Match Report Premier League

နောက်ဆုံးမိနစ်မှာ သစ်ပင်ခုတ်တဲ့ အီဆက်ခ်ကြောင့် အဆင့် ၄ ကို ပြန်မှန်းတဲ့ ငှက်ကျား

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ အော်ရီယေး၊ နီယာခါတေ၊ ဖလိပီနဲ့ ရီနန် လိုဒီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ယိတ်စ်၊ ရှယ်လ်ဗီနဲ့ ဂစ်ဘ်စ်-ဝှိုက်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ ဒင်းနစ်နဲ့ အာယူးတို့ကို တွဲဖက်ကစားစေခဲ့တာပါ။

နယူးကာဆယ်လ်တို့အနေနဲ့ စီးတီးဂရောင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူပြီး ထိန်းချုပ်ကစားသွားနိုင်ခဲ့လို့ အိမ်ရှင်တွေအနေနဲ့ ကောင်တာကစားဖို့ကိုပဲ ရွေးချယ်ခဲ့ရပေမယ့် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ကွင်းလယ်လူ ရှယ်လ်ဗီနဲ့ တိုက်စစ်မှူး အာယူးတို့လို ဝါရင့်တွေကို တည်ပြီး ပါးပါးနပ်နပ် ရင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ထရစ်ပီယာရဲ့ ဖရီးကစ်ကို မကန်ဘဲ ဧရိယာထဲကို လှိမ့်ပေးတာကနေ အီဆက်ခ် ကန်သွင်းခဲ့တာကို ရီနန် လိုဒီ ဖျက်ရာမှာ ဘားထိထွက်ခဲ့လို့ ဖောရက်စ်ဂိုးသမား နာဗက်စ် ပြန်ဖမ်းယူသွားနိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စောစောစီးစီးရဖို့နဲ့ လွဲခဲ့ရသလို အိမ်ရှင်တွေဘက်က ကောင်တာတွေကတော့ သိပ်ပြီး မထိရောက်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နယူးကာဆယ်လ်နောက်ခံလူ ဘော့တ်မန်က မထိတထိနဲ့ နောက်ပြန်ပေးရာမှာ ဘယ်ခြမ်းကနေ ဂိုးရှေ့ကို ပြေးဝင်လာခဲ့တဲ့ ဒင်းနစ်က ဂိုးသမား နစ်ခ် ပုပ်ရှေ့ကနေ ဖြတ်ယူပြီး ထောင့်ကျဉ်းအနေအထားကနေ အသာကျော်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ညာခြမ်းက မာဖီ ချိုးပေးတာကို လောင်းစတပ်ဖ်က ဧရိယာထိပ်က ကန်သွင်းရာမှာ လူထိပြီး ဂိုးသမား နာဗက်စ်ရဲ့ အဝေးထောင့်ကို ရောက်သွားခဲ့ပေမယ့် ဘားထိခဲ့ပြန်လို့ ဖောရက်စ်တို့ သက်သာခွင့်ရခဲ့သလို နယူးကာဆယ်လ်တို့ပဲ ဖိကစားနေခဲ့ပေမယ့် ဧရိယာအတွင်းမှာ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘဲ အပြင်ကနေ ငှက်ပစ်နေခဲ့ကြတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ငှက်ကျားတွေ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ မာဖီ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝီလော့ခ်က တောင်ပံတောက်လျှောက် ဆွဲပြေးပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး အီဆက်ခ်က ရှေ့အနည်းငယ် နောက်နေခဲ့ပေမယ့် နောက်က ကျန်နေတဲ့ ခြေထောက်ကို ဆန့်ပြီး Volley ကန်သွင်းယူခဲ့ရာမှာ ညာဘက်တိုင်ခြေကို ကွက်တိဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ နယူးကာဆယ်လ်တို့ဘက်က စန်မက်ဇီမန်အစား အန်ဒါဆန်ကို လဲကစားပြီး ဝီလော့ခ်ကို ဘယ်တောင်ပံ ပို့ကစားခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာ မာဖီရဲ့ ဖြတ်တင်ဘောကနေ လူစားဝင်လာတဲ့ အန်ဒါဆန်က Volley ကန်သွင်းခဲ့ပေမယ့် ဂိုးသမား နာဗက်စ် ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ကံကောင်းနေခဲ့သေးတာပါ။

