Analysis Article Match Preview Premier League

လန်ဒန်သားတွေ ကောင်းစားကြမယ့် ပွဲစဉ် ၂၈ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲသာ ကစားမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ်တွေ ကစားကြမယ့် မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဖူလ်ဟမ်၊ ဘရိုက်တန်တို့ လေးသင်းနဲ့ သူတို့နဲ့ ကစားဖို့ ရေးဆွဲထားပြီးမှ ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရတဲ့ ဝက်စ်ဟမ်း၊ လီဗာပူးလ်တို့ကတော့ ပွဲကစားရမှာ မဟုတ်ဘဲ အနားရခဲ့တာကြောင့် သုံးပွဲလျော့နည်းခဲ့တာလည်းဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်-နယူးကာဆယ်လ်ယူနိုက်တက်
ဖောရက်စ်နဲ့ နယူးကာဆယ်လ်တို့ ဆုံတွေ့မှုကတော့ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး အခြေအနေကောင်းပြီးမှ ရှုံးပွဲတွေ ပြန်များနေတဲ့ အိမ်ရှင်နဲ့ အဆင့် ၄ ကို ပြန်လက်လှမ်းနိုင်ဖို့အတွက် သုံးမှတ်များများ ယူနိုင်ဖို့ လိုအပ်နေတဲ့ ဧည့်သည်တွေအတွက် ယှဉ်ပြိုင်လုရမှာဖြစ်ပါတယ်။ အဝေးကွင်းမှာဆို ဂိုးသွင်းခက်တတ်တဲ့ နယူးကာဆယ်လ်တို့အတွက်တော့ အိမ်ကွင်းကောင်းတဲ့ စီးတီးဂရောင်းက ပြဿနာတစ်ခုဖြစ်နေပြီး ဖောရက်စ်တို့ရဲ့ ဖီဆန်မှုကို ကြုံတွေ့ရမှာဖြစ်သလို သူတို့ရဲ့ နိုင်ပွဲအတွက်တော့ သိပ်ပြီး အားမပေးချင်စရာလို့ပဲ ဆိုရမှာပါ။ စပါးစ်ထက် နှစ်ပွဲလျှော့ကစားထားလို့ ငှက်ကျားတွေ အခွင့်အရေး ရှိနေပေမယ့် ဖောရက်စ်ကွင်းမှာတော့ တစ်မှတ်လောက်နဲ့ပဲ ကျေနပ်သွားရဖို့ များပါတယ်။ (ဖောရက်စ် 1-1 နယူးကာဆယ်လ်)

ဘရန့်ဖို့ဒ်-လက်စတာစီးတီး
ဒီပွဲကို နိုင်ရင် ဘရန့်ဖို့ဒ်တို့ ၄၄ မှတ် ရမှာဖြစ်ပြီး ဒီလိုနာမည်မကြီးလှတဲ့ အသင်းလေးမျိုးအတွက်တော့ ထူးခြားတဲ့ စွမ်းဆောင်မှုဖြစ်လာနိုင်သလို လက်စတာတို့ကတော့ ထပ်ရှုံးရင် တန်းဆင်းဇုန်ထဲရောက်ဖို့ သေချာနေပါတယ်။ မြေခွေးတွေအနေနဲ့ မက်ဒီဆန် မကောင်းတဲ့ ပွဲတိုင်း ရမှတ်ဗလာဖြစ်နေပြီး နွေဆိုရင် အသင်းက ထွက်တော့မယ့် တီးလီးမန်းစ်နဲ့ ဆက်ဆံရေး ပျက်ပြားနေလို့ သိပ်မသုံးနိုင်တော့တာက ကစားကွက်ကိုပါ ပျက်စီးစေပြီး ဘရန်ဒန် ရော့ဂျားစ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကိုလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။ လန်ဒန်ကွန်မြူနတီကွင်းမှာ မြေခွေးတွေ ဘယ်လောက် အမွေးထူထူ ပျားတုတ်ခံရဖို့ ရှိနေပြီး တန်းဆင်းဇုန်ကို သွားရမယ့် အပတ်လို့ ဆိုရပါလိမ့်မယ်။ (ဘရန့်ဖို့ဒ် 3-1 လက်စတာ)

