Match Report Premier League

နိုင်ပွဲဆက်ချင်တဲ့ ချဲလ်ဆီးကို နောက်ဆုံးမိနစ်မှာ အသည်းခွဲခဲ့တဲ့ ဆင်းမ်စ်ရဲ့ အဲဗာတန်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ကူလီဘေလီနဲ့ ဘာဒီယာရှီးလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ်ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကိုဗာချစ်ချ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်အသင်းကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မိုက်ကယ် ကီးန်၊ တာကော့ဗ်စကီး၊ ကိုးလ်မန်းနဲ့ ဂေါ့ဖရီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ ဒူကူရေး၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂရေးတစ်ယောက်တည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲစကတည်းက ချဲလ်ဆီးတို့အနေနဲ့ သူတို့ရဲ့ သိသာထင်ရှားတဲ့ ကစားပုံဖြစ်တဲ့ နေရာလွတ် တောင်ပံတွေကို ရိုက်တင်ပြီး တိုက်စစ်ကို ချက်ချင်းသွားတဲ့ ပုံစံကို အသုံးပြုနေခဲ့ပြီး အဲဗာတန်တို့ရဲ့ ကွင်းလယ်မှာ ပိတ်ဆို့ထားခဲ့မှုကို ကျော်လွှားဖို့ ကြိုးစားခဲ့သလို ခံစစ်မှာ ဖျက်ပုံရိုးတဲ့ ဧည့်သည်တွေကြောင့် မကြာခဏ အခွင့်အရေးတွေ ရနေခဲ့ပေမယ့် အပိုင်အသုံးချဖို့တော့ မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးစစ်စစ် မပါတဲ့ အဲဗာတန်တို့ကတော့ အဝေးကပဲ လှမ်းကန်ပြီး အလုပ်မဖြစ်ခဲ့သလို ချဲလ်ဆီးတို့ကတော့ Creative Midfielder မပါတဲ့ ကစားဟန်နဲ့ တောင်ပံတွေကိုပဲ အားကိုးနေခဲ့ရပြီး အသင်းကြီးတစ်သင်းလို့ ဆိုနိုင်ဖို့ကတော့ ကွန်တီရဲ့ စပါးစ်နဲ့အတူ တစ်ဆင့်နိမ့်နေခဲ့သေးတာကြောင့် အဲဗာတန်တို့က ပိတ်ဆို့သွားနိုင်ခဲ့ကြပြီး ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ ကစားပုံ အနည်းငယ်ပြောင်းသွားခဲ့သလို တိုက်စစ်ဆင်ချိန်တွေမှာ ဒူကူရေးက မြားဦးတက်ကစားပြီး ဂရေးက တောင်ပံတွေမှာ မက်နီးလ်၊ အီဝိုဘီတို့နဲ့ ပေါင်းပြီး အရှင်ကစားတဲ့ ပုံစံကို သုံးသွားခဲ့တာကြောင့် ကစားကွက်ပြန်တက်လာခဲ့သလို ချဲလ်ဆီးတို့ကတော့ နှေးကွေးတဲ့ ဧည့်သည်ခံစစ်ကို ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ မကြာခဏလွတ်ထွက်နေတဲ့ တောင်ပံတွေကပဲ ဖြတ်တင်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ ဟာဗတ်ဇ်ရဲ့ အလွတ်ခေါင်းတိုက်ချက်ကို ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ခဲ့ရသလို ကိုဒီလို မဟုတ်ဘဲ လေးလံတဲ့ ဘန်လေတပည့်ဟောင်း မိုက်ကယ် ကီးန်ကို နောက်တစ်ဦးဖြစ်တဲ့ တာကော့ဗ်စကီးနဲ့အတူတွဲပြီး