ဖောရက်စ်တို့ရဲ့ အဆုံးသတ်ပိုင်းကတော့ ဒီနေ့မှာ တော်တော်လေး ဆိုးရွားနေခဲ့ပြီး ထိရောက်တဲ့ ကန်သွင်းမှုတွေ မလုပ်နိုင်ခဲ့ချိန်မှာ ဧည့်သည် ငှက်ကျားတွေကတော့ ဂိုးသမား နာဗက်စ်ကို နှိပ်စက်နေခဲ့ကြပြီး ပွဲချိန် ၆၄ မိနစ်မှာ ရခဲ့တဲ့ အန်ဒါဆန်ရဲ့ ခေါင်းတိုက်ဂိုးကတော့ အီဆက်ခ် ဖြတ်မတင်ခင်မှာ ဘောလုံးလုတဲ့ လောင်းစတပ်ဖ် လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်မှာလည်း နယူးကာဆယ်လ်တို့ပဲ ထိုးဖောက်ခြိမ်းခြောက်နေခဲ့ကြသလို ဖောရက်စ်တို့ ဧရိယာထဲမှာ ပိတ်ဆို့နေခဲ့ကြရပြီး အီဆက်ခ် ကန်သွင်းရာမှာ ဂိုးသမား မကာကွယ်နိုင်တဲ့ တစ်လုံးကို အော်ရီယေးက ရှင်းထုတ်သွားနိုင်ခဲ့တာကြောင့်သာ ဂိုးမပေးခဲ့ရသလို အိမ်ရှင်တွေအနေနဲ့ ပွဲမြန်မြန် ပြီးသွားပြီး တစ်မှတ်ရပါစေလို့ ဆုတောင်းနေခဲ့ကြရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ကံကောင်းခဲ့ပြန်ပြီး ဘယ်ခြမ်းက ဝီလော့ခ်ရဲ့ ဖြတ်တင်ဘောကနေ အီဆက် ခေါင်းတိုက်ဖို့ ကြိုးစားရာမှာ ဂိုးထဲသွားတဲ့ ဘောလုံးက ဖောရက်စ်ခံစစ်မှူး နီယာခါတေရဲ့ လက်ကို ထိခဲ့လို့ VAR ပြန်ကြည့်အပြီးမှာ ကန်ခွင့်ရတဲ့ ပင်နယ်တီကို ပွဲချိန် ၉၃ မိနစ်မှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အီဆက်ခ်ကပဲ ဂိုးသမား နာဗက်စ်ကို လှည့်စားကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဖရိုဖရဲနဲ့ ကစားနေပြီး နောက်ဆုံး အိမ်ကွင်းနှစ်ပွဲဆက်တိုက် အမှတ်လှူ သရေကျထားခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ်တို့ကို နယူးကာဆယ်လ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အဆင့် ၄ နေရာမှာ လက်ရှိ ရပ်တည်နေတဲ့ စပါးစ်တို့ထက် တစ်ပွဲလျှော့ကစားပြီး တစ်မှတ်သာ ကွာခြားတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို တစ်ကျော့ပြန် သိမ်းပိုက်ဖို့ အခြေအနေ‌ ကောင်းလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာဖီ၊ စန္မက္ဇီမန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ေအာ္ရီေယး၊ နီယာခါေတ၊ ဖလိပီနဲ႔ ရီနန္ လိုဒီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယိတ္စ္၊ ရွယ္လ္ဗီနဲ႔ ဂစ္ဘ္စ္-ဝႈိက္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဘရင္နန္ ဂြၽန္ဆန္၊ ဒင္းနစ္နဲ႔ အာယူးတို႔ကို တြဲဖက္ကစားေစခဲ့တာပါ။

နယူးကာဆယ္လ္တို႔အေနနဲ႔ စီးတီးဂေရာင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူၿပီး ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြအေနနဲ႔ ေကာင္တာကစားဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ရေပမယ့္ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ ကြင္းလယ္လူ ရွယ္လ္ဗီနဲ႔ တိုက္စစ္မႉး အာယူးတို႔လို ဝါရင့္ေတြကို တည္ၿပီး ပါးပါးနပ္နပ္ ရင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ထရစ္ပီယာရဲ႕ ဖရီးကစ္ကို မကန္ဘဲ ဧရိယာထဲကို လွိမ့္ေပးတာကေန အီဆက္ခ္ ကန္သြင္းခဲ့တာကို ရီနန္ လိုဒီ ဖ်က္ရာမွာ ဘားထိထြက္ခဲ့လို႔ ေဖာရက္စ္ဂိုးသမား နာဗက္စ္ ျပန္ဖမ္းယူသြားႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ေစာေစာစီးစီးရဖို႔နဲ႔ လြဲခဲ့ရသလို အိမ္ရွင္ေတြဘက္က ေကာင္တာေတြကေတာ့ သိပ္ၿပီး မထိေရာက္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္က ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို နယူးကာဆယ္လ္ေနာက္ခံလူ ေဘာ့တ္မန္က မထိတထိနဲ႔ ေနာက္ျပန္ေပးရာမွာ ဘယ္ျခမ္းကေန ဂိုးေရွ႕ကို ေျပးဝင္လာခဲ့တဲ့ ဒင္းနစ္က ဂိုးသမား နစ္ခ္ ပုပ္ေရွ႕ကေန ျဖတ္ယူၿပီး ေထာင့္က်ဥ္းအေနအထားကေန အသာေက်ာ္ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ညာျခမ္းက မာဖီ ခ်ိဳးေပးတာကို ေလာင္းစတပ္ဖ္က ဧရိယာထိပ္က ကန္သြင္းရာမွာ လူထိၿပီး ဂိုးသမား နာဗက္စ္ရဲ႕ အေဝးေထာင့္ကို ေရာက္သြားခဲ့ေပမယ့္ ဘားထိခဲ့ျပန္လို႔ ေဖာရက္စ္တို႔ သက္သာခြင့္ရခဲ့သလို နယူးကာဆယ္လ္တို႔ပဲ ဖိကစားေနခဲ့ေပမယ့္ ဧရိယာအတြင္းမွာ အခြင့္အေရးေတြ မဖန္တီးႏိုင္ခဲ့ဘဲ အျပင္ကေန ငွက္ပစ္ေနခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ငွက္က်ားေတြ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန မာဖီ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဝီေလာ့ခ္က ေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ တိုက္စစ္မႉး အီဆက္ခ္က ေရွ႕အနည္းငယ္ ေနာက္ေနခဲ့ေပမယ့္ ေနာက္က က်န္ေနတဲ့ ေျခေထာက္ကို ဆန႔္ၿပီး Volley ကန္သြင္းယူခဲ့ရာမွာ ညာဘက္တိုင္ေျခကို ကြက္တိဝင္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ နယူးကာဆယ္လ္တို႔ဘက္က စန္မက္ဇီမန္အစား အန္ဒါဆန္ကို လဲကစားၿပီး ဝီေလာ့ခ္ကို ဘယ္ေတာင္ပံ ပို႔ကစားခဲ့သလို ပြဲခ်ိန္ ၄၈ မိနစ္မွာ မာဖီရဲ႕ ျဖတ္တင္ေဘာကေန လူစားဝင္လာတဲ့ အန္ဒါဆန္က Volley ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား နာဗက္စ္ ပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ကံေကာင္းေနခဲ့ေသးတာပါ။

