Premier League

အာဆင်နယ်ရဲ့ ကြီးမားတဲ့နစ်နာမှုတွေအတွက် တန်ဟက်ကို ဝေဖန်ပြစ်တင်ခဲ့တဲ့ ဂန်းနားပရိသတ်များ

အာဆင်နယ်အသင်းဟာ စပို့တင်း လစ္စဘွန်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရ ကစားသမား ၂ ဦးအထိ ရှိခဲ့ပြီးနောက် ဂန်းနားပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ပြစ်တင်ရမယ့်သူလို့ ယုံကြည်ခဲ့ကြပါတယ်။

ကြာသပတေးနေ့ညဟာ အာတီတာနဲ့ အာဆင်နယ်အသင်းအတွက် စိတ်ပျက်စရာ ညတစ်ည ဖြစ်ခဲ့ပြီး စပို့တင်း လစ္စဘွန်းကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပထမအကျော့မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ စပို့တင်း လစ္စဘွန်းတို့ရဲ့ပွဲစဉ်ဟာ အချိန်ပိုအထိ ၁-၁ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး မာတီနယ်လီက ပင်နယ်တီ လွဲချော်သွားခဲ့တာကြောင့် ဧည့်သည် ပေါ်တူဂီအသင်းက နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရတာထက် နာကျင်ခဲ့ရတာက အဓိကကစားသမား ၂ ဦးဖြစ်တဲ့ ဆာလီဘာနဲ့ တိုမီယဆုတို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဂန်းနားပရိသတ်တွေဟာ မကြာသေးမီက ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ရဲ့ မှတ်ချက်စကားကို ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်လူစာရင်းဟာ တစ်ရာသီလုံး ဒဏ်ရာရပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ တစ်ပွဲသာ ဒဏ်ရာကင်းစင်နေခဲ့ပေမယ့်လည်း အာဆင်နယ်ကတော့ တစ်ရာသီလုံး ဒဏ်ရာပြဿနာကင်းစင်နေတာကြောင့် အပြည့်အဝ ကြံ့ခိုင်မှုရှိနေတဲ့ လူစာရင်းကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက “တန်ဟက် ပြောတော့မှ အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေက တကယ်ရှိလာပြီ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သူက ငါတို့ကို ကျိန်စာတိုက်ခဲ့တာပဲ။ တန်ဟက်က အာဆင်နယ်အကြောင်းနဲ့ ဒီရာသီမှာ ဒဏ်ရာကင်းစင်နေတဲ့မှတ်တမ်းအကြောင်း ပြောခဲ့တယ်။ ချက်ချင်းပဲ ဒဏ်ရာပြဿနာတွေက ရောက်လာတယ်။ တိုမီယဆုနဲ့ ဆာလီဘာတို့ အခု နားရတော့မယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ စပို႔တင္း လစၥဘြန္းနဲ႔ပြဲစဥ္မွာ ဒဏ္ရာရ ကစားသမား ၂ ဦးအထိ ရွိခဲ့ၿပီးေနာက္ ဂန္းနားပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ျပစ္တင္ရမယ့္သူလို႔ ယုံၾကည္ခဲ့ၾကပါတယ္။

ၾကာသပေတးေန႔ညဟာ အာတီတာနဲ႔ အာဆင္နယ္အသင္းအတြက္ စိတ္ပ်က္စရာ ညတစ္ည ျဖစ္ခဲ့ၿပီး စပို႔တင္း လစၥဘြန္းကို အိမ္ကြင္းအမ္းမရိတ္စ္မွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ပထမအေက်ာ့မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ႏွစ္သင္းစလုံးဟာ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္အျပည့္နဲ႔ အမ္းမရိတ္စ္မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ စပို႔တင္း လစၥဘြန္းတို႔ရဲ႕ပြဲစဥ္ဟာ အခ်ိန္ပိုအထိ ၁-၁ သေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရၿပီး မာတီနယ္လီက ပင္နယ္တီ လြဲေခ်ာ္သြားခဲ့တာေၾကာင့္ ဧည့္သည္ ေပၚတူဂီအသင္းက ေနာက္တဆင့္ တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာရတာထက္ နာက်င္ခဲ့ရတာက အဓိကကစားသမား ၂ ဦးျဖစ္တဲ့ ဆာလီဘာနဲ႔ တိုမီယဆုတို႔ကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ဂန္းနားပရိသတ္ေတြဟာ မၾကာေသးမီက ေပးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္ရဲ႕ မွတ္ခ်က္စကားကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက မန္ခ်က္စတာယူႏိုက္တက္လူစာရင္းဟာ တစ္ရာသီလုံး ဒဏ္ရာရျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့တဲ့ တစ္ပြဲသာ ဒဏ္ရာကင္းစင္ေနခဲ့ေပမယ့္လည္း အာဆင္နယ္ကေတာ့ တစ္ရာသီလုံး ဒဏ္ရာျပႆနာကင္းစင္ေနတာေၾကာင့္ အျပည့္အဝ ႀကံ့ခိုင္မႈရွိေနတဲ့ လူစာရင္းကို ပိုင္ဆိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက “တန္ဟက္ ေျပာေတာ့မွ အာဆင္နယ္အသင္းမွာ ဒဏ္ရာျပႆနာေတြက တကယ္ရွိလာၿပီ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “သူက ငါတို႔ကို က်ိန္စာတိုက္ခဲ့တာပဲ။ တန္ဟက္က အာဆင္နယ္အေၾကာင္းနဲ႔ ဒီရာသီမွာ ဒဏ္ရာကင္းစင္ေနတဲ့မွတ္တမ္းအေၾကာင္း ေျပာခဲ့တယ္။ ခ်က္ခ်င္းပဲ ဒဏ္ရာျပႆနာေတြက ေရာက္လာတယ္။ တိုမီယဆုနဲ႔ ဆာလီဘာတို႔ အခု နားရေတာ့မယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.