Premier League UCL&UEL

ယူရိုပါလိဂ်ကွာတားမှာ သခင်ကြီး မန်ယူနိုက်တက်တို့ ဘယ်အသင်းနဲ့ တွေ့ဆုံနိုင်လဲ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညက ရီးရဲလ်ဘက်တစ်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ညနေမှာ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လာလီဂါကလပ်ကို ၄-၁ နဲ့ ခေါင်းမထောင်နိုင်အောင် ဆုံးမထားတဲ့ မန်ယူနိုက်တက်ဟာ စပိန်မြေကို ကြာသပတေးနေ့ညနေမှာ ပွဲသိမ်းပေးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က အပိုင်အလုံးကို လွဲချော်ပြီးနောက် သိပ်မကြာခင်မှာပဲ ၂၅ ကိုက်အကွာကနေ အံ့အားသင့်ဖွယ်ကန်ချက်နဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း စပို့တင်းလစ္စဘွန်းအသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ပင်နယ်တီ အဆုံးအဖြတ်ကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပထမအကျော့တုန်းက လစ္စဘွန်းမှာ ၂-၂ သရေကျခဲ့ပြီးနောက် ချာကာက အမ်းမရိတ်စ်မှာ ဂန်းနားတွေအတွက် ပြီးပြည့်စုံတဲ့ စတင်မှုဖြစ်စေမယ့် ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ မာတီနယ်လီ ကန်သွင်းမှုကို အဒန် ကာကွယ်ခဲ့ရာက ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပြေးဝင်ပိတ်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၆၂ မိနစ်မှာ ဂွန်ဆာလ်ဗက်စ်က ကွင်းလယ်စက်ဝိုင်းနားကနေ အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့အတူ ရှေ့တက်နေတဲ့ ရမ်းစ်ဒေးလ်ကို အငိုက်ဖမ်းခဲ့ပြီး ယခုရာသီ အလှပဆုံးသွင်းဂိုးဖြစ်လာနိုင်တဲ့ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အချိန်ပိုအထိ အဖြေမထွက်ခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ မာတီနယ်လီ ပင်နယ်တီ လွဲချော်ခဲ့ပြီး စပို့တင်း လစ္စဘွန်းက ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်၊ မော်ရင်ညိုရဲ့ ရိုးမားတို့က ရွေးချယ်စရာအဖြစ် ရှိနေပြီး ယူရိုပါလိဂ် ၆ ကြိမ် ချန်ပီယံ ဆီဗီလာတို့ကလည်း ဖီနာဘာချီကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ၂ ကျော့ပေါင်းရလဒ်နဲ့ ကွာတားတက်ခဲ့တာဖြစ်ပါတယ်။ ဖီယင်နုအသင်းကလည်း ရှက်တာဒိုးနတ်ကို အိမ်ကွင်းမှာ ၇-၁ နဲ့ ရက်ရက်စက်စက် ချေမှုန်းပြီး ၂ ကျော့ပေါင်း ၈-၂ နဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်တို့ ဘယ်အသင်းတွေနဲ့ တွေ့ဆုံနိုင်လဲ

ဖြစ်နိုင်ဖွယ် ပြိုင်ဘက်များ- စပို့တင်း လစ္စဘွန်း၊ ဆီဗီလာ၊ ဖီယင်နု၊ ဂျူဗင်တပ်၊ လေဗာကူဆင်၊ ရိုးမား၊ စိန့်-ဂဲလ်လွိုက်စ်။

ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို လာမယ့် ဧပြီလ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့ကြားမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုတော့ မေလ ၁၁ ရက်နေ့ကနေ ၁၈ ရက်အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၾကာသပေတးေန႔ညက ရီးရဲလ္ဘက္တစ္ကို အေဝးကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ယေန႔ညေနမွာ ကြာတားဖိုင္နယ္အဆင့္အတြက္ မဲခြဲပြဲကို က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လာလီဂါကလပ္ကို ၄-၁ နဲ႔ ေခါင္းမေထာင္ႏိုင္ေအာင္ ဆုံးမထားတဲ့ မန္ယူႏိုက္တက္ဟာ စပိန္ေျမကို ၾကာသပေတးေန႔ညေနမွာ ပြဲသိမ္းေပးဖို႔ သြားေရာက္ခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္က အပိုင္အလုံးကို လြဲေခ်ာ္ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ၂၅ ကိုက္အကြာကေန အံ့အားသင့္ဖြယ္ကန္ခ်က္နဲ႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကလည္း ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း စပို႔တင္းလစၥဘြန္းအသင္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ ပင္နယ္တီ အဆုံးအျဖတ္ေၾကာင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ပထမအေက်ာ့တုန္းက လစၥဘြန္းမွာ ၂-၂ သေရက်ခဲ့ၿပီးေနာက္ ခ်ာကာက အမ္းမရိတ္စ္မွာ ဂန္းနားေတြအတြက္ ၿပီးျပည့္စုံတဲ့ စတင္မႈျဖစ္ေစမယ့္ ဦးေဆာင္ဂိုးကို ၁၉ မိနစ္မွာ မာတီနယ္လီ ကန္သြင္းမႈကို အဒန္ ကာကြယ္ခဲ့ရာက ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ေျပးဝင္ပိတ္သြင္းၿပီး ရယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၆၂ မိနစ္မွာ ဂြန္ဆာလ္ဗက္စ္က ကြင္းလယ္စက္ဝိုင္းနားကေန အံ့အားသင့္ဖြယ္ အေဝးကန္ခ်က္နဲ႔အတူ ေရွ႕တက္ေနတဲ့ ရမ္းစ္ေဒးလ္ကို အငိုက္ဖမ္းခဲ့ၿပီး ယခုရာသီ အလွပဆုံးသြင္းဂိုးျဖစ္လာႏိုင္တဲ့ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပိုအထိ အေျဖမထြက္ခဲ့တဲ့ေနာက္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ မာတီနယ္လီ ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီး စပို႔တင္း လစၥဘြန္းက ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ကြာတားဖိုင္နယ္အဆင့္မွာ ဂ်ဴဗင္တပ္၊ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားတို႔က ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနၿပီး ယူ႐ိုပါလိဂ္ ၆ ႀကိမ္ ခ်န္ပီယံ ဆီဗီလာတို႔ကလည္း ဖီနာဘာခ်ီကို အေဝးကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ၂ ေက်ာ့ေပါင္းရလဒ္နဲ႔ ကြာတားတက္ခဲ့တာျဖစ္ပါတယ္။ ဖီယင္ႏုအသင္းကလည္း ရွက္တာဒိုးနတ္ကို အိမ္ကြင္းမွာ ၇-၁ နဲ႔ ရက္ရက္စက္စက္ ေခ်မႈန္းၿပီး ၂ ေက်ာ့ေပါင္း ၈-၂ နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ ဘယ္အသင္းေတြနဲ႔ ေတြ႕ဆုံႏိုင္လဲ

ျဖစ္ႏိုင္ဖြယ္ ၿပိဳင္ဘက္မ်ား- စပို႔တင္း လစၥဘြန္း၊ ဆီဗီလာ၊ ဖီယင္ႏု၊ ဂ်ဴဗင္တပ္၊ ေလဗာကူဆင္၊ ႐ိုးမား၊ စိန႔္-ဂဲလ္လြိဳက္စ္။

ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြကို လာမယ့္ ဧၿပီလ ၁၃ ရက္ေန႔ကေန ၂၀ ရက္ေန႔ၾကားမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္ေတြကိုေတာ့ ေမလ ၁၁ ရက္ေန႔ကေန ၁၈ ရက္အတြင္း က်င္းပသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.