ဆောက်သမ်တန်-တော့တင်ဟမ်ဟော့စပါး
အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ကစားသမားသစ်တွေနဲ့ ယာယီနည်းပြ ရူဘင် ဆဲလက်စ်တို့ကြား အချိတ်အဆက်ကောင်းတွေ ရှိလာပြီး နိုင်ပွဲတချို့ကိုလည်း ဖန်တီးလာနိုင်ပါတယ်။ ခက်တာက ငယ်ရွယ်သူများတဲ့ ခံစစ်ပိုင်းမှာ အမှားကျူးလွန်မှုတွေ ရှိနေလို့ ရှေ့က ဝါ့ဒ်-ပရောက်စ်နဲ့အဖွဲ့ ရှာဖွေပေးထားတဲ့ ဂိုးတွေ အလဟဿဖြစ်ကုန်တာပါ။ စပါးစ်ကတော့ အသင်းငယ်တွေနဲ့ပဲ လုပ်စားနေတဲ့ အသင်းဖြစ်ပြီး ဟာရီကိန်းကလည်း ဂိုးမြူးနေပါတယ်။ အဆင့် ၄ ကို ရအောင်ယူဖို့ နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့ ကြိုးစားလာမှာဖြစ်ပြီး လီဗာပူးလ်၊ နယူးကာဆယ်လ်နဲ့ ချဲလ်ဆီးတို့လက်က လွတ်အောင်ပြေးချင်နေမယ့် စပါးစ်တို့ စိန့်မေရီမှာ အနိုင်ရသွားပါလိမ့်မယ်။ (စိန့် 0-2 စပါးစ်)

အက်စ်တန်ဗီလာ-ဘုန်းမောက်
အူနိုင်း အမ်မရီရဲ့ ဗီလာတို့ကတော့ ပွဲတိုင်းကို ခပ်ရဲရဲ ချဉ်းကပ်ပြီး နေပျော်ပျော် သေပျော်ပျော်ဆိုတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါက သူတို့အတွက် ကောင်းကွက်တစ်ခုဖြစ်ပေမယ့် ခံစစ်ပိုင်းမှာတော့ လျော့ရဲမှုတွေ ရှိစေတာ အမှန်ပါပဲ။ ဘုန်းမောက်တို့ကတော့ ခပ်ကျစ်ကျစ် ကစားပြီး စုဖွဲ့မှုကောင်းကောင်းနဲ့ တစ်သင်းလုံးတက် တစ်သင်းလုံးဆင်း တိုက်ပွဲဝင်တတ်ပါတယ်။ လီဗာပူးလ်ကို အနိုင်ရထားခဲ့တာကတော့ သူတို့အတွက် တွန်းအားဖြစ်ပေမယ့် အဝေးကွင်းဆို ကြံဖန်ပြိုလဲတတ်တဲ့ ချယ်ရီတွေ ဗီလာလက်မှာ နစ်မွန်းရဖို့ပဲ များနေတာပါ။ (ဗီလာ 3-2 ဘုန်းမောက်)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်-လိဒ်စ်ယူနိုက်တက်
ဝုလ်ဗ်စ်တို့အနေနဲ့ နည်းပြ လိုပီတီဂီလက်ထဲမှာ အတော်လေး ကစားပုံတက်လာနေပြီး ဗလကြီး ထရာအိုရေးလည်း‌ ခြေစွမ်းပြန်ပြနေပါတယ်။ အတွေ့အကြုံရင်တဲ့ စပိန်သားနည်းပြအနေနဲ့ ပရီးမီးယားလိဂ်အထာတချို့ မနပ်တာကလွဲရင် နိုင်သင့်တဲ့ပွဲတွေကို အနိုင်ယူထားနိုင်ချိန်မှာ လိဒ်စ်တို့ကတော့ ဝတ်ဖို့ဒ်နဲ့ စုတ်ပြတ်ပြီး ပြုတ်လာတဲ့ ဟာဗီ ဂါစီယာလက်ထဲ အသင်းကို ထိုးအပ်ပေးလိုက်တာကတော့ တန်းဆင်းချင်ရင်လဲ ပွင့်ပွင့်လင်းလင်းပြောလို့ပဲ ချဲလန့်ခေါ်ရမှာပါ။ အိမ်ရှင် ဝံပုလွေတွေကတော့ သွေးနံ့ရနေလို့ ဒီပွဲမှာ သုံးမှတ်ကို အမဲလိုက်ကြမှာဖြစ်ပါတယ်။ (ဝုလ်ဗ်စ် 2-0 လိဒ်စ်)

