Premier League Serie A

မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အိုဆီမန်

နာပိုလီကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူတွေအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနေခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၃ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ညနေက ဖရန့်ဖွတ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ပြသခဲ့တာ ဖြစ်ပြီး နာပိုလီအသင်းဟာ ၂ ကျော့ပေါင်း ၅-၀ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့က ၎င်းတို့ရဲ့ ထိပ်တန်းဦးစားပေးတွေထဲက တစ်ခုဖြစ်ပြီး အိုဆီမန်ဟာ ဟာရီ ကိန်းနဲ့အတူ ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ နားလည်ရပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အိုဆီမန်က “အနာဂတ်က ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိဘူး။ ကျွန်တော်က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ထင်ပါတယ်။ ရာသီကုန်မှာ ကျွန်တော့် အေးဂျင့်နဲ့ အတူထိုင်ပြီး အရာအားလုံးကို ဆွေးနွေးသွားမှာပါ”

“ကျွန်တော် အသင်းနဲ့ စကားပြောဆိုသွားမှာပါ။ ကျွန်တော် နာပိုလီကို မယုံနိုင်လောက်အောင် ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ အတူတူ ကောင်းမွန်တဲ့ အဖြေကို အတူတူ ရှာဖွေသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီအသင်းဟာ အိုဆီမန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်ရှိသေးတာကြောင့် ဆွေးနွေးညှိနှိုင်းရာမှာ အားကောင်းတဲ့အနေအထားမှာ ရှိနေပြီး ယခုနွေရာသီမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူးအတွက် ယူရိုသန်း ၁၀၀ နဲ့အထက် တောင်းဆိုသွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာပိုလီၾကယ္ပြင့္တိုက္စစ္မႉး ဗစ္တာ အိုဆီမန္ဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္ဆိုတဲ့သတင္းေတြကို ျငင္းပယ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီမွာ စီးရီးေအအမွတ္ေပးဇယားဦးေဆာင္သူေတြအတြက္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ျပသေနခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၂၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၃ ဂိုး သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဗုဒၶဟူးေန႔ညေနက ဖရန႔္ဖြတ္အသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ႕ ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ျပသခဲ့တာ ျဖစ္ၿပီး နာပိုလီအသင္းဟာ ၂ ေက်ာ့ေပါင္း ၅-၀ နဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုေႏြရာသီမွာ တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔က ၎တို႔ရဲ႕ ထိပ္တန္းဦးစားေပးေတြထဲက တစ္ခုျဖစ္ၿပီး အိုဆီမန္ဟာ ဟာရီ ကိန္းနဲ႔အတူ ပစ္မွတ္စာရင္းထဲမွာ ထိပ္ဆုံးက ပါဝင္ေနတယ္လို႔ နားလည္ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ အိုဆီမန္က “အနာဂတ္က ဘာေတြျဖစ္လာမလဲ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္က လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ ထင္ပါတယ္။ ရာသီကုန္မွာ ကြၽန္ေတာ့္ ေအးဂ်င့္နဲ႔ အတူထိုင္ၿပီး အရာအားလုံးကို ေဆြးေႏြးသြားမွာပါ”

“ကြၽန္ေတာ္ အသင္းနဲ႔ စကားေျပာဆိုသြားမွာပါ။ ကြၽန္ေတာ္ နာပိုလီကို မယုံႏိုင္ေလာက္ေအာင္ ေက်းဇူးတင္မိပါတယ္။ ကြၽန္ေတာ္တို႔ အတူတူ ေကာင္းမြန္တဲ့ အေျဖကို အတူတူ ရွာေဖြသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

နာပိုလီအသင္းဟာ အိုဆီမန္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ေက်ာ္ က်န္ရွိေသးတာေၾကာင့္ ေဆြးေႏြးညႇိႏႈိင္းရာမွာ အားေကာင္းတဲ့အေနအထားမွာ ရွိေနၿပီး ယခုေႏြရာသီမွာ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးအတြက္ ယူ႐ိုသန္း ၁၀၀ နဲ႔အထက္ ေတာင္းဆိုသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.