UCL&UEL

ဆီဗီလာနဲ့ပဲ ရေစက်ဆုံခဲ့ပြန်တဲ့ မန်ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ကွာတားအဆင့်မဲရလဒ်များ

ယနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၆ ကြိမ်ချန်ပီယံဖြစ်တဲ့ ဆီဗီလာနဲ့ တွေ့ဆုံခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ စပိန်လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် စပိန်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဆီဗီလာနဲ့ မှတ်တမ်းဆိုးတွေကို ချေဖျက်ဖို့ အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီဗီလာကို ၂ ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာကို ၂-၁ နဲ့ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ၃ နှစ်နီးပါးအကြာ လက်ရှိမှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံနေပြီဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကတော့ အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ စပို့တင်း လစ္စဘွန်းနဲ့ တွေ့ဆုံနေပြီး လေဗာကူဆင်က ယူနီယံ အက်စ်ဂျီ၊ မော်ရင်ညိုရဲ့ ရိုးမားက ရှက်တာဒိုးနတ်ကို ၈-၂ နဲ့ အနိုင်ယူခဲ့တဲ့ ဖီယင်နုနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဧပြီလ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မေလ ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့် ဆီမီးဖိုင်နယ်အဆင့်အတွက်လည်း ဆက်လက် မဲနှိုက်ခဲ့ပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ် မဲခွဲရလဒ်များ

မန်ချက်စတာယူနိုက်တက် Vs ဆီဗီလာ

ဂျူဗင်တပ် Vs စပို့တင်း

လေဗာကူဆင် Vs ယူနီယံ အက်စ်ဂျီ

ဖီယင်နု Vs ရိုးမား

ဆီမီးဖိုင်နယ် မဲခွဲမှုရလဒ်

ဆီမီး ၁- ဂျူဗင်တပ်(သို့) စပို့တင်း Vs မန်ချက်စတာယူနိုက်တက် (သို့)ဆီဗီလာ

ဆီမီး ၂- လေဗာကူဆင်(သို့) ယူနီယံ အက်စ်ဂျီ Vs ဖီယင်နု(သို့)ရိုးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညေနမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ မဲခြဲပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ ၆ ႀကိမ္ခ်န္ပီယံျဖစ္တဲ့ ဆီဗီလာနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာ စပိန္လာလီဂါကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္ဘက္တစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ စပိန္အသင္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ဆီဗီလာနဲ႔ မွတ္တမ္းဆိုးေတြကို ေခ်ဖ်က္ဖို႔ အခြင့္အေရးရလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ဆီဗီလာကို ၂ ေက်ာ့ေပါင္း ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ထပ္မံေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆီဗီလာကို ၂-၁ နဲ႔ပဲ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ၃ ႏွစ္နီးပါးအၾကာ လက္ရွိမွာေတာ့ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ထပ္မံေတြ႕ဆုံေနၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းကေတာ့ အာဆင္နယ္ကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့တဲ့ စပို႔တင္း လစၥဘြန္းနဲ႔ ေတြ႕ဆုံေနၿပီး ေလဗာကူဆင္က ယူနီယံ အက္စ္ဂ်ီ၊ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားက ရွက္တာဒိုးနတ္ကို ၈-၂ နဲ႔ အႏိုင္ယူခဲ့တဲ့ ဖီယင္ႏုနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြကို ဧၿပီလ ၁၃ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ေမလ ၁၁ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ က်င္းပမယ့္ ဆီမီးဖိုင္နယ္အဆင့္အတြက္လည္း ဆက္လက္ မဲႏႈိက္ခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ မဲခြဲရလဒ္မ်ား

မန္ခ်က္စတာယူႏိုက္တက္ Vs ဆီဗီလာ

ဂ်ဴဗင္တပ္ Vs စပို႔တင္း

ေလဗာကူဆင္ Vs ယူနီယံ အက္စ္ဂ်ီ

ဖီယင္ႏု Vs ႐ိုးမား

ဆီမီးဖိုင္နယ္ မဲခြဲမႈရလဒ္

ဆီမီး ၁- ဂ်ဴဗင္တပ္(သို႔) စပို႔တင္း Vs မန္ခ်က္စတာယူႏိုက္တက္ (သို႔)ဆီဗီလာ

ဆီမီး ၂- ေလဗာကူဆင္(သို႔) ယူနီယံ အက္စ္ဂ်ီ Vs ဖီယင္ႏု(သို႔)႐ိုးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.