Premier League

ညာနောက်ခံလူသစ် ရှာလိုက်တော့လို့ အာနိုးကို ဒဲ့ဝုန်းလိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက လီဗာပူးလ်အသင်းအနေနဲ့ အာနိုးအပေါ်က ဖိအားတွေကို လျော့ပါးလာအောင် ညာနောက်ခံလူသစ် မဖြစ်မနေဝယ်ယူရမယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်နောက်ခံလူဟာ ဘယ်တုန်းကမှ ခံစစ်ပိုင်းမှာ လုံလောက်တဲ့ ကောင်းမွန်မှုမရှိခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အလက်ဇန်းဒါး-အာနိုးဟာ ယာဂန် ကလော့ပ်လက်အောက် လီဗာပူးလ်ရဲ့ အောင်မြင်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်ညာနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် တောက်ပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာနိုးရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ ယခုရာသီမှာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ဆက်လက် ခံခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ဟာ ဗုဒ္ဓဟူးနေ့ညက ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၆-၂ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ညာနောက်ခံကစားသမားဟာ ဘာနေဗျူးမှာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဘန်ဇီးမားရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအတွက် တိုက်စစ်စတင်ချိန်မှာ ဘရာဇီးလ်တောင်ပံကစားသမားကို မထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟာ ရာသီအများအပြားမှာ လီဗာပူးလ်ရဲ့ တစ်ဦးတည်းသော ညာနောက်ခံကစားသမားအဖြစ် အသိအမှတ်ပြုခံထားခြင်းခံခဲ့ရသူဖြစ်ခဲ့ပြီး ၎င်းရဲ့ ရုန်းကန်နေရမှုက ယှဉ်ပြိုင်မယ့်သူမရှိခြင်းက အဓိကအချက်အဖြစ် ရှိနေတယ်လို့ ထောက်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ဒီရာသီ သူဖြစ်ခဲ့တဲ့ ခံစစ်ပိုင်း အရည်အသွေးကင်းမဲ့မှုက ဆက်ဖြစ်နေလို့ မရနိုင်တော့ပါဘူး။ ပြဿနာက သူတို့မှာ အဲဒီနေရာအတွက် ဘယ်တုန်းကမှ စစ်မှန်တဲ့ ယှဉ်ပြိုင်မှု မရှိခဲ့တာပါ။ အဲဒါက သူအရမ်းကောင်းမွန်​နေခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ခင်ဗျား တွေးမယ်။ ဘယ်သူ့ဝယ်ရမလဲ။ အပတ်တိုင်း မကစားရမယ့် သူတစ်ယောက်အတွက် ခင်ဗျား ဘယ်လောက်ငွေသုံးရမလဲ။

