Premier League

အသင်းကို အပတ်တိုင်းဦးဆောင်ပေးချင်တယ်လို့ ရင်ဖွင့်လာတဲ့ မက်ဂွိုင်းယား

ဟာရီ မက်ဂွိုင်းယားက ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အပတ်တိုင်း အသင်းကို ဦးဆောင်ကစားခွင့်မရတာက ခက်ခဲတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ရီးရဲလ်ဘက်တစ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးက တန်ဟက်ရဲ့အသင်းကို နှစ်ကျော့ပေါင်း ၅-၁ နဲ့ နောက်တဆင့် တက်ရောက်နိုင်စေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားအတွက် ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်ဟာ ယခုရာသီ ၁၁ ပွဲမြောက် ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲကစားချိန်ကင်းမဲ့မှုကြောင့် ယခုလာမယ့် နွေရာသီမှာ အသင်းကို စွန့်ခွာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင်ယှဉ်ပြိုင်နေရဆဲဖြစ်တာကြောင့် လူအင်အား များများ လိုအပ်နေတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံလူက ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ချက်မျိုးမှ မချမှတ်ရသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ မတွေးခဲ့ပါဘူး။ ၃ ရက်တိုင်းမှာ တစ်ပွဲကစားနေရပြီး ကျွန်တော် တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါတယ်။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကောင်းမွန်တဲ့နေရာမှာရှိနေတယ်။ ကျွန်တော် အဆင်ပြေနေတယ်လို့ ခံစားရပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေက တကယ်ပြင်းထန်ပြီး အထူးသဖြင့် ပွဲပြီး နောက်တစ်နေ့မှာပါ။ မပျော်မရွှင်ဖြစ်နေတဲ့ အသင်းသားတွေ ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ မကစားရလို့ ဒါမှမဟုတ် အရန်ခုံမှာ ထိုင်နေရလို့ပါ။ ဒါက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အဲဒါက ယှဉ်ပြိုင်မှုတွေ ပိုမို ပေးစွမ်းနိုင်ပြီး ကစားသမားတွေက ပွဲစဉ်အတွင်းမှာ လွှမ်းခြုံနိုင်တဲ့ အကွာအဝေးအတိုင်း တူညီတဲ့ အကွာအဝေးကို ပြုလုပ်ပြီး အရည်အသွေးမြင့်တဲ့လေ့ကျင့်ရေးဖြစ်စေပါတယ်။ ဒီလိုမျိုး လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေတဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ချီးကျူးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ တစ်ရာသီလုံးမှာမှ ၁၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဘယ်နောက်ခံလူ လုခ် ရှောက ၎င်းရဲ့နေရာမှာ နည်းပြ တန်ဟက်ရဲ့ ပိုမို အသုံးပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဗဟိုခံစစ်နေရာမှာ လီဆန်ဒရို မာတီနက်ဇ်၊ ဗာရွမ်း၊ လင်ဒီလော့ဖ်တို့ရှိနေတာကြောင့် ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုက မက်ဂွိုင်းယားအတွက် အလွန်ခက်ခဲနေတာဖြစ်ပါတယ်။

