Match Report Premier League

ဂိုးျပတ္အႏုိင္နဲ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းဟာ ဒီဖလားပြဲကို သူတုိ႔ရဲ႕ ေအာင္ေျမတစ္ခုအျဖစ္ မွတ္ယူထားပုံရၿပီး လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔ လူငယ္အခ်ဳိ႕ကလြဲရင္ ကစားသမားေကာင္းေတြျဖစ္တဲ့ လာေပါ့တ္၊ ဖာနန္ဒင္ညဳိ၊ ဒီဘ႐ိုင္းနား၊ စတာလင္၊ မာရက္ဇ္တို႔ကို ထည့္သြင္းၿပီး လူစုံထုတ္ကစားလာခဲ့ပါတယ္။ သူတုိ႔နဲ႔စာရင္ အိမ္ရွင္ ဘန္ေလကမွ အရန္ေတြကို ထည့္ကစားခဲ့တာပါ။

လက္စတာနဲ႔ပြဲက အရွဳံးကုိ ျပန္လည္ႏွစ္သိမ့္ႏုိင္ဖို႔ မန္စီးတီးဟာ ဒီေန႔ပြဲကို အားထည့္ကစားခဲ့ၿပီး လူမစုံတဲ့ ဘန္ေလကို ဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပုိင္းမွာေတာ့ တုိက္စစ္မွဴးစစ္စစ္မပါတဲ့ စုဖြဲ႕မွဳက အနည္းငယ္ အားနည္းခ်က္ေတြ ရွိေနတဲ့အတြက္ ပထမပုိင္းမွာ တစ္ဂိုးသာ ရရွိခဲ့ပါတယ္။

ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၃၆ မိနစ္မွာ အဆုံးသတ္ဖို႔ကို အဓိက တာဝန္ယူကစားတဲ့ စတာလင္က ေနာက္ခံလူ မန္ဒီရဲ႕ ဘယ္ေတာင္ပံက အနိမ့္ေဘာခ်ဳိးေပးခဲ့တာကို ဘန္ေလကစားသမားေတြရဲ႕ မာကင္ကေန လြတ္ထြက္ေနတာကို အခြင့္ေကာင္းယူၿပီး အဆုံးသတ္ႏုိင္ခဲ့လုိ႔ ပထမပုိင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ စီးတီးတုိ႔ ဦးေဆာင္ခဲ့ပါတယ္။

ဘန္ေလဂိုးသမား ပီးေကာ့-ဖာရဲလ္ကေတာ့ ကာကြယ္မွဳေတြ အေတာ္ေကာင္းခဲ့လုိ႔ စီးတီးတို႔ ထင္သေလာက္ ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပုိင္း ၄၉ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနား ခင္းေပးတာကို ဖယ္ရန္ ေတာရက္စ္က ျပန္ခ်ဳိးေပးတာကတစ္ဆင့္ စတာလင္က အသာအယာ ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းအတြင္းမွာ ဒီဘ႐ိုင္းနားအစား ဒဏ္ရာက သက္သာလာခဲ့တဲ့ ဘာနာဒို ေဆးလ္ဗား လူစားဝင္ကစားခဲ့ၿပီး ေျခစြမ္းျပႏုိင္ခဲ့သလို ေဝၚလ္ကာနဲ႔ ႐ိုဒရီတုိ႔ ေနရာေတြမွာေတာ့ ဟားဝုဒ္-ဘဲလစၥနဲ႔ နာသန္ ေအကီတုိ႔က ဝင္ေရာက္ကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ တုိက္စစ္ဆင္ ထိုးေဖာက္လာခဲ့တဲ့ စတာလင္နဲ႔ ဘန္ေလေနာက္တန္းတုိ႔ ခ်ိတ္မိၿပီး လဲက်ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ဖယ္ရန္ ေတာရက္စ္က သူ႕ရဲ႕ မန္စီးတီးနဲ႔ ပထမဆုံးသြင္းဂိုးကုိ သပ္သပ္ရပ္ရပ္ ရယူသြားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာလည္း စီးတီးတုိ႔ တုိက္စစ္ဆင္ခဲ့ေသးေပမယ့္ ဂိုးေတာ့ ထပ္မရခဲ့ဘဲ တစ္ပြဲလုံးရဲ႕ ေဘာလုံးပုိင္ဆုိင္မွဳ ၆၂ ရာခိုင္ႏွဳန္း၊ ကန္သြင္းခြင့္ ၁၅ ႀကိမ္၊ ဂိုးေပါက္တည့္မွဳ ၈ ႀကိမ္မွာ ၃ ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို ေအာင္ပြဲခံတက္ေရာက္သြားႏုိင္ခဲ့ၿပီျဖစ္ေၾကာင္းနဲ႔ အေကာင္းဆုံးကစားသမားဆုကိုေတာ့ ဖယ္ရန္ ေတာရက္စ္က ရရွိသြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: MANCHESTER CITY TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းဟာ ဒီဖလားပွဲကို သူတို့ရဲ့ အောင်မြေတစ်ခုအဖြစ် မှတ်ယူထားပုံရပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လူငယ်အချို့ကလွဲရင် ကစားသမားကောင်းတွေဖြစ်တဲ့ လာပေါ့တ်၊ ဖာနန်ဒင်ညို၊ ဒီဘရိုင်းနား၊ စတာလင်၊ မာရက်ဇ်တို့ကို ထည့်သွင်းပြီး လူစုံထုတ်ကစားလာခဲ့ပါတယ်။ သူတို့နဲ့စာရင် အိမ်ရှင် ဘန်လေကမှ အရန်တွေကို ထည့်ကစားခဲ့တာပါ။

