UCL&UEL

ယနေ့ညနေ ပြုလုပ်သွားမယ့် ချန်ပီယံလိဂ်ကွာတားမဲခွဲပွဲနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ကို ကိုယ်စားပြုမယ့်အသင်း ၂ သင်းဖြစ်ပြီး မဲခွဲပွဲကို ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းနဲ့ ပထမအကျော့မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းဟာ အိမ်ကွင်း အစ်တီဟတ်မှာ ၇-၀ နဲ့ ဂျာမန်ကလပ်အသင်းကို အပြတ်အသတ် ချေမှုန်းပြီး ကွာတားတက်လာခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ ချဲလ်ဆီးအသင်းကလည်း ပထမအကျော့တုန်းက ဒေါ့မွန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ အနိုင်ပြန်ယူနိုင်ခ့တာဖြစ်ပြီး နည်းပြ ပေါ့တားအတွက် ဖိအားအချို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ယနေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အသင်းတွေဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံရမလဲဆိုတာနဲ့ ဆီမီးဖိုင်နယ်မှာမှာ တွေ့ဆုံနိုင်ခြေရှိတဲ့အသင်းကို သိရှိရမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်က ယူအီးအက်ဖ်အေ ဌာနချုပ်မှာ ယနေ့ညနေ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲကို အစ္စတန်ဘူလ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် ပွဲချိန်ကို မဲနှိုက်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ကွာတားနဲ့ ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲမှုတွေဟာ ကန့်သတ်ချက်မရှိတာကြောင့် နိုင်ငံတူ ၂ သင်းတွေ့ဆုံနိုင်ခြေရှိသလို တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့အသင်းတွေလည်း အတူတူ ပြန်လည် ကျရောက်နိုင်တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်အတွက် မဲအိုးထဲမှာ ဘယ်အသင်းတွေပါလဲ

အေစီမီလန်(အီတလီ)

ဘိုင်ယန်မြူးနစ်(ဂျာမနီ)

ချဲလ်ဆီး(အင်္ဂလန်)

အင်တာမီလန်(အီတလီ)

မန်စီးတီး(အင်္ဂလန်)

ရီးရဲလ်မက်ဒရစ်(စပိန်)

နာပိုလီ(အီတလီ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ပရီးမီးယားလိဂ္ကို ကိုယ္စားျပဳမယ့္အသင္း ၂ သင္းျဖစ္ၿပီး မဲခြဲပြဲကို ယေန႔ညေန ျမန္မာစံေတာ္ခ်ိန္ ၅ နာရီခြဲမွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းနဲ႔ ပထမအေက်ာ့မွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းဟာ အိမ္ကြင္း အစ္တီဟတ္မွာ ၇-၀ နဲ႔ ဂ်ာမန္ကလပ္အသင္းကို အျပတ္အသတ္ ေခ်မႈန္းၿပီး ကြာတားတက္လာခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာ ခ်ဲလ္ဆီးအသင္းကလည္း ပထမအေက်ာ့တုန္းက ေဒါ့မြန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၀ နဲ႔ အႏိုင္ျပန္ယူႏိုင္ခ့တာျဖစ္ၿပီး နည္းျပ ေပါ့တားအတြက္ ဖိအားအခ်ိဳ႕ သက္သာရာရခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္အတြက္ မဲခြဲပြဲကို ယေန႔မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး အသင္းေတြဟာ ကြာတားဖိုင္နယ္အဆင့္မွာ ဘယ္သူေတြနဲ႔ ေတြ႕ဆုံရမလဲဆိုတာနဲ႔ ဆီမီးဖိုင္နယ္မွာမွာ ေတြ႕ဆုံႏိုင္ေျခရွိတဲ့အသင္းကို သိရွိရမွာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္မဲခြဲပြဲကို ဆြစ္ဇာလန္ႏိုင္ငံ ႏိုင္ယြန္က ယူအီးအက္ဖ္ေအ ဌာနခ်ဳပ္မွာ ယေန႔ညေန ျမန္မာစံေတာ္ခ်ိန္ ညေန ၅ နာရီခြဲမွာ ျပဳလုပ္သြားမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္ ၂ ပြဲနဲ႔ ဗိုလ္လုပြဲကို အစၥတန္ဘူလ္မွာ က်င္းပျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ ပြဲခ်ိန္ကို မဲႏႈိက္ၿပီး ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။

ကြာတားနဲ႔ ဆီမီးဖိုင္နယ္အဆင့္အတြက္ မဲခြဲမႈေတြဟာ ကန႔္သတ္ခ်က္မရွိတာေၾကာင့္ ႏိုင္ငံတူ ၂ သင္းေတြ႕ဆုံႏိုင္ေျခရွိသလို တစ္အုပ္စုတည္း က်ေရာက္ခဲ့တဲ့အသင္းေတြလည္း အတူတူ ျပန္လည္ က်ေရာက္ႏိုင္တာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္အတြက္ မဲအိုးထဲမွာ ဘယ္အသင္းေတြပါလဲ

ေအစီမီလန္(အီတလီ)

ဘိုင္ယန္ျမဴးနစ္(ဂ်ာမနီ)

ခ်ဲလ္ဆီး(အဂၤလန္)

အင္တာမီလန္(အီတလီ)

မန္စီးတီး(အဂၤလန္)

ရီးရဲလ္မက္ဒရစ္(စပိန္)

နာပိုလီ(အီတလီ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.