La Liga Match Report Premier League UCL&UEL

ကာစီမီရိုရဲ့ ဖန်တီးမှု၊ Dr.MBE ရဲ့ သွင်းဂိုးနဲ့ ဒဏ်ရာတွေကို ပြန်ကုစားတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ရီးရဲလ်ဘက်တစ်တို့ကတော့ ဂိုးသမား ရူအီ ဆေးလ်ဗား၊ ခံစစ်မှာ ပက်ဇယ်လာ၊ အက်ဒ်ဂါ ဂွန်ဇာလက်ဇ်၊ ဆာဘာလီနဲ့ အက်ဘ်နာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဝီလီယမ် ကာဗာလ်ယို၊ ဂီဒို ရိုဒရီးရက်ဇ်၊ ဟိုအာကင်၊ ဟွမ်မီနဲ့ ရူဘီယယ်လ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အယိုဇေ ပီရက်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ ဂိုးသမား ဘရာဗိုကို အရန်ခုံမှာ ထားခဲ့သလို ကွင်းလယ်မှာလည်း အဖျက်ကစားသမားနှစ်ဦးကို အထိုင်ချသုံးစွဲလာခဲ့လို့ ယူနိုက်တက်တို့ရဲ့ တိုက်စစ်ပိုင်းက ထင်သလောက်တော့ မလွယ်ကူခဲ့ဘဲ ကာစီမီရိုက မခံချင်စိတ်နဲ့ တုံ့ပြန်နေခဲ့ပေမယ့် ကလန်ကလားနဲ့ ဗက်ဂ်ဟော့စ်က အလုပ်မဖြစ်ခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ ကောင်တာကနေ အယိုဇေ ပီရက်ဇ်ရဲ့ ကန်သွင်းမှုက တိုင်ဘေးက ထွက်သွားခဲ့လို့ သက်သာခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ ပထမအကျော့က လေးဂိုး-တစ်ဂိုးရလဒ်ကြောင့် သက်တောင့်သက်သာပဲ ကစားနိုင်ခဲ့ပေမယ့် သုံးဂိုးသွင်းမှ အချိန်ပို ကစားရမယ့် ဘက်တစ်တို့အတွက်တော့ တိုက်စစ်ပိုင်းက အဆုံးသတ်တွေ မသေချာခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့ဘဲ ဧည့်သည်တွေဘက်က အခွင့်အရေး ရချိန်တွေမှာတော့ ခြေထောက်မြှောက်ဖို့တောင် ခက်နေပုံရတဲ့ ဗက်ဂ်ဟော့စ်ကြောင့် ဂိုးတွေ နစ်နာခဲ့ရပြီး ပထမပိုင်းမှာ ဘဲဥမကွဲခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စအပြီးမှာ မကြာခဏ ပေါက်ထွက်နေခဲ့တဲ့ ဘက်တစ်တို့ရဲ့ ခံစစ်ကြားကနေ ရက်ရှ်ဖို့ဒ်အနေနဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဖုန်းဒိုင်းဖုန်းဒိုင်းနဲ့ လွဲချော်နေခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး အိမ်ရှင်ဂိုးသမား ရူအီ ဆေးလ်ဗားကလည်း အမှားနည်းခဲ့လို့ ပထမ အကျော့မှာသာ သူ့ကို အသုံးပြုခဲ့ရင် ရလဒ် ဒီလောက်မဆိုးနိုင်ခဲ့ဘူးလို့ပါ ပရိသတ်တွေ ထင်ချင်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အထုတ်ခံရတာကြောင့် ဝေဖန်စရာဖြစ်ခဲ့တဲ့ ကာစီမီရိုရဲ့ ဖန်တီးမှုကနေ နောက်ထပ် အရေးကြီးချိန်မှာ ဂိုးပေါက်မတွေ့ခဲ့လို့ အပြောခံရသူတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့က ဧရိယာအပြင်ကနေ လျှပ်တစ်ပြက် ကန်ချက်နဲ့ ညာဘက်တိုင်ခြေကို ကန်သွင်းယူပေးခဲ့တာပါ။

ဧည့်သည်တွေ ဂိုးသွင်းယူခဲ့အပြီးမှာတော့ အိမ်ရှင်တွေဘက်က ရူဘီယယ်လ်၊ အယိုဇေ ပီရက်ဇ်နဲ့ ဟိုအာကင်တို့အစား ဆာဂျီယို ကာနာလက်စ်၊ ဝီလီယန် ဂျိုဆေးနဲ့ အီဂယ်လ်ဆီယာ့စ်တို့ကို လဲကစားသွားခဲ့သလို ယူနိုက်တက်တို့ဘက်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်ဒ်တို့ကို အနားပေးသွားခဲ့ပြီး ဆန်ချိုနဲ့ ဆာဘစ်ဇာတို့ကို ထည့်သွင်းခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရော အက်ဖ်အေဖလားပါ ကစားစရာမလိုတဲ့ ကာစီမီရိုကိုတော့ ဆက်လက်သုံးစွဲသွားခဲ့တာပါ။

