔ မရွာနဲ႔။ စိတ္ဓာတ္မရွိတာ ဒါမွမဟုတ္ တာဝန္ယူတတ္တဲ့စိတ္မ်ိဳး မျပသတာပဲ။ ကြၽန္ေတာ့္အတြက္ေတာ့ ဒါက လက္မခံႏိုင္စရာပဲ။ ဒီလိုအေျခအေနမ်ိဳး ျမင္ေတြ႕ရတာက ကြၽန္ေတာ့္နည္းျပဘဝမွာ ဒါ ပထမဆုံးပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.