ချဲလ်ဆီး-အဲဗာတန်
ဘရန့်ဖို့ဒ်ကို ပွဲအစမှာ ဂိုးသွင်းပြီး ပိတ်ကစားခဲ့တဲ့ အဲဗာတန်တို့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချဲလ်ဆီးကို ယှဉ်ကစားမှာ မဟုတ်ဘဲ ခံစစ်မှာပဲ အချိန်ကုန်မယ့်သဘော ရှိပါတယ်။ ပေါ့တာအနေနဲ့တော့ ချဲလ်ဆီးတို့ကို 3 Back ကစားနေတာက အားမလိုအားမရဖြစ်စေပေမယ့် နိုင်ပွဲတွေ ပြန်လည်ရယူရာမှာ ကစားပုံမကောင်းလည်း သုံးမှတ်ပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်လာနိုင်ခဲ့တာကတော့ အဆိုးထဲက အကောင်းလို့ပဲ သုံးသပ်ရမှာပါ။ ကိုဗာချစ်ချ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ ကွင်းလယ်ကို ရှောင်ဒိုက်ချ်အနေနဲ့ သူ့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်လူတွေကို အသုံးပြုပြီး ပိတ်ဆို့လာမှာ ဖြစ်ပေမယ့် ဘဏ္ဏာရေးအခြေအနေအရ ဥရောပမဝင်ရင် ပြဿနာတက်ဖွယ်ရှိနေတာကြောင့် ယူရိုပါလိဂ်လောက်တော့ ဝင်အောင်ယူရမယ့် ချဲလ်ဆီးတို့ တွေဝေနေဖို့ မဖြစ်နိုင်ဘဲ အိမ်ကွင်းမှာ ဝုန်းဖွယ်ရှိပါတယ်။ (ချဲလ်ဆီး 3-0 အဲဗာတန်)

အာဆင်နယ်-ခရစ္စတယ်လ်ပဲလေ့စ်
အာဆင်နယ်တို့အနေနဲ့ ဒီပွဲကိုမှ အနိုင်မကစားတတ်ဘူးဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အရည်အချင်း မမီသေးဘူးလို့ အပြောခံရမှာကြောင့် မဖြစ်မနေ သုံးမှတ်ယူရဖို့ ရှိနေပါတယ်။ ဂန်းနားဂန္ထဝင် ဗီယာရာရဲ့ တစ်ခုတည်းသော လုပ်တတ်တာက ပိတ်ကစားတာဖြစ်ပေမယ့် ကွင်းလယ် အရည်အချင်း မမီတဲ့သူ များနေသလို ဦးစားပေးဂိုးသမားတွေလည်း ဒဏ်ရာကြောင့် မပါနိုင်ဘူးဆိုလို့ အိမ်ရှင်တွေအတွက်တော့ အမြောက်နဲ့ထုလို့ကောင်းမယ့် အနေအထားဖြစ်နေတာပါ။ ယူရိုပါလိဂ်က ပူပူနွေးနွေး ပြုတ်ထားတဲ့ အာဆင်နယ်တို့အတွက် ပရီးမီးယားလိဂ်ကလွဲရင် ဘာပြိုင်ပွဲမှ ကစားစရာ မကျန်တော့တာကြောင့် ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ဒီပွဲမှာ ပေါက်ကွဲပြပါလိမ့်မယ်။ (အာဆင်နယ် 3-0 ပဲလေ့စ်)

