La Liga UCL&UEL

ချန်ပီယံလိဂ်ကွာတားမှာ ပြန်တွေ့ရမယ့်အသင်းဟောင်းကို သတင်းစကားပေးပို့ခဲ့တဲ့ ရူဒီဂါ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အန်တိုနီယို ရူဒီဂါက ချန်ပီယံလိဂ်မှာ အသင်းဟောင်း ချဲလ်ဆီးအသင်းနဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံဆုံတွေ့ရမယ့်အချိန်မှာ သူငယ်ချင်းဟောင်းတွေကို ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဥရောပထိပ်သီးအသင်းကြီး ၂ သင်းဟာ ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတူတူ ကျရောက်ခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ရာသီတုန်းက ဆီမီးဖိုင်နယ်မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အနောက်လန်ဒန်ကလပ်အသင်းက ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

နောက်နှစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးအသင်းကို လက်စားပြန်ချေခဲ့ပြီး ၂ ကျော့ပေါင်း ၅-၄ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရူဒီဂါက ချဲလ်ဆီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဘာနေဗျူးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ချဲလ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။ “ဒီပွဲက အရမ်းထူးခြားပါလိမ့်မယ်။ ကျွန်တော့် သူငယ်ချင်းတွေအများကြီးကို နောက်ထပ်တစ်ကြိမ် ပြန်တွေ့ရမှာကို မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရူဒီဂါဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ၂၀၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ဆုဖလား ၅ ကြိမ်ကိုင်မြှောက်နိင်ခဲ့ပြီးနောက် ချဲလ်ဆီးဂန္တဝင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့်လ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာက ရူဒီဂါတစ်ယောက်တည်းတော့မဟုတ်ဘဲ ကူတွာနဲ့ အီဒင် ဟာဇက်တို့လည်း အပါအဝင်ဖြစ်ပြီး ကူတွာဟာ ၂၀၁၈ ခုနှစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကိုစွန့်ခွာခဲ့သူဖြစ်သလို ဟာဇက်ကလည်း နောက်ထပ် တစ်နှစ်အကြာမှာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ကူတွာရော ဟာဇက်ပါ ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိ ဥရောပချန်ပီယံတွေဟာ လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ချဲလ်ဆီးကို ဘာနေဗျူးမှာ ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ အန္တိုနီယို ႐ူဒီဂါက ခ်န္ပီယံလိဂ္မွာ အသင္းေဟာင္း ခ်ဲလ္ဆီးအသင္းနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံဆုံေတြ႕ရမယ့္အခ်ိန္မွာ သူငယ္ခ်င္းေဟာင္းေတြကို ရင္ဆိုင္ရမွာကို စိတ္လႈပ္ရွားမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဥေရာပထိပ္သီးအသင္းႀကီး ၂ သင္းဟာ ၃ ႏွစ္ဆက္တိုက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အတူတူ က်ေရာက္ခဲ့တာျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ရာသီတုန္းက ဆီမီးဖိုင္နယ္မွာ ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္မွာ အေနာက္လန္ဒန္ကလပ္အသင္းက ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ႏွစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကြာတားဖိုင္နယ္အဆင့္မွာ ခ်ဲလ္ဆီးအသင္းကို လက္စားျပန္ေခ်ခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၅-၄ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ႐ူဒီဂါက ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၄ ပြဲစလုံးမွာ ပါဝင္ကစားေပးခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ ခ်ဲလ္ဆီးနဲ႔ ျပန္လည္ရင္ဆိုင္ရမွာကို စိတ္လႈပ္ရွားေနတာျဖစ္ပါတယ္။ “ဒီပြဲက အရမ္းထူးျခားပါလိမ့္မယ္။ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြအမ်ားႀကီးကို ေနာက္ထပ္တစ္ႀကိမ္ ျပန္ေတြ႕ရမွာကို မေစာင့္ဆိုင္းႏိုင္ေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

႐ူဒီဂါဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၅ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၂၀၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ဆုဖလား ၅ ႀကိမ္ကိုင္ေျမႇာက္နိင္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးဂႏၲဝင္အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာမယ့္လ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမွာက ႐ူဒီဂါတစ္ေယာက္တည္းေတာ့မဟုတ္ဘဲ ကူတြာနဲ႔ အီဒင္ ဟာဇက္တို႔လည္း အပါအဝင္ျဖစ္ၿပီး ကူတြာဟာ ၂၀၁၈ ခုႏွစ္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကိုစြန႔္ခြာခဲ့သူျဖစ္သလို ဟာဇက္ကလည္း ေနာက္ထပ္ တစ္ႏွစ္အၾကာမွာ ထြက္ခြာခဲ့တာျဖစ္ပါတယ္။

ကူတြာေရာ ဟာဇက္ပါ ရီးရဲလ္မက္ဒရစ္အသင္းက ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေနာက္ဆုံး ၂ ပြဲစလုံးမွာ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး လက္ရွိ ဥေရာပခ်န္ပီယံေတြဟာ လာမယ့္ ဧၿပီလ ၁၂ ရက္ေန႔မွာ ခ်ဲလ္ဆီးကို ဘာေနဗ်ဴးမွာ ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.