လက်စတာနဲ့ပွဲက အရှုံးကို ပြန်လည်နှစ်သိမ့်နိုင်ဖို့ မန်စီးတီးဟာ ဒီနေ့ပွဲကို အားထည့်ကစားခဲ့ပြီး လူမစုံတဲ့ ဘန်လေကို ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ တိုက်စစ်မှူးစစ်စစ်မပါတဲ့ စုဖွဲ့မှုက အနည်းငယ် အားနည်းချက်တွေ ရှိနေတဲ့အတွက် ပထမပိုင်းမှာ တစ်ဂိုးသာ ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ အဆုံးသတ်ဖို့ကို အဓိက တာဝန်ယူကစားတဲ့ စတာလင်က နောက်ခံလူ မန်ဒီရဲ့ ဘယ်တောင်ပံက အနိမ့်ဘောချိုးပေးခဲ့တာကို ဘန်လေကစားသမားတွေရဲ့ မာကင်ကနေ လွတ်ထွက်နေတာကို အခွင့်ကောင်းယူပြီး အဆုံးသတ်နိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ စီးတီးတို့ ဦးဆောင်ခဲ့ပါတယ်။

ဘန်လေဂိုးသမား ပီးကော့-ဖာရဲလ်ကတော့ ကာကွယ်မှုတွေ အတော်ကောင်းခဲ့လို့ စီးတီးတို့ ထင်သလောက် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၄၉ မိနစ်မှာတော့ ဒီဘရိုင်းနား ခင်းပေးတာကို ဖယ်ရန် တောရက်စ်က ပြန်ချိုးပေးတာကတစ်ဆင့် စတာလင်က အသာအယာ ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအတွင်းမှာ ဒီဘရိုင်းနားအစား ဒဏ်ရာက သက်သာလာခဲ့တဲ့ ဘာနာဒို ဆေးလ်ဗား လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဝေါ်လ်ကာနဲ့ ရိုဒရီတို့ နေရာတွေမှာတော့ ဟားဝုဒ်-ဘဲလစ္စနဲ့ နာသန် အေကီတို့က ဝင်ရောက်ကစားခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ တိုက်စစ်ဆင် ထိုးဖောက်လာခဲ့တဲ့ စတာလင်နဲ့ ဘန်လေနောက်တန်းတို့ ချိတ်မိပြီး လဲကျရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ဖယ်ရန် တောရက်စ်က သူ့ရဲ့ မန်စီးတီးနဲ့ ပထမဆုံးသွင်းဂိုးကို သပ်သပ်ရပ်ရပ် ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာလည်း စီးတီးတို့ တိုက်စစ်ဆင်ခဲ့သေးပေမယ့် ဂိုးတော့ ထပ်မရခဲ့ဘဲ တစ်ပွဲလုံးရဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်း၊ ကန်သွင်းခွင့် ၁၅ ကြိမ်၊ ဂိုးပေါက်တည့်မှု ၈ ကြိမ်မှာ ၃ ဂိုးနဲ့ပဲ ပြီးဆုံးခဲ့ရပြီး ကွာတားဖိုင်နယ်အဆင့်ကို အောင်ပွဲခံတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဖယ်ရန် တောရက်စ်က ရရှိသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: MANCHESTER CITY TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.