ပေါလ်မာဆန်ကတော့ ပွဲစဉ် ၂၈ မကစားခင်မှာ ပရီးမီးယားလိဂ်ကနေ လာမယ့်ရာသီမှာ တန်းဆင်းကြမယ့် အသင်းတွေအဖြစ် ဆောက်သမ်တန်၊ လိဒ်စ်ယူနိုက်တက်နဲ့ အဲဗာတန်တို့ကို တစ်ပေးထားခဲ့ပြီး အာဆင်နယ်တို့ကို ချန်ပီယံဖြစ်ဖို့နဲ့ နောက်ကနေ ချန်ပီယံလိဂ်ဝင်ကြမယ့် အသင်းသုံးသင်းကိုတော့ မန်ချက်စတာစီးတီး၊ ယူနိုက်တက်နဲ့ စပါးစ်တို့ကို ရွေးချယ်ထားကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ခုနစ္ပြဲသာ ကစားမွာျဖစ္ၿပီး အက္ဖ္ေအဖလားပြဲစဥ္ေတြ ကစားၾကမယ့္ မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီး၊ ဖူလ္ဟမ္၊ ဘ႐ိုက္တန္တို႔ ေလးသင္းနဲ႔ သူတို႔နဲ႔ ကစားဖို႔ ေရးဆြဲထားၿပီးမွ ပြဲစဥ္ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ဝက္စ္ဟမ္း၊ လီဗာပူးလ္တို႔ကေတာ့ ပြဲကစားရမွာ မဟုတ္ဘဲ အနားရခဲ့တာေၾကာင့္ သုံးပြဲေလ်ာ့နည္းခဲ့တာလည္းျဖစ္ပါတယ္။

ေနာ့တင္ဟမ္ေဖာရက္စ္-နယူးကာဆယ္လ္ယူႏိုက္တက္
ေဖာရက္စ္နဲ႔ နယူးကာဆယ္လ္တို႔ ဆုံေတြ႕မႈကေတာ့ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ၿပီး အေျခအေနေကာင္းၿပီးမွ ရႈံးပြဲေတြ ျပန္မ်ားေနတဲ့ အိမ္ရွင္နဲ႔ အဆင့္ ၄ ကို ျပန္လက္လွမ္းႏိုင္ဖို႔အတြက္ သုံးမွတ္မ်ားမ်ား ယူႏိုင္ဖို႔ လိုအပ္ေနတဲ့ ဧည့္သည္ေတြအတြက္ ယွဥ္ၿပိဳင္လုရမွာျဖစ္ပါတယ္။ အေဝးကြင္းမွာဆို ဂိုးသြင္းခက္တတ္တဲ့ နယူးကာဆယ္လ္တို႔အတြက္ေတာ့ အိမ္ကြင္းေကာင္းတဲ့ စီးတီးဂေရာင္းက ျပႆနာတစ္ခုျဖစ္ေနၿပီး ေဖာရက္စ္တို႔ရဲ႕ ဖီဆန္မႈကို ႀကဳံေတြ႕ရမွာျဖစ္သလို သူတို႔ရဲ႕ ႏိုင္ပြဲအတြက္ေတာ့ သိပ္ၿပီး အားမေပးခ်င္စရာလို႔ပဲ ဆိုရမွာပါ။ စပါးစ္ထက္ ႏွစ္ပြဲေလွ်ာ့ကစားထားလို႔ ငွက္က်ားေတြ အခြင့္အေရး ရွိေနေပမယ့္ ေဖာရက္စ္ကြင္းမွာေတာ့ တစ္မွတ္ေလာက္နဲ႔ပဲ ေက်နပ္သြားရဖို႔ မ်ားပါတယ္။ (ေဖာရက္စ္ 1-1 နယူးကာဆယ္လ္)

