La Liga Match Report Premier League UCL&UEL

သေချာပေါက် ပင်နယ်တီမရခဲ့လို့ လီဗာပူးလ်တို့ တစ်ဂိုးတည်းနဲ့ပဲ ဆုံးမနိုင်ခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ ရူဒီဂါ၊ ကာဗာဟယ်လ်နဲ့ နာချို ဖာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ မိုဒရစ်ချ်နဲ့ တိုနီ ခရူးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဖာဘင်ညိုနဲ့ မီလ်နာတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုတာ၊ ဆာလား၊ ဂက်ခ်ပိုနဲ့ နူးညက်ဇ်တို့ကို လေးယောက်အထိ ပွဲထုတ်လာခဲ့တာပါ။

လီဗာပူးလ်တို့အနေနဲ့ အန်းဖီးလ် ရှုံးကြွေးကို တုံ့ပြန်နိုင်ဖို့အတွက် ဘာစီလိုနာကို နာမည်ကျော် Come Back ခဲ့တဲ့ ဖြစ်ရပ်ကို ထပ်မံ လုပ်ဆောင်နိုင်ဖို့ စိတ်ဓာတ်မြှင့်တင်ပေးထားပုံမျိုးနဲ့ ဘာနေဗျူးမှာ ကစားလာခဲ့သလို ဆာလား၊ ဂက်ခ်ပိုက ညာခြမ်း၊ ဂျိုတာနဲ့ နူးညက်ဇ်တို့က ဘယ်ခြမ်းမှာ ကစားပြီး တိုက်စစ်ဇုန်မှာ ဖိအားပေးဖို့ ကြိုးစားလာခဲ့ကြလို့ ရီးရဲလ်မက်ဒရစ်တို့ သတိကြီးကြီးနဲ့ ထိန်းချုပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဆာလားပေးတာကနေ နူးညက်ဇ်က အနီးကပ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမား ကူတွာတည့်တည့်ဖြစ်နေတာကြောင့် လီဗာပူးလ်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရသလို ရီးရဲလ်တို့ဘက်ကတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဘင်ဇီးမားတစ်ယောက် လောကြီးနေတာကြောင့် အလုပ်မဖြစ်ခဲ့ဘဲ ဗီနီးရှပ်စ်ရဲ့ အနီးကပ် ပိတ်သွင်းမှုကိုတော့ အယ်လစ်ဆန်က မယုံနိုင်လောက်အောင် ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ မှာ ကာမာဗင်ဂါရဲ့ ဧရိယာ အပြင်ဘက်က အမှတ်မထင် ကန်ချက်က ဘားထိထွက်ခဲ့ပြီး လီဗာပူးလ်တို့ကတော့ ဖွင့်တိုက်ပြီး ဘောလုံးဆုံးရှုံးတာနဲ့ ဂိုးရှေ့မှာ အမြန်ဆုံးဆင်းပြီး လူပြန်စုတဲ့ ပုံစံကို သုံးသွားခဲ့လို့ ရီးရဲလ်တို့ ထင်သလောက် မခြိမ်းခြောက်နိုင်ခဲ့ဘဲ နူးညက်ဇ်နဲ့ ဂက်ခ်ပိုတို့ရဲ့ ကန်ချက်တွေကိုတော့ ကူတွာ ပုတ်ထုတ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်ဘက်က ဗယ်လ်ဗာဒီနဲ့ ဘင်ဇီးမားတို့ရဲ့ ကန်ချက်တွေကို အယ်လစ်ဆန် ကာကွယ်ခဲ့ရအပြီးမှာတော့ အနည်းဆုံး လေးဂိုးသွင်းမှ နောက်တစ်ဆင့်တက်မယ့် ယာဂန် ကလော့ပ်တို့အုပ်စု စိတ်လျှော့လိုက်ပုံရပြီး နူးညက်ဇ်နဲ့ ဂျိုတာတို့အစား ဖာမီနိုနဲ့ အဲလီးယော့တို့ကို ထည့်သွင်းပြီး ပုံမှန် ၄-၃-၃ ကစားကွက်ကို ပြန်ပြောင်းသွားခဲ့သလို ပွဲကိုတော့ အန်ချယ်လော့တီရဲ့ လူတွေကပဲ ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ဘင်ဇီးမားကတော့ ဒီနေ့မှာ တော်တော်လေး ဖြုန်းတီးနေခဲ့သလို ဗယ်လ်ဗာဒီနဲ့အတူ ဖန်တီးပေးသမျှကို လွဲချော်နေခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် စိတ်ပျက်ခဲ့ရသလို ပထမအကျော့က ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရထားခဲ့တာသာ မဟုတ်ရင် ဘာနေဗျူးမှာ လီဗာပူးလ်တို့တောင် ကံကောင်းသွားနိုင်ခဲ့သေးတာပါ။

