Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁.၁၀.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမွဳေတြဟာ သူတုိ႔ရဲ႕ ကစားသမားရဲ႕ အရည္အေသြးနဲ႔ ထိုက္တန္မွဳ မရွိဘူးလို႔ လီယြန္ဥကၠဌ ယြန္း-မီရွယ္ အုိလာ ထုတ္ေဖာ္လိုက္ၿပီး လာမယ့္ ေသာၾကာေန႔ညေနအမီ အၿပီးသတ္ကမ္းလွမ္းဖို႔ ေနာက္ဆုံးအခ်ိန္သတ္မွတ္သြားခဲ့။

– ကာရာေဘာင္းဖလားပြဲမွာလည္း အာဆင္နယ္တုိ႔ လီဗာပူးလ္ကို ဒုကၡေပးႏုိင္မွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္တုန္းကလုိပဲ အန္းဖီးလ္မွာ အိမ္ရွင္ေတြပဲ လိုခ်င္တဲ့ အႏိုင္ရလဒ္ကို ရယူၿပီး ေအာင္ပြဲခံလိမ့္မယ္လုိ႔ မုိက္ကယ္ အုိဝင္ ခန္႔မွန္း။

– အာဆင္နယ္ပရိသတ္ေတြကေတာ့ လူငယ္ေသြးသစ္ ဝီလီယမ္ ဆာလီဘာ ပြဲထြက္ကစားတာကို ေတြ႕ျမင္ခ်င္ေနၾကၿပီျဖစ္ၿပီး ေဒးဗစ္ လူးဝစ္ဇ္ကို သုံးေနတာကို ရပ္ၿပီး ဂါဘရီယယ္လ္နဲ႔ တြဲဖက္ပြဲထြက္လာဖို႔ အလိုရွိေနၾက။

– အာဆင္နယ္အသင္းရဲ႕ ေတာင္ပံနဲ႔ တုိက္စစ္ကစားသမားေတြ မ်ားျပားေနတာေၾကာင့္ လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ အီမီးလ္ စမစ္႐ိုးနဲ႔ ရီးစ္ နယ္လ္ဆန္တုိ႔အေနနဲ႔ ဒီရာသီမွာ အငွားထြက္ကစားရဖို႔ နီးစပ္ေန။

– အာဆင္နယ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဆိဒ္ ကိုလာစီနက္ခ်္နဲ႔ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္တုိ႔ အသင္းေျပာင္းျဖစ္မေျပာင္းျဖစ္ကေတာ့ မေသခ်ာေသးဘဲ ႀကံ့ခုိင္မွဳေတာ့ ျပန္ရေနၿပီျဖစ္လို႔ လီဗာပူးလ္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္။

– ေသာမတ္စ္ ပါေတးအေနနဲ႔ ဟူဆက္ကာနဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ေနာက္ဆုံးပြဲကို ကစားခဲ့ၿပီး ႏွဳတ္ဆက္ခဲ့တယ္လုိ႔ အာဆင္နယ္ပရိသတ္ေတြ လိုရာဆြဲေတြးေနၾကၿပီး လက္က်န္ရက္ပုိင္းမွာ ျဖစ္လာမလား ေစာင့္ၾကည့္ရမည္။

– အသင္းနဲ႔ အဆင္မေျပေတာ့တဲ့ ျပင္သစ္ ယူ-၂၁ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို အာဆင္နယ္အသင္းဆီကေန အငွားနဲ႔ ေခၚယူဖို႔ လီဂူးဝမ္းကလပ္ မာေဆးလ္ စိတ္ဝင္စားေနၿပီး ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ ဆြဲေဆာင္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေဟာ သူတို့ရဲ့ ကစားသမားရဲ့ အရည်အသွေးနဲ့ ထိုက်တန်မှု မရှိဘူးလို့ လီယွန်ဥက္ကဌ ယွန်း-မီရှယ် အိုလာ ထုတ်ဖော်လိုက်ပြီး လာမယ့် သောကြာနေ့ညနေအမီ အပြီးသတ်ကမ်းလှမ်းဖို့ နောက်ဆုံးအချိန်သတ်မှတ်သွားခဲ့။

– ကာရာဘောင်းဖလားပွဲမှာလည်း အာဆင်နယ်တို့ လီဗာပူးလ်ကို ဒုက္ခပေးနိုင်မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တုန်းကလိုပဲ အန်းဖီးလ်မှာ အိမ်ရှင်တွေပဲ လိုချင်တဲ့ အနိုင်ရလဒ်ကို ရယူပြီး အောင်ပွဲခံလိမ့်မယ်လို့ မိုက်ကယ် အိုဝင် ခန့်မှန်း။

– အာဆင်နယ်ပရိသတ်တွေကတော့ လူငယ်သွေးသစ် ဝီလီယမ် ဆာလီဘာ ပွဲထွက်ကစားတာကို တွေ့မြင်ချင်နေကြပြီဖြစ်ပြီး ဒေးဗစ် လူးဝစ်ဇ်ကို သုံးနေတာကို ရပ်ပြီး ဂါဘရီယယ်လ်နဲ့ တွဲဖက်ပွဲထွက်လာဖို့ အလိုရှိနေကြ။

– အာဆင်နယ်အသင်းရဲ့ တောင်ပံနဲ့ တိုက်စစ်ကစားသမားတွေ များပြားနေတာကြောင့် လူငယ်ကစားသမားတွေဖြစ်ကြတဲ့ အီမီးလ် စမစ်ရိုးနဲ့ ရီးစ် နယ်လ်ဆန်တို့အနေနဲ့ ဒီရာသီမှာ အငှားထွက်ကစားရဖို့ နီးစပ်နေ။

– အာဆင်နယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဆိဒ် ကိုလာစီနက်ချ်နဲ့ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်တို့ အသင်းပြောင်းဖြစ်မပြောင်းဖြစ်ကတော့ မသေချာသေးဘဲ ကြံ့ခိုင်မှုတော့ ပြန်ရနေပြီဖြစ်လို့ လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်။

– သောမတ်စ် ပါတေးအနေနဲ့ ဟူဆက်ကာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ နောက်ဆုံးပွဲကို ကစားခဲ့ပြီး နှုတ်ဆက်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေ လိုရာဆွဲတွေးနေကြပြီး လက်ကျန်ရက်ပိုင်းမှာ ဖြစ်လာမလား စောင့်ကြည့်ရမည်။

– အသင်းနဲ့ အဆင်မပြေတော့တဲ့ ပြင်သစ် ယူ-၂၁ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို အာဆင်နယ်အသင်းဆီကနေ အငှားနဲ့ ခေါ်ယူဖို့ လီဂူးဝမ်းကလပ် မာဆေးလ် စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ်ကစားခွင့်နဲ့ ဆွဲဆောင်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.