ဘရန႔္ဖို႔ဒ္-လက္စတာစီးတီး
ဒီပြဲကို ႏိုင္ရင္ ဘရန႔္ဖို႔ဒ္တို႔ ၄၄ မွတ္ ရမွာျဖစ္ၿပီး ဒီလိုနာမည္မႀကီးလွတဲ့ အသင္းေလးမ်ိဳးအတြက္ေတာ့ ထူးျခားတဲ့ စြမ္းေဆာင္မႈျဖစ္လာႏိုင္သလို လက္စတာတို႔ကေတာ့ ထပ္ရႈံးရင္ တန္းဆင္းဇုန္ထဲေရာက္ဖို႔ ေသခ်ာေနပါတယ္။ ေျမေခြးေတြအေနနဲ႔ မက္ဒီဆန္ မေကာင္းတဲ့ ပြဲတိုင္း ရမွတ္ဗလာျဖစ္ေနၿပီး ေႏြဆိုရင္ အသင္းက ထြက္ေတာ့မယ့္ တီးလီးမန္းစ္နဲ႔ ဆက္ဆံေရး ပ်က္ျပားေနလို႔ သိပ္မသုံးႏိုင္ေတာ့တာက ကစားကြက္ကိုပါ ပ်က္စီးေစၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ေခါင္းေဆာင္မႈ စြမ္းရည္ကိုလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့တာပါ။ လန္ဒန္ကြန္ျမဴနတီကြင္းမွာ ေျမေခြးေတြ ဘယ္ေလာက္ အေမြးထူထူ ပ်ားတုတ္ခံရဖို႔ ရွိေနၿပီး တန္းဆင္းဇုန္ကို သြားရမယ့္ အပတ္လို႔ ဆိုရပါလိမ့္မယ္။ (ဘရန႔္ဖို႔ဒ္ 3-1 လက္စတာ)

ေဆာက္သမ္တန္-ေတာ့တင္ဟမ္ေဟာ့စပါး
အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့ ကစားသမားသစ္ေတြနဲ႔ ယာယီနည္းျပ ႐ူဘင္ ဆဲလက္စ္တို႔ၾကား အခ်ိတ္အဆက္ေကာင္းေတြ ရွိလာၿပီး ႏိုင္ပြဲတခ်ိဳ႕ကိုလည္း ဖန္တီးလာႏိုင္ပါတယ္။ ခက္တာက ငယ္႐ြယ္သူမ်ားတဲ့ ခံစစ္ပိုင္းမွာ အမွားက်ဴးလြန္မႈေတြ ရွိေနလို႔ ေရွ႕က ဝါ့ဒ္-ပေရာက္စ္နဲ႔အဖြဲ႕ ရွာေဖြေပးထားတဲ့ ဂိုးေတြ အလဟႆျဖစ္ကုန္တာပါ။ စပါးစ္ကေတာ့ အသင္းငယ္ေတြနဲ႔ပဲ လုပ္စားေနတဲ့ အသင္းျဖစ္ၿပီး ဟာရီကိန္းကလည္း ဂိုးျမဴးေနပါတယ္။ အဆင့္ ၄ ကို ရေအာင္ယူဖို႔ နည္းျပ အန္တိုနီယို ကြန္တီအေနနဲ႔ ႀကိဳးစားလာမွာျဖစ္ၿပီး လီဗာပူးလ္၊ နယူးကာဆယ္လ္နဲ႔ ခ်ဲလ္ဆီးတို႔လက္က လြတ္ေအာင္ေျပးခ်င္ေနမယ့္ စပါးစ္တို႔ စိန႔္ေမရီမွာ အႏိုင္ရသြားပါလိမ့္မယ္။ (စိန႔္ 0-2 စပါးစ္)

