Premier League

မက်ဆီရဲ့စံချိန်မီသွားမှာစိုးလို့ ဟာလန်းကို ထုတ်တာလို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက မန်ချက်စတာစီးတီးကြယ်ပွင့် အာလင်း ဟာလန်းက နောက်ထပ်တစ်ကြိမ် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီနောက် လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး ဟာသဖောက်ခဲ့ပါတယ်။

စနေနေ့မှာ မန်ချက်စတာစီးတီးဟာ အသင်းဂန္တဝင် ဗင်းဆင့် ကွန်ပနီရဲ့ဘန်လေအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံရှစ် အမှတ်ပေးဇယားဦးဆောင်သူတွေဟာ ကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခ့ပေမယ့်လည်း ၃၂ မိနစ်မှာ ဂိုးစပေးခဲ့ရပြီးနောက် ဆက်တိုက် ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးကို ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ဦးဆောင်နိုင်အောင် ၃ မိနစ်အထိ ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ် ၄ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ ၅၉ မိနစ်အကြာမှာ ၄ ရက်အတွင်း ဒုတိယမြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူလီယန် အယ်လ်ဗာရက်ဇ်က သွင်းဂိုး ၂ ဂိုး၊ ကိုး ပါလ်မာက တစ်ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခ့ပြီး လိုက်ပ်ဇစ်နဲ့ပွဲစဉ်တုန်းက ၅ ဂိုးသွင်းယူပြီးနောက် ဟာလန်းကို လူစားလဲလှယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်အချို့က ဂွါဒီယိုလာဟာ ဟာလန်းကို လီယွန်နယ် မက်ဆီရဲ့ ချန်ပီယံလိဂ်မှာ ၅ ဂိုးအထိ သွင်းယူထားနိုင်တဲ့ စံချိန်ကို ချိုးဖျက်မှာစိုးတာကြောင့် လူစားလဲလှယ်ခဲ့တာဖြစ်တယ်လို့ ထင်မြင်ခဲ့ကြတာ ဖစြ်ပါတယ်။

“ကျွန်တော်ကိန်းဂဏန်းတွေကို မသိပါဘူး။ ဒီလူ(ဟာလန်း)က အနာဂတ်မှာ ပြဿနာရှိလာပါလိမ့်မယ်။ လူတွေက သူ့ကို ပွဲတိုင်း ၃၊ ၄ ဂိုး သွင်းလိမ့်မယ်လို့ မျှော်မှန်းကြတော့မှာဖြစ်ပြီး အဲဒီလိုက ဖြစ်လာမှာမဟုတ်ပါဘူး။ သူ ဂရုမစိုက်ဘူးဆိုတာ ကျွန်တော် သိတယ်။ ဘာလို့လဲဆိုတော့ အရမ်းအကောင်းမြင်တတ်တယ်။ အရမ်း အပြုသဘောဆောင်တယ်။ သူဘယ်တုန်းကမှ စောဒကမတက်ခဲ့ဘဲ အမြဲတမ်း ကိုယ့်ကိုကိုယ်ပဲ ကြည့်တယ်။

သူက မယုံနိုင်လောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုပါ။ သူ့ဘဝကို ပျော်နေတယ်။ သူက အမြဲတမ်း အပြုသဘောဆောင်တယ်။ အကောင်းမြင်တယ်။ အဲဒါက အများကြီး အကူအညီဖြစ်ပါတယ်။ ၄ ရက်အတွင်း ၈ ဂိုးကတော့ ကျွန်တော် ဘာစီလိုနာမှာ ၁၁ နှစ်ကစားခဲ့ပြီး ၁၁ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ မယုံနိုင်စရာကောင်းပါတယ်။ ကျွန်​တော် လူစားလဲခဲ့တယ်။ အဲဒါမှ အက်ဖ်အေဖလားပြိုင်ပွဲက မက်ဆီရဲ့ စံချိန်ကို သူ မရိုက်ချိုးနိုင်မှာလေ။ အဲဒါကြောင့်ပါ”လို့ ဟာသဖောက်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပက္ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးၾကယ္ပြင့္ အာလင္း ဟာလန္းက ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီေနာက္ လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္ၿပီး ဟာသေဖာက္ခဲ့ပါတယ္။

