Match Report Premier League

မိုလီနူးမှာ ဘယ်သူမှ ထင်မထားတဲ့ နိုင်ပွဲကို ဝုလ်ဗ်စ်ဆီက လုယူခဲ့တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်တို့အနေနဲ့ နည်းပြသစ် ဟာဗီ ဂါစီယာနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာကို ဘယ်သူမှ အထင်မကြီးခဲ့ပေမယ့် ဒီနေ့မှာတော့ ဝုလ်ဗာဟမ့်ပ်တန်တို့ရဲ့ မိုလီနူးကွင်းမှာ အကောင်းဆုံးကစားပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို ဖန်တီးသွားနိုင်ခဲ့ကြသလို အိမ်ရှင် နည်းပြ ဂျူလင် လိုပီတီဂီအနေနဲ့ ပရီးမီးယားလိဂ်မှာ သင်ယူစရာတွေ ရှိနေဆဲဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။

အိမ်ရှင် ဝုလ်ဗ်စ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ ဂျွန်နီ အော့တိုတို့ကိုပဲ အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ လီမီနာ၊ ရူဘင် နာဗက်စ်နဲ့ ကစားသမားသစ် ဂျာအို ဂိုမက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပက်ဒရို နီတို၊ ပိုဒင့်စ်နဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် လိဒ်စ်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ဗိုဘာ၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ မက်ကင်နီ၊ မာ့ခ် ရိုကာနဲ့ အာရွန်ဆန်တို့ကို နေရာချထားခဲ့ပြီး တိုက်စစ်မှာတော့ ဟာရစ်ဆန်၊ ဂနွန်တိုနဲ့ ဘမ်ဖို့ဒ်တို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက လိဒ်စ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တောက်လျှောက်ဖြတ်တင်နေခဲ့တဲ့ ဂနွန်တိုက ဒီတစ်ခါမှာတော့ မအောင်မြင်တဲ့ ဖြတ်တင်ဘောအစား ဧရိယာထဲကို ဆွဲဝင်ပြီးမှ Cut Back လုပ်ပေးရာမှာ ဂိုးသွင်းစိပ်နေတဲ့ ဟာရစ်ဆန်က ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပြီး အရင်က ကောင်းသလောက် အခု အာရုံစူးစိုက်မှုနည်းပြီး လက်ပျက်နေတဲ့ ဂိုးသမား ဂျိုဆေးဆားကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာ‌တော့ ဝုလ်ဗ်စ်တို့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်နေခဲ့ပေမယ့် လိုပီတီဂီလက်ထဲမှာ တွဲချင်တဲ့သူတွေ လျှောက်တွဲပြီး ပွဲထုတ်နေတဲ့ တိုက်စစ်နဲ့ ကွင်းလယ်က အလုပ်မဖြစ်ခဲ့သလို လိဒ်စ်တို့ဘက်ကလည်း ခပ်ကြမ်းကြမ်း ပိတ်ဆို့ကစားသွားတာကြောင့် ချေပဂိုး ပြန်မရခဲ့ဘဲ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာ ဝုလ်ဗ်စ်တို့ဘက်က အဝါထိထားတဲ့ ဒေါ်ဆန်နဲ့ ခြေစွမ်းမပြနိုင်တဲ့ နီတိုတို့အစား ကောလင်းစ်နဲ့ ဆာရားဘီးယားတို့ကို ထည့်သွင်းလာခဲ့သလို ပွဲချိန် ၄၇ မိနစ်မှာ ထောင့်ကန်ဘောကနေ လီမီနာက ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ဘဲ လူကျွံနေခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ လိဒ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ထောင့်ကန်ဘောကို မာ့ခ် ရိုကာ ကန်တင်ပေးရာမှာ စိတ်ပျက်ရာကောင်းအောင် ညံ့ဖျင်းလွန်းတဲ့ ဝုလ်ဗ်စ်နောက်ခံလူတွေနဲ့ ဂိုးသမား ဂျိုဆေးဆားတို့ မတားလိုက်နိုင်ဘဲ အဝေးတိုင်ဘက်ကို ကျလာတဲ့ ဘောလုံးကို အေးလင်းက