UCL&UEL

ကွာတားအဆင့်မဲခွဲမှုအပြီး ဗိုလ်စွဲမယ့်အသင်းကို အဖြေပေးခဲ့တဲ့ စူပါကွန်ပျူတာ

ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်တွေအပြီးမှာ အချက်အလက်လေ့လာဆန်းစစ်သူ FiveThirtyEight က ယခုရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့်အသင်းကို အဖြေထုတ်ပေးခဲ့ပါတယ်။

သောကြာနေ့မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲခဲ့ပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ကျရောက်ခဲ့တာကြောင့် တစ်သင်းနဲ့တစ်သင်း ရင်ဆိုင်ရနိုင်ခြေရှိနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ၃ သင်းနဲ့အတူ ကျရောက်ခဲ့ပြီး တစ်ဖက်မှာတော့ အီတလီ ၃ သင်းနဲ့ ပေါ်တူဂီ ၁ သင်းက ရှိနေတာ ဖြစ်ပါတယ်။

နာပိုလီ၊ အင်တာ၊ အေစီ၊ ဘင်ဖီကာတို့အတူတူ ကျရောက်နေတာကြောင့် အနည်းဆုံး တစ်သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အာမခံချက်ရှိနေပြီး ဗိုလ်လုပွဲတက်ရောက်ဖို့လည်း ၃ လေး ၄ လေး အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နောက်ဆုံး ချန်ပီယံလိဂ် အနိုင်ရရှိခဲ့သူ ၃ သင်းထဲက ၂ သင်းကို ကျော်ဖြတ်ရမှာဖြစ်ပြီး ဥရောပဖလားကို တစ်ကြိမ်မှ မရရရှိခဲ့ဖူးတာကြောင့် ကျန်တဲ့အသင်းတွေအားလုံးထက် အနိုင်ရနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုပေးခံထားရတာ ဖြစ်ပါတယ်။

အချက်အလက် လေ့လာဆန်းစစ်သူ FiveThirtyEight ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့ ၂၈ ရာခိုင်နှုန်း အခွင့်အရေးရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယအခွင့်အရေးအကောင်းဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ နာပိုလီအသင်းက ၁၇ ရာခိုင်နှုန်းနဲ့ တတိယအခွင့်အရေးအကောင်းဆုံးအသင်းဖြစ်နေပေမယ့်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေးမှာတော့ မန်စီးတီးက ၄၀ ရာခိုင်နှုန်းပဲ ရှိနေချိန်မှာ စီးရီးအေကလပ်အသင်း ၄၃ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။

FiveThirtyEight ရဲ့  တွက်ချက်မှုဟာ တစ်သင်းချင်းစီရဲ့ ဘက်ပေါင်းစုံ အားသာချက်၊ မျှော်မှန်းသွင်းဂိုး၊ ပေးဂိုးတွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး နာပိုလီရဲ့ ဆီမီးနဲ့ ဖိုင်နယ်တက်ဖို့ အခွင့်အရေးမြင့်မားနေမှုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက် အဆိုးရွားဆုံးဖြစ်ပြီး စီးရီးအေအမှတ်ပေးဇယားမှာ ရမှတ် ၂၀ အထိ ကွာဟနေတဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကြာတားဖိုင္နယ္အဆင့္ မဲခြဲရလဒ္ေတြအၿပီးမွာ အခ်က္အလက္ေလ့လာဆန္းစစ္သူ FiveThirtyEight က ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္မယ့္အသင္းကို အေျဖထုတ္ေပးခဲ့ပါတယ္။

ေသာၾကာေန႔မွာ ကြာတားဖိုင္နယ္အဆင့္နဲ႔ ဆီမီးဖိုင္နယ္အဆင့္အတြက္ မဲခြဲခဲ့ၿပီး လက္ရွိခ်န္ပီယံ ရီးရဲလ္မက္ဒရစ္က မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔အတူ က်ေရာက္ခဲ့တာေၾကာင့္ တစ္သင္းနဲ႔တစ္သင္း ရင္ဆိုင္ရႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္တုန္းက ဥေရာပခ်န္ပီယံျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္တဲ့ ၃ သင္းနဲ႔အတူ က်ေရာက္ခဲ့ၿပီး တစ္ဖက္မွာေတာ့ အီတလီ ၃ သင္းနဲ႔ ေပၚတူဂီ ၁ သင္းက ရွိေနတာ ျဖစ္ပါတယ္။

နာပိုလီ၊ အင္တာ၊ ေအစီ၊ ဘင္ဖီကာတို႔အတူတူ က်ေရာက္ေနတာေၾကာင့္ အနည္းဆုံး တစ္သင္းက ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ အာမခံခ်က္ရွိေနၿပီး ဗိုလ္လုပြဲတက္ေရာက္ဖို႔လည္း ၃ ေလး ၄ ေလး အခြင့္အေရးရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ေနာက္ဆုံး ခ်န္ပီယံလိဂ္ အႏိုင္ရရွိခဲ့သူ ၃ သင္းထဲက ၂ သင္းကို ေက်ာ္ျဖတ္ရမွာျဖစ္ၿပီး ဥေရာပဖလားကို တစ္ႀကိမ္မွ မရရရွိခဲ့ဖူးတာေၾကာင့္ က်န္တဲ့အသင္းေတြအားလုံးထက္ အႏိုင္ရႏိုင္ေျခ ၁၀ ရာခိုင္ႏႈန္း ပိုေပးခံထားရတာ ျဖစ္ပါတယ္။

အခ်က္အလက္ ေလ့လာဆန္းစစ္သူ FiveThirtyEight ရဲ႕ ေဖာ္ျပခ်က္အရ ဂြါဒီယိုလာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိဖို႔ ၂၈ ရာခိုင္ႏႈန္း အခြင့္အေရးရွိေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ ၁၈ ရာခိုင္ႏႈန္းနဲ႔ ဒုတိယအခြင့္အေရးအေကာင္းဆုံးအသင္းျဖစ္ေနတာျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းစြာနဲ႔ပဲ နာပိုလီအသင္းက ၁၇ ရာခိုင္ႏႈန္းနဲ႔ တတိယအခြင့္အေရးအေကာင္းဆုံးအသင္းျဖစ္ေနေပမယ့္လည္း ဗိုလ္လုပြဲတက္ေရာက္ႏိုင္မယ့္ အခြင့္အေရးမွာေတာ့ မန္စီးတီးက ၄၀ ရာခိုင္ႏႈန္းပဲ ရွိေနခ်ိန္မွာ စီးရီးေအကလပ္အသင္း ၄၃ ရာခိုင္ႏႈန္းအထိ ရွိေနတာျဖစ္ပါတယ္။

FiveThirtyEight ရဲ႕  တြက္ခ်က္မႈဟာ တစ္သင္းခ်င္းစီရဲ႕ ဘက္ေပါင္းစုံ အားသာခ်က္၊ ေမွ်ာ္မွန္းသြင္းဂိုး၊ ေပးဂိုးေတြအေပၚမွာ မူတည္ၿပီး တြက္ခ်က္ထားတာျဖစ္ၿပီး နာပိုလီရဲ႕ ဆီမီးနဲ႔ ဖိုင္နယ္တက္ဖို႔ အခြင့္အေရးျမင့္မားေနမႈက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဆင့္သတ္မွတ္ခ်က္ အဆိုး႐ြားဆုံးျဖစ္ၿပီး စီးရီးေအအမွတ္ေပးဇယားမွာ ရမွတ္ ၂၀ အထိ ကြာဟေနတဲ့ ေအစီမီလန္နဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.