La Liga Premier League

မန်ယူနိုက်တက်ထိပ်တန်းပစ်မှတ်ကို ခေါ်ဖို့ စောင့်ကြည့်နေတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းရဲ့ အခြေအနေကို လာမယ့် နွေရာသီမတိုင်ခင် အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲကို ရောက်ရှိနေပြီဖြစ်ပြီး ဟာရီ ကိန်းရဲ့ အနာဂတ်ဟာ လက်ရှိမှာ ကောလာဟလတွေ အများအပြား ထွက်ပေါ်နေတာဖြစ်ပါတယ်။

မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးဟာ အင်္ဂလန်တိုက်စစ်မှူးကို ရောင်းဖို့ အစီအစဉ်မရှိဘဲ နွေရာသီမှာ စာချုပ်သစ် ချုပ်ဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပမေယ့်လည်း ဟာရီ ကိန်းဟာ မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ မြောက်လန်ဒန်ကလပ်အသင်းကို စွန့်ခွာဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပြီး တန်ဟက်ရဲ့အသင်းဟာ မာစီယယ်လ်နဲ့ အငှားခေါ်ထားတဲ့ ဗက်ဟော့စ်တို့ရဲ့ အနာဂတ်က မရေရာတာကြောင့် လာမယ့်နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဦးစားပေးသတ်မှတ်ထားတာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ဟာရီ ကိန်းကို တသက်တာ တန်ဖိုးအကြီးဆုံး ဗြိတိန်ကစားသမားဖြစ်လာအောင် လုပ်ပေးဖို့ ကြိုတင်ပြင်ဆင်နေပြီး အဲဒီစံချိန်ကို ရရှိဖို့အတွက် ၂၀၂၁ နွေရာသီတုန်းက ဂျက်ခ် ဂရီးလစ်ရှ်အတွက် မန်စီးတီးပေးခဲ့တဲ့ ပေါင်သန်း၁၀၀ ထက် ကျော်လွန်ပြီး ပေးချေသွားရမှာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ နောက်ထပ် ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ကာရင် ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဖို့ ပြင်ဆင်နေပေမယ့်လည်း ဥရောပချန်ပီယံတွေဟာ တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေဆဲဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုနှစ်မှာ အသက် ၃၆ နှစ်အရွယ် ပြည့်မြောက်တော့မှာဖြစ်တာကြောင့် ကာလရှည် အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းရဲ႕ အေျခအေနကို လာမယ့္ ေႏြရာသီမတိုင္ခင္ အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၈ လထဲကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဟာရီ ကိန္းရဲ႕ အနာဂတ္ဟာ လက္ရွိမွာ ေကာလာဟလေတြ အမ်ားအျပား ထြက္ေပၚေနတာျဖစ္ပါတယ္။

မၾကာေသးမီက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေတာ့တင္ဟမ္ေဟာ့စပါးဟာ အဂၤလန္တိုက္စစ္မႉးကို ေရာင္းဖို႔ အစီအစဥ္မရွိဘဲ ေႏြရာသီမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒါပေမယ့္လည္း ဟာရီ ကိန္းဟာ မန္ခ်က္စတာယူႏိုက္တက္၊ ဘိုင္ယန္ျမဴးနစ္တို႔ဆီကေန စိတ္ဝင္စားျခင္းခံေနရခ်ိန္မွာ ေျမာက္လန္ဒန္ကလပ္အသင္းကို စြန႔္ခြာဖို႔ သတင္းေတြ ဆက္လက္ထြက္ေပၚေနၿပီး တန္ဟက္ရဲ႕အသင္းဟာ မာစီယယ္လ္နဲ႔ အငွားေခၚထားတဲ့ ဗက္ေဟာ့စ္တို႔ရဲ႕ အနာဂတ္က မေရရာတာေၾကာင့္ လာမယ့္ေႏြရာသီမွာ တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ ဦးစားေပးသတ္မွတ္ထားတာျဖစ္ပါတယ္။

တန္ဟက္ရဲ႕အသင္းဟာ ဟာရီ ကိန္းကို တသက္တာ တန္ဖိုးအႀကီးဆုံး ၿဗိတိန္ကစားသမားျဖစ္လာေအာင္ လုပ္ေပးဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီး အဲဒီစံခ်ိန္ကို ရရွိဖို႔အတြက္ ၂၀၂၁ ေႏြရာသီတုန္းက ဂ်က္ခ္ ဂရီးလစ္ရွ္အတြက္ မန္စီးတီးေပးခဲ့တဲ့ ေပါင္သန္း၁၀၀ ထက္ ေက်ာ္လြန္ၿပီး ေပးေခ်သြားရမွာျဖစ္ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ေနာက္ထပ္ ယွဥ္ၿပိဳင္မႈေတြနဲ႔ ရင္ဆိုင္ရႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ကာရင္ ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္နဲ႔ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဖို႔ ျပင္ဆင္ေနေပမယ့္လည္း ဥေရာပခ်န္ပီယံေတြဟာ တိုက္စစ္ကို အင္အားျဖည့္တင္းခ်င္ေနဆဲျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုႏွစ္မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ျပည့္ေျမာက္ေတာ့မွာျဖစ္တာေၾကာင့္ ကာလရွည္ အစားထိုးႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦး ရွာေဖြေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.