Premier League

ဂန်းနားတွေ ဒီရာသီမှာ ကံကောင်းပေမယ့် နောက်ရာသီတော့မရဘူးလို့ ကြုံးဝါးခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ဂန်းနားတွေဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး ကံကောင်းနေခဲ့တယ်လို့ ပြောကြားပြီး အာဆင်နယ်ကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်းဖလားကို အနိုင်ရရှိခဲ့ပြီးဖြစ်ပြီး အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်နေဆဲ ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေက သရဲနီတွေအတွက် အနှောင့်အယှက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ ကာလရှည် ဒဏ်ရာကြောင့် လွဲချော်နေတဲ့ ခရစ်ရှန် အဲရစ်ဆင်၊ ဗန်ဒီဘိခ်တို့နဲ့အတူ ဂါနာချိုကလည်း ဆောက်သမ်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူရတော့မှာ ဖြစ်ပါတယ်။ တောင်ပံကစားသမား အန်တိုနီကလည်း ယနေ့ည ရီးရဲလ်ဘက်တစ်နဲ့ ကစားရမယ့်ပွဲစဉ်ကို နာမကျန်းဖြစ်မှုကြောင့် လွဲချော်တော့မှာဖြစ်ပြီး အန်သိုနီ မာစီယယ်လ်ကလည်း ၂၀၂၃ ခုနှစ်မှာ တစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် ခေါင်းကိုက်နေတဲ့ တန်ဟက်အတွက် ကာစီမီရိုက လာမယ့် ပြည်တွင်းပွဲစဉ် ၄ ပွဲအထိ လွဲချော်မယ့် ဒုတိယမြောက် အနီကတ်ပြား ပြသခြင်းခံခဲ့ရတာက ခေါင်းခြောက်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က ယခုရာသီမှာ မန်ချက်စတာစီးတီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲတည်းသာ ဒဏ်ရာပြဿနာ၊ နာမကျန်းဖြစ်မှု ကင်းစင်တဲ့ လူစာရင်းကို ရွေးချယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တန်ဟက်က တခြားပရိးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ ၎င်းရဲ့ ကံတရားကို နှိုင်းယှဉ်ခဲ့ပြီး အာတီတာဟာ တစ်ရာသီလုံး လူစာရင်းကနေ လုံးဝကို ကြံ့ခိုင်မှုပြည့်ဝလုနီးပါးအသင်းကို ရွေးချယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အတွက် အိုကေ။ ငါ့အသင်းကို ငါ ရွေးချယ်နိုင်တယ်။ နည်းဗျူဟာ ချဉ်းကပ်မှုကနေဆိုရင်လည်း အဲဒါက ပြီးပြည့်စုံခဲ့တယ်ဆိုတာ တစ်ပွဲတည်းမှာပဲ ရှိခဲ့တယ်။ အဲဒါက မန်စီးတီးနဲ့ အိမ်ကွင်းမှာ ကစားတုန်းကပါ။ အဲဒါက ဒီရာသီမှာ တစ်ကြိမ်ပဲ ကြုံဖူးသေးပါတယ်။ တခြားအချိန်တွေ၊ ပွဲစဉ်တိုင်းမှာ ကစားသမားတစ်ယောက် ပွဲပယ်ခံရတယ်။ တစ်ယောက် ဒဏ်ရာရတာ ဒါမှမဟုတ် နာမကျန်းဖြစ်တာတွေ ရှိတယ်။ ကျွန်တော်တို့ အဲဒီကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပေမယ့် ခင်ဗျား ကျွန်တော် အာဆင်နယ်ကို မြင်တဲ့အတိုင်း သူတို့တွေက တချိန်လုံး သူတို့လူစာရင်းက အသုံးပြုလို့ ရနိုင်နေလုနီးပါးဖြစ်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၆ မှင်္တ၊ မန်စီးတီးနဲ့ ၁၁ မှတ်ကွာမှာ တစ်ပွဲလျော့နဲ့ ရပ်တည်နေတာဖြစ်ပြီး တန်ဟက်က လက်ရှိမှာတော့ ဂန်းနားတွေနဲ့ စီးတီးကို အနိုင်ယူဖို့ မဖြစ်နိုင်ဖွယ်များတယ်လို့ ဝန်ခံခဲ့ပေမယ့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ဖလားရရှိဖို့ လိုအပ်တဲ့အရာတွေရှိတယ်ဆိုတာကို သက်သေပြသခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ ကွာဟချက်က ရှိနေသေးတယ်ဆိုတာကိုလည်း သိနေပါတယ်။ ကျွန်တော်တို့ အဲဒီကွာဟချက်ကို လျင်လျင်မြန်မြန်နဲ့ နီးကပ်အောင်လုပ်နိုင်မယ်လို့ မျှော်မှန်းလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိင်ရဖို့ ကြိုးစားနေပြီး ထိပ်တန်းအသင်းတွေအားလုံးကို ကျွန်တော်တို့ အနိုင်ယူခဲ့တယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းတွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ အဲဒါကို လုပ်နိုင်အောင် နောက်ထပ်ခြေလှမ်းလှမ်းရမှာပါ။ ကျွန်တော်တို့ ရှေ့ကို အရမ်းကြိုတွေးလို့မရဘဲ တစ်ပွဲချင်းစီ အာရုံစိုက်သွားရမှာပါ။ အချိန်ကြာလာရင် ကျွန်တော်တို့ အဲဒါကို လုပ်လာနိုင်မှာပါ။ ပရီးမီးယားလိဂ်က အခုလောက်ဘယ်တုန်းကမှ မခက်ခဲခဲ့ဖူးဘူး။ အခုဆိုရင် ယှဉ်ပြိုင်သူတွေ အများကြီးရှိနေပြီ။ ၂ ကောင်တည်းပြေးတဲ့ပြိုင်ပွဲမဟုတ်ပါဘူး။ ၅​ ကောင်၊ ၆ ကောင်၊ ၇ ကောင်လောက်ကို ပြေးနေတာပါ။ ကျွန်တော်တို့လိုချင်တာကို အသင်း ၆ သင်း၊ ၇ သင်းလောက်ကလည်း လိုချင်တာပါ။ ကျွန်တော်တို့ အဲဒါကို ရရှိအောင် လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် ကျွ်နတော်တို့အသင်းထဲမှာ ဆက်သွားဖို့ ခြေလှမ်းလှမ်းရဦးမယ်ဆိုတာကို သတိပြုမိနေကြပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ဂန္းနားေတြဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ပတ္သက္ၿပီး ကံေကာင္းေနခဲ့တယ္လို႔ ေျပာၾကားၿပီး အာဆင္နယ္ကို ေဝဖန္ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီရာသီမွာ ကာရာေဘာင္းဖလားကို အႏိုင္ရရွိခဲ့ၿပီးျဖစ္ၿပီး အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ဖလားၿပိဳင္ပြဲေတြမွာလည္း ပါဝင္ယွဥ္ၿပိဳင္ေနဆဲ ျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြက သရဲနီေတြအတြက္ အေႏွာင့္အယွက္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဟာ ကာလရွည္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနတဲ့ ခရစ္ရွန္ အဲရစ္ဆင္၊ ဗန္ဒီဘိခ္တို႔နဲ႔အတူ ဂါနာခ်ိဳကလည္း ေဆာက္သမ္တန္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။ ေတာင္ပံကစားသမား အန္တိုနီကလည္း ယေန႔ည ရီးရဲလ္ဘက္တစ္နဲ႔ ကစားရမယ့္ပြဲစဥ္ကို နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး အန္သိုနီ မာစီယယ္လ္ကလည္း ၂၀၂၃ ခုႏွစ္မွာ တစ္ပြဲသာ ပါဝင္ကစားေပးထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေတြေၾကာင့္ ေခါင္းကိုက္ေနတဲ့ တန္ဟက္အတြက္ ကာစီမီ႐ိုက လာမယ့္ ျပည္တြင္းပြဲစဥ္ ၄ ပြဲအထိ လြဲေခ်ာ္မယ့္ ဒုတိယေျမာက္ အနီကတ္ျပား ျပသျခင္းခံခဲ့ရတာက ေခါင္းေျခာက္စရာ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ တန္ဟက္က ယခုရာသီမွာ မန္ခ်က္စတာစီးတီးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္တစ္ပြဲတည္းသာ ဒဏ္ရာျပႆနာ၊ နာမက်န္းျဖစ္မႈ ကင္းစင္တဲ့ လူစာရင္းကို