Other Leagues

မက်ဆီအတွက် ဥပဒေပါ ပြင်ပေးဖွယ်ရှိတဲ့ ဆော်ဒီ

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုး ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းကို ပြောင်းဖို့ သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းတွေသာ အမှန်ဆိုရင် ဆော်ဒီ အာရေဗျက ဥပဒေတွေပါ အပြောင်းအလဲ ရှိလာနိင်တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ စာချုပ်သက်တမ်း ၁ နှစ်ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟာ ပြင်သစ်က ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုရာသီမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးနောက် ပဲရစ်မှာ အသားကျနေတာကို ပျော်ရွှင်တဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ကလပ်အသင်း ၁၀ သင်းထဲက တစ်သင်းဖြစ်ခဲ့ပြီး ယူရို ၁၀ သန်းနဲ့ ဆိုင်းငံ့ ယူရို ၄၅ သန်းအပြင် FFP ရဲ့ သတ်မှတ်တွေနဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပိတ်ပင်ခံရနိင်တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ၎င်းတို့ရဲ့ ထွက်ငွေကို မလျှော့ချနိုင်ဘူးဆိုရင် အန္တရာယ်ရှိလာမှာဖြစ်ပြီး အဲဒါက လီယွန်နယ် မက်ဆီနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အယ်လ် ဟီလာလ်အသင်းက လီယွန်နယ် မက်ဆီကို အံ့အားသင့်ဖွယ် နွေရာသီ ခေါ်ယူမှု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပြီး Marca ရဲ့သတင်းအရ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းဟာ အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ငွေကြေးပမာဏကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဆော်ဒီ အာရေဗျအနေနဲ့ ယခုနှစ်အတွင်းမှာ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားဂန္တဝင်ရောက်ရှိလာမှုကို ခွင့်ပြုနိုင်အောင် ၎င်းတို့ရဲ့ လစာကန့်သတ်မှု ဥပဒေကို ပြောင်းလဲဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာအသင်းကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးလုံးကို တပြိုင်တည်း လက်ခံထားနိုင်ဖို့ဆိုရင် အကန့်အသတ်ရှိတဲ့ လစာဥပဒေကို ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုး ေျပာဆိုေဆြးေႏြးမႈေတြကို ရပ္တန႔္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းကို ေျပာင္းဖို႔ သတင္းေတြထြက္ေပၚေနၿပီး အဲ့ဒီသတင္းေတြသာ အမွန္ဆိုရင္ ေဆာ္ဒီ အာေရဗ်က ဥပေဒေတြပါ အေျပာင္းအလဲ ရွိလာနိင္တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ဇြန္လမွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ထပ္တိုးခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉးဟာ ျပင္သစ္က ပြဲဦးထြက္ရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ယခုရာသီမွာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၉ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးေနာက္ ပဲရစ္မွာ အသားက်ေနတာကို ေပ်ာ္႐ႊင္တဲ့အေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့လို႔ ဒဏ္႐ိုက္ခံခဲ့ရတဲ့ ကလပ္အသင္း ၁၀ သင္းထဲက တစ္သင္းျဖစ္ခဲ့ၿပီး ယူ႐ို ၁၀ သန္းနဲ႔ ဆိုင္းငံ့ ယူ႐ို ၄၅ သန္းအျပင္ FFP ရဲ႕ သတ္မွတ္ေတြနဲ႔ လိုက္နာဖို႔ ပ်က္ကြက္ခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ပါ ပိတ္ပင္ခံရနိင္တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ၎တို႔ရဲ႕ ထြက္ေငြကို မေလွ်ာ့ခ်ႏိုင္ဘူးဆိုရင္ အႏၲရာယ္ရွိလာမွာျဖစ္ၿပီး အဲဒါက လီယြန္နယ္ မက္ဆီနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြကို ရပ္တန႔္ေစခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အယ္လ္ ဟီလာလ္အသင္းက လီယြန္နယ္ မက္ဆီကို အံ့အားသင့္ဖြယ္ ေႏြရာသီ ေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ ျပင္ဆင္ေနၿပီျဖစ္ၿပီး Marca ရဲ႕သတင္းအရ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းဟာ အာဂ်င္တီးနားၾကယ္ပြင့္ကို ေခၚယူဖို႔အတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏကို ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ေဆာ္ဒီ အာေရဗ်အေနနဲ႔ ယခုႏွစ္အတြင္းမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ အာဂ်င္တီးနားဂႏၲဝင္ေရာက္ရွိလာမႈကို ခြင့္ျပဳႏိုင္ေအာင္ ၎တို႔ရဲ႕ လစာကန႔္သတ္မႈ ဥပေဒကို ေျပာင္းလဲဖို႔ ျပင္ဆင္သြားမွာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အယ္လ္နာဆာအသင္းကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္အေနနဲ႔ ကမာၻ႔အေကာင္းဆုံးကစားသမား ၂ ဦးလုံးကို တၿပိဳင္တည္း လက္ခံထားႏိုင္ဖို႔ဆိုရင္ အကန႔္အသတ္ရွိတဲ့ လစာဥပေဒကို ျပင္ဆင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.