UCL&UEL

ချာကာရဲ့ သမီးဖြစ်သူအတွက် ရည်ရွယ်တဲ့အောင်ပွဲခံဟန်ကို လှောင်ပြောင်ခဲ့တဲ့ စပို့တင်းကြယ်ပွင့်

စပို့တင်း လစ္စဘွန်းကြယ်ပွင့် ပက်ဒရို ဂွန်ဆာလ်ဗက်စ်ဟာ ဂန်းနားတွေကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ကြယ်ပွင့် ချာကာက သူ့ရဲ့သမီးဖြစ်သူကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လုပ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က လစ္စဘွန်းမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ချာကာဟာ အာတီတာရဲ့အသင်းအတွက် ကြာသပတေးနေ့ညနေပွဲစဉ်မှာ မာတီနယ်လီရဲ့ ကန်ချက်ကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၆၂ မိနစ်မှာ ဂွန်ဆာလ်ဗက်စ်က ကွင်းလယ်ကနေ ယခုရာသီရဲ့ အလှပဆုံးသွင်းဂိုးဆုအတွက် ယှဉ်ပြိုင်နိုင်တဲ့ အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့ ရှေ့တက်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို အလဲထိုးပြီး ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အန်တိုနီယို အဒန်ဟာ စပို့တင်းလစ္စဘွန်းရဲ့ ဂိုးပေါက်မှာ အထင်ကြီးဖွယ် လက်စွမ်း ပြသနေခဲ့တာဖြစ်ပြီး အချိန်ပိုနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ အ​ရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဒန်ဟာ ပငနယ်တီ အဆုံးအဖြတ်မှာ နောက်ထပ်တစ်ကြိမ် သူရဲကောင်းဖြစ်ခဲ့ပြီး မာတီနယ်လီရဲ့ ဂိုးကန်သွင်းချက်ကို ပုတ်ထုတ်ကာကွယ်ပြီး အသင်းကို ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပို့တင်းကစားသမားတွေဟာ အဝေးကွင်းပွဲကြည့်စင်ဘက်က ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ပြေးလွှားသွားခဲ့ချိန်မှာ ဂွန်ဆာလ်ဗက်စ်က ချာကာရဲ့ အစောပိုင်း ဂိုးသွင်းအောင်ပွဲခံဟန်အတိုင်း လိုက်လုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပထမပိုင်း ၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကို ၎င်းရဲ့ သမီးငယ် အာယာနာအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး ချာကာရဲ့ ဇနီး လီယိုနီတာက သူမရဲ့ သမီးဖြစ်သူဟာ အာဆင်နယ်ရဲ့ ပွဲစဉ်ကို တီဗီကနေ တိုက်ရိုက်ကြည့်ရှုနေခဲ့တာကြောင့် ဖခင်ဖြစ်သူအတိုင်း လိုက်လံအောင်ပွဲခံနေခဲ့တဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္ဟာ ဂန္းနားေတြကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ျဖဳတ္ပစ္ႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ၾကယ္ပြင့္ ခ်ာကာက သူ႔ရဲ႕သမီးျဖစ္သူကို ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့တဲ့ ေအာင္ပြဲခံဟန္အတိုင္း လိုက္လုပ္ၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က လစၥဘြန္းမွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ခ်ာကာဟာ အာတီတာရဲ႕အသင္းအတြက္ ၾကာသပေတးေန႔ညေနပြဲစဥ္မွာ မာတီနယ္လီရဲ႕ ကန္ခ်က္ကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၆၂ မိနစ္မွာ ဂြန္ဆာလ္ဗက္စ္က ကြင္းလယ္ကေန ယခုရာသီရဲ႕ အလွပဆုံးသြင္းဂိုးဆုအတြက္ ယွဥ္ၿပိဳင္ႏိုင္တဲ့ အံ့အားသင့္ဖြယ္ အေဝးကန္ခ်က္နဲ႔ ေရွ႕တက္ေနတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို အလဲထိုးၿပီး ေခ်ပဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အန္တိုနီယို အဒန္ဟာ စပို႔တင္းလစၥဘြန္းရဲ႕ ဂိုးေပါက္မွာ အထင္ႀကီးဖြယ္ လက္စြမ္း ျပသေနခဲ့တာျဖစ္ၿပီး အခ်ိန္ပိုနဲ႔ ပင္နယ္တီ အဆုံးအျဖတ္မွာ အ​ေရးႀကီးတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အဒန္ဟာ ပငနယ္တီ အဆုံးအျဖတ္မွာ ေနာက္ထပ္တစ္ႀကိမ္ သူရဲေကာင္းျဖစ္ခဲ့ၿပီး မာတီနယ္လီရဲ႕ ဂိုးကန္သြင္းခ်က္ကို ပုတ္ထုတ္ကာကြယ္ၿပီး အသင္းကို ကြာတားဖိုင္နယ္အဆင့္ကို ပို႔ေဆာင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

စပို႔တင္းကစားသမားေတြဟာ အေဝးကြင္းပြဲၾကည့္စင္ဘက္က ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ ေျပးလႊားသြားခဲ့ခ်ိန္မွာ ဂြန္ဆာလ္ဗက္စ္က ခ်ာကာရဲ႕ အေစာပိုင္း ဂိုးသြင္းေအာင္ပြဲခံဟန္အတိုင္း လိုက္လုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ပထမပိုင္း ၁၉ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးကို ၎ရဲ႕ သမီးငယ္ အာယာနာအတြက္ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး ခ်ာကာရဲ႕ ဇနီး လီယိုနီတာက သူမရဲ႕ သမီးျဖစ္သူဟာ အာဆင္နယ္ရဲ႕ ပြဲစဥ္ကို တီဗီကေန တိုက္႐ိုက္ၾကည့္ရႈေနခဲ့တာေၾကာင့္ ဖခင္ျဖစ္သူအတိုင္း လိုက္လံေအာင္ပြဲခံေနခဲ့တဲ့ ဗီဒီယိုဖိုင္ကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.