Match Report Premier League UCL&UEL

စပို့တင်းနဲ့ အဒန်ကို မကျော်နိုင်ခဲ့ဘဲ ယူရိုပါလိဂ်ကနေ ပြုတ်တဲ့ ခပ်ညံ့ညံ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နယ်လ်ဆန်၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် စပို့တင်းလစ္စဘွန်းတို့ကတော့ ဂိုးသမား အဒန်၊ ခံစစ်မှာ အီနာစီယို၊ စိန့်ဂျုစ်နဲ့ ဒီယိုမွန့်ဒ်တို့ကို တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာတော့ အက်စ်ဂီယို၊ မက်သီယူးစ် ရိုင်းစ်၊ အူဂါတေနဲ့ ပက်ဒရို ဂွန်ဆာလ်ဗက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အက်ဒ်ဝပ်စ်၊ ထရင်ကာအိုနဲ့ ပေါ်လင်ညိုတို့ကို တင်ကစားလာခဲ့တာပါ။

ပွဲစစချင်းမှာ ရူဘင် အမိုရင်မ်ရဲ့ မထင်မှတ်တဲ့ Pressing ကစားဟန်ကြောင့် အာဆင်နယ်တို့ အခက်ကြုံခဲ့ရသလို ကွင်းတစ်ခြမ်းလောက်တက်ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းလောက် ယူထားတဲ့ စပို့တင်းတို့ရဲ့ ဖိကစားမှုမှာ ပျာယာခတ်ခဲ့ရသလို ပွဲကြောင်နေတဲ့ တိုမီယာစုကလည်း ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်ဘဲ နည်းတောင်နည်းသေးတယ်ဆိုတဲ့ ပုံစံနဲ့ ဒဏ်ရာရသွားခဲ့လို့ စောစောစီးစီး ဘန်ဝှိုက်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာမှ အာဆင်နယ်တို့ ပြန်စီးမိလာပြီး ပါတေး မပါချိန်မှာတော့ ဂျော်ဂျင်ညိုနဲ့ ချာကာတို့ရဲ့ ကွင်းလယ်အထိုင် နှေးကွေးမှုက အနည်းငယ် ပြဿနာရှိခဲ့ပေမယ့် ဂျေဆူးစ်၊ မာတီနယ်လီနဲ့ နယ်လ်ဆန်တို့လို မြန်နှုန်းမြင့် ကစားသမားတွေက ကူညီပေးနိုင်ခဲ့လို့ Cover ဖြစ်ခဲ့ပြီး စပို့တင်းတို့ကတော့ ခံစစ်ပေါ်က ကန်တင်ပြီး ကျော်ပြေးခိုင်းနေခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျော်ဂျင်ညို ကန်တင်ပေးတာကို လွတ်ထွက်သွားတဲ့ မာတီနယ်လီက ဘယ်ခြမ်းက ကန်သွင်းခဲ့ရာမှာ ဂိုးသမား အဒန်က ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ထွက်လာတဲ့‌ ဘောလုံးကို နောက်က ပါလာတဲ့ ချာကာက အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးရအပြီးမှာ ဒဏ်ရာရှိနေပုံရတဲ့ ဆာလီဘာအစား ဟိုးလ်ဒင်း ဝင်လာခဲ့သလို စပို့တင်းတို့ ပြန်ဖွင့်ကစားလာခဲ့ပေမယ့် အာဆင်နယ်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပြီး ဂျေဆူးစ်ရဲ့ ကြိုးစားထိုးဖောက်မှုက ရတဲ့ အခွင့်အရေးတွေကိုတော့ ဧည့်သည်ဘက်က ရီးရဲလ်မက်ဒရစ် အရန်ဂိုးသမားဟောင်း အဒန် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာ အာဆင်နယ်တို့ဘက်က ဂျေဆူးစ်အစား ထရော့ဆတ်ကို ထည့်ကစားခဲ့ပြီး စပို့တင်းတို့ကတော့ ပွဲစချိန်တွေမှာ ဖိကစားခဲ့တဲ့ ပုံစံကို အသုံးပြုခဲ့ရာမှာ အမြန်နှုန်းကို မလိုက်နိုင်တဲ့ ဂျော်ဂျင်ညိုက ကွင်းလယ်မှာ အားနည်းချက်သက်သက်ဖြစ်နေခဲ့သလို သူ့အစား ဟိုးလ်ဒင်းက တက်ဖျက်နေရတဲ့အထိ အခြေအနေ ဆိုးရွားနေခဲ့ချိန်မှာ နယ်လ်ဆန်ရဲ့ နေရာယူပုံကြောင့်ပါ Pressing Shape က ပျက်သလိုဖြစ်နေခဲ့ပါတယ်။