ဒါပေမယ့် ပွဲချိန် ၇၉ မိနစ်မှာတော့ ရီးရဲလ်တို့ စတင်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကာမာဗင်ဂါရဲ့ ဘင်ဇီးမားဆီ ပေးပို့မှုကို ဗန်ဒိုက်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် လည်ထွက်လာတဲ့ ဘောလုံးကို ဗီနီးရှပ်စ်က လဲကျနေတဲ့ အနေအထားနဲ့ ညာဘက်ကို ထုတ်ပေးခဲ့ရာမှာ ဘင်ဇီးမားကပဲ အလွတ်ကြီး ပိတ်သွင်းခွင့်ရသွားခဲ့လို့ လီဗာပူးလ်တို့ စိတ်ပျက်ခဲ့ရတာပါ။

ဒီနောက်မှာတော့ ရီးရဲလ်တို့ဘက်က မိုဒရစ်ချ်၊ ဘင်ဇီးမား၊ ဗီနီးရှပ်စ်၊ တိုနီ ခရူးစ်နဲ့ ကာဗာဟယ်လ်တို့အစား ဒါနီ စီဘာယော့စ်၊ ရိုဒရီဂို၊ အဆန်စီယို၊ ချွာမင်နီနဲ့ လူးကပ်စ် ဗက်ကက်ဇ်တို့ကို ထည့်သွင်းသွားခဲ့ပြီး လီဗာပူးလ်တို့ဘက်ကတော့ မီလ်နာ၊ ရောဘတ်ဆန်နဲ့ ဂက်ခ်ပိုတို့အစား ချိမ်ဘာလိန်၊ ဆီမီကတ်စ်နဲ့ ကာဗာလ်ယိုတို့ကို လဲလှယ်သွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာ ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုက ထွက်လာတဲ့ ဘောလုံးကို ဆီမီကတ်စ်က ဒူးနဲ့ ထိန်းရာမှာ ဘောလုံးက သူ့ရဲ့ လက်ကို သွားထိခဲ့လို့ ရီးရဲလ်တို့ဘက်က ပင်နယ်တီ ဝိုင်းတောင်းခဲ့ကြပေမယ့် ဂရိသားရဲ့ အမှားက ရှင်းလင်းလွန်းနေတဲ့ ပင်နယ်တီကို VAR က နှစ်မိနစ်နီးပါး အချိန်ယူကြည့်အပြီးမှာ မဆုံးဖြတ်တတ်တာကြောင့် ဒိုင်လူကြီး ဖဲလစ္စ ဇွေယာကို ကြည့်ခိုင်းအပြီးမှာတော့ ပယ်ချခဲ့တာကြောင့် ပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ဒုတိယဂိုး ရနိုင်တဲ့ ပင်နယ်တီကို လုယူခံခဲ့ရပေမယ့် တစ်ဂိုး-ဂိုးမရှိနဲ့ ဘာနေဗျူးမှာ အောင်ပွဲခံနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-နှစ်ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြချိန်မှာ လီဗာပူးလ်တို့ကတော့ စပါးစ်တို့နဲ့အတူ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ရပ်တည်မှုကောင်းဖို့ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ ႐ူဒီဂါ၊ ကာဗာဟယ္လ္နဲ႔ နာခ်ိဳ ဖာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ မိုဒရစ္ခ်္နဲ႔ တိုနီ ခ႐ူးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳနဲ႔ မီလ္နာတို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ ဆာလား၊ ဂက္ခ္ပိုနဲ႔ ႏူးညက္ဇ္တို႔ကို ေလးေယာက္အထိ ပြဲထုတ္လာခဲ့တာပါ။