အနီးကပ် ခေါင်းတိုက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဂနွန်တိုအစား ခရစ္စတင်ဆန်ကို လဲပြီး လိဒ်စ်တို့ ခံစစ်ကစားခဲ့ပေမယ့် တစ်မိနစ်အကြာမှာ ဂိုးထပ်ရသွားခဲ့ကြပြီး ဘယ်ခြမ်းကနေ ဟာရစ်ဆန် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဧရိယာထဲမှာ ရှင်းမထုတ်ဘဲ ကမျော့နေခဲ့တဲ့ ဂျွန်နီ အော့တိုဆီကနေ ခရစ္စတင်ဆန်က လုယူပြီး ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂျိုဆေးဆား ဘာမှ မလုပ်တတ်ဘဲ ခံလိုက်ရပြန်တာပါ။

သုံးဂိုးပေးလိုက်ရတော့မှ ဝုလ်ဗ်စ်တို့ လန့်နိုးသွားခဲ့ကြပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြသလို အိမ်ရှင်တွေ ခံစစ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လိဒ်စ်ဂိုးသမား မေလီယေးက ရှေ့ထွက် ခေါင်းတိုက်ရှင်းထုတ်ပြီး ပြန်မထနိုင်သေးချိန်မှာ ကွင်းလယ်ကို ပြန်ရောက်လာတဲ့ ဘောလုံးကို သူ့အမှားကြောင့် ဂိုးပေးထားရတဲ့ ဂျွန်နီ အော့တိုက ဂိုးသမားပေါ်ကနေ ကျော်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ဝုလ်ဗ်စ်တို့ပဲ ဒုတိယ ချေပဂိုးကို ထပ်မံသွင်းယူပြီး မျှော်လင့်ချက်ကို ပြန်လည်ဆုပ်ကိုင်လာနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ရူဘင် နာဗက်စ်ရဲ့ ဖြတ်တင်ဘောကို လိဒ်စ်ခံစစ်က ရှင်းထုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး မက်သီယူးစ် ကွန်ညာက ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းရာမှာ နောက်ခံလူ ဗိုဘာနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ဒီနောက်မှာ လိဒ်စ်တို့ဘက်က ခံစစ်ကစားခဲ့သလို တက်ဖိနေတဲ့ ဝုလ်ဗ်စ်တို့ကို ထိုးနှက်နိုင်ဖို့အတွက် ဂျူနီယာ ဖာပိုနဲ့ အာရွန်ဆန်တို့နေရာတွေမှာ စထရိုက်ခ်နဲ့ ဆမ်းမားဗီးလ်တို့ကို ထည့်သွင်းသွားခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ အိမ်ရှင်တွေ လှေပြေးတုန်း တက်ကျိုးတဲ့အနေနဲ့ တိုက်စစ်ဆင်ရင်း တစ်ဖက်နောက်ခံလူ အေးလင်းရဲ့ ခြေသလုံးကို တက်နင်းမိတဲ့ ဂျွန်နီ အော့တို VAR ပေးတဲ့ အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ ပွဲမှာ ဆယ်ယောက်နဲ့ သရေတစ်မှတ်ရနိုင်ဖို့ ကြိုးစားနေခဲ့တဲ့ အိမ်ရှင်တွေကို လိဒ်စ်တို့က နောက်ဆုံးမိနစ်မှာ ပွဲသိမ်းထိုးနှက်သွားခဲ့ကြပြန်ပြီး ဒီစတုတ္ထဂိုးကိုတော့ အဒါမာ ထရာအိုရေး ဘောလုံးပျက်ရာကနေ ပြစ်ဒဏ်ဘော တောင်းဖို့ ကြိုးစားတုန်း ဘယ်ခြမ်းက ဆမ်းမားဗီးလ်က ဆွဲယူပြီး ခင်းပေးခဲ့ရာမှာ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး အဆုံးသတ်ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘယ်သူမှ နိုင်မယ်လို့ ထင်မထားတဲ့ လိဒ်စ်ယူနိုက်တက်တို့ လေးဂိုး-နှစ်ဂိုးနဲ့ အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်တို့ကို အလဲထိုးခဲ့ပြီး တန်းဆင်းဇုန်ကနေ နှစ်မှတ်အကွာ အဆင့် ၁၄ ကို ရုန်းထွက်လာနိုင်ခဲ့ကြသလို တစ်ယောက်လျော့နဲ့ ခံလိုက်ရတဲ့ အဆင့် ၁၃ ရောက် အိမ်ရှင်တွေကတော့ တန်းဆင်းဇုန်က ပြိုင်ဘက်တွေထက် တစ်ပွဲပိုကစားပြီး သုံးမှတ်သာ ကွာတော့တာကြောင့် စိတ်မချရတဲ့ အနေအထားကို ရောက်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူႏိုက္တက္တို႔အေနနဲ႔ နည္းျပသစ္ ဟာဗီ ဂါစီယာနဲ႔ လက္တြဲဖို႔ ဆုံးျဖတ္ခဲ့တာကို ဘယ္သူမွ အထင္မႀကီးခဲ့ေပမယ့္ ဒီေန႔မွာေတာ့ ဝုလ္ဗာဟမ့္ပ္တန္တို႔ရဲ႕ မိုလီႏူးကြင္းမွာ အေကာင္းဆုံးကစားၿပီး တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ လိုအပ္ေနတဲ့ ႏိုင္ပြဲတစ္ပြဲကို ဖန္တီးသြားႏိုင္ခဲ့ၾကသလို အိမ္ရွင္ နည္းျပ ဂ်ဴလင္ လိုပီတီဂီအေနနဲ႔ ပရီးမီးယားလိဂ္မွာ သင္ယူစရာေတြ ရွိေနဆဲဆိုတာကို သက္ေသျပသြားႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ ဝုလ္ဗ္စ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္း၊ ဆီမီဒိုနဲ႔ ဂြၽန္နီ ေအာ့တိုတို႔ကိုပဲ အသုံးျပဳလာခဲ့သလို ကြင္းလယ္မွာေတာ့ လီမီနာ၊ ႐ူဘင္ နာဗက္စ္နဲ႔ ကစားသမားသစ္ ဂ်ာအို ဂိုမက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ပက္ဒ႐ို နီတို၊ ပိုဒင့္စ္နဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ဧည့္သည္ လိဒ္စ္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ကို႔ခ်္၊ ဗိုဘာ၊ ေအးလင္းနဲ႔ ဂ်ဴနီယာ ဖာပိုတို႔ကို ခင္းက်င္းခဲ့သလို ကြင္းလယ္မွာေတာ့ မက္ကင္နီ၊ မာ့ခ္ ႐ိုကာနဲ႔ အာ႐ြန္ဆန္တို႔ကို ေနရာခ်ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာရစ္ဆန္၊ ဂႏြန္တိုနဲ႔ ဘမ္ဖို႔ဒ္တို႔ကို တြဲဖက္ေပးလာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက လိဒ္စ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ျဖတ္တင္ေနခဲ့တဲ့ ဂႏြန္တိုက ဒီတစ္ခါမွာေတာ့ မေအာင္ျမင္တဲ့ ျဖတ္တင္ေဘာအစား ဧရိယာထဲကို ဆြဲဝင္ၿပီးမွ Cut Back လုပ္ေပးရာမွာ ဂိုးသြင္းစိပ္ေနတဲ့ ဟာရစ္ဆန္က ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ၿပီး အရင္က ေကာင္းသေလာက္ အခု အာ႐ုံစူးစိုက္မႈနည္းၿပီး လက္ပ်က္ေနတဲ့ ဂိုးသမား ဂ်ိဳေဆးဆားကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာ‌ေတာ့ ဝုလ္ဗ္စ္တို႔ ေဘာလုံးကိုင္ကစားၿပီး ထိုးေဖာက္ေနခဲ့ေပမယ့္ လိုပီတီဂီလက္ထဲမွာ တြဲခ်င္တဲ့သူေတြ ေလွ်ာက္တြဲၿပီး ပြဲထုတ္ေနတဲ့ တိုက္စစ္နဲ႔ ကြင္းလယ္က အလုပ္မျဖစ္ခဲ့သလို လိဒ္စ္တို႔ဘက္ကလည္း ခပ္ၾကမ္းၾကမ္း ပိတ္ဆို႔ကစားသြားတာေၾကာင့္ ေခ်ပဂိုး ျပန္မရခဲ့ဘဲ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာ ဝုလ္ဗ္စ္တို႔ဘက္က အဝါထိထားတဲ့ ေဒၚဆန္နဲ႔ ေျခစြမ္းမျပႏိုင္တဲ့ နီတိုတို႔အစား ေကာလင္းစ္နဲ႔ ဆာရားဘီးယားတို႔ကို ထည့္သြင္းလာခဲ့သလို ပြဲခ်ိန္ ၄၇ မိနစ္မွာ ေထာင့္ကန္ေဘာကေန လီမီနာက ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဂိုးေတာ့ မရခဲ့ဘဲ လူကြၽံေနခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လိဒ္စ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေထာင့္ကန္ေဘာကို မာ့ခ္ ႐ိုကာ ကန္တင္ေပးရာမွာ စိတ္ပ်က္ရာေကာင္းေအာင္ ညံ့ဖ်င္းလြန္းတဲ့ ဝုလ္ဗ္စ္ေနာက္ခံလူေတြနဲ႔ ဂိုးသမား ဂ်ိဳေဆးဆားတို႔ မတားလိုက္ႏိုင္ဘဲ အေဝးတိုင္ဘက္ကို က်လာတဲ့ ေဘာလုံးကို ေအးလင္းက အနီးကပ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဂႏြန္တိုအစား ခရစၥတင္ဆန္ကို လဲၿပီး လိဒ္စ္တို႔ ခံစစ္ကစားခဲ့ေပမယ့္ တစ္မိနစ္အၾကာမွာ ဂိုးထပ္ရသြားခဲ့ၾကၿပီး ဘယ္ျခမ္းကေန ဟာရစ္ဆန္ ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ဧရိယာထဲမွာ ရွင္းမထုတ္ဘဲ ကေမ်ာ့ေနခဲ့တဲ့ ဂြၽန္နီ ေအာ့တိုဆီကေန ခရစၥတင္ဆန္က လုယူၿပီး ေထာင့္က်ဥ္းအေနအထားကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂ်ိဳေဆးဆား ဘာမွ မလုပ္တတ္ဘဲ ခံလိုက္ရျပန္တာပါ။

