Premier League

မန်ယူနိုက်တက်ထိပ်ဆုံး ၄ နေရာထဲ ရာသီပြီးဆုံးဖို့ မသေချာဘူးဆိုတဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက မန်ချက်စတာယူနိုက်တက်သအင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်ဖို့ အာမခံချက်မရှိဘူးလို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဲဒီနေရာမှာ ရာသီပြီးဆုံးပြီး မန်စီးတီး၊ အာဆင်နယ်တို့နဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ကလည်း ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အထူးသဖြင့် တစ်ပွဲလျော့နေတာက ထည့်သွင်းစဉ်းစားရမယ့်အရာအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ၎င်းတို့ရဲ့ မယုံနိုင်စရာခြေစွမ်းကြောင့် ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကို ခြေချော်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ ဖြစ်လာမှာဖြစ်ပြီး အက်ဖ်အေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့မှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် ပြိုင်ဘက်တွေထက်စာရင် ပွဲစဉ်တွေပိုများပြီး ပြည့်ကြပ်နေတာဖြစ်ပါတယ်။

ကာရေဂါက မန်ယူနိုက်တက်အနေနဲ့ ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကို ခြေချော်နိုင်တယ်လို့ ထင်မြင်နေပြီး ဖောရက်စ်ကို နောက်က လိုက်ကစားပြီး နာကျင်အချိန်ပိုမှာ နောက်ကျအနိုင်ဂိုး သွင်းယူခဲ့တဲ့ နယူးကာဆယ်လ်ရဲ့ ခြေစွမ်းနဲ့ လုံးလုံးလျားလျား သက်ဆိုင်မယ်လို့ ခံစားနေရတာဖြစပါတယ်။

“ဒီရလဒ်က မန်ယူနိုက်တက်ကို ထိပ်ဆုံး ၄ နေရာပြိုင်ပွဲထဲကို ပြန်လည်ရောက်ရှိစေပါတယ်။ ကျွန်တော်တို့ အချိန်အကြာကြီး ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲမှာ ရှိနေဖို့ အာမခံချက်ရှိတယ်ဆိုပြီး ခံစားခဲ့ရတယ်။ ဂယ်ရီ နဗီးက သူတို့တွေ ဒုတိယနေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့တောင် ပြောခဲ့တယ်။ ဒါပေမယ့် ခုသူတို့တွေက ထိပ်ဆုံး ၄ နေရာထဲမှာ ရှိနေဖို့ အမှန်တကယ် တိုက်ပွဲဝင်နေရတဲ့ပုံပေါ်နေပါပြီ။ အထူးသဖြင့် နယူးကာဆယ်လ်က လာမယ့်ပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာပါ။ စပါးစ်အတွက် ကြီးမားတဲ့အရာက သူတို့တွေ နယူးကာဆယ်လ်နဲ့ရော မန်ယူနိုက်တက်နဲ့ပါ ကစားရမယ်ဆိုတဲ့အချက်ပါ။ လီဗာပူးလ်နဲ့ စပါးစ်တို့ ၂ သင်းစလုံးမှာ မငြိမ်မသက်မှုတွေ နည်းနည်းရှိနေသလိုမျိုး ခံစားခဲ့ရပါတယ်။

ခင်ဗျား နယူးကာဆယ်လ်မှာတော့ အဲဒီလို ဖြစ်နေတယ်လို့ ခံစားရမယ်လို့ ကျွန်တော် မထင်ဘူး။ သူတို့တွေ နိုင်ပွဲမရတဲ့အချိန်မှာတောင်မှ တကယ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ ကျွန်တော် သူတို့ပွဲကို ကြည့်တာ ရှားပါးပြီး သဘောမကျပါဘူး။ ဒီနိင်ငံတကာအားလပ်ရက်က သူတို့အတွက်တော့ ဆိုးရွားတဲ့အချိန်မှာ ရောက်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေကောင်းကောင်းလုပ်နေပေမယ့် နောက်နှစ် အဲဒီနေရာမှာရှိလိမ့်မယ်လို့ မဆိုလိုတာမို့လို့ပါ။ ချဲလ်ဆီးနဲ့ စပါးစ်တို့က လာမယ့်ရာသီမှာ အများကြီး ပိုအားကောင်းလာပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက မန္ခ်က္စတာယူႏိုက္တက္သအင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္ဖို႔ အာမခံခ်က္မရွိဘူးလို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာ အမွတ္ေပးဇယား တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး အဲဒီေနရာမွာ ရာသီၿပီးဆုံးၿပီး မန္စီးတီး၊ အာဆင္နယ္တို႔နဲ႔အတူ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္နဲ႔ ဘ႐ိုက္တန္တို႔ကလည္း ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔ ယွဥ္ၿပိဳင္ေနၾကတာျဖစ္ၿပီး အထူးသျဖင့္ တစ္ပြဲေလ်ာ့ေနတာက ထည့္သြင္းစဥ္းစားရမယ့္အရာအျဖစ္ ရွိေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ၎တို႔ရဲ႕ မယုံႏိုင္စရာေျခစြမ္းေၾကာင့္ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္ကို ေျခေခ်ာ္ခဲ့မယ္ဆိုရင္ အံ့အားသင့္စရာ ျဖစ္လာမွာျဖစ္ၿပီး အက္ဖ္ေအနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲတို႔မွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ေတြထက္စာရင္ ပြဲစဥ္ေတြပိုမ်ားၿပီး ျပည့္ၾကပ္ေနတာျဖစ္ပါတယ္။

ကာေရဂါက မန္ယူႏိုက္တက္အေနနဲ႔ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္ကို ေျခေခ်ာ္ႏိုင္တယ္လို႔ ထင္ျမင္ေနၿပီး ေဖာရက္စ္ကို ေနာက္က လိုက္ကစားၿပီး နာက်င္အခ်ိန္ပိုမွာ ေနာက္က်အႏိုင္ဂိုး သြင္းယူခဲ့တဲ့ နယူးကာဆယ္လ္ရဲ႕ ေျခစြမ္းနဲ႔ လုံးလုံးလ်ားလ်ား သက္ဆိုင္မယ္လို႔ ခံစားေနရတာျဖစပါတယ္။

“ဒီရလဒ္က မန္ယူႏိုက္တက္ကို ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲထဲကို ျပန္လည္ေရာက္ရွိေစပါတယ္။ ကြၽန္ေတာ္တို႔ အခ်ိန္အၾကာႀကီး ယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာထဲမွာ ရွိေနဖို႔ အာမခံခ်က္ရွိတယ္ဆိုၿပီး ခံစားခဲ့ရတယ္။ ဂယ္ရီ နဗီးက သူတို႔ေတြ ဒုတိယေနရာမွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ေတာင္ ေျပာခဲ့တယ္။ ဒါေပမယ့္ ခုသူတို႔ေတြက ထိပ္ဆုံး ၄ ေနရာထဲမွာ ရွိေနဖို႔ အမွန္တကယ္ တိုက္ပြဲဝင္ေနရတဲ့ပုံေပၚေနပါၿပီ။ အထူးသျဖင့္ နယူးကာဆယ္လ္က လာမယ့္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမွာပါ။ စပါးစ္အတြက္ ႀကီးမားတဲ့အရာက သူတို႔ေတြ နယူးကာဆယ္လ္နဲ႔ေရာ မန္ယူႏိုက္တက္နဲ႔ပါ ကစားရမယ္ဆိုတဲ့အခ်က္ပါ။ လီဗာပူးလ္နဲ႔ စပါးစ္တို႔ ၂ သင္းစလုံးမွာ မၿငိမ္မသက္မႈေတြ နည္းနည္းရွိေနသလိုမ်ိဳး ခံစားခဲ့ရပါတယ္။

ခင္ဗ်ား နယူးကာဆယ္လ္မွာေတာ့ အဲဒီလို ျဖစ္ေနတယ္လို႔ ခံစားရမယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ သူတို႔ေတြ ႏိုင္ပြဲမရတဲ့အခ်ိန္မွာေတာင္မွ တကယ္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ သူတို႔ပြဲကို ၾကည့္တာ ရွားပါးၿပီး သေဘာမက်ပါဘူး။ ဒီနိင္ငံတကာအားလပ္ရက္က သူတို႔အတြက္ေတာ့ ဆိုး႐ြားတဲ့အခ်ိန္မွာ ေရာက္လာတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြေကာင္းေကာင္းလုပ္ေနေပမယ့္ ေနာက္ႏွစ္ အဲဒီေနရာမွာရွိလိမ့္မယ္လို႔ မဆိုလိုတာမို႔လို႔ပါ။ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔က လာမယ့္ရာသီမွာ အမ်ားႀကီး ပိုအားေကာင္းလာပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.