ဘက်တစ်တို့ဘက်က ကစားကွက်ပိုကောင်းဖို့ ဂီဒို ရိုဒရီးရက်ဇ်အစား ဝါရင့်ကစားသမား ဂွါဒါဒိုကို ထပ်ထည့်ခဲ့သလို ယူနိုက်တက်တို့ကတော့ ဘရူနို ဖာနန်ဒက်စ်၊ ဝန်ဘစ်ဆာကာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကိုအစား အီလန်ဂါ၊ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကို ထည့်သွင်းပြီး အရေးပါတဲ့သူတွေကို အနားပေးသွားရင်း ပွဲကို ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ဘက်က အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြသလို ဘက်တစ်ရဲ့ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီမှာလည်း တန်ဟတ်ရဲ့ ဗျူဟာကို ကျော်ဖြတ်ဖို့နဲ့ အိမ်ကွင်းမှာ နှစ်သိမ့်နိုင်ပွဲရဖို့အတွက် ဘာပလန်မှ ရှိမနေခဲ့တာကြောင့် ပြန်လာဖို့ မဖြစ်နိုင်တော့ဘဲ အရှက်ပြေဂိုးတောင် မရဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အဝေးကွင်းမှာ ရီးရဲလ်ဘက်တစ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-နှစ်ဂိုးနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေအတွက် ပရိသတ်တွေကို နှစ်သိမ့်ပေးနိုင်ခဲ့ပြီး ဘယ်အသင်းနဲ့ ဆက်လက်တွေ့ဆုံမလဲဆိုတာကိုတော့ သောကြာနေ့ညနေ မဲခွဲပွဲမှာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ဖရက္ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပယ္လစၥထရီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ရီးရဲလ္ဘက္တစ္တို႔ကေတာ့ ဂိုးသမား ႐ူအီ ေဆးလ္ဗား၊ ခံစစ္မွာ ပက္ဇယ္လာ၊ အက္ဒ္ဂါ ဂြန္ဇာလက္ဇ္၊ ဆာဘာလီနဲ႔ အက္ဘ္နာတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဝီလီယမ္ ကာဗာလ္ယို၊ ဂီဒို ႐ိုဒရီးရက္ဇ္၊ ဟိုအာကင္၊ ဟြမ္မီနဲ႔ ႐ူဘီယယ္လ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အယိုေဇ ပီရက္ဇ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

အိမ္ရွင္ေတြအေနနဲ႔ ဂိုးသမား ဘရာဗိုကို အရန္ခုံမွာ ထားခဲ့သလို ကြင္းလယ္မွာလည္း အဖ်က္ကစားသမားႏွစ္ဦးကို အထိုင္ခ်သုံးစြဲလာခဲ့လို႔ ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ပိုင္းက ထင္သေလာက္ေတာ့ မလြယ္ကူခဲ့ဘဲ ကာစီမီ႐ိုက မခံခ်င္စိတ္နဲ႔ တုံ႔ျပန္ေနခဲ့ေပမယ့္ ကလန္ကလားနဲ႔ ဗက္ဂ္ေဟာ့စ္က အလုပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ေကာင္တာကေန အယိုေဇ ပီရက္ဇ္ရဲ႕ ကန္သြင္းမႈက တိုင္ေဘးက ထြက္သြားခဲ့လို႔ သက္သာခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ပထမအေက်ာ့က ေလးဂိုး-တစ္ဂိုးရလဒ္ေၾကာင့္ သက္ေတာင့္သက္သာပဲ ကစားႏိုင္ခဲ့ေပမယ့္ သုံးဂိုးသြင္းမွ အခ်ိန္ပို ကစားရမယ့္ ဘက္တစ္တို႔အတြက္ေတာ့ တိုက္စစ္ပိုင္းက အဆုံးသတ္ေတြ မေသခ်ာခဲ့တာေၾကာင့္ အလုပ္မျဖစ္ခဲ့ဘဲ ဧည့္သည္ေတြဘက္က အခြင့္အေရး ရခ်ိန္ေတြမွာေတာ့ ေျခေထာက္ေျမႇာက္ဖို႔ေတာင္ ခက္ေနပုံရတဲ့ ဗက္ဂ္ေဟာ့စ္ေၾကာင့္ ဂိုးေတြ နစ္နာခဲ့ရၿပီး ပထမပိုင္းမွာ ဘဲဥမကြဲခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စအၿပီးမွာ မၾကာခဏ ေပါက္ထြက္ေနခဲ့တဲ့ ဘက္တစ္တို႔ရဲ႕ ခံစစ္ၾကားကေန ရက္ရွ္ဖို႔ဒ္အေနနဲ႔ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ ဖုန္းဒိုင္းဖုန္းဒိုင္းနဲ႔ လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး အိမ္ရွင္ဂိုးသမား ႐ူအီ ေဆးလ္ဗားကလည္း အမွားနည္းခဲ့လို႔ ပထမ အေက်ာ့မွာသာ သူ႔ကို အသုံးျပဳခဲ့ရင္ ရလဒ္ ဒီေလာက္မဆိုးႏိုင္ခဲ့ဘူးလို႔ပါ ပရိသတ္ေတြ ထင္ခ်င္စရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ ပြဲမွာ အထုတ္ခံရတာေၾကာင့္ ေဝဖန္စရာျဖစ္ခဲ့တဲ့ ကာစီမီ႐ိုရဲ႕ ဖန္တီးမႈကေန ေနာက္ထပ္ အေရးႀကီးခ်ိန္မွာ ဂိုးေပါက္မေတြ႕ခဲ့လို႔ အေျပာခံရသူတစ္ဦးျဖစ္တဲ့ ရက္ရွ္ဖို႔က ဧရိယာအျပင္ကေန လွ်ပ္တစ္ျပက္ ကန္ခ်က္နဲ႔ ညာဘက္တိုင္ေျခကို ကန္သြင္းယူေပးခဲ့တာပါ။

