Premier League

ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ထိပ်ဆုံး ၄ နေရာကို ဟောကိန်းထုတ်ခဲ့တဲ့ ဆာဟာ

လူးဝစ္စ ဆာဟာဟာ အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးရဲ့ ချန်ပီယံဘွဲ့ကာကွယ်မှုကို ငြင်းပယ်နိုင်မှာဖြစ်ပြီး စပါးစ်က ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ရာသီကုန်ဖို့ ၁၁ ပွဲသာ လိုတော့တဲ့အချိန်မှာ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုနှစ်အစောပိုင်းမှာ ခြေချော်သွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း အာတီတာရဲ့အသင်းဟာ ၅ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည်ရယူခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မန်ချက်စတာစီးတီးအသင်းက လက်ရှိအချိန်မှာ ထိပ်တန်းပုံစံပြန်လည်ရရှိနေတာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရရှိခဲ့ဖူးတဲ့ ဆာဟာက ဂျေးဇု ပြန်လာနိုင်မှုက ဂန်းနားတွေအတွက် အချိန်ကိုက်ဖြစ်လာတာကြောင့် ရေပန်းအစားဆုံးဖြစ်နေဆဲလို့ ရှုမြင်ထားတာဖြစ်ပါတယ်။

“ဟုတ်တာပေါ့။ မန်ချက်စတာစီးတီးက စိန်ခေါ်ပါလိမ့်မယ်။ ဒါပေမယ့် ဂန်းနားတွေက အခုအချိန်မှာ ကြီးမားတဲ့ဦးဆောင်မှုကို ပိုင်ဆိုင်ထားပါတယ်။ အာဆင်နယ်အပေါ်မှာ ဖိအားတွေ ရှိတာက သိသာပြီး မန်စီးတီးက ပိုမိုအတွေ့အကြုံရှိတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့်လည်း ကျွန်တော် သူတို့ကို ရေပန်းအစားဆုံးအဖြစ် ရှုမြင်ထားဆဲပါ။ အာဆင်နယ်အတွက် အရမ်းကောင်းတဲ့အရာက ဂျေးဇု ပြန်ကစားလာနိုင်တာပဲ။ အဲဒါက သူတို့ရဲ့လူစာရင်းကို အရည်အသွေးတွေနဲ့ ဖန်တီးမှုတွေတောင် ပိုပြီးတော့ အထောက်အပံ့ပေးနိုင်အောင် အကူအညီပေးပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူးဝစ္စ ဆာဟာက ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာ အပြောင်းအလဲ အများကြီးရှိမယ်လို့ မမျှော်မှန်းထားဘဲ စပါးစ်ဟာ နည်းပြ ကွန်တီလက်အောက်မှာ ခြေစွမ်းမတည်ငြိမ်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားလိမ့်မယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။

“ထိပ်ဆုံး ၄ နေရာက အခုအတိုင်းပဲ ဆက်ပြီး ရှိနေပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ လတုန်းက နယူးကာဆယ်လ်က အဆင့် ၄ ရလိမ့်မယ်လို့ ထင်ခဲ့မိပြီး အဲဒါက ယုတ္တိတန်ခဲ့ပါတယ်။ ဒါပေမယ့် ထိပ်ဆုံး ၄ နေရာပြိုင်ပွဲက မာရသွန်ဖြစ်ပြီး တစ်ရာသီလုံး ထိန်းသိမ်းထားနိုင်ဖို့ စွမ်းအင်အများကြီး လိုပါတယ်။ နယူးကာဆယ်လ်လူစာရင်းက အခုအချိန်မှာ ပြင်းအားနဲ့ပတ်သက်လို့ ရုန်းကန်နေရပုံပေါ်ပြီး သူတို့တွေ နည်းနည်းလည်း ပင်ပန်းနေပုံပေါ်တာကြောင့် ဖန်တီးနိုင်စွမ်းအချို့လည်း ဆုံးရှုံးနေခဲ့ပါတယ်။

