Carabao & FA Match Report Premier League

ဟားလန်းဟက်ထရစ်နဲ့ ဘန်လေကို ဝုန်းပြီး FA ဖလားယူဖို့ ကြေငြာလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်နဲ့ ဝေါ်လ်ကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ မာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကို တင်ထားပြီး အသင်းငယ်တွေနဲ့ ရင်ဆိုင်တိုင်း ဂွါဒီယိုလာ ရွေးချယ်လေ့ရှိတဲ့ ၃-၆-၁ ပုံစံကို အသုံးပြုသွားခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ ကွန်ပနီရဲ့ ဘန်လေအသင်းကတော့ ဂိုးသမား ပီးကော့-ဖာရဲလ်၊ ခံစစ်မှာ အယ်လ်ဒါခီလ်၊ ဘိုင်ယာ၊ ရောဘတ်စ်နဲ့ မာ့တ်ဆန်တို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ကူလင်၊ ဂွတ်ဒ်မွန်ဆန်၊ တယ်လာ၊ ဇာရူရီနဲ့ ဗီတင်ညိုတို့ကို ခင်းကျင်းလာခဲ့ပြီး ရှေ့မှာတော့ ဒီရာသီမှာ တစ်ခါမှ ပွဲမထွက်ဖူးသေးတဲ့ အရန်တိုက်စစ်မှူး ဖော့စတာကို အထောင်ထားလာခဲ့တာပါ။

မန်စီးတီးအသင်းကို ရှစ်နှစ်ကြာ ခေါင်းဆောင်ခဲ့ဖူးတဲ့ ကပ္ပတိန်ဟောင်း ဘန်လေနည်းပြ ကွန်ပနီအနေနဲ့ သူ့အသင်းကို ဘောလုံးကိုင်ကစားတဲ့ အဆင့်မြင့် ပုံစံတစ်ခုဆီ ပြောင်းလဲသွတ်သွင်းထားနိုင်ခဲ့ပေမယ့် ကစားသမားအင်အားနဲ့ အဆင့်အတန်းအရ အသင်ဟောင်းကို ယှဉ်ဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ အစ်တီဟတ်မှာ တောင့်ခံဖို့ ကြိုးစားခဲ့ပေမယ့် နာရီဝက်လောက်ပဲ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးသမား အော်တေဂါ ကန်တင်လိုက်တဲ့ ဘောလုံးကို ဟားလန်းက ခေါင်းတိုက်ချပေးပြီး ရှေ့ကို ပြန်အပြေးမှာ အယ်လ်ဗာရက်ဇ်က ခပ်ကျဲကျဲ နေရာယူထားတဲ့ ဘန်လေခံစစ်ကြားကနေ ပြေးလမ်းကြောင်းထဲ ကွက်တိ ထည့်ပေးခဲ့တာကို နော်ဝေတိုက်စစ်မှူးက ဂိုးသမား ပီးကော့ခ်-ဖာရဲလ်ရဲ့ ဘေးကနေ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ တောင်ပံတလျှောက် ဆွဲပြေးလာခဲ့တဲ့ ဖိုဒန်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးရာမှာ ခံစစ်မှာ သုံးယောက်တောင် ရှိခဲ့ပေမယ့် နှေးကွေးနေခဲ့တဲ့ ဘန်လေတို့ မတားဆီးနိုင်ခဲ့ဘဲ လွတ်လာတဲ့ ဘောလုံးကို ဟားလန်းကပဲ ပညာသားပါပါနဲ့ ပိတ်သွင်းရယူသွားခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ကွန်ပနီအနေနဲ့ အသင်းဟောင်းကို တုံ့ပြန်ဖို့အတွက် တိုက်စစ်က ဖော်စတာနဲ့ ကွင်းလယ်က ဂွတ်ဒ်မွန်ဆန်တို့အစား အက်ရှ်လီ ဘန်းစ်နဲ့ ဂျက်ခ် ကော့ခ်တို့ ဝါရင့်နှစ်ဦးကို ထည့်သွင်းသွားခဲ့တာကြောင့် ကစားကွက်က အနည်းငယ် တည်ငြိမ်လာခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဟားလန်းကပဲ တတိယဂိုးကို သူ့ရဲ့ နှစ်ပွဲဆက် ဟက်ထရစ်အဖြစ် သွင်းယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ မာရက်ဇ်က ဘယ်ခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က အနိမ့်ဘော ထောင့်ဖြတ် ကန်သွင်းယူရာမှာ ကံမလိုက်ခဲ့ဘဲ တိုင်ထိထွက်လာခဲ့တာကို နော်ဝေသားက မနားတမ်း အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာ မန်စီးတီးတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်တွဲလုံးကနေ မာရက်ဇ်နဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာတဲ့ ဒီဘရိုင်းနားက ဧရိယာထဲကို ဆွဲဝင်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ ဘန်လေနောက်ခံလူ ငါးယောက်လောက်ကြားက ထွက်လာတဲ့‌ ဘောလုံးကို အယ်လ်ဗာရက်ဇ်က သာသာယာယာ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်စီးတီးတို့ဘက်က အပြောင်းအလဲလုပ်ခဲ့ပြီး ရူဘင် ဒီယက်စ်၊ ဟားလန်း၊ ရိုဒရီနဲ့ ရီကို လူးဝစ္စတို့အစား အာကန်ဂျီ၊ ပါးလ်မား၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို လူစားလဲသွားခဲ့သလို ဘန်လေတို့ကဘက်ကတော့ ဦးစားပေး ကစားသမားတွေထဲက အရန်ခုံ ထိုင်ခိုင်းထားတဲ့ အိုဘာဖီမီကို တယ်လာအစား ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ မန်စီးတီးတို့ ပဉ္စမ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီဘရိုင်းနားက ညာခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ ဂိုးသမား ပီးကော့-ဖာရဲလ် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ပါးလ်မားက မြေမကျ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ မန်စီးတီးတို့အတွက် ပွဲသိမ်း ဒါဇင်ဝက်ဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကယ်လ်ဗင် ဖိလစ် ခေါင်းတိုက်ချပေးတာကို ဒီဘရိုင်းနားက ဘန်လေခံစစ်ကို ကျော်ပြီး ခင်းပေးရာမှာ အယ်လ်ဗာရက်ဇ်က ပြေးလိုက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ နောက်ခံလူ အယ်လ်ဒါခီလ်ကို ဟန်ချက်ပျက်ပြီး ဖင်ထိုင်လဲစေခဲ့သလို ဘယ်ဘက်ထောင့်ကို အပြင်းကန်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘန်လေတို့ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားပြီး အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို ဒီရာသီမှာ ဖလားသုံးလုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ကြပြီး လာမယ့် တနင်္ဂနွေနေ့ညမှာတော့ ဘယ်အသင်းနဲ့ ထပ်မံတွေ့ဆုံမလဲဆိုတာကို မဲခွဲရေးဆွဲပြီး သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္နဲ႔ ေဝၚလ္ကာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီကို လူးဝစၥ၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဖိုဒန္၊ အယ္လ္ဗာရက္ဇ္နဲ႔ မာရက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကို တင္ထားၿပီး အသင္းငယ္ေတြနဲ႔ ရင္ဆိုင္တိုင္း ဂြါဒီယိုလာ ေ႐ြးခ်ယ္ေလ့ရွိတဲ့ ၃-၆-၁ ပုံစံကို အသုံးျပဳသြားခဲ့ပါတယ္။