တိုက်စစ်ဆင်ရာမှာလည်း ခံစစ်ကနေ ရှေ့မတက်တော့တဲ့ ဘန်ဝှိုက်ကြောင့် ညာတောင်ပံက နယ်လ်ဆန်နဲ့ စိတ်ပျက်စရာဖြစ်နေခဲ့ပြီး ကွင်းလယ်က ကုန်နေပြီး အသုံးမကျတော့တဲ့ ဂျော်ဂျင်ညိုနဲ့ ချာကာတို့ရဲ့ စုတ်ပြတ်ပျက်စီးနေမှုကို မပြုပြင်ခဲ့တဲ့ အာတီတာရဲ့ တုံ့ဆိုင်းနေမှုတွေက အမှားတွေ ဆက်တိုက်ဖြစ်ခဲ့သလို ချက်ချင်းပဲ အပြစ်ပေးခံခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ အာဆင်နယ်တို့ ခံစားသွားခဲ့ရပြီး စပို့တင်းတို့ ချေပဂိုး ပြန်ရသွားခဲ့သလို ဂျော်ဂျင်ညိုရဲ့ တစ်ယောက်တည်း တိုင်ပတ်ပြီး မဖြစ်ညစ်ကျယ် လှည့်ပတ်မှုက ချပေးတဲ့ ဘောလုံးကို မထိန်းနိုင်ခဲ့တဲ့ ချာကာကြောင့် ဘောလုံးပျက်ရာမှာ ပေါ်တူဂီသားတွေဘက်က ရသွားတဲ့ ပက်ဒရို ဂွန်ဆာလ်ဗက်စ်က ကွင်းလယ်ကနေ အမြောက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဝင်သွားခဲ့လို့ ပရိသတ်တွေ ပေါက်ကွဲစရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဂျော်ဂျင်ညိုနဲ့ နယ်လ်ဆန်တို့အစား ပါတေးနဲ့ ဆာကာတို့ကို နောက်ဆုံးလူစားလဲမှုအဖြစ် အာဆင်နယ်တို့ သုံးစွဲခဲ့ရသလို အပြောင်းအလဲလုပ်ခဲ့ပေမယ့် အင်မတန်မှ ခြေလေးနေတဲ့ ချာကာ၊ ဂါဘရီယယ်လ်တို့လို ကစားသမားတွေအတွက် ကျန်တဲ့ ကစားသမားတွေက ဒုတိယပိုင်း အချိန်တွေမှာ ကူကစားမပေးနိုင်ခဲ့တော့တာကြောင့် စပို့တင်းတို့ကတောင် ခြေသာသယောင်ရှိခဲ့တာဖြစ်ပါတယ်။

ပျက်သွားတာကနေ ပုံလာအောင် ပြင်လို့ မရတဲ့ ညာခြမ်းခံစစ်နဲ့ ကွင်းလယ်မှာ ပါတေးကြောင့်သာ ခံသာနေခဲ့တာဖြစ်ပြီး ရမ်းစ်ဒေးလ်ကတော့ မျက်နှာဘောလုံးမှန်လို့ နှာနှပ်ကုသခဲ့ရသေးသလို ဆာကာတောင် ရှေ့တက်လို့ မရတဲ့ ဘန်ဝှိုက်နဲ့ ဟိုးလ်ဒင်းတို့ရဲ့ ညာခြမ်းကလည်း အလုပ်မဖြစ်ခဲ့ဘဲ အာဆင်နယ်တို့အနေနဲ့ ဘောလုံးကို မြန်မြန်ပေးပြီး အန္တရာယ်ကင်းကင်း မကစားတတ်ခဲ့ကြလို့ ဒုတိယပိုင်းအပြီးမှာ တစ်ဂိုးစီသရေပဲဖြစ်နေခဲ့တာပါ။