အဲဒီတော့ လက်ရှိ ထိပ်ဆုံး ၄ သင်းက လက်ရှိအနေအထားကို ကိုင်တွယ်ဖို့ အကောင်းဆုံးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်က ဆုဖလားစိန်ခေါ်နိုင်မယ်လို့ ထင်ခဲ့ပြီး အခု အဲဒီလိုပုံစံမပေါ်တော့ပေမယ့်လည်း သူတို့တွေက ထိပ်ဆုံး ၄ နေရာတော့ အေးဆေးဝင်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူးဝစၥ ဆာဟာဟာ အာဆင္နယ္အသင္းက မန္ခ်က္စတာစီးတီးရဲ႕ ခ်န္ပီယံဘြဲ႕ကာကြယ္မႈကို ျငင္းပယ္ႏိုင္မွာျဖစ္ၿပီး စပါးစ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ရာသီကုန္ဖို႔ ၁၁ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ ဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုႏွစ္အေစာပိုင္းမွာ ေျခေခ်ာ္သြားေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း အာတီတာရဲ႕အသင္းဟာ ၅ ပြဲဆက္တိုက္ ႏိုင္ပြဲ ျပန္လည္ရယူခဲ့ၿပီးကတည္းက ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္မယ့္ လမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ယခုရာသီအေစာပိုင္းမွာ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းက လက္ရွိအခ်ိန္မွာ ထိပ္တန္းပုံစံျပန္လည္ရရွိေနတာျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ရရွိခဲ့ဖူးတဲ့ ဆာဟာက ေဂ်းဇု ျပန္လာႏိုင္မႈက ဂန္းနားေတြအတြက္ အခ်ိန္ကိုက္ျဖစ္လာတာေၾကာင့္ ေရပန္းအစားဆုံးျဖစ္ေနဆဲလို႔ ရႈျမင္ထားတာျဖစ္ပါတယ္။

“ဟုတ္တာေပါ့။ မန္ခ်က္စတာစီးတီးက စိန္ေခၚပါလိမ့္မယ္။ ဒါေပမယ့္ ဂန္းနားေတြက အခုအခ်ိန္မွာ ႀကီးမားတဲ့ဦးေဆာင္မႈကို ပိုင္ဆိုင္ထားပါတယ္။ အာဆင္နယ္အေပၚမွာ ဖိအားေတြ ရွိတာက သိသာၿပီး မန္စီးတီးက ပိုမိုအေတြ႕အႀကဳံရွိတဲ့လူစာရင္းကို ပိုင္ဆိုင္ထားေပမယ့္လည္း ကြၽန္ေတာ္ သူတို႔ကို ေရပန္းအစားဆုံးအျဖစ္ ရႈျမင္ထားဆဲပါ။ အာဆင္နယ္အတြက္ အရမ္းေကာင္းတဲ့အရာက ေဂ်းဇု ျပန္ကစားလာႏိုင္တာပဲ။ အဲဒါက သူတို႔ရဲ႕လူစာရင္းကို အရည္အေသြးေတြနဲ႔ ဖန္တီးမႈေတြေတာင္ ပိုၿပီးေတာ့ အေထာက္အပံ့ေပးႏိုင္ေအာင္ အကူအညီေပးပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လူးဝစၥ ဆာဟာက ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာ အေျပာင္းအလဲ အမ်ားႀကီးရွိမယ္လို႔ မေမွ်ာ္မွန္းထားဘဲ စပါးစ္ဟာ နည္းျပ ကြန္တီလက္ေအာက္မွာ ေျခစြမ္းမတည္ၿငိမ္ခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိသြားလိမ့္မယ္လို႔ ေထာက္ခံခဲ့တာျဖစ္ပါတယ္။

“ထိပ္ဆုံး ၄ ေနရာက အခုအတိုင္းပဲ ဆက္ၿပီး ရွိေနပါလိမ့္မယ္။ လြန္ခဲ့တဲ့ ၂ လတုန္းက နယူးကာဆယ္လ္က အဆင့္ ၄ ရလိမ့္မယ္လို႔ ထင္ခဲ့မိၿပီး အဲဒါက ယုတၱိတန္ခဲ့ပါတယ္။ ဒါေပမယ့္ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲက မာရသြန္ျဖစ္ၿပီး တစ္ရာသီလုံး ထိန္းသိမ္းထားႏိုင္ဖို႔ စြမ္းအင္အမ်ားႀကီး လိုပါတယ္။ နယူးကာဆယ္လ္လူစာရင္းက အခုအခ်ိန္မွာ ျပင္းအားနဲ႔ပတ္သက္လို႔ ႐ုန္းကန္ေနရပုံေပၚၿပီး သူတို႔ေတြ နည္းနည္းလည္း ပင္ပန္းေနပုံေပၚတာေၾကာင့္ ဖန္တီးႏိုင္စြမ္းအခ်ိဳ႕လည္း ဆုံးရႈံးေနခဲ့ပါတယ္။

အဲဒီေတာ့ လက္ရွိ ထိပ္ဆုံး ၄ သင္းက လက္ရွိအေနအထားကို ကိုင္တြယ္ဖို႔ အေကာင္းဆုံးလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ မန္ခ်က္စတာယူႏိုက္တက္က ဆုဖလားစိန္ေခၚႏိုင္မယ္လို႔ ထင္ခဲ့ၿပီး အခု အဲဒီလိုပုံစံမေပၚေတာ့ေပမယ့္လည္း သူတို႔ေတြက ထိပ္ဆုံး ၄ ေနရာေတာ့ ေအးေဆးဝင္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.