Premier League

ပင်နယ်တီအဆုံးအဖြတ်မှာ ရမ်းစ်ဒေးလ် တစ်လုံးတော့ ပုတ်သင့်တယ်လို့ ထင်မြင်နေတဲ့ ပရိသတ်များ

အာဆင်နယ်ပရိသတ်အချို့ဟာ စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ခဲ့တဲ့ ကြာသပတေးနေ့ည ပွဲစဉ် ပင်နယ်တီ အဆုံးအဖြတ်မှာ အာရွန် ရမ်းစ်ဒေးလ်အနေနဲ့ ပင်နယ်တီ ကန်သွင်းမှုအချို့ကိုတော့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ထင်မြင်နေကြပါတယ်။

ဂန်းနားတွေဟာ အမ်းမရိတ်စ်က ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး မာတီနယ်လီ ပင်နယ်တီလွဲချော်ခဲ့မှုကြောင့် ပေါ်တူဂီအသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အကြိမ်ပေါင်းများစွာ ပင်နယ်တီ ကာကွယ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း တစ်လုံးမှ မပုတ်ထုတ်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

တွစ်တာလူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ရမ်းစ်ဒေးလ်အနေနဲ့ ပင်နယ်တီအချို့ကိုတော့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေပေမယ့်လည်း အခြားပရိသတ်တွေကလည်း အာဆင်နယ်ကြယ်ပွင့်ဘက်ကနေ ထောက်ခံအားပေးခဲ့ကြပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက“ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်။ ရမ်းစ်ဒေးလ်အနေနဲ့ အနည်းဆုံးတော့ ပင်နယ်တီ အချို့ကို ကာကွယ်နိုင်ခဲ့သင့်တယ်”လို့ ပြောကြားခဲ့ပြီး ”ရမ်းစ်ဒေးလ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့တွေ ပင်နယ်တီအထိတောင် ရောက်မှာမဟုတ်ဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ငြင်းခုံခဲ့ပါတယ်။

နောက်ပရိသတ်တစ်ဦးက ”သူက အမြဲတမ်း ပင်နယ်တီအဆုံးအဖြတ်မှာဆိုရင် ဆိုးရွားခဲ့တယ်။ ပင်နယ်တီ ဆက်ကန်ရမယ်ဆိုတဲ့အချိန်မှာ ပြီးသွားပြီဆိုတာ ငါ သိခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပြီး ”ဒါက ကံဆိုးမှုပါ။ ဘယ်သူ့ကိုမှ အပြစ်တင်နေဖို့ မလိုပါဘူး။ ပင်နယ်တီက ဘယ်အသင်းမဆို နိုင်သွားနိုင်တယ်”လို့ အခြား ပရိသတ်တစ်ဦးက တုံ့ပြန်ခဲ့ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ မိနစ် ၉၀ အတွင်းနဲ့ အချိန်ပိုတွေမှာ အရေးပါတဲ့ ဂိုးကာကွယ်မှုတွေ ပြုလုပ်နိင်ခဲ့ပေမယ့်လည်း စပို့တင်းလစ္စဘွန်းရဲ့ ချေပဂိုးမှာတော့ ဂိုးရှေ့ထွက်နေခဲ့တဲ့အပြစ် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္အခ်ိဳ႕ဟာ စပို႔တင္းလစၥဘြန္းကို ရႈံးနိမ့္ခဲ့တဲ့ ၾကာသပေတးေန႔ည ပြဲစဥ္ ပင္နယ္တီ အဆုံးအျဖတ္မွာ အာ႐ြန္ ရမ္းစ္ေဒးလ္အေနနဲ႔ ပင္နယ္တီ ကန္သြင္းမႈအခ်ိဳ႕ကိုေတာ့ ကာကြယ္ႏိုင္ခဲ့သင့္တယ္လို႔ ထင္ျမင္ေနၾကပါတယ္။

ဂန္းနားေတြဟာ အမ္းမရိတ္စ္က ပင္နယ္တီအဆုံးအျဖတ္မွာ ၅-၃ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး မာတီနယ္လီ ပင္နယ္တီလြဲေခ်ာ္ခဲ့မႈေၾကာင့္ ေပၚတူဂီအသင္းဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ အႀကိမ္ေပါင္းမ်ားစြာ ပင္နယ္တီ ကာကြယ္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း တစ္လုံးမွ မပုတ္ထုတ္ႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာ ျဖစ္ပါတယ္။

တြစ္တာလူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ရမ္းစ္ေဒးလ္အေနနဲ႔ ပင္နယ္တီအခ်ိဳ႕ကိုေတာ့ ကာကြယ္ႏိုင္ခဲ့သင့္တယ္လို႔ ယုံၾကည္ေနေပမယ့္လည္း အျခားပရိသတ္ေတြကလည္း အာဆင္နယ္ၾကယ္ပြင့္ဘက္ကေန ေထာက္ခံအားေပးခဲ့ၾကပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက“ပြင့္ပြင့္လင္းလင္းပဲ ေျပာရေအာင္။ ရမ္းစ္ေဒးလ္အေနနဲ႔ အနည္းဆုံးေတာ့ ပင္နယ္တီ အခ်ိဳ႕ကို ကာကြယ္ႏိုင္ခဲ့သင့္တယ္”လို႔ ေျပာၾကားခဲ့ၿပီး ”ရမ္းစ္ေဒးလ္ေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ငါတို႔ေတြ ပင္နယ္တီအထိေတာင္ ေရာက္မွာမဟုတ္ဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက ျငင္းခုံခဲ့ပါတယ္။

ေနာက္ပရိသတ္တစ္ဦးက ”သူက အၿမဲတမ္း ပင္နယ္တီအဆုံးအျဖတ္မွာဆိုရင္ ဆိုး႐ြားခဲ့တယ္။ ပင္နယ္တီ ဆက္ကန္ရမယ္ဆိုတဲ့အခ်ိန္မွာ ၿပီးသြားၿပီဆိုတာ ငါ သိခဲ့တယ္”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ”ဒါက ကံဆိုးမႈပါ။ ဘယ္သူ႔ကိုမွ အျပစ္တင္ေနဖို႔ မလိုပါဘူး။ ပင္နယ္တီက ဘယ္အသင္းမဆို ႏိုင္သြားႏိုင္တယ္”လို႔ အျခား ပရိသတ္တစ္ဦးက တုံ႔ျပန္ခဲ့ပါတယ္။

အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ မိနစ္ ၉၀ အတြင္းနဲ႔ အခ်ိန္ပိုေတြမွာ အေရးပါတဲ့ ဂိုးကာကြယ္မႈေတြ ျပဳလုပ္နိင္ခဲ့ေပမယ့္လည္း စပို႔တင္းလစၥဘြန္းရဲ႕ ေခ်ပဂိုးမွာေတာ့ ဂိုးေရွ႕ထြက္ေနခဲ့တဲ့အျပစ္ က်ဴးလြန္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.