နေရာပေးချင်တဲ့ အဲဗာတန်နည်းပြသစ် ရှောင်ဒိုက်ချ်ရဲ့ ရွေးချယ်မှုကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပြီး ချဲလ်ဆီးတိုက်စစ်အောက်မှာ တဖြည်းဖြည်းနဲ့ ရုန်းကန်လာခဲ့ရတာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရယူသွားခဲ့ကြပြီး ဘယ်တောင်ပံက ချေးလ်ဝဲလ်ရဲ့ အနိမ့်ဘောကို ပြတ်ပြတ်သားသား ရှင်းထုတ်ရမယ့်အစား ဘယ်သူရှင်းမလဲဆိုတဲ့ ပုံစံနဲ့ တားရုံလှမ်းတားခဲ့တဲ့ မိုက်ကယ် ကီးန်ရဲ့ စိတ်ပျက်စရာ ဖျက်ထုတ်မှုကနေ ရသွားတဲ့ ဂျာအို ဖဲလစ္စက ဧရိယာအစပ်ကနေ ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်ခဲ့ရာမှာ ညာဘက်တိုင်ခြေကို တန်းနေခဲ့လို့ ပစ်ခ်ဖို့ဒ် ဒိုက်ပစ်ကြည့်ရုံပဲ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဂရေးရဲ့ အလောတော် ဖြတ်တင်မှုကို ဒီနေ့ပွဲရဲ့ အညံ့ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မိုက်ကယ် ကီးန်ရဲ့ ခေါင်းတိုက်ချက်က ထိရုံပဲ ရှပ်ထိခဲ့လို့ အပိုင်ဂိုးနဲ့ လွဲခဲ့ရသလို ချဲလ်ဆီးတို့ရဲ့ ထိုးဖောက်မှုတွေမှာ ကံကောင်းလို့ ဂိုးထပ်မပေးရဘဲ ရှိနေချိန်မှာ ပေါ့တာရဲ့ အပြောင်းအလဲကတော့ ပူလီရှစ်ချ်နေရာမှာ ဂါလာဂါကို ထည့်ခဲ့တာဖြစ်လို့ စိတ်ကုန်စရာ အတွေးအခေါ်ဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး အိုနာနာရဲ့ ခေါင်းတိုက်ချက်ကနေ လူထိပြီး နှစ်ကြိမ်ဆက်ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ မက်နီးလ်က ဖြတ်တင်ပေးရာမှာ တာကော့ဗ်စကီးက ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဒူကူရေးက နောက်ပြန်ခေါင်းတိုက်ပြီး သွင်းယူခဲ့ရာမှာ ဂိုးသမား ကီပါကို ကျော်ပြီး ဂိုးထဲ ဝင်သွားခဲ့ရာမှာ ဟာဗတ်ဇ်ရဲ့ ရှင်းထုတ်မှုက ဂိုးစည်းကျော်ပြီးမှ ဖြစ်ခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ ထပ်မံဦးဆောင်နိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ပါးနပ်မှု မရှိတဲ့ ဂေါ့ဖရီကြောင့် ရီးစ်ဂျိမ်းစ်ကို သူနဲ့ တာကော့ဗ်စကီးတို့ ညှပ်ရိုက်သလိုဖြစ်ခဲ့ပြီး ပေးခဲ့ရတဲ့ ပင်နယ်တီကနေ ဟာဗတ်ဇ်က ကန်မယောင်ပြပြီး တစ်စက္ကန့်လောက်ရပ်ပြီးမှ ဂိုးသမား ပစ်ခ်ဖို့ဒ်ကို လှည့်စားကန်သွင်းခဲ့သလို အသင်းဖော် ဂါလာဂါအနေနဲ့ ဧရိယာထဲကို ဘောလုံးမထိခင်မှာ တိုးဝင်လာခဲ့တာကြောင့် ပြန်ကန်ဖို့ သတ်မှတ်ခိုင်းသင့်ပေမယ့် ဒိုင်လူကြီး ဒါရင်း အင်္ဂလန်က ဂိုးပေးခဲ့တာဖြစ်ပါတယ်။

