Premier League

ပရီးမီးယားလိဂ်ရဲ့ အငြင်းပွားစရာအဖြစ်ခဲ့ဆုံး ဖြစ်ရပ် ၅ ခု

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် အငြင်းပွားစရာအကောင်းဆုံး အခိုက်အတန့်တွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးပြိုင်ပွဲကို အပတ်တိုင်း တက်ရောက်ကြည့်ရှုခဲ့ကြပေမယ့်လည်း အချို့အချိန်တွေမှာတော့ လှပတဲ့ ကစားပွဲထဲက အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်တွေလည်း မြင်တွေ့ခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆွာရက်ဇ်၊ မန်ယူနိုက်တက်ဂန္တဝင် ကန်တိုနာတို့ရဲ့ ဖြစ်စဉ်မျိုးတွေက သာဓကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အငြင်းပွားစရာအကောင်းဆုံး အခိုက်အတန့် ၅ ခုမှာ ဘယ်ကစားသမားတွေ၊ ဘယ်အသင်းသားတွေ ပါဝင်ပတ်သက်ခဲ့လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တဲ့ ဆွာရက်ဇ်

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ၂၀၁၃ ခုနှစ် ဧပြီလတုန်းက ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဆွာရက်ဇ်က ထောင့်ကန်ဘောအတွက် နေရာယူနေချိန်မှာ လူကပ်ကစားဖို့ ကြိုးပမ်းခဲ့တဲ့ အိုင်ဗန်နိုဗစ်ရဲ့ ပုခုံးကို ကိုက်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနောက်ခံလူက ဆွာရက်ဇ်ကိုက်ထားတဲ့ သွားရာကိုပါ ဒိုင်လူကြီး ကီဗင် ဖရန့်ဒ်ကို ပြသခဲ့ပေမယ့်လည်း လီဗာပူးလ်တိုက်စစ်မှူးဟာ ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး ၉၈ မိနစ်မှာ လီဗာပူးလ်အတွက် ချေပဂိုးကိုပါ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံအနှေးပြကွက်တွေမှာ ဘာဖြစ်ပျက်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာကြောင့် ဆွာရက်ဇ်ဟာ အက်ဖ်အေရဲ့ ၁၀ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီး အားကစားလောကမှာလည်း ပြစ်တင်ဝေဖန်မှုတွေ တော်တော်လေး ခံခဲ့ရပေမယ့် အဲဒီတစ်ကြိမ်က ဥရုဂွေးတိုက်စစ်မှူးရဲ့ ကိုက်တတ်တဲ့အကျင့်ကို မြင်တွေ့ခဲ့ရတဲ့ နောက်ဆုံးအကြိမ်တော့မဟုတ်ခဲ့တာဖြစ်ပါတယ်။

၂။ ကန်တိုနာရဲ့ ကွန်ဖူးကန်ချက်

အဲရစ် ကန်တိုနာဟာ မန်ချက်စတာယူနိုက်တက်မှာ ပါရမီရှင်ဖြစ်ခဲ့ပေမယ့် အချိန်မရွေး ပြဿနာ ထရှာနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးကလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်ရဲ့အသင်းဟာ ၁၉၉၅ ခုနှစ်မှာ ပြင်သစ်တိုက်စစ်မှူး စိတ်လွတ်သွားတဲ့အချိန်မှာ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်ကစားသမား ရစ်ချက် ရှောကို ကန်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးဖြစ်တဲ့ ကန်တိုနာဟာ ပွဲစဉ်တလျှောက်လုံး အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့အတွက် ဒေါသပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ ကန်တိုနာဟာ ဥမင်လျှောက်လမ်းထဲကို မဆင်းခင်မှာ အိမ်ကွင်းပရိသတ်တွေရဲ့ တိုက်ခိုက်စော်ကားခြင်းကို တသီတတန်းကြီး ရရှိခဲ့ပြီး အထူးသဖြင့် မက်သရူး ဆင်မွန်ဆိုတဲ့ ပရိသတ်တစ်ဥိးကို တော်တော်လေး မျက်စိစပါးမွှေးစူးနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်တိုက်စစ်မှူးဟာ ကြော်ငြာဘုတ်ပြားပေါ်ကို လွှားခနဲကျော်ပြီး ဆင်မွန်ကို ကွန်ဖူးကန်ချက်နဲ့ ကန်ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်ကြောင့် ဘောလုံးပြိုင်ပွဲနဲ့ပတ်သက်တဲ့ ပြိုင်ပွဲအားလုံးမှာ ပါဝင်ခွင့် ၈ လ ပိတ်ခံခဲ့ရပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို နာရီ ၁၂၀ လုပ်ဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