အက္စ္တန္ဗီလာ-ဘုန္းေမာက္
အူႏိုင္း အမ္မရီရဲ႕ ဗီလာတို႔ကေတာ့ ပြဲတိုင္းကို ခပ္ရဲရဲ ခ်ဥ္းကပ္ၿပီး ေနေပ်ာ္ေပ်ာ္ ေသေပ်ာ္ေပ်ာ္ဆိုတဲ့ လြတ္လပ္ေပါ့ပါးတဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားပါတယ္။ ဒါက သူတို႔အတြက္ ေကာင္းကြက္တစ္ခုျဖစ္ေပမယ့္ ခံစစ္ပိုင္းမွာေတာ့ ေလ်ာ့ရဲမႈေတြ ရွိေစတာ အမွန္ပါပဲ။ ဘုန္းေမာက္တို႔ကေတာ့ ခပ္က်စ္က်စ္ ကစားၿပီး စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ တစ္သင္းလုံးတက္ တစ္သင္းလုံးဆင္း တိုက္ပြဲဝင္တတ္ပါတယ္။ လီဗာပူးလ္ကို အႏိုင္ရထားခဲ့တာကေတာ့ သူတို႔အတြက္ တြန္းအားျဖစ္ေပမယ့္ အေဝးကြင္းဆို ႀကံဖန္ၿပိဳလဲတတ္တဲ့ ခ်ယ္ရီေတြ ဗီလာလက္မွာ နစ္မြန္းရဖို႔ပဲ မ်ားေနတာပါ။ (ဗီလာ 3-2 ဘုန္းေမာက္)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္-လိဒ္စ္ယူႏိုက္တက္
ဝုလ္ဗ္စ္တို႔အေနနဲ႔ နည္းျပ လိုပီတီဂီလက္ထဲမွာ အေတာ္ေလး ကစားပုံတက္လာေနၿပီး ဗလႀကီး ထရာအိုေရးလည္း‌ ေျခစြမ္းျပန္ျပေနပါတယ္။ အေတြ႕အႀကဳံရင္တဲ့ စပိန္သားနည္းျပအေနနဲ႔ ပရီးမီးယားလိဂ္အထာတခ်ိဳ႕ မနပ္တာကလြဲရင္ ႏိုင္သင့္တဲ့ပြဲေတြကို အႏိုင္ယူထားႏိုင္ခ်ိန္မွာ လိဒ္စ္တို႔ကေတာ့ ဝတ္ဖို႔ဒ္နဲ႔ စုတ္ျပတ္ၿပီး ျပဳတ္လာတဲ့ ဟာဗီ ဂါစီယာလက္ထဲ အသင္းကို ထိုးအပ္ေပးလိုက္တာကေတာ့ တန္းဆင္းခ်င္ရင္လဲ ပြင့္ပြင့္လင္းလင္းေျပာလို႔ပဲ ခ်ဲလန႔္ေခၚရမွာပါ။ အိမ္ရွင္ ဝံပုေလြေတြကေတာ့ ေသြးနံ႔ရေနလို႔ ဒီပြဲမွာ သုံးမွတ္ကို အမဲလိုက္ၾကမွာျဖစ္ပါတယ္။ (ဝုလ္ဗ္စ္ 2-0 လိဒ္စ္)