ဧည့္သည္ေတြ ဂိုးသြင္းယူခဲ့အၿပီးမွာေတာ့ အိမ္ရွင္ေတြဘက္က ႐ူဘီယယ္လ္၊ အယိုေဇ ပီရက္ဇ္နဲ႔ ဟိုအာကင္တို႔အစား ဆာဂ်ီယို ကာနာလက္စ္၊ ဝီလီယန္ ဂ်ိဳေဆးနဲ႔ အီဂယ္လ္ဆီယာ့စ္တို႔ကို လဲကစားသြားခဲ့သလို ယူႏိုက္တက္တို႔ဘက္ကေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဖရက္ဒ္တို႔ကို အနားေပးသြားခဲ့ၿပီး ဆန္ခ်ိဳနဲ႔ ဆာဘစ္ဇာတို႔ကို ထည့္သြင္းခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ေရာ အက္ဖ္ေအဖလားပါ ကစားစရာမလိုတဲ့ ကာစီမီ႐ိုကိုေတာ့ ဆက္လက္သုံးစြဲသြားခဲ့တာပါ။

ဘက္တစ္တို႔ဘက္က ကစားကြက္ပိုေကာင္းဖို႔ ဂီဒို ႐ိုဒရီးရက္ဇ္အစား ဝါရင့္ကစားသမား ဂြါဒါဒိုကို ထပ္ထည့္ခဲ့သလို ယူႏိုက္တက္တို႔ကေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဝန္ဘစ္ဆာကာနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ကိုအစား အီလန္ဂါ၊ ဒါေလာ့နဲ႔ လင္ဒီေလာ့ဖ္တို႔ကို ထည့္သြင္းၿပီး အေရးပါတဲ့သူေတြကို အနားေပးသြားရင္း ပြဲကို ထိန္းကစားသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ဘက္က အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့ၾကသလို ဘက္တစ္ရဲ႕ မန္စီးတီးနည္းျပေဟာင္း ပယ္လီဂရီနီမွာလည္း တန္ဟတ္ရဲ႕ ဗ်ဴဟာကို ေက်ာ္ျဖတ္ဖို႔နဲ႔ အိမ္ကြင္းမွာ ႏွစ္သိမ့္ႏိုင္ပြဲရဖို႔အတြက္ ဘာပလန္မွ ရွိမေနခဲ့တာေၾကာင့္ ျပန္လာဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ အရွက္ေျပဂိုးေတာင္ မရဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က အေဝးကြင္းမွာ ရီးရဲလ္ဘက္တစ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ငါးဂိုး-ႏွစ္ဂိုးနဲ႔ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို ပရီးမီးယားလိဂ္ရလဒ္ဆိုးေတြအတြက္ ပရိသတ္ေတြကို ႏွစ္သိမ့္ေပးႏိုင္ခဲ့ၿပီး ဘယ္အသင္းနဲ႔ ဆက္လက္ေတြ႕ဆုံမလဲဆိုတာကိုေတာ့ ေသာၾကာေန႔ညေန မဲခြဲပြဲမွာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.