လီဗာပူးလ္တို႔အေနနဲ႔ အန္းဖီးလ္ ရႈံးေႂကြးကို တုံ႔ျပန္ႏိုင္ဖို႔အတြက္ ဘာစီလိုနာကို နာမည္ေက်ာ္ Come Back ခဲ့တဲ့ ျဖစ္ရပ္ကို ထပ္မံ လုပ္ေဆာင္ႏိုင္ဖို႔ စိတ္ဓာတ္ျမႇင့္တင္ေပးထားပုံမ်ိဳးနဲ႔ ဘာေနဗ်ဴးမွာ ကစားလာခဲ့သလို ဆာလား၊ ဂက္ခ္ပိုက ညာျခမ္း၊ ဂ်ိဳတာနဲ႔ ႏူးညက္ဇ္တို႔က ဘယ္ျခမ္းမွာ ကစားၿပီး တိုက္စစ္ဇုန္မွာ ဖိအားေပးဖို႔ ႀကိဳးစားလာခဲ့ၾကလို႔ ရီးရဲလ္မက္ဒရစ္တို႔ သတိႀကီးႀကီးနဲ႔ ထိန္းခ်ဳပ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဆာလားေပးတာကေန ႏူးညက္ဇ္က အနီးကပ္ ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးသမား ကူတြာတည့္တည့္ျဖစ္ေနတာေၾကာင့္ လီဗာပူးလ္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရသလို ရီးရဲလ္တို႔ဘက္ကေတာ့ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ဘင္ဇီးမားတစ္ေယာက္ ေလာႀကီးေနတာေၾကာင့္ အလုပ္မျဖစ္ခဲ့ဘဲ ဗီနီးရွပ္စ္ရဲ႕ အနီးကပ္ ပိတ္သြင္းမႈကိုေတာ့ အယ္လစ္ဆန္က မယုံႏိုင္ေလာက္ေအာင္ ကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ကာမာဗင္ဂါရဲ႕ ဧရိယာ အျပင္ဘက္က အမွတ္မထင္ ကန္ခ်က္က ဘားထိထြက္ခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ ဖြင့္တိုက္ၿပီး ေဘာလုံးဆုံးရႈံးတာနဲ႔ ဂိုးေရွ႕မွာ အျမန္ဆုံးဆင္းၿပီး လူျပန္စုတဲ့ ပုံစံကို သုံးသြားခဲ့လို႔ ရီးရဲလ္တို႔ ထင္သေလာက္ မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ ႏူးညက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ရဲ႕ ကန္ခ်က္ေတြကိုေတာ့ ကူတြာ ပုတ္ထုတ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ရီးရဲလ္ဘက္က ဗယ္လ္ဗာဒီနဲ႔ ဘင္ဇီးမားတို႔ရဲ႕ ကန္ခ်က္ေတြကို အယ္လစ္ဆန္ ကာကြယ္ခဲ့ရအၿပီးမွာေတာ့ အနည္းဆုံး ေလးဂိုးသြင္းမွ ေနာက္တစ္ဆင့္တက္မယ့္ ယာဂန္ ကေလာ့ပ္တို႔အုပ္စု စိတ္ေလွ်ာ့လိုက္ပုံရၿပီး ႏူးညက္ဇ္နဲ႔ ဂ်ိဳတာတို႔အစား ဖာမီႏိုနဲ႔ အဲလီးေယာ့တို႔ကို ထည့္သြင္းၿပီး ပုံမွန္ ၄-၃-၃ ကစားကြက္ကို ျပန္ေျပာင္းသြားခဲ့သလို ပြဲကိုေတာ့ အန္ခ်ယ္ေလာ့တီရဲ႕ လူေတြကပဲ ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာပါ။

