Premier League

ချဲလ်ဆီးပရိသတ်တွေ ကြက်သီးထသွားစေမယ့် စကားကို ပြောလိုက်တဲ့ ပေါ့တား

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ပွဲတစ်ပွဲမှာ ပရိသတ်တွေကို ယခုရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိချင်တယ်လို့ ကြေညာပြီး ကြက်သီးထစေခဲ့ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်က နည်းပြဘဝကို နှေးကွေးစွာ စတင်ခဲ့မှုကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပြီး ပထမဆုံးပွဲစဉ်အနည်းငယ်မှာ သင့်တော်တဲ့ လူစာရင်းနဲ့ ကစားကွက်မျိုး ရှာမတွေ့ခဲ့တာကြောင့် ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့တားကို နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုသံတွေ တဖြည်းဖြည်း ပိုမို ကျယ်လောင်လာချိန်မှာ ဘရိုက်တန်နည်းပြဟောင်းက အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံမှာ ၃ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲတွေထဲက အထင်ကြီးစရာအကောင်းဆုံးနိုင်ပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၁၆ သင်းရှုံးထွက်ပထမအကျော့မှာ ဒေါ့မွန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယအကျော့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီပွဲစဉ်တွေက ပုံစံကောင်းတွေဟာ ချဲလ်ဆီးနည်းပြ ပေါ့တားကို ယုံကြည်မှုတွေ ပြည့်နှက်နေစေခဲ့ပြီး လက်ရှိမှာတော့ ဂရေဟမ် ပေါ့တားက ဥရောပဖလားကို အနိုင်ရရှိချင်နေပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးပမ်းသွားမယ်။ ချန်ပီယံလိဂ်မဲခွဲတာကို ကြည့်မယ်။ ပြီးရင် ကျွန်တော်တို့ ဒီသောက်ချန်ပီယံလိဂ်ဖလားကို အနိုင်ရအောင် ကြိုးစားသွားမယ်”လို့ ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့်အသင်းကို ယနေ့ညနေ မဲခွဲပွဲမှာ သိရတော့မှာဖြစ်ပြီး စနေနေ့မှာတော့ အဲဗာတန်အသင်းကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တားဟာ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ ပြဲတစ္ပြဲမွာ ပရိသတ္ေတြကို ယခုရာသီ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိခ်င္တယ္လို႔ ေၾကညာၿပီး ၾကက္သီးထေစခဲ့ပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္က နည္းျပဘဝကို ေႏွးေကြးစြာ စတင္ခဲ့မႈေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရသူျဖစ္ၿပီး ပထမဆုံးပြဲစဥ္အနည္းငယ္မွာ သင့္ေတာ္တဲ့ လူစာရင္းနဲ႔ ကစားကြက္မ်ိဳး ရွာမေတြ႕ခဲ့တာေၾကာင့္ ရလဒ္ဆိုးေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ေပါ့တားကို နည္းျပ ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုသံေတြ တျဖည္းျဖည္း ပိုမို က်ယ္ေလာင္လာခ်ိန္မွာ ဘ႐ိုက္တန္နည္းျပေဟာင္းက အေျခအေနေတြကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပိဳင္ပြဲစုံမွာ ၃ ပြဲဆက္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီႏိုင္ပြဲေတြထဲက အထင္ႀကီးစရာအေကာင္းဆုံးႏိုင္ပြဲက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေဒါ့မြန္အသင္းကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၁၆ သင္းရႈံးထြက္ပထမအေက်ာ့မွာ ေဒါ့မြန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဒုတိယအေက်ာ့ အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၀ နဲ႔ အထင္ႀကီးဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီပြဲစဥ္ေတြက ပုံစံေကာင္းေတြဟာ ခ်ဲလ္ဆီးနည္းျပ ေပါ့တားကို ယုံၾကည္မႈေတြ ျပည့္ႏွက္ေနေစခဲ့ၿပီး လက္ရွိမွာေတာ့ ဂေရဟမ္ ေပါ့တားက ဥေရာပဖလားကို အႏိုင္ရရွိခ်င္ေနၿပီ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အဲဗာတန္ကို အႏိုင္ယူဖို႔ ႀကိဳးပမ္းသြားမယ္။ ခ်န္ပီယံလိဂ္မဲခြဲတာကို ၾကည့္မယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ ဒီေသာက္ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရေအာင္ ႀကိဳးစားသြားမယ္”လို႔ ႀကဳံးဝါးခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ကြာတားဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္အသင္းကို ယေန႔ညေန မဲခြဲပြဲမွာ သိရေတာ့မွာျဖစ္ၿပီး စေနေန႔မွာေတာ့ အဲဗာတန္အသင္းကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.