Match Report Premier League

အရေးကြီးချိန်မှာ ရွာသားတွေကို ယုံမိတဲ့ ကွန်တီကြောင့် စိန့်နဲ့ သရေကျတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ လွန်ဂလေတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ ပက်ဒရို ပေါ်ရိုနဲ့ ဘန်ဒေးဗီးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ရစ်ချာလစ်ဆန်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ယူနူစီနဲ့ စတူးဝပ် အမ်းစ်ထရောင်းတို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ ဝဲလ်ကော့တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

တန်းဆင်းဇုန် ရုန်းနေခဲ့တဲ့ စိန့်တို့အနေနဲ့ ဒီနေ့ပွဲမှာ အိမ်ကွင်းအားကိုးနဲ့ ဖွင့်ကစားခဲ့ပြီး ဧည့်သည်တွေကတော့ သတိကြီးကြီး ကစားခဲ့ကြသလို နှစ်သင်းစလုံးရဲ့ အခွင့်အရေးအသုံးချမှုအပိုင်းမှာတော့ အားနည်းခဲ့ကြပြီး ပွဲချိန် ၅ မိနစ်မှာကတည်းက စပါးစ်တို့ဘက်က ရစ်ချာလစ်ဆန် နာသွားခဲ့ပြီး ကူလူရှက်ဗ်စကီးနဲ့ လဲခဲ့ရအပြီးမှာတော့ ဆောက်သမ်တန်တို့ဘက်က သုံးမိနစ်အကြာမှာ ဘယ်လာ-ကော့ချက်ပ်အစား ဆာလီဆူးကို ထည့်ခဲ့ရတာပါ။

ဟာရီကိန်းရဲ့ တိုက်စစ်မှာ မနေဘဲ ကွင်းလယ်နဲ့ ခံစစ်မှာ လျှောက်ကစားနေတဲ့ ပုံစံက စပါးစ်တို့အတွက်တော့ အားသာချက်မဖြစ်ဘဲ တိုက်စစ်ကို အားနည်းစေခဲ့သလို ဆွန်ဟောင်မင်ကလည်း အရင်ရာသီက ခြေစွမ်းကို မမီဘဲဖြစ်နေခဲ့ချိန်မှာ ပွဲချိန် မိနစ် ၃၀ ကျော်မှာတော့ ဒဏ်ရာအသီးသီးရသွားတဲ့ စိန့်က ဘက်ဒ်နာရက်ခ်နဲ့ စပါးစ်က ဒေးဗီးစ်တို့အစား မိတ်လန်း-နိုင်းလ်စ်နဲ့ ပါရီရှစ်ချ်တို့ကို လူစားလဲခဲ့ရပြန်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆွန်ဟောင်မင် ခင်းပေးတာကို ကူလူရှက်ဗ်စကီး မယူဘဲ ဖိန့်ပြီး လွှတ်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ဝင်ရောက်လာခဲ့တဲ့ ပက်ဒရို ပေါ်ရိုက ဧရိယာထဲမှာ တစ်ချက်ထိန်းပြီးမှ အပြင်းကန်သွင်းခဲ့ရာမှာ ဘားအောက်က ကပ်ဝင်သွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စစချင်းမှာတော့ ဆောက်သမ်တန်တို့ ဂိုးပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပွဲချိန် ၄၆ မိနစ်မှာ ကွင်းလယ်က လာဗီယာ ခင်းပေးတာကို ညာခြမ်းကနေ လွတ်ထွက်သွားခဲ့တဲ့ ဝဲလ်ကော့က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ရှေအက်ဒမ်စ်က ရိုမဲရိုးရှေ့ကနေ ပိတ်သွင်းပြီး တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်တို့ ဖီးလ်တွေ တက်ပြီး ဖိကစားခဲ့ကြလို့ စပါးစ်တို့ ခံစစ်မှာ ဆုတ်ခံနေခဲ့ရပြီး ကောင်တာကိုပဲ အားပြုခဲ့ရသလို အိမ်ရှင်ဘက် ဝါ့ဒ်-ပရောက်စ်နဲ့ ဧည့်သည်တွေဘက်က ပါရီရှစ်ချ်တို့ အပြိုင်ဖြုန်းခဲ့ကြတာကြောင့် ဂိုးမရဘဲဖြစ်နေခဲ့ကြပြီး ပွဲချိန် ၅၄ မိနစ်မှာ မိတ်လန်း-နိုင်းလ်စ်ရဲ့ လက်ထိဘောကိုတော့ VAR က မရှောင်နိုင်တဲ့ Natural Position မှာ ရှိနေတယ်ဆိုပြီး ခွင့်လွှတ်ပေးသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ ထပ်မံ ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရလာခဲ့တဲ့ ကူလူရှက်ဗ်စကီးက အတွင်းကို တစ်ချက်ခေါက်ပြီးမှ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ဗဟိုနောက်ခံလူစစ်စစ် မရှိဘဲ အားနည်းချက်ဖြစ်နေခဲ့တဲ့ မိတ်လန်း-နိုင်းလ်စ်နဲ့ ဝေါလ်ကာ-ပီတာစ်တို့ကြားကနေ ဟာရီကိန်းက အားကြီးနဲ့ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာ စပါးစ်တို့ပဲ တတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့‌ ဘောလုံးကို ကူလူရှက်ဗ်စကီး ဖြတ်တင်ပေးရာမှာ ဆောက်သမ်တန်ခံစစ်က ရှင်းထုတ်ခဲ့ပြီး လည်ထွက်လာခဲ့တဲ့ ဘောလုံးကို ပါရီရှစ်ချ်က ဧရိယာထိပ်ကနေ ပါးနပ်စွာနဲ့ မြေထောက်ကန်ပြီး ဂိုးသမား ဘာဇူးနူး ဖမ်းမရအောင် အနိုင်ယူသွားခဲ့တာပါ။

နှစ်ဂိုးဆက်တိုက် ပေးလိုက်ရလို့ တင်သွားခဲ့တဲ့ ဆောက်သမ်တန်နည်းပြ ရူဘင် ဆဲလက်စ်ကတော့ တော်တော်လေး တင်းသွားခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ကျော်မှာ လူစားသွင်းထားခဲ့တဲ့ မာရာ၊ ဆူလေမာနာနဲ့ အယ်လ်ကာရက်ဇ်တို့အားကိုးနဲ့ အသင်းကို ဖောင်ဖျက်ကစားခိုင်းခဲ့သလို ဗဟိုခံစစ်မှူး မဟုတ်တဲ့ မိတ်လန်း-နိုင်းလ်စ်ကိုလည်း မူလနေရာ ကွင်းလယ်မှာ တက်ကစားခိုင်းခဲ့တာကြောင့် စပါးစ်တို့ ပိုပြီး အဖိခံလာခဲ့ရပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ရလာတဲ့ ဘောလုံးကို ဝါ့ဒ်-ပရောက်စ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး မာရာက ခေါင်းတိုက်ချပေးခဲ့တာကို ရှင်းမထုတ်နိုင်ဘဲ နှေးနေတဲ့ ရိုမဲရိုးကြောင့် ဝဲလ်ကော့က အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ စပါးစ်နည်းပြ ကွန်တီအနေနဲ့ ပိတ်ကစားမယ့် ရုပ်ပျက်ဆင်းပျက် ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့ပြီး ညာခြမ်းမှာ အဟန့်ရှိနေတဲ့ ကူလူရှက်ဗ်စကီးနဲ့ ပက်ဒရို ပေါ်ရိုတို့ကို အီမာဆန် ရိုယဲလ်၊ ပါပီ ဆားရ်တို့နဲ့ လဲကစားသွားခဲ့ပြီး အချိန်ဆွဲကစားဖို့ပါ ကြိုးစားလာခဲ့တာကြောင့် အိမ်ရှင်တွေအနေနဲ့ တစ်သင်းလုံးအားနဲ့ ပေါက်ကွဲပြီး ဖိကစားလာခဲ့ကြတာပါ။