ေဖာရက္စ္တို႔ရဲ႕ အဆုံးသတ္ပိုင္းကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့ၿပီး ထိေရာက္တဲ့ ကန္သြင္းမႈေတြ မလုပ္ႏိုင္ခဲ့ခ်ိန္မွာ ဧည့္သည္ ငွက္က်ားေတြကေတာ့ ဂိုးသမား နာဗက္စ္ကို ႏွိပ္စက္ေနခဲ့ၾကၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာ ရခဲ့တဲ့ အန္ဒါဆန္ရဲ႕ ေခါင္းတိုက္ဂိုးကေတာ့ အီဆက္ခ္ ျဖတ္မတင္ခင္မွာ ေဘာလုံးလုတဲ့ ေလာင္းစတပ္ဖ္ လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္မွာလည္း နယူးကာဆယ္လ္တို႔ပဲ ထိုးေဖာက္ၿခိမ္းေျခာက္ေနခဲ့ၾကသလို ေဖာရက္စ္တို႔ ဧရိယာထဲမွာ ပိတ္ဆို႔ေနခဲ့ၾကရၿပီး အီဆက္ခ္ ကန္သြင္းရာမွာ ဂိုးသမား မကာကြယ္ႏိုင္တဲ့ တစ္လုံးကို ေအာ္ရီေယးက ရွင္းထုတ္သြားႏိုင္ခဲ့တာေၾကာင့္သာ ဂိုးမေပးခဲ့ရသလို အိမ္ရွင္ေတြအေနနဲ႔ ပြဲျမန္ျမန္ ၿပီးသြားၿပီး တစ္မွတ္ရပါေစလို႔ ဆုေတာင္းေနခဲ့ၾကရတာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ကံေကာင္းခဲ့ျပန္ၿပီး ဘယ္ျခမ္းက ဝီေလာ့ခ္ရဲ႕ ျဖတ္တင္ေဘာကေန အီဆက္ ေခါင္းတိုက္ဖို႔ ႀကိဳးစားရာမွာ ဂိုးထဲသြားတဲ့ ေဘာလုံးက ေဖာရက္စ္ခံစစ္မႉး နီယာခါေတရဲ႕ လက္ကို ထိခဲ့လို႔ VAR ျပန္ၾကည့္အၿပီးမွာ ကန္ခြင့္ရတဲ့ ပင္နယ္တီကို ပြဲခ်ိန္ ၉၃ မိနစ္မွာ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ အီဆက္ခ္ကပဲ ဂိုးသမား နာဗက္စ္ကို လွည့္စားကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဖ႐ိုဖရဲနဲ႔ ကစားေနၿပီး ေနာက္ဆုံး အိမ္ကြင္းႏွစ္ပြဲဆက္တိုက္ အမွတ္လႉ သေရက်ထားခဲ့တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကို နယူးကာဆယ္လ္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အဆင့္ ၄ ေနရာမွာ လက္ရွိ ရပ္တည္ေနတဲ့ စပါးစ္တို႔ထက္ တစ္ပြဲေလွ်ာ့ကစားၿပီး တစ္မွတ္သာ ကြာျခားေတာ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို တစ္ေက်ာ့ျပန္ သိမ္းပိုက္ဖို႔ အေျခအေန‌ ေကာင္းလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.