ေ႐ြးခ်ယ္ႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တန္ဟက္က တျခားပရိးမီးယားလိဂ္ကလပ္အသင္းေတြနဲ႔ ၎ရဲ႕ ကံတရားကို ႏႈိင္းယွဥ္ခဲ့ၿပီး အာတီတာဟာ တစ္ရာသီလုံး လူစာရင္းကေန လုံးဝကို ႀကံ့ခိုင္မႈျပည့္ဝလုနီးပါးအသင္းကို ေ႐ြးခ်ယ္ႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ့္အတြက္ အိုေက။ ငါ့အသင္းကို ငါ ေ႐ြးခ်ယ္ႏိုင္တယ္။ နည္းဗ်ဴဟာ ခ်ဥ္းကပ္မႈကေနဆိုရင္လည္း အဲဒါက ၿပီးျပည့္စုံခဲ့တယ္ဆိုတာ တစ္ပြဲတည္းမွာပဲ ရွိခဲ့တယ္။ အဲဒါက မန္စီးတီးနဲ႔ အိမ္ကြင္းမွာ ကစားတုန္းကပါ။ အဲဒါက ဒီရာသီမွာ တစ္ႀကိမ္ပဲ ႀကဳံဖူးေသးပါတယ္။ တျခားအခ်ိန္ေတြ၊ ပြဲစဥ္တိုင္းမွာ ကစားသမားတစ္ေယာက္ ပြဲပယ္ခံရတယ္။ တစ္ေယာက္ ဒဏ္ရာရတာ ဒါမွမဟုတ္ နာမက်န္းျဖစ္တာေတြ ရွိတယ္။ ကြၽန္ေတာ္တို႔ အဲဒီကိစၥေတြကို ရင္ဆိုင္ေျဖရွင္းခဲ့ရေပမယ့္ ခင္ဗ်ား ကြၽန္ေတာ္ အာဆင္နယ္ကို ျမင္တဲ့အတိုင္း သူတို႔ေတြက တခ်ိန္လုံး သူတို႔လူစာရင္းက အသုံးျပဳလို႔ ရႏိုင္ေနလုနီးပါးျဖစ္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၃ ေနရာမွာ ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၁၆ မွတၤ၊ မန္စီးတီးနဲ႔ ၁၁ မွတ္ကြာမွာ တစ္ပြဲေလ်ာ့နဲ႔ ရပ္တည္ေနတာျဖစ္ၿပီး တန္ဟက္က လက္ရွိမွာေတာ့ ဂန္းနားေတြနဲ႔ စီးတီးကို အႏိုင္ယူဖို႔ မျဖစ္ႏိုင္ဖြယ္မ်ားတယ္လို႔ ဝန္ခံခဲ့ေပမယ့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးလိဂ္ဖလားရရွိဖို႔ လိုအပ္တဲ့အရာေတြရွိတယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ တိုးတက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ၾကားမွာ ကြာဟခ်က္က ရွိေနေသးတယ္ဆိုတာကိုလည္း သိေနပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီကြာဟခ်က္ကို လ်င္လ်င္ျမန္ျမန္နဲ႔ နီးကပ္ေအာင္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ပြဲစဥ္တိုင္းကို အနိင္ရဖို႔ ႀကိဳးစားေနၿပီး ထိပ္တန္းအသင္းေတြအားလုံးကို ကြၽန္ေတာ္တို႔ အႏိုင္ယူခဲ့တယ္။ ကြၽန္ေတာ္တို႔က ထိပ္တန္းအသင္းေတြကို အႏိုင္ယူႏိုင္စြမ္းရွိပါတယ္။ ကြၽန္ေတာ္တို႔ ပိုၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ အဲဒါကို လုပ္ႏိုင္ေအာင္ ေနာက္ထပ္ေျခလွမ္းလွမ္းရမွာပါ။ ကြၽန္ေတာ္တို႔ ေရွ႕ကို အရမ္းႀကိဳေတြးလို႔မရဘဲ တစ္ပြဲခ်င္းစီ အာ႐ုံစိုက္သြားရမွာပါ။ အခ်ိန္ၾကာလာရင္ ကြၽန္ေတာ္တို႔ အဲဒါကို လုပ္လာႏိုင္မွာပါ။ ပရီးမီးယားလိဂ္က အခုေလာက္ဘယ္တုန္းကမွ မခက္ခဲခဲ့ဖူးဘူး။ အခုဆိုရင္ ယွဥ္ၿပိဳင္သူေတြ အမ်ားႀကီးရွိေနၿပီ။ ၂ ေကာင္တည္းေျပးတဲ့ၿပိဳင္ပြဲမဟုတ္ပါဘူး။ ၅​ ေကာင္၊ ၆ ေကာင္၊ ၇ ေကာင္ေလာက္ကို ေျပးေနတာပါ။ ကြၽန္ေတာ္တို႔လိုခ်င္တာကို အသင္း ၆ သင္း၊ ၇ သင္းေလာက္ကလည္း လိုခ်င္တာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို ရရွိေအာင္ လုပ္ႏိုင္စြမ္းရွိတယ္။ ဒါေပမယ့္ ကြၽ္နေတာ္တို႔အသင္းထဲမွာ ဆက္သြားဖို႔ ေျခလွမ္းလွမ္းရဦးမယ္ဆိုတာကို သတိျပဳမိေနၾကပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.