လိဂ္ခ်န္ပီယံရွစ္ကို ဦးေဆာင္ေနတဲ့ ကြန္ပနီရဲ႕ ဘန္ေလအသင္းကေတာ့ ဂိုးသမား ပီးေကာ့-ဖာရဲလ္၊ ခံစစ္မွာ အယ္လ္ဒါခီလ္၊ ဘိုင္ယာ၊ ေရာဘတ္စ္နဲ႔ မာ့တ္ဆန္တို႔ကို ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာေတာ့ ကူလင္၊ ဂြတ္ဒ္မြန္ဆန္၊ တယ္လာ၊ ဇာ႐ူရီနဲ႔ ဗီတင္ညိဳတို႔ကို ခင္းက်င္းလာခဲ့ၿပီး ေရွ႕မွာေတာ့ ဒီရာသီမွာ တစ္ခါမွ ပြဲမထြက္ဖူးေသးတဲ့ အရန္တိုက္စစ္မႉး ေဖာ့စတာကို အေထာင္ထားလာခဲ့တာပါ။

မန္စီးတီးအသင္းကို ရွစ္ႏွစ္ၾကာ ေခါင္းေဆာင္ခဲ့ဖူးတဲ့ ကပၸတိန္ေဟာင္း ဘန္ေလနည္းျပ ကြန္ပနီအေနနဲ႔ သူ႔အသင္းကို ေဘာလုံးကိုင္ကစားတဲ့ အဆင့္ျမင့္ ပုံစံတစ္ခုဆီ ေျပာင္းလဲသြတ္သြင္းထားႏိုင္ခဲ့ေပမယ့္ ကစားသမားအင္အားနဲ႔ အဆင့္အတန္းအရ အသင္ေဟာင္းကို ယွဥ္ဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ဘဲ အစ္တီဟတ္မွာ ေတာင့္ခံဖို႔ ႀကိဳးစားခဲ့ေပမယ့္ နာရီဝက္ေလာက္ပဲ တတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂိုးသမား ေအာ္ေတဂါ ကန္တင္လိုက္တဲ့ ေဘာလုံးကို ဟားလန္းက ေခါင္းတိုက္ခ်ေပးၿပီး ေရွ႕ကို ျပန္အေျပးမွာ အယ္လ္ဗာရက္ဇ္က ခပ္က်ဲက်ဲ ေနရာယူထားတဲ့ ဘန္ေလခံစစ္ၾကားကေန ေျပးလမ္းေၾကာင္းထဲ ကြက္တိ ထည့္ေပးခဲ့တာကို ေနာ္ေဝတိုက္စစ္မႉးက ဂိုးသမား ပီးေကာ့ခ္-ဖာရဲလ္ရဲ႕ ေဘးကေန အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ေတာင္ပံတေလွ်ာက္ ဆြဲေျပးလာခဲ့တဲ့ ဖိုဒန္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ေပးရာမွာ ခံစစ္မွာ သုံးေယာက္ေတာင္ ရွိခဲ့ေပမယ့္ ေႏွးေကြးေနခဲ့တဲ့ ဘန္ေလတို႔ မတားဆီးႏိုင္ခဲ့ဘဲ လြတ္လာတဲ့ ေဘာလုံးကို ဟားလန္းကပဲ ပညာသားပါပါနဲ႔ ပိတ္သြင္းရယူသြားခဲ့တာပါ။

