UCL&UEL

နူးညက်ဇ်ကို ကြောက်မက်ဖွယ်ဖျက်ထုတ်ခဲ့ပေမယ့် အနီကတ်မထိခဲ့တဲ့ ရူဒီဂါ

အန်တိုနီယို ရူဒီဂါဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အတွင်းမှာ ဒါဝင် နူးညက်ဇ်ကို ကြောက်မက်ဖွယ် ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့်လည်း အပြစ်ပေးမှုကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဂျာမန်နောက်ခံကစားသမားဟာ အတော်လေးကို ထူးခြားတဲ့ ခံစစ် ကစားဟန်မျိုးရှိပြီး အရာအားလုံးကို အလွန် ခြားနားစွာ လုပ်ဆောင်တတ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပထမပိုင်းမှာ ၎င်းရဲ့ ဂုဏ်သတင်းနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး လီဗာပူးလ်ဟာ ရောဘတ်ဆန်က ဘယ်တောင်ပံမှာ ဒါဝင်နူးညက်ဇ်နဲ့ တွဲကစားပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဗယ်ဗာဒီနဲ့ ယှဉ်ပြေးခဲ့တာ ဖြစ်ပေမယ့်လည်း ပြီးတဲ့နောက်မှာ ရူဒီဂါက ကြောက်မက်ဖွယ် ကောင်းတဲ့ ဖျက်ထုတ်မှု ပြုလုပ်ဖို့အတွက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရူဒီဂါဟာ ဘောလုံးကို ရှင်းထုတ်လိုက်နိုင်ခဲ့ပေမယ့်လည်း တော်တော်လေး အန္တရာယ်ရှိပုံပေါ်တဲ့ ပုံမှန်မဟုတ်တဲ့ ဖျက်ထုတ်မှုတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ ခြေစုံပစ်ဝင်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ရူဒီဂါ အနီကတ်ထိရမယ့် ဖျက်ထုတ်မှုပါ။ ခြေထောက် ၂ ချောင်းစလုံး မြှောက်ပြီး နူးညက်ဇ်ရဲ့ ဒူးကို ကန်ခဲ့တာပါ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း”မန်ချက်စတာယူနိုက်တက်သာဆိုရင် နူးညက်ဇ်ကို ရူဒီဂါ ဖျက်ထုတ်ပုံက တိုက်ရိုက် အနီကတ်ပဲ“လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးက ပွဲစဉ်ဟာ ဂိုးမိုးရွာခဲ့တဲ့ ပထမအကျော့တုန်းနဲ့ မတူညီခဲ့ဘဲ ဒုတိယပိုင်း ၇၈ မိနစ်အထိ ဂိုးမရှိ သရေကျနေခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ဥရောပချန်ပီယံတွေနဲ့ အချိန်ပိုအထိ ဆက်လက်ကစားဖို့ဆိုရင် ၃ ဂိုးအထိ သွင်းယူဖို့ လိုအပ်ခဲ့တာဖြစ်ပေမယ့် ထူးခြားဆန်းကြယ်တဲ့အရာတွေ ပြုလုပ်ပြနိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ႐ူဒီဂါဟာ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္အတြင္းမွာ ဒါဝင္ ႏူးညက္ဇ္ကို ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း အျပစ္ေပးမႈကေန လြတ္ေျမာက္သြားခဲ့ပါတယ္။

ဂ်ာမန္ေနာက္ခံကစားသမားဟာ အေတာ္ေလးကို ထူးျခားတဲ့ ခံစစ္ ကစားဟန္မ်ိဳးရွိၿပီး အရာအားလုံးကို အလြန္ ျခားနားစြာ လုပ္ေဆာင္တတ္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။

ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ပထမပိုင္းမွာ ၎ရဲ႕ ဂုဏ္သတင္းနဲ႔ ကိုက္ညီတဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ၿပီး လီဗာပူးလ္ဟာ ေရာဘတ္ဆန္က ဘယ္ေတာင္ပံမွာ ဒါဝင္ႏူးညက္ဇ္နဲ႔ တြဲကစားၿပီး တန္ျပန္တိုက္စစ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ဗယ္ဗာဒီနဲ႔ ယွဥ္ေျပးခဲ့တာ ျဖစ္ေပမယ့္လည္း ၿပီးတဲ့ေနာက္မွာ ႐ူဒီဂါက ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ဖို႔အတြက္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

႐ူဒီဂါဟာ ေဘာလုံးကို ရွင္းထုတ္လိုက္ႏိုင္ခဲ့ေပမယ့္လည္း ေတာ္ေတာ္ေလး အႏၲရာယ္ရွိပုံေပၚတဲ့ ပုံမွန္မဟုတ္တဲ့ ဖ်က္ထုတ္မႈတစ္ခုကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ကိုယ့္ကိုကိုယ္ မထိန္းႏိုင္ဘဲ ေျခစုံပစ္ဝင္သလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

“႐ူဒီဂါ အနီကတ္ထိရမယ့္ ဖ်က္ထုတ္မႈပါ။ ေျခေထာက္ ၂ ေခ်ာင္းစလုံး ေျမႇာက္ၿပီး ႏူးညက္ဇ္ရဲ႕ ဒူးကို ကန္ခဲ့တာပါ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း”မန္ခ်က္စတာယူႏိုက္တက္သာဆိုရင္ ႏူးညက္ဇ္ကို ႐ူဒီဂါ ဖ်က္ထုတ္ပုံက တိုက္႐ိုက္ အနီကတ္ပဲ“လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ဘာေနဗ်ဴးက ပြဲစဥ္ဟာ ဂိုးမိုး႐ြာခဲ့တဲ့ ပထမအေက်ာ့တုန္းနဲ႔ မတူညီခဲ့ဘဲ ဒုတိယပိုင္း ၇၈ မိနစ္အထိ ဂိုးမရွိ သေရက်ေနခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ဥေရာပခ်န္ပီယံေတြနဲ႔ အခ်ိန္ပိုအထိ ဆက္လက္ကစားဖို႔ဆိုရင္ ၃ ဂိုးအထိ သြင္းယူဖို႔ လိုအပ္ခဲ့တာျဖစ္ေပမယ့္ ထူးျခားဆန္းၾကယ္တဲ့အရာေတြ ျပဳလုပ္ျပႏိုင္ခဲ့ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.