သုံးဂိုးေပးလိုက္ရေတာ့မွ ဝုလ္ဗ္စ္တို႔ လန႔္ႏိုးသြားခဲ့ၾကၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကသလို အိမ္ရွင္ေတြ ခံစစ္က ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို လိဒ္စ္ဂိုးသမား ေမလီေယးက ေရွ႕ထြက္ ေခါင္းတိုက္ရွင္းထုတ္ၿပီး ျပန္မထႏိုင္ေသးခ်ိန္မွာ ကြင္းလယ္ကို ျပန္ေရာက္လာတဲ့ ေဘာလုံးကို သူ႔အမွားေၾကာင့္ ဂိုးေပးထားရတဲ့ ဂြၽန္နီ ေအာ့တိုက ဂိုးသမားေပၚကေန ေက်ာ္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ ဝုလ္ဗ္စ္တို႔ပဲ ဒုတိယ ေခ်ပဂိုးကို ထပ္မံသြင္းယူၿပီး ေမွ်ာ္လင့္ခ်က္ကို ျပန္လည္ဆုပ္ကိုင္လာႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ႐ူဘင္ နာဗက္စ္ရဲ႕ ျဖတ္တင္ေဘာကို လိဒ္စ္ခံစစ္က ရွင္းထုတ္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို လူစားဝင္တိုက္စစ္မႉး မက္သီယူးစ္ ကြန္ညာက ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းရာမွာ ေနာက္ခံလူ ဗိုဘာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။

ဒီေနာက္မွာ လိဒ္စ္တို႔ဘက္က ခံစစ္ကစားခဲ့သလို တက္ဖိေနတဲ့ ဝုလ္ဗ္စ္တို႔ကို ထိုးႏွက္ႏိုင္ဖို႔အတြက္ ဂ်ဴနီယာ ဖာပိုနဲ႔ အာ႐ြန္ဆန္တို႔ေနရာေတြမွာ စထ႐ိုက္ခ္နဲ႔ ဆမ္းမားဗီးလ္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေလွေျပးတုန္း တက္က်ိဳးတဲ့အေနနဲ႔ တိုက္စစ္ဆင္ရင္း တစ္ဖက္ေနာက္ခံလူ ေအးလင္းရဲ႕ ေျခသလုံးကို တက္နင္းမိတဲ့ ဂြၽန္နီ ေအာ့တို VAR ေပးတဲ့ အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၇ မိနစ္အထိ သတ္မွတ္ေပးခဲ့တဲ့ ပြဲမွာ ဆယ္ေယာက္နဲ႔ သေရတစ္မွတ္ရႏိုင္ဖို႔ ႀကိဳးစားေနခဲ့တဲ့ အိမ္ရွင္ေတြကို လိဒ္စ္တို႔က ေနာက္ဆုံးမိနစ္မွာ ပြဲသိမ္းထိုးႏွက္သြားခဲ့ၾကျပန္ၿပီး ဒီစတုတၳဂိုးကိုေတာ့ အဒါမာ ထရာအိုေရး ေဘာလုံးပ်က္ရာကေန ျပစ္ဒဏ္ေဘာ ေတာင္းဖို႔ ႀကိဳးစားတုန္း ဘယ္ျခမ္းက ဆမ္းမားဗီးလ္က ဆြဲယူၿပီး ခင္းေပးခဲ့ရာမွာ လူစားဝင္တိုက္စစ္မႉး ႐ိုဒရီဂိုက ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး အဆုံးသတ္ကန္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘယ္သူမွ ႏိုင္မယ္လို႔ ထင္မထားတဲ့ လိဒ္စ္ယူႏိုက္တက္တို႔ ေလးဂိုး-ႏွစ္ဂိုးနဲ႔ အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကို အလဲထိုးခဲ့ၿပီး တန္းဆင္းဇုန္ကေန ႏွစ္မွတ္အကြာ အဆင့္ ၁၄ ကို ႐ုန္းထြက္လာႏိုင္ခဲ့ၾကသလို တစ္ေယာက္ေလ်ာ့နဲ႔ ခံလိုက္ရတဲ့ အဆင့္ ၁၃ ေရာက္ အိမ္ရွင္ေတြကေတာ့ တန္းဆင္းဇုန္က ၿပိဳင္ဘက္ေတြထက္ တစ္ပြဲပိုကစားၿပီး သုံးမွတ္သာ ကြာေတာ့တာေၾကာင့္ စိတ္မခ်ရတဲ့ အေနအထားကို ေရာက္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.