နာကျင်အချိန်ပိုမှာတော့ အိမ်ရှင်တွေ ကံကောင်းသွားခဲ့ပြီး လိုအပ်နေတဲ့ တတိယဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခပ်တုံးတုံး ပါပီ ဆားရ်ရဲ့ ဖျက်ထုတ်မှုကြားကို တိုးဝင်ခွင်ရိုက်ပြီး အကန်ခံခဲ့တဲ့ မိတ်လန်း-နိုင်းလ်စ်ကြောင့် ဒိုင်လူကြီးနဲ့ VAR တို့ ရွေးချယ်စရာ မရှိတော့ဘဲ ပေးခဲ့တဲ့ ပင်နယ်တီကို ဝါ့ဒ်-ပရောက်စ်က ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အဝေးကွင်းမှာ တစ်ဂိုး အသာရနေခဲ့တာကို ထိန်းသိမ်းဖို့ ဝါရင့်နောက်ခံလူတွေကို ထည့်သွင်းပြီး ပိတ်ဆို့ရမယ့်အစား တောမရောက် တောင်မရောက် ရွာသားနှစ်ယောက်ဖြစ်တဲ့ ရိုယဲလ်နဲ့ ဆားရ်တို့ကို ကွင်းလယ်မှာ ထည့်ပြီး ဆုံးဖြတ်ချက် မှားယွင်းခဲ့တဲ့ စပါးစ်နည်းပြ ကွန်တီတစ်ယောက် ပေးဆပ်မှု ကြီးမားခဲ့သလို ဆောက်သမ်တန်တို့နဲ့ သုံးဂိုးစီ သရေကျခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ဆောက်သမ်တန်တို့အနေနဲ့ ခက်ခဲတဲ့ ပွဲမှာ အဖိုးတန်တစ်မှတ် ယူနိုင်ခဲ့သလို တန်းဆင်းဇုန်က ရုန်းမထွက်နိုင်သေးပေမယ့် စိတ်ဓာတ်ပိုင်း အရတော့ အားတက်သွားခဲ့ကြချိန်မှာ စပါးစ်တို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ အတွက် အဆင့် ၅ က နှစ်ပွဲလျှော့ကစားထားတဲ့ နယူးကာဆယ်လ်တို့ကို နှစ်မှတ်သာ ကွာတော့ပြီး အခွင့်အရေး ပေးမိသလိုဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ဒိုင္ယာ၊ ႐ိုမဲ႐ိုးနဲ႔ လြန္ဂေလတို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ စကစ္ပ္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ ဘန္ေဒးဗီးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ရစ္ခ်ာလစ္ဆန္နဲ႔ ဟာရီကိန္းတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ ဘယ္လာ-ေကာ့ခ်က္ပ္၊ ေဝၚလ္ကာ-ပီတာစ္နဲ႔ ပယ္႐ိုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ လာဗီယာ၊ ဝါ့ဒ္-ပေရာက္စ္၊ အယ္လ္ယူႏူစီနဲ႔ စတူးဝပ္ အမ္းစ္ထေရာင္းတို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ ေရွအက္ဒမ္စ္နဲ႔ ဝဲလ္ေကာ့တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

တန္းဆင္းဇုန္ ႐ုန္းေနခဲ့တဲ့ စိန႔္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အိမ္ကြင္းအားကိုးနဲ႔ ဖြင့္ကစားခဲ့ၿပီး ဧည့္သည္ေတြကေတာ့ သတိႀကီးႀကီး ကစားခဲ့ၾကသလို ႏွစ္သင္းစလုံးရဲ႕ အခြင့္အေရးအသုံးခ်မႈအပိုင္းမွာေတာ့ အားနည္းခဲ့ၾကၿပီး ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက စပါးစ္တို႔ဘက္က ရစ္ခ်ာလစ္ဆန္ နာသြားခဲ့ၿပီး ကူလူရွက္ဗ္စကီးနဲ႔ လဲခဲ့ရအၿပီးမွာေတာ့ ေဆာက္သမ္တန္တို႔ဘက္က သုံးမိနစ္အၾကာမွာ ဘယ္လာ-ေကာ့ခ်က္ပ္အစား ဆာလီဆူးကို ထည့္ခဲ့ရတာပါ။

