Premier League

၁၉.၂.၂၀၂၀ တစ္ေန႔တာ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လူငယ္တုိက္စစ္မွဴး အက္ဒီ နကီးတီးယားကို သုံးဖို႔အတြက္နဲ႔ေတာ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို အရန္ခုံ မထိုင္ခိုင္းဖုိ႔နဲ႔ ဝါရင့္ကစားသမားဟာ လူငယ္ထက္ ေနရာလြတ္ရွာေဖြမွဳနဲ႔ ေဘာလုံးကိုင္ထားပုံေတြမွာ သာလြန္ေကာင္းမြန္တယ္လုိ႔ ကစားသမားေဟာင္း ေရးပါလာက နည္းျပ မုိက္ကယ္ အာတီတာကို သတိေပး။

– အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ ၾကန္႔ၾကာေနတဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာက သူဟာ နည္းျပ အာတီတာလက္ေအာက္မွာ ကစားရတာကို ေပ်ာ္ရႊင္ေနၿပီး စာခ်ဳပ္သက္တမ္းတုိးဖို႔ကိစၥကို မိဘေတြ ေအးဂ်င့္ေတြနဲ႔ပဲ လႊဲအပ္ထားတယ္လုိ႔ဆို။

– ေခၚယူခ်င္ေနတဲ့ အသင္းေတြ ရွိေနတာကို ေကာင္းေကာင္းသိထားေၾကာင္းနဲ႔ ေလာေလာဆယ္မွာ RB လိုက္ပ္ဇစ္အသင္းအတြက္ပဲ အာ႐ုံစိုက္ထားၿပီး လာမယ့္ ေႏြရာသီက်မွသာ မိမိရဲ႕ အနာဂတ္ကို ေသခ်ာေရြးခ်ယ္သြားမယ္လုိ႔ အာဆင္နယ္ပစ္မွတ္ ဒါယို အူပါမီကာႏိုေျပာ။

– ငယ္ငယ္တုန္းက ေဘာလုံးကစားျဖစ္ခဲ့တာဟာ ကံေကာင္းေၾကာင္းနဲ႔ နိမ့္က်တဲ့ အသုိင္းအဝိုင္းက လူငယ္ေတြအတြက္ လမ္းမွားေရာက္ႏုိင္ေျခေတြကို အာဆင္နယ္အသင္းရဲ႕ ေထာက္ပံ့မွဳနဲ႔ ေရွာင္လႊဲႏုိင္ခဲ့ေၾကာင္း အကယ္ဒမီထြက္ကစားသမားေတြျဖစ္ၾကတဲ့ မိတ္လန္းႏုိင္းလ္စ္နဲ႔ ဝီေလာ့ခ္ ျပန္ေျပာင္းေျပာဆို။

– အမ္မရီရဲ႕ အသင္းကို လႊဲေျပာင္းရယူစဥ္က အာဆင္နယ္အသင္းဟာ ေနာက္ဆုံးႏွစ္ရာသီဆက္တုိက္က်ဆင္းေနခဲ့တယ္ဆုိတာကို လက္မခံေၾကာင္းနဲ႔ သူမ်ားကို လက္ညႇဳိးထိုးၿပီး အကာအကြယ္ယူေနဖို႔ထက္ ကိုယ္လုပ္တဲ့အလုပ္ကိုပဲ ကိုယ္ေသခ်ာျပန္ၾကည့္သင့္ေၾကာင္း အာဆင္ဝင္းဂါး တုံ႔ျပန္ေျပာၾကား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို သုံးဖို့အတွက်နဲ့တော့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို အရန်ခုံ မထိုင်ခိုင်းဖို့နဲ့ ဝါရင့်ကစားသမားဟာ လူငယ်ထက် နေရာလွတ်ရှာဖွေမှုနဲ့ ဘောလုံးကိုင်ထားပုံတွေမှာ သာလွန်ကောင်းမွန်တယ်လို့ ကစားသမားဟောင်း ရေးပါလာက နည်းပြ မိုက်ကယ် အာတီတာကို သတိပေး။

– အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာက သူဟာ နည်းပြ အာတီတာလက်အောက်မှာ ကစားရတာကို ပျော်ရွှင်နေပြီး စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို မိဘတွေ အေးဂျင့်တွေနဲ့ပဲ လွှဲအပ်ထားတယ်လို့ဆို။

– ခေါ်ယူချင်နေတဲ့ အသင်းတွေ ရှိနေတာကို ကောင်းကောင်းသိထားကြောင်းနဲ့ လောလောဆယ်မှာ RB လိုက်ပ်ဇစ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး လာမယ့် နွေရာသီကျမှသာ မိမိရဲ့ အနာဂတ်ကို သေချာရွေးချယ်သွားမယ်လို့ အာဆင်နယ်ပစ်မှတ် ဒါယို အူပါမီကာနိုပြော။

– ငယ်ငယ်တုန်းက ဘောလုံးကစားဖြစ်ခဲ့တာဟာ ကံကောင်းကြောင်းနဲ့ နိမ့်ကျတဲ့ အသိုင်းအဝိုင်းက လူငယ်တွေအတွက် လမ်းမှားရောက်နိုင်ခြေတွေကို အာဆင်နယ်အသင်းရဲ့ ထောက်ပံ့မှုနဲ့ ရှောင်လွှဲနိုင်ခဲ့ကြောင်း အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတဲ့ မိတ်လန်းနိုင်းလ်စ်နဲ့ ဝီလော့ခ် ပြန်ပြောင်းပြောဆို။

– အမ်မရီရဲ့ အသင်းကို လွှဲပြောင်းရယူစဉ်က အာဆင်နယ်အသင်းဟာ နောက်ဆုံးနှစ်ရာသီဆက်တိုက်ကျဆင်းနေခဲ့တယ်ဆိုတာကို လက်မခံကြောင်းနဲ့ သူများကို လက်ညှိုးထိုးပြီး အကာအကွယ်ယူနေဖို့ထက် ကိုယ်လုပ်တဲ့အလုပ်ကိုပဲ ကိုယ်သေချာပြန်ကြည့်သင့်ကြောင်း အာဆင်ဝင်းဂါး တုံ့ပြန်ပြောကြား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.