အချိန်ပို ဆက်ကစားပြီး ၉၇ မိနစ်မှာ စပို့တင်းတို့ နောက်ပြန်ပေးတဲ့ အမှားကနေ လွတ်ထွက်သွားခဲ့တဲ့ ထရော့ဆတ်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား အဒန်ရဲ့ လက်နဲ့ ထိပြီး တိုင်ထိထွက်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရသလို စဆရက အထာနဲ့ ဘောလုံးတောင်းပြီး ပေးတော့လည်း ဘာမှ မလုပ်တတ်တဲ့ ဖာဘီယို ဗီယာရာအစား ပွဲချိန် မိနစ် ၁၀၀ မှာတော့ အော်ဒီဂွါဒ်နဲ့ လဲကစားလာခဲ့ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာလည်း ဘန်ဝှိုက်ရဲ့ Inverted လည်း မဟုတ်၊ Traditional လို Overlap လည်း မလုပ်ဘဲ ရွံစရာကောင်းတဲ့ ကစားပုံကြောင့် ညာခြမ်းတိုက်စစ်က ဆာကာတစ်ယောက်တည်း ထိုးဖောက်နေခဲ့ရပြီး စပို့တင်းဂိုးသမား အဒန်ကတော့ ခေါင်းတိုက်သမျှကို ပုတ်ထုတ်ပြခဲ့လို့ ဂန်းနားတွေ ကြေကွဲခဲ့ရသလို ပွဲပြီးခါနီးမှာတော့ ဧည့်သည်တွေရဲ့ ယုတ်မာတဲ့ ကစားပုံနဲ့ အူဂါတေ အထုတ်ခံခဲ့ရပြီး ပင်နယ်တီကန်ဖို့ပဲ ဆက်ဖြစ်လာခဲ့တာပါ။