ဟာရီကိန္းရဲ႕ တိုက္စစ္မွာ မေနဘဲ ကြင္းလယ္နဲ႔ ခံစစ္မွာ ေလွ်ာက္ကစားေနတဲ့ ပုံစံက စပါးစ္တို႔အတြက္ေတာ့ အားသာခ်က္မျဖစ္ဘဲ တိုက္စစ္ကို အားနည္းေစခဲ့သလို ဆြန္ေဟာင္မင္ကလည္း အရင္ရာသီက ေျခစြမ္းကို မမီဘဲျဖစ္ေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ မိနစ္ ၃၀ ေက်ာ္မွာေတာ့ ဒဏ္ရာအသီးသီးရသြားတဲ့ စိန႔္က ဘက္ဒ္နာရက္ခ္နဲ႔ စပါးစ္က ေဒးဗီးစ္တို႔အစား မိတ္လန္း-ႏိုင္းလ္စ္နဲ႔ ပါရီရွစ္ခ်္တို႔ကို လူစားလဲခဲ့ရျပန္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဆြန္ေဟာင္မင္ ခင္းေပးတာကို ကူလူရွက္ဗ္စကီး မယူဘဲ ဖိန႔္ၿပီး လႊတ္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းကေန ဝင္ေရာက္လာခဲ့တဲ့ ပက္ဒ႐ို ေပၚ႐ိုက ဧရိယာထဲမွာ တစ္ခ်က္ထိန္းၿပီးမွ အျပင္းကန္သြင္းခဲ့ရာမွာ ဘားေအာက္က ကပ္ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စစခ်င္းမွာေတာ့ ေဆာက္သမ္တန္တို႔ ဂိုးျပန္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၄၆ မိနစ္မွာ ကြင္းလယ္က လာဗီယာ ခင္းေပးတာကို ညာျခမ္းကေန လြတ္ထြက္သြားခဲ့တဲ့ ဝဲလ္ေကာ့က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ေရွအက္ဒမ္စ္က ႐ိုမဲ႐ိုးေရွ႕ကေန ပိတ္သြင္းၿပီး တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဆာက္သမ္တန္တို႔ ဖီးလ္ေတြ တက္ၿပီး ဖိကစားခဲ့ၾကလို႔ စပါးစ္တို႔ ခံစစ္မွာ ဆုတ္ခံေနခဲ့ရၿပီး ေကာင္တာကိုပဲ အားျပဳခဲ့ရသလို အိမ္ရွင္ဘက္ ဝါ့ဒ္-ပေရာက္စ္နဲ႔ ဧည့္သည္ေတြဘက္က ပါရီရွစ္ခ်္တို႔ အၿပိဳင္ျဖဳန္းခဲ့ၾကတာေၾကာင့္ ဂိုးမရဘဲျဖစ္ေနခဲ့ၾကၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ မိတ္လန္း-ႏိုင္းလ္စ္ရဲ႕ လက္ထိေဘာကိုေတာ့ VAR က မေရွာင္ႏိုင္တဲ့ Natural Position မွာ ရွိေနတယ္ဆိုၿပီး ခြင့္လႊတ္ေပးသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ စပါးစ္တို႔ ထပ္မံ ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေဘာလုံးရလာခဲ့တဲ့ ကူလူရွက္ဗ္စကီးက အတြင္းကို တစ္ခ်က္ေခါက္ၿပီးမွ အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးရာမွာ ဗဟိုေနာက္ခံလူစစ္စစ္ မရွိဘဲ အားနည္းခ်က္ျဖစ္ေနခဲ့တဲ့ မိတ္လန္း-ႏိုင္းလ္စ္နဲ႔ ေဝါလ္ကာ-ပီတာစ္တို႔ၾကားကေန ဟာရီကိန္းက အားႀကီးနဲ႔ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာ စပါးစ္တို႔ပဲ တတိယ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့‌ ေဘာလုံးကို ကူလူရွက္ဗ္စကီး ျဖတ္တင္ေပးရာမွာ ေဆာက္သမ္တန္ခံစစ္က ရွင္းထုတ္ခဲ့ၿပီး လည္ထြက္လာခဲ့တဲ့ ေဘာလုံးကို ပါရီရွစ္ခ်္က ဧရိယာထိပ္ကေန ပါးနပ္စြာနဲ႔ ေျမေထာက္ကန္ၿပီး ဂိုးသမား ဘာဇူးႏူး ဖမ္းမရေအာင္ အႏိုင္ယူသြားခဲ့တာပါ။

