Match Report Premier League

ႏွစ္ပြဲဆက္တုိက္ကစားခဲ့ရတဲ့ ဘ႐ုိက္တန္ကို ဖလားပြဲမွာ အလြယ္တကူအႏုိင္ယူတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာေတာ့ တုိက္စစ္ပိုင္းက ကစားသမားအားလုံးကို အနားေပးထားခဲ့ၿပီး အရန္အမ်ားစု ပါဝင္တဲ့ လူစာရင္းနဲ႔ Amex ကြင္းမွာ ပြဲထြက္လာခဲ့သလို အိမ္ရွင္ ဘ႐ိုက္တန္တုိ႔ကလည္း အဓိက ကစားသမားငါးဦးေလာက္ကို ခ်န္လွပ္ထားခဲ့တာေၾကာင့္ ႏွစ္ပြဲဆက္ႏိုင္ပြဲျဖစ္လာဖို႔ ဦးတည္ခဲ့ပါတယ္။

ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ ဒါေလာ့၊ ဘုိင္လီ၊ လင္ဒီေလာ့ဖ္၊ ဝီလီယမ္စ္၊ ကြင္းလယ္မွာ ဖရက္နဲ႔ မက္ေတာ္မီေနးတုိ႔ေရွ႕က ဗန္ဒဘိခ္နဲ႔ တုိက္စစ္မွာ မာတာ၊ ဂ်ိမ္းစ္နဲ႔ အီဂါလိုတုိ႔ ကစားခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီေန႔မွာေတာ့ ပုိမုိအသားက်လာတဲ့ ပုံစံနဲ႔ ႐ုန္းကန္ရမွဳ နည္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ကြင္းလယ္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ မာတာက ေဘာလုံးကိုင္ကစားၿပီး ဖန္တီးေပးခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ မာတာရဲ႕ အနိမ့္ေဘာေပးပုိ႔မွဳကို အီဂါလို အဆုံးမသတ္ႏုိင္ဘဲ လြဲေခ်ာ္ေနခဲ့တာက အသင္းအေနနဲ႔ အေထာင္တုိက္စစ္မွဴးတစ္ဦး ေခၚယူသင့္ၿပီလို႔ သတိေပးလုိက္သလိုလည္းျဖစ္ခဲ့ပါတယ္။

အီဂါလိုကေတာ့ အငွားစာခ်ဳပ္ သက္တမ္းတုိးၿပီးကတည္းက ဂိုးေပါက္ေပ်ာက္ေနခဲ့တာျဖစ္ၿပီး ယူႏုိက္တက္တို႔အတြက္ ပထမဂိုးကိုေတာ့ ပြဲခ်ိန္ ၄၄ မိနစ္မွာ မာတာရဲ႕ ဖရီးကစ္ကို တင္ေပးတာကေန ကြင္းလယ္လူ မက္ေတာ္မီေနးက ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ကြင္းလယ္လူ ဖရက္ရဲ႕ ကစားအားနဲ႔ ကန္ခ်က္ေတြ ေကာင္းမြန္ခဲ့ၿပီး ဗန္ဒဘိခ္ကေတာ့ အနည္းငယ္ ႐ုန္းကန္ေနခဲ့ရသလို ဟြမ္မာတာရဲ႕ သမာၻနဲ႔ အကြက္ျမင္မွဳေတြကေတာ့ ယူႏုိက္တက္တုိ႔ကို ထိေရာက္တဲ့ ကစားပုံကို ေပးစြမ္းႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဘယ္ေတာင္ပံကို ေဘာလုံးေပးပစ္ခဲ့ၿပီး ေရွ႕တက္သြားခဲ့တဲ့ မာတာရဲ႕ ေပးလမ္းေၾကာင္းထဲကို ဗန္ဒဘိခ္က ေနာက္ေပါက္နဲ႔ ခ်ိတ္ေပးခဲ့လို႔ မာတာပဲ ေဘာလုံးျပန္ရခဲ့ၿပီး ေနာက္ခံလူ သုံးဦးၾကားကေန ဟာကြက္ကို ေခ်ာင္းၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဘ႐ိုက္တန္ အရန္ဂိုးသမား ေဂ်ဆန္ စတီးလ္ မကာကြယ္ႏုိင္ခဲ့လို႔ ယူႏုိက္တက္တုိ႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဂ်ိမ္းစ္ေနရာမွာ လူစားဝင္လာခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာက ဂိုးဧရိယာထိပ္ ဘယ္ဘက္ျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို တုိက္႐ိုက္ကန္သြင္းယူခဲ့လုိ႔ တတိယဂိုး ထပ္ရခဲ့ၿပီး အေဝးကြင္း Amex မွာ ႏွစ္ပြဲစလုံးကို သုံးဂိုးသြင္းၿပီး ေအာင္ပြဲခံႏုိင္ခဲ့တဲ့အျပင္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ပွဲမှာတော့ တိုက်စစ်ပိုင်းက ကစားသမားအားလုံးကို အနားပေးထားခဲ့ပြီး အရန်အများစု ပါဝင်တဲ့ လူစာရင်းနဲ့ Amex ကွင်းမှာ ပွဲထွက်လာခဲ့သလို အိမ်ရှင် ဘရိုက်တန်တို့ကလည်း အဓိက ကစားသမားငါးဦးလောက်ကို ချန်လှပ်ထားခဲ့တာကြောင့် နှစ်ပွဲဆက်နိုင်ပွဲဖြစ်လာဖို့ ဦးတည်ခဲ့ပါတယ်။

ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ ဒါလော့၊ ဘိုင်လီ၊ လင်ဒီလော့ဖ်၊ ဝီလီယမ်စ်၊ ကွင်းလယ်မှာ ဖရက်နဲ့ မက်တော်မီနေးတို့ရှေ့က ဗန်ဒဘိခ်နဲ့ တိုက်စစ်မှာ မာတာ၊ ဂျိမ်းစ်နဲ့ အီဂါလိုတို့ ကစားခဲ့တဲ့ ယူနိုက်တက်ဟာ ဒီနေ့မှာတော့ ပိုမိုအသားကျလာတဲ့ ပုံစံနဲ့ ရုန်းကန်ရမှု နည်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ကွင်းလယ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မာတာက ဘောလုံးကိုင်ကစားပြီး ဖန်တီးပေးခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာတော့ မာတာရဲ့ အနိမ့်ဘောပေးပို့မှုကို အီဂါလို အဆုံးမသတ်နိုင်ဘဲ လွဲချော်နေခဲ့တာက အသင်းအနေနဲ့ အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်ပြီလို့ သတိပေးလိုက်သလိုလည်းဖြစ်ခဲ့ပါတယ်။

အီဂါလိုကတော့ အငှားစာချုပ် သက်တမ်းတိုးပြီးကတည်းက ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့အတွက် ပထမဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ မာတာရဲ့ ဖရီးကစ်ကို တင်ပေးတာကနေ ကွင်းလယ်လူ မက်တော်မီနေးက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကွင်းလယ်လူ ဖရက်ရဲ့ ကစားအားနဲ့ ကန်ချက်တွေ ကောင်းမွန်ခဲ့ပြီး ဗန်ဒဘိခ်ကတော့ အနည်းငယ် ရုန်းကန်နေခဲ့ရသလို ဟွမ်မာတာရဲ့ သမ္ဘာနဲ့ အကွက်မြင်မှုတွေကတော့ ယူနိုက်တက်တို့ကို ထိရောက်တဲ့ ကစားပုံကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ကွင်းလယ်ကနေ ဘယ်တောင်ပံကို ဘောလုံးပေးပစ်ခဲ့ပြီး ရှေ့တက်သွားခဲ့တဲ့ မာတာရဲ့ ပေးလမ်းကြောင်းထဲကို ဗန်ဒဘိခ်က နောက်ပေါက်နဲ့ ချိတ်ပေးခဲ့လို့ မာတာပဲ ဘောလုံးပြန်ရခဲ့ပြီး နောက်ခံလူ သုံးဦးကြားကနေ ဟာကွက်ကို ချောင်းပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဘရိုက်တန် အရန်ဂိုးသမား ဂျေဆန် စတီးလ် မကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဂျိမ်းစ်နေရာမှာ လူစားဝင်လာခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာက ဂိုးဧရိယာထိပ် ဘယ်ဘက်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းယူခဲ့လို့ တတိယဂိုး ထပ်ရခဲ့ပြီး အဝေးကွင်း Amex မှာ နှစ်ပွဲစလုံးကို သုံးဂိုးသွင်းပြီး အောင်ပွဲခံနိုင်ခဲ့တဲ့အပြင် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.