ပြန်လည်ဦးဆောင်ခဲ့အပြီးမှာတော့ ချဲလ်ဆီးတို့ဘက်က ကိုဗာချစ်ချ်၊ ဂျာအို ဖဲလစ္စနဲ့ ဖိုဖာနာတို့အစား လော့ဖ်တပ်စ်-ချိခ်၊ ချူကွယ်မီကာနဲ့ ချာလိုဘာတို့ကို လူစားလဲသွားခဲ့ပြီး အဲဗာတန်တို့ကတော့ ဂေးယီနဲ့ ကိုးလ်မန်းတို့အစား လူငယ်တိုက်စစ်မှူး ဆင်းမ်စ်နဲ့ ဘယ်နောက်ခံလူ မစ်ကိုလန်ကိုတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ အဲဗာတန်တို့ သရေကျစေမယ့် ချေပဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မစ်ကိုလန်ကို တင်ပေးတာကို ကွင်းလယ်ကနေ ဒူကူရေးက ခင်းပေးခဲ့ရာမှာ ဆင်းမ်စ်က ကုန်နေပြီဖြစ်တဲ့ ကူလီဘေလီကို ကျော်ပြေးပြီး ဧရိယာဘယ်ခြမ်းကနေ အနိမ့်ဘော ကန်သွင်းခဲ့ပြီး နောက်ခံလူ ချာလိုဘာ ဖျက်ဖို့ လေးလံနေခဲ့တဲ့အပြင် ဂိုးသမား ကီပါရဲ့ ကာကွယ်မှုကလည်း နောက်ကျနေခဲ့လို့ သူနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ နှစ်ဂိုးစီသရေကျခဲ့ပြီး အိမ်ရှင်တွေအတွက် ကြီးကြီးမားမား နစ်နာခဲ့ရသလို ဇယားအပေါ်ဘက်ကို ပြန်တက်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရချိန်မှာ ဧည့်သည်တွေကတော့ အဝေးကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လူငယ်တိုက်စစ်မှူး ဆင်းမ်စ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့အတူ တန်းမဆင်းရဖို့ ယုံကြည်မှုတွေ မြင့်မားလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ ဖိုဖာနာ၊ ကူလီေဘလီနဲ႔ ဘာဒီယာရွီးလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ ကိုဗာခ်စ္ခ်္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ဂ်ာအို ဖဲလစၥနဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္အသင္းကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ မိုက္ကယ္ ကီးန္၊ တာေကာ့ဗ္စကီး၊ ကိုးလ္မန္းနဲ႔ ေဂါ့ဖရီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာ၊ ဒူကူေရး၊ အီဝိုဘီနဲ႔ မက္နီးလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂေရးတစ္ေယာက္တည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲစကတည္းက ခ်ဲလ္ဆီးတို႔အေနနဲ႔ သူတို႔ရဲ႕ သိသာထင္ရွားတဲ့ ကစားပုံျဖစ္တဲ့ ေနရာလြတ္ ေတာင္ပံေတြကို ႐ိုက္တင္ၿပီး တိုက္စစ္ကို ခ်က္ခ်င္းသြားတဲ့ ပုံစံကို အသုံးျပဳေနခဲ့ၿပီး အဲဗာတန္တို႔ရဲ႕ ကြင္းလယ္မွာ ပိတ္ဆို႔ထားခဲ့မႈကို ေက်ာ္လႊားဖို႔ ႀကိဳးစားခဲ့သလို ခံစစ္မွာ ဖ်က္ပုံ႐ိုးတဲ့ ဧည့္သည္ေတြေၾကာင့္ မၾကာခဏ အခြင့္အေရးေတြ ရေနခဲ့ေပမယ့္ အပိုင္အသုံးခ်ဖို႔ေတာ့ မလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မႉးစစ္စစ္ မပါတဲ့ အဲဗာတန္တို႔ကေတာ့ အေဝးကပဲ လွမ္းကန္ၿပီး အလုပ္မျဖစ္ခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ Creative Midfielder မပါတဲ့ ကစားဟန္နဲ႔ ေတာင္ပံေတြကိုပဲ အားကိုးေနခဲ့ရၿပီး အသင္းႀကီးတစ္သင္းလို႔ ဆိုႏိုင္ဖို႔ကေတာ့ ကြန္တီရဲ႕ စပါးစ္နဲ႔အတူ တစ္ဆင့္နိမ့္ေနခဲ့ေသးတာေၾကာင့္ အဲဗာတန္တို႔က ပိတ္ဆို႔သြားႏိုင္ခဲ့ၾကၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အဲဗာတန္တို႔ ကစားပုံ အနည္းငယ္ေျပာင္းသြားခဲ့သလို တိုက္စစ္ဆင္ခ်ိန္ေတြမွာ ဒူကူေရးက ျမားဦးတက္ကစားၿပီး ဂေရးက ေတာင္ပံေတြမွာ မက္နီးလ္၊ အီဝိုဘီတို႔နဲ႔ ေပါင္းၿပီး အရွင္ကစားတဲ့ ပုံစံကို သုံးသြားခဲ့တာေၾကာင့္ ကစားကြက္ျပန္တက္လာခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ ေႏွးေကြးတဲ့ ဧည့္သည္ခံစစ္ကို ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ မၾကာခဏလြတ္ထြက္ေနတဲ့ ေတာင္ပံေတြကပဲ ျဖတ္တင္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာ ဟာဗတ္ဇ္ရဲ႕ အလြတ္ေခါင္းတိုက္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ခဲ့ရသလို ကိုဒီလို မဟုတ္ဘဲ ေလးလံတဲ့ ဘန္ေလတပည့္ေဟာင္း မိုက္ကယ္ ကီးန္ကို ေနာက္တစ္ဦးျဖစ္တဲ့ တာေကာ့ဗ္စကီးနဲ႔အတူတြဲၿပီး ေနရာေပးခ်င္တဲ့ အဲဗာတန္နည္းျပသစ္ ေရွာင္ဒိုက္ခ်္ရဲ႕ ေ႐ြးခ်ယ္မႈကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရၿပီး ခ်ဲလ္ဆီးတိုက္စစ္ေအာက္မွာ တျဖည္းျဖည္းနဲ႔ ႐ုန္းကန္လာခဲ့ရတာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရယူသြားခဲ့ၾကၿပီး ဘယ္ေတာင္ပံက ေခ်းလ္ဝဲလ္ရဲ႕ အနိမ့္ေဘာကို ျပတ္ျပတ္သားသား ရွင္းထုတ္ရမယ့္အစား ဘယ္သူရွင္းမလဲဆိုတဲ့ ပုံစံနဲ႔ တား႐ုံလွမ္းတားခဲ့တဲ့ မိုက္ကယ္ ကီးန္ရဲ႕ စိတ္ပ်က္စရာ ဖ်က္ထုတ္မႈကေန ရသြားတဲ့ ဂ်ာအို ဖဲလစၥက ဧရိယာအစပ္ကေန ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္ခဲ့ရာမွာ ညာဘက္တိုင္ေျခကို တန္းေနခဲ့လို႔ ပစ္ခ္ဖို႔ဒ္ ဒိုက္ပစ္ၾကည့္႐ုံပဲ တတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဂေရးရဲ႕ အေလာေတာ္ ျဖတ္တင္မႈကို ဒီေန႔ပြဲရဲ႕ အညံ့ဆုံး ကစားသမားတစ္ဦးျဖစ္တဲ့ မိုက္ကယ္ ကီးန္ရဲ႕ ေခါင္းတိုက္ခ်က္က ထိ႐ုံပဲ ရွပ္ထိခဲ့လို႔ အပိုင္ဂိုးနဲ႔ လြဲခဲ့ရသလို ခ်ဲလ္ဆီးတို႔ရဲ႕ ထိုးေဖာက္မႈေတြမွာ ကံေကာင္းလို႔ ဂိုးထပ္မေပးရဘဲ ရွိေနခ်ိန္မွာ ေပါ့တာရဲ႕ အေျပာင္းအလဲကေတာ့ ပူလီရွစ္ခ်္ေနရာမွာ ဂါလာဂါကို ထည့္ခဲ့တာျဖစ္လို႔ စိတ္ကုန္စရာ အေတြးအေခၚျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၿပီး အိုနာနာရဲ႕ ေခါင္းတိုက္ခ်က္ကေန လူထိၿပီး ႏွစ္ႀကိမ္ဆက္ရတဲ့ ေထာင့္ကန္ေဘာကို ညာျခမ္းကေန မက္နီးလ္က ျဖတ္တင္ေပးရာမွာ တာေကာ့ဗ္စကီးက ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးကို ဒူကူေရးက ေနာက္ျပန္ေခါင္းတိုက္ၿပီး သြင္းယူခဲ့ရာမွာ ဂိုးသမား ကီပါကို ေက်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့ရာမွာ ဟာဗတ္ဇ္ရဲ႕ ရွင္းထုတ္မႈက ဂိုးစည္းေက်ာ္ၿပီးမွ ျဖစ္ခဲ့လို႔ ဂိုးျပန္ေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ပါးနပ္မႈ မရွိတဲ့ ေဂါ့ဖရီေၾကာင့္ ရီးစ္ဂ်ိမ္းစ္ကို သူနဲ႔ တာေကာ့ဗ္စကီးတို႔ ညႇပ္႐ိုက္သလိုျဖစ္ခဲ့ၿပီး ေပးခဲ့ရတဲ့ ပင္နယ္တီကေန ဟာဗတ္ဇ္က ကန္မေယာင္ျပၿပီး တစ္စကၠန႔္ေလာက္ရပ္ၿပီးမွ ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို လွည့္စားကန္သြင္းခဲ့သလို အသင္းေဖာ္ ဂါလာဂါအေနနဲ႔ ဧရိယာထဲကို ေဘာလုံးမထိခင္မွာ တိုးဝင္လာခဲ့တာေၾကာင့္ ျပန္ကန္ဖို႔ သတ္မွတ္ခိုင္းသင့္ေပမယ့္ ဒိုင္လူႀကီး ဒါရင္း အဂၤလန္က ဂိုးေပးခဲ့တာျဖစ္ပါတယ္။

ျပန္လည္ဦးေဆာင္ခဲ့အၿပီးမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ကိုဗာခ်စ္ခ်္၊ ဂ်ာအို ဖဲလစၥနဲ႔ ဖိုဖာနာတို႔အစား ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ခ်ဴကြယ္မီကာနဲ႔ ခ်ာလိုဘာတို႔ကို လူစားလဲသြားခဲ့ၿပီး အဲဗာတန္တို႔ကေတာ့ ေဂးယီနဲ႔ ကိုးလ္မန္းတို႔အစား လူငယ္တိုက္စစ္မႉး ဆင္းမ္စ္နဲ႔ ဘယ္ေနာက္ခံလူ မစ္ကိုလန္ကိုတို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ သေရက်ေစမယ့္ ေခ်ပဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မစ္ကိုလန္ကို တင္ေပးတာကို ကြင္းလယ္ကေန ဒူကူေရးက ခင္းေပးခဲ့ရာမွာ ဆင္းမ္စ္က ကုန္ေနၿပီျဖစ္တဲ့ ကူလီေဘလီကို ေက်ာ္ေျပးၿပီး ဧရိယာဘယ္ျခမ္းကေန အနိမ့္ေဘာ ကန္သြင္းခဲ့ၿပီး ေနာက္ခံလူ ခ်ာလိုဘာ ဖ်က္ဖို႔ ေလးလံေနခဲ့တဲ့အျပင္ ဂိုးသမား ကီပါရဲ႕ ကာကြယ္မႈကလည္း ေနာက္က်ေနခဲ့လို႔ သူနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးနဲ႔ အဲဗာတန္တို႔ ႏွစ္ဂိုးစီသေရက်ခဲ့ၿပီး အိမ္ရွင္ေတြအတြက္ ႀကီးႀကီးမားမား နစ္နာခဲ့ရသလို ဇယားအေပၚဘက္ကို ျပန္တက္ဖို႔ အခြင့္အေရးကို လက္လႊတ္ခဲ့ရခ်ိန္မွာ ဧည့္သည္ေတြကေတာ့ အေဝးကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လူငယ္တိုက္စစ္မႉး ဆင္းမ္စ္ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးနဲ႔အတူ တန္းမဆင္းရဖို႔ ယုံၾကည္မႈေတြ ျမင့္မားလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.