၃။ ပီဇာဂိတ်

ဆာအဲလက်စ် ဖာဂူဆန်-ဖိနပ်ပျံ-ပီဇာ။ လက်ရှိမှာ ဘူဖေးတိုက်ပွဲလို့ အမည်ပေးခံခဲ့ရတဲ့ ၂၀၀၄ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ကြား ပြိုင်ဆိုင်မှုတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာမျက်နှာတွေမှာ လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေဆဲဖြစ်ပါတယ်။ ၄၉ ပွဲအထိ ရှုံးပွဲမရှိခ့တဲ့နောက် ဂန်းနားတွေဟာ မန်ချက်စတာက ပြင်းထန်တဲ့တိုက်ပွဲမှာ စံချိန်ကောင်း အဆုံးသတ်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းလ်ရဲ့ ပင်နယ်တီနဲ့ ဝိန်း ရူနီရဲ့ သွင်းဂိုးတွေကြောင့် အိမ်ရှင် မန်ယူနိုက်တက်တို့က ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် နှစ်သင်းကြားက ခါးသီးတဲ့ တိုက်ပွဲတွေဟာ ပွဲပြီး ဝီစီမှုတ်ပြီးနောက် ဥမင်လျှောက်လမ်းထဲ ဆင်းချိန်မှာ ဆက်လက် ဖြစ်ပွားခ့တာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းလ်ရဲ့ အက်ရှ်လေ ကိုးအပေါ် ပြစ်ဒဏ်ကျူးလွန်မှုက အပြစ်ပေးမခံခဲ့ရတဲ့နောက် နှစ်ဖက်အသင်းကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အသင်းသားတွေ ခိုက်ရန်ဖြစ်ပွားနေချိန်မှာ ပီဇာအစိတ်တစ်ခုက မန်ချက်စတာယူနိုက်တက်နည်းပြ ဖာဂူဆန်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Sky Sport ရဲ့ A League of Their Own တီဗီရှိုးမှာ ဖာဘရီဂတ်စ်က အဲဒီအပြုအမူဟာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပြီး အာဆင်ဝင်းဂါးကလည်း နစ္စတယ်ရွိုင်းလ်နဲ့ပတ်သက်ပြီး ပေးခဲ့တဲ့မှတ်ချက်ကြောင့် ဒဏ်ရိုက်ခံခဲ့သလို ဒတ်ချ်တိုက်စစ်မှူးကလည်း ဖျက်ထုတ်မှုအတွက် ၃ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်။

၄။ ဘောင်ယာနဲ့ ဒိုင်ယာတို့ရဲ့ လက်ဝှေ့ပွဲ

၂၀၀၅ ခုနှစ်တုန်းက နယူးကာဆယ်လ် အသင်းဖော်တွေဖြစ်တဲ့ လီး ဘောင်ယာနဲ့ ကီရွန် ဒိုင်ယာတို့ကြား ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ပရိသတ်တွေ မှတ်မိကြဦးမှာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ စကားများခဲ့ကြပြီးနောက် စတီဗင် တေလာရဲ့ ဟာသဆန်တဲ့ အနီကတ်အပြီး အက်စတန် ဗီလာကို ၃-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ လက်ဝှေ့ပွဲစတင်ခဲ့တာဖြစ်ပါတယ်။ ဘောင်ယာက ဒိုင်ယာက ၎င်းကို ဘောလုံးတမင်မပေးဘဲ နေခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက် ကွင်းလယ်မှာ အသင်းဖော်အချင်းချင်း အင်္ကျီတွေပါ ပြဲတဲ့အထိ ထိုးကြိတ်ခဲ့ကြလို့ အသင်းခေါင်းဆောင် အလန်ရှီးယားရားနဲ့ အက်စတန် ဗီလာကြယ်ပွင့် ဂါရတ် ဘယ်ရီတို့က ဝင်ဆွဲခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်လ်အသင်းဟာ အဲဒီဖြစ်စဉ်ကြောင့် ကွင်းလယ်ကစားသမား ၂ ဦးနဲ့ နည်းပြဆောင်းနက်စ်ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ဘောင်ယာနဲ့ ဒိုင်ယာတို့ဟာ ပရိသတ်တွေနဲ့ အသင်းကို ပြန်လည်တောင်းပန်ခဲ့ကြပါတယ်။ လီး ဘောင်ယာက ၇ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၃ သောင်းအပြင် အသင်းက တပ်ရိုက်တဲ့ ဒဏ်ကြေး ပေါင် ၂၁၀၀၀၀ ကိုပါ ပေးဆောင်ခဲ့ရပြီး ဒိုင်ယာကတော့ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

