Premier League

လိုချင်တာတောင် ရဖို့ခက်တဲ့ ပွဲဘောလုံးကို လိုက်ပေးနေခဲ့တဲ့ ဟာလန်း

တကယ်လို့ သင်သာ ဂိုးသွင်းရာမှာ အရမ်း ကျွမ်းကျင်ပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်မယ်ဆိုရင် နောက်ထပ်တစ်ကြိမ် ဟက်ထရစ်ရရှိခဲ့ပြီးနောက် ပွဲဘောလုံးကို အသင်းဖော်တွေထဲက တစ်ဦးကို ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ပေးမှာဖြစ်ပါတယ်။

ဟာလန်းကလည်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘန်လေကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီးအတွက် ဟက်ထရစ် ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် အဲဒီအတိုင်း အတိအကျလုပ်ခဲ့တာဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင် တိုက်စစ်မှူးအတွက် ဂိုးသွင်းယူရတာက အရမ်းလွယ်ကူလွန်းနေပြီး ဟာလန်းဟာ မန်ချက်စတာစီးတီးကို ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ဦးဆောင်နိုင်အောင် ၃ မိနစ်အထိ ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ် ၄ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ ၅၉ မိနစ်အကြာမှာ ၄ ရက်အတွင်း ဒုတိယမြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူလီယန် အယ်လ်ဗာရက်ဇ်က သွင်းဂိုး ၂ ဂိုး၊ ကိုး ပါလ်မာက တစ်ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာ ပရိသတ်တွေအများစု ပြောခဲ့ကြတာက ဟာလန်းရဲ့ ဟက်ထရစ်အကြောင်းမဟုတ်ဘဲ နော်ဝေတိုက်စစ်မှူးနဲ့ မန်စီးတီးအသင်းဖော် ဂျက် ဂရီးလစ်ရှ်တို့ကြားက အပြုအမူ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတဲ့ပုံအရ ဒိုင်လူကြီးဆီကနေ ပွဲဘောလုံးကို ရရှိခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘောလုံးကို ကိုင်ပြီး ဂရီးလစ်ရှ်ရှိရာဆီကို သွားပြီး ပေးခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းနဲ့ ဂရီးလစ်ရှ်တို့ဟာ ရယ်မောနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး အက်စတန် ဗီလာကြယ်ပွင့်ဟောင်းက ပွဲနေ့ဘောလုံးကြီးကို ကိုင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ဟာလန်းဆီကိုပဲ ပြန်ပစ်ပေးခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ယခုရာသီမှာ ဟက်ထရစ် ၆ ကြိမ်အထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပွဲနေ့ဘောလုံးတွေ အိမ်မှာ ထားစရာ နေရာမရှိတော့ပုံပေါ်တာကြောင့် အသင်းဖော်တွေကိုပါ လိုက်ပေးနေခဲ့ပုံရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တကယ္လို႔ သင္သာ ဂိုးသြင္းရာမွာ အရမ္း ကြၽမ္းက်င္ၿပီး ဂိုးေတြ အမ်ားႀကီး သြင္းယူႏိုင္မယ္ဆိုရင္ ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ရရွိခဲ့ၿပီးေနာက္ ပြဲေဘာလုံးကို အသင္းေဖာ္ေတြထဲက တစ္ဦးကို ဝမ္းေျမာက္ဝမ္းသာနဲ႔ပဲ ေပးမွာျဖစ္ပါတယ္။

ဟာလန္းကလည္း အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဘန္ေလကို ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း မန္စီးတီးအတြက္ ဟက္ထရစ္ ထပ္မံသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အဲဒီအတိုင္း အတိအက်လုပ္ခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္မႉးအတြက္ ဂိုးသြင္းယူရတာက အရမ္းလြယ္ကူလြန္းေနၿပီး ဟာလန္းဟာ မန္ခ်က္စတာစီးတီးကို ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ေအာင္ ၃ မိနစ္အထိ ၂ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္ ၄ ဂိုး ထပ္မံ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉး ဟာလန္းဟာ ၅၉ မိနစ္အၾကာမွာ ၄ ရက္အတြင္း ဒုတိယေျမာက္ ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ယူလီယန္ အယ္လ္ဗာရက္ဇ္က သြင္းဂိုး ၂ ဂိုး၊ ကိုး ပါလ္မာက တစ္ဂိုး သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲအၿပီးမွာ ပရိသတ္ေတြအမ်ားစု ေျပာခဲ့ၾကတာက ဟာလန္းရဲ႕ ဟက္ထရစ္အေၾကာင္းမဟုတ္ဘဲ ေနာ္ေဝတိုက္စစ္မႉးနဲ႔ မန္စီးတီးအသင္းေဖာ္ ဂ်က္ ဂရီးလစ္ရွ္တို႔ၾကားက အျပဳအမူ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ရတဲ့ပုံအရ ဒိုင္လူႀကီးဆီကေန ပြဲေဘာလုံးကို ရရွိခဲ့ၿပီးေနာက္ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေဘာလုံးကို ကိုင္ၿပီး ဂရီးလစ္ရွ္ရွိရာဆီကို သြားၿပီး ေပးခဲ့တာ ျဖစ္ပါတယ္။ ဟာလန္းနဲ႔ ဂရီးလစ္ရွ္တို႔ဟာ ရယ္ေမာေနခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းက ပြဲေန႔ေဘာလုံးႀကီးကို ကိုင္ၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနခဲ့ၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ဟာလန္းဆီကိုပဲ ျပန္ပစ္ေပးခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီမွာ ဟက္ထရစ္ ၆ ႀကိမ္အထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ပြဲေန႔ေဘာလုံးေတြ အိမ္မွာ ထားစရာ ေနရာမရွိေတာ့ပုံေပၚတာေၾကာင့္ အသင္းေဖာ္ေတြကိုပါ လိုက္ေပးေနခဲ့ပုံရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.