“ကျွန်တော် ကွင်းထဲမှာ အမြဲတမ်းရှိနေချင်ပြီး အသင်းကို ဦးဆောင်ပေးချင်ပါတယ်။ ကျွန်တော် ဒီအသင်းအတွက် ပွဲစဉ်တိုင်းမှာကြိုးစား ပါဝင်ကစားပေးချင်ပေမယ့်လည်း ကောင်လေးတွေက တကယ်ကောင်းကောင်း ကစားနေတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ သူတို့တွေက ပုံစံကောင်းမှာရှိနေတဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ ဗဟိုခံစစ်ကစားသမားတွေပါ။ အဲဒါက ဘောလုံးပဲ။ ကျွန်တော်တို့ ဘောလုံးမှာ အရာအားလုံးက လျင်လျင်မြန်မြန်ပဲ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့အသင်းမှာ လက်ရွေးစင်ဗဟိုခံစစ်ကစားသမား ၄ ဦးရှိတယ်။ ကောင်းမွန်တဲ့ လက်ရွေးစင်အသင်းတွေအတွက် ကစားပေးနေကြတဲ့သူတွေပါ။ ဒါက ယှဉ်ပြိုင်မှု အများကြီးရှိနေတာဖြစ်ပြီး ကျွန်တော်တို့ထဲက ဘယ်သူမဆို ထိပ်တန်းပရီးမီးယားလိဂ်ကလပ်အသင်းမှာ တစ်ပတ်ပြီးတစ်ပတ် ကစားနိုင်တယ်လို့ ယုံကြည်ပါတယ်။ အားလုံးက တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးနေပြီး အဲဒါက မန်ယူနိုက်တက်အတွက် ကောင်းမွန်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာရီ မက္ဂြိဳင္းယားက ၎ရဲ႕ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အနာဂတ္ကို မဆုံးျဖတ္ရေသးဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း အပတ္တိုင္း အသင္းကို ဦးေဆာင္ကစားခြင့္မရတာက ခက္ခဲတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာ ရီးရဲလ္ဘက္တစ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္လုံးတည္းေသာသြင္းဂိုးက တန္ဟက္ရဲ႕အသင္းကို ႏွစ္ေက်ာ့ေပါင္း ၅-၁ နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားအတြက္ ရီးရဲလ္ဘက္တစ္နဲ႔ပြဲစဥ္ဟာ ယခုရာသီ ၁၁ ပြဲေျမာက္ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး ပြဲကစားခ်ိန္ကင္းမဲ့မႈေၾကာင့္ ယခုလာမယ့္ ေႏြရာသီမွာ အသင္းကို စြန႔္ခြာႏိုင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲ ၃ ခုမွာ ပါဝင္ယွဥ္ၿပိဳင္ေနရဆဲျဖစ္တာေၾကာင့္ လူအင္အား မ်ားမ်ား လိုအပ္ေနတာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံလူက ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဘယ္လို ဆုံးျဖတ္ခ်က္မ်ိဳးမွ မခ်မွတ္ရေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာမွ မေတြးခဲ့ပါဘူး။ ၃ ရက္တိုင္းမွာ တစ္ပြဲကစားေနရၿပီး ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ပါတယ္။ ကြၽန္ေတာ္ စိတ္ပိုင္းဆိုင္ရာအရေရာ ႐ုပ္ပိုင္းဆိုင္ရာအရပါ ေကာင္းမြန္တဲ့ေနရာမွာရွိေနတယ္။ ကြၽန္ေတာ္ အဆင္ေျပေနတယ္လို႔ ခံစားရပါတယ္။ ေလ့က်င့္ေရးအစီအစဥ္ေတြက တကယ္ျပင္းထန္ၿပီး အထူးသျဖင့္ ပြဲၿပီး ေနာက္တစ္ေန႔မွာပါ။ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ အသင္းသားေတြ ရွိေနမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ မကစားရလို႔ ဒါမွမဟုတ္ အရန္ခုံမွာ ထိုင္ေနရလို႔ပါ။ ဒါက ေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ခုပါ။ ဒါေပမယ့္ အဲဒါက ယွဥ္ၿပိဳင္မႈေတြ ပိုမို ေပးစြမ္းႏိုင္ၿပီး ကစားသမားေတြက ပြဲစဥ္အတြင္းမွာ လႊမ္းၿခဳံႏိုင္တဲ့ အကြာအေဝးအတိုင္း တူညီတဲ့ အကြာအေဝးကို ျပဳလုပ္ၿပီး အရည္အေသြးျမင့္တဲ့ေလ့က်င့္ေရးျဖစ္ေစပါတယ္။ ဒီလိုမ်ိဳး ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္ေနတဲ့ ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကို ခ်ီးက်ဴးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ တစ္ရာသီလုံးမွာမွ ၁၁ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ဘယ္ေနာက္ခံလူ လုခ္ ေရွာက ၎ရဲ႕ေနရာမွာ နည္းျပ တန္ဟက္ရဲ႕ ပိုမို အသုံးျပဳျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဗဟိုခံစစ္ေနရာမွာ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဗာ႐ြမ္း၊ လင္ဒီေလာ့ဖ္တို႔ရွိေနတာေၾကာင့္ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္မႈက မက္ဂြိဳင္းယားအတြက္ အလြန္ခက္ခဲေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ကြင္းထဲမွာ အၿမဲတမ္းရွိေနခ်င္ၿပီး အသင္းကို ဦးေဆာင္ေပးခ်င္ပါတယ္။ ကြၽန္ေတာ္ ဒီအသင္းအတြက္ ပြဲစဥ္တိုင္းမွာႀကိဳးစား ပါဝင္ကစားေပးခ်င္ေပမယ့္လည္း ေကာင္ေလးေတြက တကယ္ေကာင္းေကာင္း ကစားေနတယ္ဆိုတာကိုလည္း နားလည္ပါတယ္။ သူတို႔ေတြက ပုံစံေကာင္းမွာရွိေနတဲ့ ထိပ္တန္းအရည္အေသြးရွိတဲ့ ဗဟိုခံစစ္ကစားသမားေတြပါ။ အဲဒါက ေဘာလုံးပဲ။ ကြၽန္ေတာ္တို႔ ေဘာလုံးမွာ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ပဲ အေျပာင္းအလဲေတြ ျဖစ္ႏိုင္တယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔အသင္းမွာ လက္ေ႐ြးစင္ဗဟိုခံစစ္ကစားသမား ၄ ဦးရွိတယ္။ ေကာင္းမြန္တဲ့ လက္ေ႐ြးစင္အသင္းေတြအတြက္ ကစားေပးေနၾကတဲ့သူေတြပါ။ ဒါက ယွဥ္ၿပိဳင္မႈ အမ်ားႀကီးရွိေနတာျဖစ္ၿပီး ကြၽန္ေတာ္တို႔ထဲက ဘယ္သူမဆို ထိပ္တန္းပရီးမီးယားလိဂ္ကလပ္အသင္းမွာ တစ္ပတ္ၿပီးတစ္ပတ္ ကစားႏိုင္တယ္လို႔ ယုံၾကည္ပါတယ္။ အားလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ တြန္းအားေပးေနၿပီး အဲဒါက မန္ယူႏိုက္တက္အတြက္ ေကာင္းမြန္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.