ပင်နယ်တီကန်ရာမှာတော့ စပြီးကန်သွင်းတဲ့ စပို့တင်းတို့ဘက်က စိန့်ဂျုစ်၊ အက်စ်ဂီယို၊ အီနာစီယို၊ အာသာနဲ့ နူနို ဆန်တို့စ်တို့ရဲ့ ကန်ချက်တွေကို အရပ်တိုပြီး စောင့်ဖမ်းတဲ့ ရမ်းစ်ဒေးလ် တစ်လုံးမှ မကာကွယ်နိုင်ခဲ့လို့ ငါးဂိုးလုံး ဝင်ခဲ့ပြီး အာဆင်နယ်ဘက်ကတော့ အော်ဒီဂွါဒ်၊ ဆာကာနဲ့ ထရော့ဆတ်တို့ ဝင်ခဲ့ပေမယ့် မာတင်နယ်တီရဲ့ တော်တော်လေး ညံ့ဖျင်းတဲ့ စတုတ္ထပင်နယ်တီကြောင့် ဆက်မကန်ခဲ့ရတော့ဘဲ ငါးဂိုး-သုံးဂိုးနဲ့ ပွဲပြီးခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် နည်းပြ အာတီတာအတွက်တော့ ယူရိုပါလိဂ်နဲ့ ကံမစပ်ဘဲ ၂၀၂၀ တုန်းက အိမ်ကွင်းမှာ အိုလံပီယာကော့စ်ကို ရှုံးပြီး ၃၂ သင်းအဆင့်နဲ့ ပြုတ်ခဲ့ရသလိုမျိုးပဲ နောက်တစ်ကြိမ် ဆိုးရွားတဲ့ ကံကြမ္မာကို ကြုံတွေ့ခဲ့ရပြီး အရန်ကစားသမားတွေအတွက်တော့ ပွဲထွက်ခွင့်နဲ့ မထိုက်တန်ချိန်မှာ ကစားဖို့ မိနစ်တွေ ထပ်မံလျော့ကျခဲ့ရသလို ပရီးမီးယားလိဂ်တစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ အာဆင်နယ်တို့ အောင်ဖျာလိပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ခ်ာကာနဲ႔ ဖာဘီယို ဗီယာရာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ နယ္လ္ဆန္၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ စပို႔တင္းလစၥဘြန္းတို႔ကေတာ့ ဂိုးသမား အဒန္၊ ခံစစ္မွာ အီနာစီယို၊ စိန႔္ဂ်ဳစ္နဲ႔ ဒီယိုမြန႔္ဒ္တို႔ကို တြဲဖက္ေပးခဲ့သလို ကြင္းလယ္မွာေတာ့ အက္စ္ဂီယို၊ မက္သီယူးစ္ ႐ိုင္းစ္၊ အူဂါေတနဲ႔ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အက္ဒ္ဝပ္စ္၊ ထရင္ကာအိုနဲ႔ ေပၚလင္ညိဳတို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲစစခ်င္းမွာ ႐ူဘင္ အမိုရင္မ္ရဲ႕ မထင္မွတ္တဲ့ Pressing ကစားဟန္ေၾကာင့္ အာဆင္နယ္တို႔ အခက္ႀကဳံခဲ့ရသလို ကြင္းတစ္ျခမ္းေလာက္တက္ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းေလာက္ ယူထားတဲ့ စပို႔တင္းတို႔ရဲ႕ ဖိကစားမႈမွာ ပ်ာယာခတ္ခဲ့ရသလို ပြဲေၾကာင္ေနတဲ့ တိုမီယာစုကလည္း ကိုယ့္အရွိန္ ကိုယ္မထိန္းႏိုင္ဘဲ နည္းေတာင္နည္းေသးတယ္ဆိုတဲ့ ပုံစံနဲ႔ ဒဏ္ရာရသြားခဲ့လို႔ ေစာေစာစီးစီး ဘန္ဝႈိက္နဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာမွ အာဆင္နယ္တို႔ ျပန္စီးမိလာၿပီး ပါေတး မပါခ်ိန္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ခ်ာကာတို႔ရဲ႕ ကြင္းလယ္အထိုင္ ေႏွးေကြးမႈက အနည္းငယ္ ျပႆနာရွိခဲ့ေပမယ့္ ေဂ်ဆူးစ္၊ မာတီနယ္လီနဲ႔ နယ္လ္ဆန္တို႔လို ျမန္ႏႈန္းျမင့္ ကစားသမားေတြက ကူညီေပးႏိုင္ခဲ့လို႔ Cover ျဖစ္ခဲ့ၿပီး စပို႔တင္းတို႔ကေတာ့ ခံစစ္ေပၚက ကန္တင္ၿပီး ေက်ာ္ေျပးခိုင္းေနခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဂ်ာ္ဂ်င္ညိဳ ကန္တင္ေပးတာကို လြတ္ထြက္သြားတဲ့ မာတီနယ္လီက ဘယ္ျခမ္းက ကန္သြင္းခဲ့ရာမွာ ဂိုးသမား အဒန္က ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ထြက္လာတဲ့‌ ေဘာလုံးကို ေနာက္က ပါလာတဲ့ ခ်ာကာက အျပင္းကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးရအၿပီးမွာ ဒဏ္ရာရွိေနပုံရတဲ့ ဆာလီဘာအစား ဟိုးလ္ဒင္း ဝင္လာခဲ့သလို စပို႔တင္းတို႔ ျပန္ဖြင့္ကစားလာခဲ့ေပမယ့္ အာဆင္နယ္ခံစစ္က ရွင္းထုတ္ႏိုင္ခဲ့ၿပီး ေဂ်ဆူးစ္ရဲ႕ ႀကိဳးစားထိုးေဖာက္မႈက ရတဲ့ အခြင့္အေရးေတြကိုေတာ့ ဧည့္သည္ဘက္က ရီးရဲလ္မက္ဒရစ္ အရန္ဂိုးသမားေဟာင္း အဒန္ လက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာ အာဆင္နယ္တို႔ဘက္က ေဂ်ဆူးစ္အစား ထေရာ့ဆတ္ကို ထည့္ကစားခဲ့ၿပီး စပို႔တင္းတို႔ကေတာ့ ပြဲစခ်ိန္ေတြမွာ ဖိကစားခဲ့တဲ့ ပုံစံကို အသုံးျပဳခဲ့ရာမွာ အျမန္ႏႈန္းကို မလိုက္ႏိုင္တဲ့ ေဂ်ာ္ဂ်င္ညိဳက ကြင္းလယ္မွာ အားနည္းခ်က္သက္သက္ျဖစ္ေနခဲ့သလို သူ႔အစား ဟိုးလ္ဒင္းက တက္ဖ်က္ေနရတဲ့အထိ အေျခအေန ဆိုး႐ြားေနခဲ့ခ်ိန္မွာ နယ္လ္ဆန္ရဲ႕ ေနရာယူပုံေၾကာင့္ပါ Pressing Shape က ပ်က္သလိုျဖစ္ေနခဲ့ပါတယ္။