၅။ တယ်ရီနဲ့ ဘရစ်ချ်တို့ကြားက နှလုံးသားတိုက်ပွဲ

တယ်ရီနဲ့ ဝိန်း ဘရစ်ချ်တို့ဟာ လူမှုရေး အရှုပ်တော်ပံကြီး ပေါ်မလာခင်အချိန်အထိ အင်္ဂလန်နဲ့ ချဲလ်ဆီးအသင်းဖော်တွေဖြစ်တာကြောင့် ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ကြသူတွေဖြစ်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အကြီးမားဆုံးအရှုပ်တော်ပုံတွေထဲက တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ ဂျွန် တယ်ရီဟာ ဝိန်း ဘရစ်ချ်ရဲ့ ဘဝလက်တွဲဖော် ဗနက်ဆာ ပါရွန်ဆယ်လ်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ခိုးစားခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းခေါင်းဆောင်ကိုယ်တိုင်ကလည်း ဇနီးဖြစ်သူ တိုနီနဲ့ လက်ထပ်ထားပြီးဖြစ်တာကြောင့် လူမှုရေးအရှုပ်အထွေးတွေက စတမ်းဖို့ ဘရစ်ချ်မှာ စိတ်ဝမ်းကွဲစရာတွေဖြစ်လာစေခဲ့ပါတယ်။ တယ်ရီနဲ့ ဝိန်း ဘရစ်ချ်တို့ရဲ့ ဆက်ဆံရေးဟာ အရင်အတိုင်း လုံးဝ ပြန်မဖြစ်လာတော့ဘဲ ဘယ်နောက်ခံလူဟာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပြီး နောက်ထပ် လအနည်းငယ်အကြာမှာ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တွေ့ဆုံခဲ့ချိန်မှာ ဝိန်း ဘရစ်ချ်က ချဲလ်ဆီးအသင်းဖော်ဟောင်းရဲ့ ငြိမ်းချမ်းရေးယူဖို့ လက်ကမ်းပေးမှုကို ငြင်းပယ်ခဲ့ပြီး ကမ္ဘာ့ရန်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ကမာၻေပၚမွာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးၿပိဳင္ပြဲျဖစ္တာေၾကာင့္ အျငင္းပြားစရာအေကာင္းဆုံး အခိုက္အတန႔္ေတြလည္း အမ်ားအျပားရွိခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေဘာလုံးၿပိဳင္ပြဲကို အပတ္တိုင္း တက္ေရာက္ၾကည့္ရႈခဲ့ၾကေပမယ့္လည္း အခ်ိဳ႕အခ်ိန္ေတြမွာေတာ့ လွပတဲ့ ကစားပြဲထဲက အ႐ုပ္ဆိုးအက်ည္းတန္တဲ့ ျဖစ္ရပ္ေတြလည္း ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဆြာရက္ဇ္၊ မန္ယူႏိုက္တက္ဂႏၲဝင္ ကန္တိုနာတို႔ရဲ႕ ျဖစ္စဥ္မ်ိဳးေတြက သာဓကပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္မွာ ျဖစ္ပ်က္ခဲ့ဖူးတဲ့ အျငင္းပြားစရာအေကာင္းဆုံး အခိုက္အတန႔္ ၅ ခုမွာ ဘယ္ကစားသမားေတြ၊ ဘယ္အသင္းသားေတြ ပါဝင္ပတ္သက္ခဲ့လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိုင္ဗန္ႏိုဗစ္ကို ကိုက္ခဲ့တဲ့ ဆြာရက္ဇ္

ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ၂၀၁၃ ခုႏွစ္ ဧၿပီလတုန္းက ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ ဆြာရက္ဇ္က ေထာင့္ကန္ေဘာအတြက္ ေနရာယူေနခ်ိန္မွာ လူကပ္ကစားဖို႔ ႀကိဳးပမ္းခဲ့တဲ့ အိုင္ဗန္ႏိုဗစ္ရဲ႕ ပုခုံးကို ကိုက္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးေနာက္ခံလူက ဆြာရက္ဇ္ကိုက္ထားတဲ့ သြားရာကိုပါ ဒိုင္လူႀကီး ကီဗင္ ဖရန႔္ဒ္ကို ျပသခဲ့ေပမယ့္လည္း လီဗာပူးလ္တိုက္စစ္မႉးဟာ ကြင္းထဲမွာ ဆက္ရွိေနခဲ့ၿပီး ၉၈ မိနစ္မွာ လီဗာပူးလ္အတြက္ ေခ်ပဂိုးကိုပါ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ႐ုပ္သံအေႏွးျပကြက္ေတြမွာ ဘာျဖစ္ပ်က္ခဲ့လဲဆိုတာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ဆြာရက္ဇ္ဟာ အက္ဖ္ေအရဲ႕ ၁၀ ပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ရၿပီး အားကစားေလာကမွာလည္း ျပစ္တင္ေဝဖန္မႈေတြ ေတာ္ေတာ္ေလး ခံခဲ့ရေပမယ့္ အဲဒီတစ္ႀကိမ္က ဥ႐ုေဂြးတိုက္စစ္မႉးရဲ႕ ကိုက္တတ္တဲ့အက်င့္ကို ျမင္ေတြ႕ခဲ့ရတဲ့ ေနာက္ဆုံးအႀကိမ္ေတာ့မဟုတ္ခဲ့တာျဖစ္ပါတယ္။

၂။ ကန္တိုနာရဲ႕ ကြန္ဖူးကန္ခ်က္

အဲရစ္ ကန္တိုနာဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ပါရမီရွင္ျဖစ္ခဲ့ေပမယ့္ အခ်ိန္မေ႐ြး ျပႆနာ ထရွာႏိုင္တယ္ဆိုတဲ့ ခံစားမႈမ်ိဳးကလည္း ရွိေနခဲ့တာျဖစ္ပါတယ္။ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕အသင္းဟာ ၁၉၉၅ ခုႏွစ္မွာ ျပင္သစ္တိုက္စစ္မႉး စိတ္လြတ္သြားတဲ့အခ်ိန္မွာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ခရစၥတယ္ ပဲေလ့စ္ကစားသမား ရစ္ခ်က္ ေရွာကို ကန္ခဲ့တဲ့အတြက္ အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရၿပီးျဖစ္တဲ့ ကန္တိုနာဟာ ပြဲစဥ္တေလွ်ာက္လုံး အိမ္ကြင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္တိုက္ခိုက္မႈေတြ ခံခဲ့ရတဲ့အတြက္ ေဒါသေပါက္ကြဲေနခဲ့တာျဖစ္ပါတယ္။ ကန္တိုနာဟာ ဥမင္ေလွ်ာက္လမ္းထဲကို မဆင္းခင္မွာ အိမ္ကြင္းပရိသတ္ေတြရဲ႕ တိုက္ခိုက္ေစာ္ကားျခင္းကို တသီတတန္းႀကီး ရရွိခဲ့ၿပီး အထူးသျဖင့္ မက္သ႐ူး ဆင္မြန္ဆိုတဲ့ ပရိသတ္တစ္ဥိးကို ေတာ္ေတာ္ေလး မ်က္စိစပါးေမႊးစူးေနခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပင္သစ္တိုက္စစ္မႉးဟာ ေၾကာ္ျငာဘုတ္ျပားေပၚကို လႊားခနဲေက်ာ္ၿပီး ဆင္မြန္ကို ကြန္ဖူးကန္ခ်က္နဲ႔ ကန္ခဲ့တာျဖစ္ၿပီး အဲဒီလုပ္ရပ္ေၾကာင့္ ေဘာလုံးၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ ၿပိဳင္ပြဲအားလုံးမွာ ပါဝင္ခြင့္ ၈ လ ပိတ္ခံခဲ့ရၿပီး လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို နာရီ ၁၂၀ လုပ္ေဆာင္ဖို႔ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

