UCL&UEL

ရော်နယ်လ်ဒိုကို မလေးမစားလုပ်လို့ ဝေဖန်ခံနေရတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းက ကာရင် ဘန်ဇီးမားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မလေးမစား ပြုလုပ်တာဖြစ်တယ်လို့ ပြစ်တင် ကြိမ်းမောင်းခြင်းခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့ညက လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၆-၂ နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ အန်းဖီးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးကတည်းက ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ကစားသမားအဖြစ် ပြောင်းလဲသွားခဲ့ပြီး အသင်းက လိုအပ်နေတဲ့ အကြီးမားဆုံးအခိုက်အတန့်တွေမှာ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ၉ နှစ်လောက် ဘာနေဗျူးမှာ အထောက်အကူပေးတဲ့ အခန်းကဏ္ဍကနေ ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် အဓိကကစားသမားအဖြစ် ကစားပေးနေတာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ မစ္စတာ ချန်ပီယံလိဂ်လို့ ခေါ်ဝေါ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ မှတ်ချက်က ခရစ္စတီယာနို ရော်နယ်လ်ဒို ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တသက်တာစံချိန်တင်သွင်းဂိုး ၁၄၀ နဲ့ ဆုဖလား ၄ ကြိမ်အထိ ရရှိခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂုဏ်ပုဒ်ကို သုံးနှုန်းခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

“ဒါက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လုံးဝ မလေးမစားလုပ်တာပဲ။ အက်မင် ကွဲနေတာလား”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း“ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဒီလိုမျိုး မလေးမစားမလုပ်နဲ့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကာရင် ဘန်ဇီးမားဟာ ပြီးခဲ့တဲ့နှစ်မှာ ဘလွန်ဒေါဆုကို ရရှိခဲ့သူဖြစ်ပြီး လီယွန်၊ ရီးရဲလ်မက်ဒရစ်အသင်းတို့အတွက် ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်း ၈၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းက ကာရင္ ဘန္ဇီးမားနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တဲ့ ပို႔စ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မေလးမစား ျပဳလုပ္တာျဖစ္တယ္လို႔ ျပစ္တင္ ႀကိမ္းေမာင္းျခင္းခံခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာ ဗုဒၶဟူးေန႔ညက လီဗာပူးလ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၆-၂ နဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ အန္းဖီးမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္တုန္းက ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ေရာ္နယ္လ္ဒို ထြက္ခြာသြားၿပီးကတည္းက ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ၾကယ္ပြင့္ကစားသမားအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး အသင္းက လိုအပ္ေနတဲ့ အႀကီးမားဆုံးအခိုက္အတန႔္ေတြမွာ ကူညီေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ ၉ ႏွစ္ေလာက္ ဘာေနဗ်ဴးမွာ အေထာက္အကူေပးတဲ့ အခန္းက႑ကေန ကစားေပးခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အတြက္ အဓိကကစားသမားအျဖစ္ ကစားေပးေနတာျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ အေရးပါတဲ့ သြင္းဂိုးကို သြင္းယူၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တရားဝင္တြစ္တာအေကာင့္မွာ မစၥတာ ခ်န္ပီယံလိဂ္လို႔ ေခၚေဝၚျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ မွတ္ခ်က္က ခရစၥတီယာႏို ေရာ္နယ္လ္ဒို ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ တသက္တာစံခ်ိန္တင္သြင္းဂိုး ၁၄၀ နဲ႔ ဆုဖလား ၄ ႀကိမ္အထိ ရရွိခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ဂုဏ္ပုဒ္ကို သုံးႏႈန္းခဲ့တဲ့အေပၚ တုံ႔ျပန္ခဲ့ၾကတာျဖစ္ပါတယ္။

“ဒါက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လုံးဝ မေလးမစားလုပ္တာပဲ။ အက္မင္ ကြဲေနတာလား”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဒီလိုမ်ိဳး မေလးမစားမလုပ္နဲ႔”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ကာရင္ ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ဘလြန္ေဒါဆုကို ရရွိခဲ့သူျဖစ္ၿပီး လီယြန္၊ ရီးရဲလ္မက္ဒရစ္အသင္းတို႔အတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး စုစုေပါင္း ၈၉ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.