တိုက္စစ္ဆင္ရာမွာလည္း ခံစစ္ကေန ေရွ႕မတက္ေတာ့တဲ့ ဘန္ဝႈိက္ေၾကာင့္ ညာေတာင္ပံက နယ္လ္ဆန္နဲ႔ စိတ္ပ်က္စရာျဖစ္ေနခဲ့ၿပီး ကြင္းလယ္က ကုန္ေနၿပီး အသုံးမက်ေတာ့တဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ခ်ာကာတို႔ရဲ႕ စုတ္ျပတ္ပ်က္စီးေနမႈကို မျပဳျပင္ခဲ့တဲ့ အာတီတာရဲ႕ တုံ႔ဆိုင္းေနမႈေတြက အမွားေတြ ဆက္တိုက္ျဖစ္ခဲ့သလို ခ်က္ခ်င္းပဲ အျပစ္ေပးခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ခံစားသြားခဲ့ရၿပီး စပို႔တင္းတို႔ ေခ်ပဂိုး ျပန္ရသြားခဲ့သလို ေဂ်ာ္ဂ်င္ညိဳရဲ႕ တစ္ေယာက္တည္း တိုင္ပတ္ၿပီး မျဖစ္ညစ္က်ယ္ လွည့္ပတ္မႈက ခ်ေပးတဲ့ ေဘာလုံးကို မထိန္းႏိုင္ခဲ့တဲ့ ခ်ာကာေၾကာင့္ ေဘာလုံးပ်က္ရာမွာ ေပၚတူဂီသားေတြဘက္က ရသြားတဲ့ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္က ကြင္းလယ္ကေန အေျမာက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ကို ေက်ာ္ၿပီး ဝင္သြားခဲ့လို႔ ပရိသတ္ေတြ ေပါက္ကြဲစရာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ နယ္လ္ဆန္တို႔အစား ပါေတးနဲ႔ ဆာကာတို႔ကို ေနာက္ဆုံးလူစားလဲမႈအျဖစ္ အာဆင္နယ္တို႔ သုံးစြဲခဲ့ရသလို အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ အင္မတန္မွ ေျခေလးေနတဲ့ ခ်ာကာ၊ ဂါဘရီယယ္လ္တို႔လို ကစားသမားေတြအတြက္ က်န္တဲ့ ကစားသမားေတြက ဒုတိယပိုင္း အခ်ိန္ေတြမွာ ကူကစားမေပးႏိုင္ခဲ့ေတာ့တာေၾကာင့္ စပို႔တင္းတို႔ကေတာင္ ေျခသာသေယာင္ရွိခဲ့တာျဖစ္ပါတယ္။

ပ်က္သြားတာကေန ပုံလာေအာင္ ျပင္လို႔ မရတဲ့ ညာျခမ္းခံစစ္နဲ႔ ကြင္းလယ္မွာ ပါေတးေၾကာင့္သာ ခံသာေနခဲ့တာျဖစ္ၿပီး ရမ္းစ္ေဒးလ္ကေတာ့ မ်က္ႏွာေဘာလုံးမွန္လို႔ ႏွာႏွပ္ကုသခဲ့ရေသးသလို ဆာကာေတာင္ ေရွ႕တက္လို႔ မရတဲ့ ဘန္ဝႈိက္နဲ႔ ဟိုးလ္ဒင္းတို႔ရဲ႕ ညာျခမ္းကလည္း အလုပ္မျဖစ္ခဲ့ဘဲ အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးကို ျမန္ျမန္ေပးၿပီး အႏၲရာယ္ကင္းကင္း မကစားတတ္ခဲ့ၾကလို႔ ဒုတိယပိုင္းအၿပီးမွာ တစ္ဂိုးစီသေရပဲျဖစ္ေနခဲ့တာပါ။