ႏွစ္ဂိုးဆက္တိုက္ ေပးလိုက္ရလို႔ တင္သြားခဲ့တဲ့ ေဆာက္သမ္တန္နည္းျပ ႐ူဘင္ ဆဲလက္စ္ကေတာ့ ေတာ္ေတာ္ေလး တင္းသြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာ လူစားသြင္းထားခဲ့တဲ့ မာရာ၊ ဆူေလမာနာနဲ႔ အယ္လ္ကာရက္ဇ္တို႔အားကိုးနဲ႔ အသင္းကို ေဖာင္ဖ်က္ကစားခိုင္းခဲ့သလို ဗဟိုခံစစ္မႉး မဟုတ္တဲ့ မိတ္လန္း-ႏိုင္းလ္စ္ကိုလည္း မူလေနရာ ကြင္းလယ္မွာ တက္ကစားခိုင္းခဲ့တာေၾကာင့္ စပါးစ္တို႔ ပိုၿပီး အဖိခံလာခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ရလာတဲ့ ေဘာလုံးကို ဝါ့ဒ္-ပေရာက္စ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ တိုက္စစ္မႉး မာရာက ေခါင္းတိုက္ခ်ေပးခဲ့တာကို ရွင္းမထုတ္ႏိုင္ဘဲ ေႏွးေနတဲ့ ႐ိုမဲ႐ိုးေၾကာင့္ ဝဲလ္ေကာ့က အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ စပါးစ္နည္းျပ ကြန္တီအေနနဲ႔ ပိတ္ကစားမယ့္ ႐ုပ္ပ်က္ဆင္းပ်က္ ဆုံးျဖတ္ခ်က္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ညာျခမ္းမွာ အဟန႔္ရွိေနတဲ့ ကူလူရွက္ဗ္စကီးနဲ႔ ပက္ဒ႐ို ေပၚ႐ိုတို႔ကို အီမာဆန္ ႐ိုယဲလ္၊ ပါပီ ဆားရ္တို႔နဲ႔ လဲကစားသြားခဲ့ၿပီး အခ်ိန္ဆြဲကစားဖို႔ပါ ႀကိဳးစားလာခဲ့တာေၾကာင့္ အိမ္ရွင္ေတြအေနနဲ႔ တစ္သင္းလုံးအားနဲ႔ ေပါက္ကြဲၿပီး ဖိကစားလာခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပိုမွာေတာ့ အိမ္ရွင္ေတြ ကံေကာင္းသြားခဲ့ၿပီး လိုအပ္ေနတဲ့ တတိယဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခပ္တုံးတုံး ပါပီ ဆားရ္ရဲ႕ ဖ်က္ထုတ္မႈၾကားကို တိုးဝင္ခြင္႐ိုက္ၿပီး အကန္ခံခဲ့တဲ့ မိတ္လန္း-ႏိုင္းလ္စ္ေၾကာင့္ ဒိုင္လူႀကီးနဲ႔ VAR တို႔ ေ႐ြးခ်ယ္စရာ မရွိေတာ့ဘဲ ေပးခဲ့တဲ့ ပင္နယ္တီကို ဝါ့ဒ္-ပေရာက္စ္က ညာဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္းမွာ တစ္ဂိုး အသာရေနခဲ့တာကို ထိန္းသိမ္းဖို႔ ဝါရင့္ေနာက္ခံလူေတြကို ထည့္သြင္းၿပီး ပိတ္ဆို႔ရမယ့္အစား ေတာမေရာက္ ေတာင္မေရာက္ ႐ြာသားႏွစ္ေယာက္ျဖစ္တဲ့ ႐ိုယဲလ္နဲ႔ ဆားရ္တို႔ကို ကြင္းလယ္မွာ ထည့္ၿပီး ဆုံးျဖတ္ခ်က္ မွားယြင္းခဲ့တဲ့ စပါးစ္နည္းျပ ကြန္တီတစ္ေယာက္ ေပးဆပ္မႈ ႀကီးမားခဲ့သလို ေဆာက္သမ္တန္တို႔နဲ႔ သုံးဂိုးစီ သေရက်ခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ေဆာက္သမ္တန္တို႔အေနနဲ႔ ခက္ခဲတဲ့ ပြဲမွာ အဖိုးတန္တစ္မွတ္ ယူႏိုင္ခဲ့သလို တန္းဆင္းဇုန္က ႐ုန္းမထြက္ႏိုင္ေသးေပမယ့္ စိတ္ဓာတ္ပိုင္း အရေတာ့ အားတက္သြားခဲ့ၾကခ်ိန္မွာ စပါးစ္တို႔ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္ ၄ အတြက္ အဆင့္ ၅ က ႏွစ္ပြဲေလွ်ာ့ကစားထားတဲ့ နယူးကာဆယ္လ္တို႔ကို ႏွစ္မွတ္သာ ကြာေတာ့ၿပီး အခြင့္အေရး ေပးမိသလိုျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.