စေနေန႔မွာ မန္ခ်က္စတာစီးတီးဟာ အသင္းဂႏၲဝင္ ဗင္းဆင့္ ကြန္ပနီရဲ႕ဘန္ေလအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံရွစ္ အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ ေကာင္းမြန္တဲ့ပုံစံနဲ႔ စတင္ႏိုင္ခ့ေပမယ့္လည္း ၃၂ မိနစ္မွာ ဂိုးစေပးခဲ့ရၿပီးေနာက္ ဆက္တိုက္ ဂိုးေတြ ေပးခဲ့ရတာ ျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးကို ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ေအာင္ ၃ မိနစ္အထိ ၂ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္ ၄ ဂိုး ထပ္မံ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉး ဟာလန္းဟာ ၅၉ မိနစ္အၾကာမွာ ၄ ရက္အတြင္း ဒုတိယေျမာက္ ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ယူလီယန္ အယ္လ္ဗာရက္ဇ္က သြင္းဂိုး ၂ ဂိုး၊ ကိုး ပါလ္မာက တစ္ဂိုး သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဂြါဒီယိုလာက အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခ့ၿပီး လိုက္ပ္ဇစ္နဲ႔ပြဲစဥ္တုန္းက ၅ ဂိုးသြင္းယူၿပီးေနာက္ ဟာလန္းကို လူစားလဲလွယ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဟာသေဖာက္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္အခ်ိဳ႕က ဂြါဒီယိုလာဟာ ဟာလန္းကို လီယြန္နယ္ မက္ဆီရဲ႕ ခ်န္ပီယံလိဂ္မွာ ၅ ဂိုးအထိ သြင္းယူထားႏိုင္တဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္မွာစိုးတာေၾကာင့္ လူစားလဲလွယ္ခဲ့တာျဖစ္တယ္လို႔ ထင္ျမင္ခဲ့ၾကတာ ဖျစ္ပါတယ္။

“ကြၽန္ေတာ္ကိန္းဂဏန္းေတြကို မသိပါဘူး။ ဒီလူ(ဟာလန္း)က အနာဂတ္မွာ ျပႆနာရွိလာပါလိမ့္မယ္။ လူေတြက သူ႔ကို ပြဲတိုင္း ၃၊ ၄ ဂိုး သြင္းလိမ့္မယ္လို႔ ေမွ်ာ္မွန္းၾကေတာ့မွာျဖစ္ၿပီး အဲဒီလိုက ျဖစ္လာမွာမဟုတ္ပါဘူး။ သူ ဂ႐ုမစိုက္ဘူးဆိုတာ ကြၽန္ေတာ္ သိတယ္။ ဘာလို႔လဲဆိုေတာ့ အရမ္းအေကာင္းျမင္တတ္တယ္။ အရမ္း အျပဳသေဘာေဆာင္တယ္။ သူဘယ္တုန္းကမွ ေစာဒကမတက္ခဲ့ဘဲ အၿမဲတမ္း ကိုယ့္ကိုကိုယ္ပဲ ၾကည့္တယ္။

သူက မယုံႏိုင္ေလာက္စရာေကာင္းတဲ့ ၿခိမ္းေျခာက္မႈပါ။ သူ႔ဘဝကို ေပ်ာ္ေနတယ္။ သူက အၿမဲတမ္း အျပဳသေဘာေဆာင္တယ္။ အေကာင္းျမင္တယ္။ အဲဒါက အမ်ားႀကီး အကူအညီျဖစ္ပါတယ္။ ၄ ရက္အတြင္း ၈ ဂိုးကေတာ့ ကြၽန္ေတာ္ ဘာစီလိုနာမွာ ၁၁ ႏွစ္ကစားခဲ့ၿပီး ၁၁ ဂိုးပဲ သြင္းႏိုင္ခဲ့တယ္။ မယုံႏိုင္စရာေကာင္းပါတယ္။ ကြၽန္​ေတာ္ လူစားလဲခဲ့တယ္။ အဲဒါမွ အက္ဖ္ေအဖလားၿပိဳင္ပြဲက မက္ဆီရဲ႕ စံခ်ိန္ကို သူ မ႐ိုက္ခ်ိဳးႏိုင္မွာေလ။ အဲဒါေၾကာင့္ပါ”လို႔ ဟာသေဖာက္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.