ခ်ဲလ္ဆီး-အဲဗာတန္
ဘရန႔္ဖို႔ဒ္ကို ပြဲအစမွာ ဂိုးသြင္းၿပီး ပိတ္ကစားခဲ့တဲ့ အဲဗာတန္တို႔အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့ ခ်ဲလ္ဆီးကို ယွဥ္ကစားမွာ မဟုတ္ဘဲ ခံစစ္မွာပဲ အခ်ိန္ကုန္မယ့္သေဘာ ရွိပါတယ္။ ေပါ့တာအေနနဲ႔ေတာ့ ခ်ဲလ္ဆီးတို႔ကို 3 Back ကစားေနတာက အားမလိုအားမရျဖစ္ေစေပမယ့္ ႏိုင္ပြဲေတြ ျပန္လည္ရယူရာမွာ ကစားပုံမေကာင္းလည္း သုံးမွတ္ပဲဆိုတဲ့ စိတ္ဓာတ္မ်ိဳးကို ပိုင္ဆိုင္လာႏိုင္ခဲ့တာကေတာ့ အဆိုးထဲက အေကာင္းလို႔ပဲ သုံးသပ္ရမွာပါ။ ကိုဗာခ်စ္ခ်္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ရဲ႕ ကြင္းလယ္ကို ေရွာင္ဒိုက္ခ်္အေနနဲ႔ သူ႔ရဲ႕ လုပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္လူေတြကို အသုံးျပဳၿပီး ပိတ္ဆို႔လာမွာ ျဖစ္ေပမယ့္ ဘဏၰာေရးအေျခအေနအရ ဥေရာပမဝင္ရင္ ျပႆနာတက္ဖြယ္ရွိေနတာေၾကာင့္ ယူ႐ိုပါလိဂ္ေလာက္ေတာ့ ဝင္ေအာင္ယူရမယ့္ ခ်ဲလ္ဆီးတို႔ ေတြေဝေနဖို႔ မျဖစ္ႏိုင္ဘဲ အိမ္ကြင္းမွာ ဝုန္းဖြယ္ရွိပါတယ္။ (ခ်ဲလ္ဆီး 3-0 အဲဗာတန္)

အာဆင္နယ္-ခရစၥတယ္လ္ပဲေလ့စ္
အာဆင္နယ္တို႔အေနနဲ႔ ဒီပြဲကိုမွ အႏိုင္မကစားတတ္ဘူးဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အရည္အခ်င္း မမီေသးဘူးလို႔ အေျပာခံရမွာေၾကာင့္ မျဖစ္မေန သုံးမွတ္ယူရဖို႔ ရွိေနပါတယ္။ ဂန္းနားဂႏၴဝင္ ဗီယာရာရဲ႕ တစ္ခုတည္းေသာ လုပ္တတ္တာက ပိတ္ကစားတာျဖစ္ေပမယ့္ ကြင္းလယ္ အရည္အခ်င္း မမီတဲ့သူ မ်ားေနသလို ဦးစားေပးဂိုးသမားေတြလည္း ဒဏ္ရာေၾကာင့္ မပါႏိုင္ဘူးဆိုလို႔ အိမ္ရွင္ေတြအတြက္ေတာ့ အေျမာက္နဲ႔ထုလို႔ေကာင္းမယ့္ အေနအထားျဖစ္ေနတာပါ။ ယူ႐ိုပါလိဂ္က ပူပူေႏြးေႏြး ျပဳတ္ထားတဲ့ အာဆင္နယ္တို႔အတြက္ ပရီးမီးယားလိဂ္ကလြဲရင္ ဘာၿပိဳင္ပြဲမွ ကစားစရာ မက်န္ေတာ့တာေၾကာင့္ ပရိသတ္ေတြကို ႏွစ္သိမ့္တဲ့အေနနဲ႔ ဒီပြဲမွာ ေပါက္ကြဲျပပါလိမ့္မယ္။ (အာဆင္နယ္ 3-0 ပဲေလ့စ္)

ေပါလ္မာဆန္ကေတာ့ ပြဲစဥ္ ၂၈ မကစားခင္မွာ ပရီးမီးယားလိဂ္ကေန လာမယ့္ရာသီမွာ တန္းဆင္းၾကမယ့္ အသင္းေတြအျဖစ္ ေဆာက္သမ္တန္၊ လိဒ္စ္ယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ကို တစ္ေပးထားခဲ့ၿပီး အာဆင္နယ္တို႔ကို ခ်န္ပီယံျဖစ္ဖို႔နဲ႔ ေနာက္ကေန ခ်န္ပီယံလိဂ္ဝင္ၾကမယ့္ အသင္းသုံးသင္းကိုေတာ့ မန္ခ်က္စတာစီးတီး၊ ယူႏိုက္တက္နဲ႔ စပါးစ္တို႔ကို ေ႐ြးခ်ယ္ထားေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.