အခ်ိန္ပို ဆက္ကစားၿပီး ၉၇ မိနစ္မွာ စပို႔တင္းတို႔ ေနာက္ျပန္ေပးတဲ့ အမွားကေန လြတ္ထြက္သြားခဲ့တဲ့ ထေရာ့ဆတ္က ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား အဒန္ရဲ႕ လက္နဲ႔ ထိၿပီး တိုင္ထိထြက္ခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရသလို စဆရက အထာနဲ႔ ေဘာလုံးေတာင္းၿပီး ေပးေတာ့လည္း ဘာမွ မလုပ္တတ္တဲ့ ဖာဘီယို ဗီယာရာအစား ပြဲခ်ိန္ မိနစ္ ၁၀၀ မွာေတာ့ ေအာ္ဒီဂြါဒ္နဲ႔ လဲကစားလာခဲ့ပါတယ္။

အခ်ိန္ပို ဒုတိယပိုင္းမွာလည္း ဘန္ဝႈိက္ရဲ႕ Inverted လည္း မဟုတ္၊ Traditional လို Overlap လည္း မလုပ္ဘဲ ႐ြံစရာေကာင္းတဲ့ ကစားပုံေၾကာင့္ ညာျခမ္းတိုက္စစ္က ဆာကာတစ္ေယာက္တည္း ထိုးေဖာက္ေနခဲ့ရၿပီး စပို႔တင္းဂိုးသမား အဒန္ကေတာ့ ေခါင္းတိုက္သမွ်ကို ပုတ္ထုတ္ျပခဲ့လို႔ ဂန္းနားေတြ ေၾကကြဲခဲ့ရသလို ပြဲၿပီးခါနီးမွာေတာ့ ဧည့္သည္ေတြရဲ႕ ယုတ္မာတဲ့ ကစားပုံနဲ႔ အူဂါေတ အထုတ္ခံခဲ့ရၿပီး ပင္နယ္တီကန္ဖို႔ပဲ ဆက္ျဖစ္လာခဲ့တာပါ။

ပင္နယ္တီကန္ရာမွာေတာ့ စၿပီးကန္သြင္းတဲ့ စပို႔တင္းတို႔ဘက္က စိန႔္ဂ်ဳစ္၊ အက္စ္ဂီယို၊ အီနာစီယို၊ အာသာနဲ႔ ႏူႏို ဆန္တို႔စ္တို႔ရဲ႕ ကန္ခ်က္ေတြကို အရပ္တိုၿပီး ေစာင့္ဖမ္းတဲ့ ရမ္းစ္ေဒးလ္ တစ္လုံးမွ မကာကြယ္ႏိုင္ခဲ့လို႔ ငါးဂိုးလုံး ဝင္ခဲ့ၿပီး အာဆင္နယ္ဘက္ကေတာ့ ေအာ္ဒီဂြါဒ္၊ ဆာကာနဲ႔ ထေရာ့ဆတ္တို႔ ဝင္ခဲ့ေပမယ့္ မာတင္နယ္တီရဲ႕ ေတာ္ေတာ္ေလး ညံ့ဖ်င္းတဲ့ စတုတၳပင္နယ္တီေၾကာင့္ ဆက္မကန္ခဲ့ရေတာ့ဘဲ ငါးဂိုး-သုံးဂိုးနဲ႔ ပြဲၿပီးခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ နည္းျပ အာတီတာအတြက္ေတာ့ ယူ႐ိုပါလိဂ္နဲ႔ ကံမစပ္ဘဲ ၂၀၂၀ တုန္းက အိမ္ကြင္းမွာ အိုလံပီယာေကာ့စ္ကို ရႈံးၿပီး ၃၂ သင္းအဆင့္နဲ႔ ျပဳတ္ခဲ့ရသလိုမ်ိဳးပဲ ေနာက္တစ္ႀကိမ္ ဆိုး႐ြားတဲ့ ကံၾကမၼာကို ႀကဳံေတြ႕ခဲ့ရၿပီး အရန္ကစားသမားေတြအတြက္ေတာ့ ပြဲထြက္ခြင့္နဲ႔ မထိုက္တန္ခ်ိန္မွာ ကစားဖို႔ မိနစ္ေတြ ထပ္မံေလ်ာ့က်ခဲ့ရသလို ပရီးမီးယားလိဂ္တစ္ခုတည္းကိုသာ အာ႐ုံစိုက္ဖို႔ အာဆင္နယ္တို႔ ေအာင္ဖ်ာလိပ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.