၃။ ပီဇာဂိတ္

ဆာအဲလက္စ္ ဖာဂူဆန္-ဖိနပ္ပ်ံ-ပီဇာ။ လက္ရွိမွာ ဘူေဖးတိုက္ပြဲလို႔ အမည္ေပးခံခဲ့ရတဲ့ ၂၀၀၄ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္မွာ အမွန္တကယ္ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြက အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္တို႔ၾကား ၿပိဳင္ဆိုင္မႈေတြမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ စာမ်က္ႏွာေတြမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ရွိေနဆဲျဖစ္ပါတယ္။ ၄၉ ပြဲအထိ ရႈံးပြဲမရွိခ့တဲ့ေနာက္ ဂန္းနားေတြဟာ မန္ခ်က္စတာက ျပင္းထန္တဲ့တိုက္ပြဲမွာ စံခ်ိန္ေကာင္း အဆုံးသတ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ နစၥတယ္႐ြိဳင္းလ္ရဲ႕ ပင္နယ္တီနဲ႔ ဝိန္း ႐ူနီရဲ႕ သြင္းဂိုးေတြေၾကာင့္ အိမ္ရွင္ မန္ယူႏိုက္တက္တို႔က ၂-၀ နဲ႔ အႏိုင္ရခဲ့ေပမယ့္ ႏွစ္သင္းၾကားက ခါးသီးတဲ့ တိုက္ပြဲေတြဟာ ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္ ဥမင္ေလွ်ာက္လမ္းထဲ ဆင္းခ်ိန္မွာ ဆက္လက္ ျဖစ္ပြားခ့တာျဖစ္ပါတယ္။ နစၥတယ္႐ြိဳင္းလ္ရဲ႕ အက္ရွ္ေလ ကိုးအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈက အျပစ္ေပးမခံခဲ့ရတဲ့ေနာက္ ႏွစ္ဖက္အသင္းၾကား တင္းမာမႈေတြ ျမင့္တက္ခဲ့တာျဖစ္ၿပီး ႏွစ္ဖက္အသင္းသားေတြ ခိုက္ရန္ျဖစ္ပြားေနခ်ိန္မွာ ပီဇာအစိတ္တစ္ခုက မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဖာဂူဆန္ကို ထိမွန္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Sky Sport ရဲ႕ A League of Their Own တီဗီရႈိးမွာ ဖာဘရီဂတ္စ္က အဲဒီအျပဳအမူဟာ ဆိုးဆိုး႐ြား႐ြားျဖစ္ခဲ့တယ္လို႔ ဝန္ခံခဲ့တာျဖစ္ၿပီး အာဆင္ဝင္းဂါးကလည္း နစၥတယ္႐ြိဳင္းလ္နဲ႔ပတ္သက္ၿပီး ေပးခဲ့တဲ့မွတ္ခ်က္ေၾကာင့္ ဒဏ္႐ိုက္ခံခဲ့သလို ဒတ္ခ်္တိုက္စစ္မႉးကလည္း ဖ်က္ထုတ္မႈအတြက္ ၃ ပြဲပယ္ျပစ္ဒဏ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