ပထမပိုင္းမွာ မန္စီးတီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ကြန္ပနီအေနနဲ႔ အသင္းေဟာင္းကို တုံ႔ျပန္ဖို႔အတြက္ တိုက္စစ္က ေဖာ္စတာနဲ႔ ကြင္းလယ္က ဂြတ္ဒ္မြန္ဆန္တို႔အစား အက္ရွ္လီ ဘန္းစ္နဲ႔ ဂ်က္ခ္ ေကာ့ခ္တို႔ ဝါရင့္ႏွစ္ဦးကို ထည့္သြင္းသြားခဲ့တာေၾကာင့္ ကစားကြက္က အနည္းငယ္ တည္ၿငိမ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဟားလန္းကပဲ တတိယဂိုးကို သူ႔ရဲ႕ ႏွစ္ပြဲဆက္ ဟက္ထရစ္အျဖစ္ သြင္းယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ မာရက္ဇ္က ဘယ္ျခမ္းကို ခင္းေပးတဲ့ ေဘာလုံးကို ဖိုဒန္က အနိမ့္ေဘာ ေထာင့္ျဖတ္ ကန္သြင္းယူရာမွာ ကံမလိုက္ခဲ့ဘဲ တိုင္ထိထြက္လာခဲ့တာကို ေနာ္ေဝသားက မနားတမ္း အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာ မန္စီးတီးတို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္တြဲလုံးကေန မာရက္ဇ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ထြက္လာတဲ့ ဒီဘ႐ိုင္းနားက ဧရိယာထဲကို ဆြဲဝင္ၿပီးမွ ဂိုးေရွ႕ကို အနိမ့္ေဘာ ခင္းေပးရာမွာ ဘန္ေလေနာက္ခံလူ ငါးေယာက္ေလာက္ၾကားက ထြက္လာတဲ့‌ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က သာသာယာယာ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မန္စီးတီးတို႔ဘက္က အေျပာင္းအလဲလုပ္ခဲ့ၿပီး ႐ူဘင္ ဒီယက္စ္၊ ဟားလန္း၊ ႐ိုဒရီနဲ႔ ရီကို လူးဝစၥတို႔အစား အာကန္ဂ်ီ၊ ပါးလ္မား၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ဆာဂ်ီယို ဂိုမက္ဇ္တို႔ကို လူစားလဲသြားခဲ့သလို ဘန္ေလတို႔ကဘက္ကေတာ့ ဦးစားေပး ကစားသမားေတြထဲက အရန္ခုံ ထိုင္ခိုင္းထားတဲ့ အိုဘာဖီမီကို တယ္လာအစား ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ ပၪၥမ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒီဘ႐ိုင္းနားက ညာျခမ္းကို ခင္းေပးတဲ့ ေဘာလုံးကို ဖိုဒန္က ဂိုးေရွ႕ ျဖတ္တင္ေပးရာမွာ ဂိုးသမား ပီးေကာ့-ဖာရဲလ္ ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ပါးလ္မားက ေျမမက် ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ မန္စီးတီးတို႔အတြက္ ပြဲသိမ္း ဒါဇင္ဝက္ဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကယ္လ္ဗင္ ဖိလစ္ ေခါင္းတိုက္ခ်ေပးတာကို ဒီဘ႐ိုင္းနားက ဘန္ေလခံစစ္ကို ေက်ာ္ၿပီး ခင္းေပးရာမွာ အယ္လ္ဗာရက္ဇ္က ေျပးလိုက္ၿပီး ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေနာက္ခံလူ အယ္လ္ဒါခီလ္ကို ဟန္ခ်က္ပ်က္ၿပီး ဖင္ထိုင္လဲေစခဲ့သလို ဘယ္ဘက္ေထာင့္ကို အျပင္းကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဘန္ေလတို႔ကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ကစားၿပီး အက္ဖ္ေအဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ဒီရာသီမွာ ဖလားသုံးလုံး ရယူႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ေရွ႕တစ္လွမ္းတိုးႏိုင္ခဲ့ၾကၿပီး လာမယ့္ တနဂၤေႏြေန႔ညမွာေတာ့ ဘယ္အသင္းနဲ႔ ထပ္မံေတြ႕ဆုံမလဲဆိုတာကို မဲခြဲေရးဆြဲၿပီး သိရွိရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.