UCL&UEL

အင်္ဂလန် ၂ သင်းစလုံး အခြေအနေမကောင်းတဲ့ ချန်ပီယံလိဂ်ကွာတားအဆင့် မဲခွဲရလဒ်

ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကလည်း ဂွါဒီယိုလာရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ၂ သင်းစလုံး အနိုင်ရခဲ့ရင်တော့ ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းအချင်းချင်း ဆုံတွေ့မှာဖြစ်ပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းဟာ ဒေါ့မွန်ကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာဖြစ်ပြီး မန်စီးတီးကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ကို ၈-၁ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ရောက်နေပြီဖြစ်တာကြောင့် မဲခွဲမှုဟာ နိုင်ငံ၊ Seeding ကန့်သတ်ချက်တွေမရှိတော့ဘဲ တစ်နိုင်ငံတည်းက အသင်းတွေ၊ အုပ်စုအဆင့်တုန်းက ရင်ဆိုင်ခဲ့ရဖူးတဲ့အသင်းတွေလည်း ပြန်လည်ဆုံတွေ့နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ပထမဆုံး မဲနှိုက်ခံရတဲ့အသင်းက ပထမအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခွင့်ရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၇ ရာသီအတွင်း ၄ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့မှ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကလည်း အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ဖို့ အဲလီးယန့်ဇ်ကွင်းကို ပြန်သွားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပထမအကျော့ကို ဘာနေဗျူးမှာ သွားကစားရမှာဖြစ်ပေမယ့် မန်စီးတီးကတော့ အစ်တီဟတ်မှာ ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်အပြင် ဆီမီးဖိုင်နယ်အဆင့်အတွက်လည်း မဲနှိုက်ခဲ့ပြီးဖြစ်ပြီး တတိယမြောက် မဲနှိုက်မှုကတော့ ဗိုလ်လုပွဲမှာ အိမ်ကွင်းအသင်း သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးတို့သာ သက်ဆိုင်ရာ ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံရမှာဖြစ်ပြီး အီတလီအသင်းတွေဟာ ၂၀၁၇ ခုနှစ်တုန်းက ဂျူဗင်တပ်နောက်ပိုင်း ဗိုလ်လုပွဲမတက်နိုင်သေးဘဲ လက်ရှိ မဲခွဲရလဒ်အရဆိုရင်တော့ အစ္စတန်ဘူလ်ကို သွားရောက်နိုင်ဖို့ အခွင့်အရေးကောင်း ရှိနေပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မဲခွဲရလဒ်များ

ရီးရဲလ်မက်ဒရစ် Vs ချဲလ်ဆီး

ဘင်ဖီကာ Vs အင်တာ

မန်စီးတီး Vs ဘိုင်ယန်မြူးနစ်

အေစီမီလန် Vs နာပိုလီ

ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ မဲနှိုက်မှုရလဒ်

ဆီမီး ၁-မီလန်(သို့) နာပိုလီ Vs အင်တာ(သို့)ဘင်ဖီကာ

ဆီမီး ၂- ရီးရဲလ်(သို့) ချဲလ်ဆီး Vs စီးတီး(သို့)ဘိုင်ယန်

ဗိုလ်လုပွဲ- ဆီမီး ၂ အနိုင်ရသူ Vs ဆီမီး ၁ အနိုင်ရသူ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ လက္ရွိ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကလည္း ဂြါဒီယိုလာရဲ႕အသင္းေဟာင္း ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ ၂ သင္းစလုံး အႏိုင္ရခဲ့ရင္ေတာ့ ဆီမီးဖိုင္နယ္အဆင့္မွာ အဂၤလန္အသင္းအခ်င္းခ်င္း ဆုံေတြ႕မွာျဖစ္ပါတယ္။

အေနာက္လန္ဒန္ကလပ္အသင္းဟာ ေဒါ့မြန္ကို ႏွစ္ေက်ာ့ေပါင္း ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္ကို တက္ေရာက္လာခဲ့တာျဖစ္ၿပီး မန္စီးတီးကလည္း ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ လိုက္ပ္ဇစ္ကို ၈-၁ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္ေရာက္ေနၿပီျဖစ္တာေၾကာင့္ မဲခြဲမႈဟာ ႏိုင္ငံ၊ Seeding ကန႔္သတ္ခ်က္ေတြမရွိေတာ့ဘဲ တစ္ႏိုင္ငံတည္းက အသင္းေတြ၊ အုပ္စုအဆင့္တုန္းက ရင္ဆိုင္ခဲ့ရဖူးတဲ့အသင္းေတြလည္း ျပန္လည္ဆုံေတြ႕ႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ပထမဆုံး မဲႏႈိက္ခံရတဲ့အသင္းက ပထမအေက်ာ့ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခြင့္ရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ၇ ရာသီအတြင္း ၄ ႀကိမ္အထိ ခ်န္ပီယံျဖစ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔မွ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာကလည္း အသင္းေဟာင္း ဘိုင္ယန္ျမဴးနစ္နဲ႔ရင္ဆိုင္ဖို႔ အဲလီးယန႔္ဇ္ကြင္းကို ျပန္သြားရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ပထမအေက်ာ့ကို ဘာေနဗ်ဴးမွာ သြားကစားရမွာျဖစ္ေပမယ့္ မန္စီးတီးကေတာ့ အစ္တီဟတ္မွာ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္အျပင္ ဆီမီးဖိုင္နယ္အဆင့္အတြက္လည္း မဲႏႈိက္ခဲ့ၿပီးျဖစ္ၿပီး တတိယေျမာက္ မဲႏႈိက္မႈကေတာ့ ဗိုလ္လုပြဲမွာ အိမ္ကြင္းအသင္း သတ္မွတ္ဖို႔ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔သာ သက္ဆိုင္ရာ ကြာတားဖိုင္နယ္အဆင့္မွာ အႏိုင္ရခဲ့ရင္ ဆီမီးဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံရမွာျဖစ္ၿပီး အီတလီအသင္းေတြဟာ ၂၀၁၇ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္ေနာက္ပိုင္း ဗိုလ္လုပြဲမတက္ႏိုင္ေသးဘဲ လက္ရွိ မဲခြဲရလဒ္အရဆိုရင္ေတာ့ အစၥတန္ဘူလ္ကို သြားေရာက္ႏိုင္ဖို႔ အခြင့္အေရးေကာင္း ရွိေနၿပီျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ မဲခြဲရလဒ္မ်ား

ရီးရဲလ္မက္ဒရစ္ Vs ခ်ဲလ္ဆီး

ဘင္ဖီကာ Vs အင္တာ

မန္စီးတီး Vs ဘိုင္ယန္ျမဴးနစ္

ေအစီမီလန္ Vs နာပိုလီ

ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲ မဲႏႈိက္မႈရလဒ္

ဆီမီး ၁-မီလန္(သို႔) နာပိုလီ Vs အင္တာ(သို႔)ဘင္ဖီကာ

ဆီမီး ၂- ရီးရဲလ္(သို႔) ခ်ဲလ္ဆီး Vs စီးတီး(သို႔)ဘိုင္ယန္

ဗိုလ္လုပြဲ- ဆီမီး ၂ အႏိုင္ရသူ Vs ဆီမီး ၁ အႏိုင္ရသူ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.