၄။ ေဘာင္ယာနဲ႔ ဒိုင္ယာတို႔ရဲ႕ လက္ေဝွ႔ပြဲ

၂၀၀၅ ခုႏွစ္တုန္းက နယူးကာဆယ္လ္ အသင္းေဖာ္ေတြျဖစ္တဲ့ လီး ေဘာင္ယာနဲ႔ ကီ႐ြန္ ဒိုင္ယာတို႔ၾကား ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ကို ပရိသတ္ေတြ မွတ္မိၾကဦးမွာျဖစ္ၿပီး ေလ့က်င့္ေရးကြင္းမွာ စကားမ်ားခဲ့ၾကၿပီးေနာက္ စတီဗင္ ေတလာရဲ႕ ဟာသဆန္တဲ့ အနီကတ္အၿပီး အက္စတန္ ဗီလာကို ၃-၀ နဲ႔ ရႈံးနိမ့္ေနခ်ိန္မွာ လက္ေဝွ႔ပြဲစတင္ခဲ့တာျဖစ္ပါတယ္။ ေဘာင္ယာက ဒိုင္ယာက ၎ကို ေဘာလုံးတမင္မေပးဘဲ ေနခဲ့တယ္လို႔ စြပ္စြဲခဲ့ၿပီးေနာက္ ကြင္းလယ္မွာ အသင္းေဖာ္အခ်င္းခ်င္း အက်ႌေတြပါ ၿပဲတဲ့အထိ ထိုးႀကိတ္ခဲ့ၾကလို႔ အသင္းေခါင္းေဆာင္ အလန္ရွီးယားရားနဲ႔ အက္စတန္ ဗီလာၾကယ္ပြင့္ ဂါရတ္ ဘယ္ရီတို႔က ဝင္ဆြဲခဲ့ရတာျဖစ္ပါတယ္။ နယူးကာဆယ္လ္အသင္းဟာ အဲဒီျဖစ္စဥ္ေၾကာင့္ ကြင္းလယ္ကစားသမား ၂ ဦးနဲ႔ နည္းျပေဆာင္းနက္စ္ပါဝင္တဲ့ သတင္းစာရွင္းလင္းပြဲကို ျပဳလုပ္ခဲ့ၿပီး ေဘာင္ယာနဲ႔ ဒိုင္ယာတို႔ဟာ ပရိသတ္ေတြနဲ႔ အသင္းကို ျပန္လည္ေတာင္းပန္ခဲ့ၾကပါတယ္။ လီး ေဘာင္ယာက ၇ ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေၾကး ေပါင္ ၃ ေသာင္းအျပင္ အသင္းက တပ္႐ိုက္တဲ့ ဒဏ္ေၾကး ေပါင္ ၂၁၀၀၀၀ ကိုပါ ေပးေဆာင္ခဲ့ရၿပီး ဒိုင္ယာကေတာ့ ၃ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

၅။ တယ္ရီနဲ႔ ဘရစ္ခ်္တို႔ၾကားက ႏွလုံးသားတိုက္ပြဲ

တယ္ရီနဲ႔ ဝိန္း ဘရစ္ခ်္တို႔ဟာ လူမႈေရး အရႈပ္ေတာ္ပံႀကီး ေပၚမလာခင္အခ်ိန္အထိ အဂၤလန္နဲ႔ ခ်ဲလ္ဆီးအသင္းေဖာ္ေတြျဖစ္တာေၾကာင့္ ခ်စ္ခင္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ရွိခဲ့ၾကသူေတြျဖစ္ခဲ့ေပမယ့္ ၂၀၁၀ ခုႏွစ္မွာ အဂၤလိပ္ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံးအရႈပ္ေတာ္ပုံေတြထဲက တစ္ခု ျဖစ္ပ်က္ခဲ့ပါတယ္။ ဂြၽန္ တယ္ရီဟာ ဝိန္း ဘရစ္ခ်္ရဲ႕ ဘဝလက္တြဲေဖာ္ ဗနက္ဆာ ပါ႐ြန္ဆယ္လ္နဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ ခိုးစားခဲ့ၾကတယ္ဆိုတဲ့ စြပ္စြဲမႈေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ကိုယ္တိုင္ကလည္း ဇနီးျဖစ္သူ တိုနီနဲ႔ လက္ထပ္ထားၿပီးျဖစ္တာေၾကာင့္ လူမႈေရးအရႈပ္အေထြးေတြက စတမ္းဖို႔ ဘရစ္ခ်္မွာ စိတ္ဝမ္းကြဲစရာေတြျဖစ္လာေစခဲ့ပါတယ္။ တယ္ရီနဲ႔ ဝိန္း ဘရစ္ခ်္တို႔ရဲ႕ ဆက္ဆံေရးဟာ အရင္အတိုင္း လုံးဝ ျပန္မျဖစ္လာေတာ့ဘဲ ဘယ္ေနာက္ခံလူဟာ မန္စီးတီးကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ေနာက္ထပ္ လအနည္းငယ္အၾကာမွာ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံခဲ့ခ်ိန္မွာ ဝိန္း ဘရစ္ခ်္က ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္းရဲ႕ ၿငိမ္းခ်မ္းေရးယူဖို႔ လက္ကမ္းေပးမႈကို ျငင္းပယ္ခဲ့ၿပီး ကမာၻ႔ရန္အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.