လီဗာပူးလ်က ညာနောက်ခံလူတစ်ယောက် သွားဝယ်ရမယ့် အချိန်ရောက်နေပြီ။ ညာနောက်ခံလူက ဘယ်လောက်အထိ ကောင်းရမလဲ၊ ဘယ်စျေးလဲဆိုတာကို ကလော့ပ် ဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် အာနိုးက တကယ့်ကို ယှဉ်ပြိုင်မှု အရေးတကြီးလိုနေပြီ။ သူက ထိပ်တန်းအဆင့်မှာ ကစားနေခဲ့တယ်။ တစ်ပတ်ပြီးတစ်ပတ် ၅ နှစ်လောက်အထိ ကစားခဲ့တယ်။ သူ အံ့အားသင့်စရာတွေကို လုပ်ခဲ့ပြီး သူ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် သူ အကူအညီလိုအပ်ပါတယ်။ ဒီရာသီကုန်မှာ ညာနောက်ခံကစားသမားအဖြစ်နဲ့ သူ ဘယ်နေရာမှာရှိနေလဲဆိုတာကို အရှည်ကြီး စဉ်းစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်မီ ကာေရဂါက လီဗာပူးလ္အသင္းအေနနဲ႔ အာႏိုးအေပၚက ဖိအားေတြကို ေလ်ာ့ပါးလာေအာင္ ညာေနာက္ခံလူသစ္ မျဖစ္မေနဝယ္ယူရမယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္ေနာက္ခံလူဟာ ဘယ္တုန္းကမွ ခံစစ္ပိုင္းမွာ လုံေလာက္တဲ့ ေကာင္းမြန္မႈမရွိခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အလက္ဇန္းဒါး-အာႏိုးဟာ ယာဂန္ ကေလာ့ပ္လက္ေအာက္ လီဗာပူးလ္ရဲ႕ ေအာင္ျမင္မႈမွာ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး တိုက္စစ္ညာေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ ေတာက္ပခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာႏိုးရဲ႕ ခံစစ္ပိုင္း စြမ္းေဆာင္ရည္ဟာ ယခုရာသီမွာ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ ဆက္လက္ ခံခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္ဟာ ဗုဒၶဟူးေန႔ညက ဘာေနဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ၆-၂ နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ညာေနာက္ခံကစားသမားဟာ ဘာေနဗ်ဴးမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ဒုကၡေပးျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဘန္ဇီးမားရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးအတြက္ တိုက္စစ္စတင္ခ်ိန္မွာ ဘရာဇီးလ္ေတာင္ပံကစားသမားကို မထိန္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားဟာ ရာသီအမ်ားအျပားမွာ လီဗာပူးလ္ရဲ႕ တစ္ဦးတည္းေသာ ညာေနာက္ခံကစားသမားအျဖစ္ အသိအမွတ္ျပဳခံထားျခင္းခံခဲ့ရသူျဖစ္ခဲ့ၿပီး ၎ရဲ႕ ႐ုန္းကန္ေနရမႈက ယွဥ္ၿပိဳင္မယ့္သူမရွိျခင္းက အဓိကအခ်က္အျဖစ္ ရွိေနတယ္လို႔ ေထာက္ျပျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ဒီရာသီ သူျဖစ္ခဲ့တဲ့ ခံစစ္ပိုင္း အရည္အေသြးကင္းမဲ့မႈက ဆက္ျဖစ္ေနလို႔ မရႏိုင္ေတာ့ပါဘူး။ ျပႆနာက သူတို႔မွာ အဲဒီေနရာအတြက္ ဘယ္တုန္းကမွ စစ္မွန္တဲ့ ယွဥ္ၿပိဳင္မႈ မရွိခဲ့တာပါ။ အဲဒါက သူအရမ္းေကာင္းမြန္​ေနခဲ့တဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ ခင္ဗ်ား ေတြးမယ္။ ဘယ္သူ႔ဝယ္ရမလဲ။ အပတ္တိုင္း မကစားရမယ့္ သူတစ္ေယာက္အတြက္ ခင္ဗ်ား ဘယ္ေလာက္ေငြသုံးရမလဲ။

လီဗာပူးလ္က ညာေနာက္ခံလူတစ္ေယာက္ သြားဝယ္ရမယ့္ အခ်ိန္ေရာက္ေနၿပီ။ ညာေနာက္ခံလူက ဘယ္ေလာက္အထိ ေကာင္းရမလဲ၊ ဘယ္ေစ်းလဲဆိုတာကို ကေလာ့ပ္ ဆုံးျဖတ္ရမွာပါ။ ဒါေပမယ့္ အာႏိုးက တကယ့္ကို ယွဥ္ၿပိဳင္မႈ အေရးတႀကီးလိုေနၿပီ။ သူက ထိပ္တန္းအဆင့္မွာ ကစားေနခဲ့တယ္။ တစ္ပတ္ၿပီးတစ္ပတ္ ၅ ႏွစ္ေလာက္အထိ ကစားခဲ့တယ္။ သူ အံ့အားသင့္စရာေတြကို လုပ္ခဲ့ၿပီး သူ႔အတြက္ အရမ္း ဂုဏ္ယူမိပါတယ္။ ဒါေပမယ့္ သူ အကူအညီလိုအပ္ပါတယ္။ ဒီရာသီကုန္မွာ ညာေနာက္ခံကစားသမားအျဖစ္နဲ႔ သူ ဘယ္ေနရာမွာရွိေနလဲဆိုတာကို အရွည္ႀကီး စဥ္းစားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.