ဘင္ဇီးမားကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ျဖဳန္းတီးေနခဲ့သလို ဗယ္လ္ဗာဒီနဲ႔အတူ ဖန္တီးေပးသမွ်ကို လြဲေခ်ာ္ေနခဲ့ၿပီး ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ စိတ္ပ်က္ခဲ့ရသလို ပထမအေက်ာ့က ငါးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရထားခဲ့တာသာ မဟုတ္ရင္ ဘာေနဗ်ဴးမွာ လီဗာပူးလ္တို႔ေတာင္ ကံေကာင္းသြားႏိုင္ခဲ့ေသးတာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ရီးရဲလ္တို႔ စတင္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကာမာဗင္ဂါရဲ႕ ဘင္ဇီးမားဆီ ေပးပို႔မႈကို ဗန္ဒိုက္က ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ လည္ထြက္လာတဲ့ ေဘာလုံးကို ဗီနီးရွပ္စ္က လဲက်ေနတဲ့ အေနအထားနဲ႔ ညာဘက္ကို ထုတ္ေပးခဲ့ရာမွာ ဘင္ဇီးမားကပဲ အလြတ္ႀကီး ပိတ္သြင္းခြင့္ရသြားခဲ့လို႔ လီဗာပူးလ္တို႔ စိတ္ပ်က္ခဲ့ရတာပါ။

ဒီေနာက္မွာေတာ့ ရီးရဲလ္တို႔ဘက္က မိုဒရစ္ခ်္၊ ဘင္ဇီးမား၊ ဗီနီးရွပ္စ္၊ တိုနီ ခ႐ူးစ္နဲ႔ ကာဗာဟယ္လ္တို႔အစား ဒါနီ စီဘာေယာ့စ္၊ ႐ိုဒရီဂို၊ အဆန္စီယို၊ ခြၽာမင္နီနဲ႔ လူးကပ္စ္ ဗက္ကက္ဇ္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး လီဗာပူးလ္တို႔ဘက္ကေတာ့ မီလ္နာ၊ ေရာဘတ္ဆန္နဲ႔ ဂက္ခ္ပိုတို႔အစား ခ်ိမ္ဘာလိန္၊ ဆီမီကတ္စ္နဲ႔ ကာဗာလ္ယိုတို႔ကို လဲလွယ္သြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာ ဗန္ဒိုက္ရဲ႕ ဖ်က္ထုတ္မႈက ထြက္လာတဲ့ ေဘာလုံးကို ဆီမီကတ္စ္က ဒူးနဲ႔ ထိန္းရာမွာ ေဘာလုံးက သူ႔ရဲ႕ လက္ကို သြားထိခဲ့လို႔ ရီးရဲလ္တို႔ဘက္က ပင္နယ္တီ ဝိုင္းေတာင္းခဲ့ၾကေပမယ့္ ဂရိသားရဲ႕ အမွားက ရွင္းလင္းလြန္းေနတဲ့ ပင္နယ္တီကို VAR က ႏွစ္မိနစ္နီးပါး အခ်ိန္ယူၾကည့္အၿပီးမွာ မဆုံးျဖတ္တတ္တာေၾကာင့္ ဒိုင္လူႀကီး ဖဲလစၥ ေဇြယာကို ၾကည့္ခိုင္းအၿပီးမွာေတာ့ ပယ္ခ်ခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ ရယ္စရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ဒုတိယဂိုး ရႏိုင္တဲ့ ပင္နယ္တီကို လုယူခံခဲ့ရေပမယ့္ တစ္ဂိုး-ဂိုးမရွိနဲ႔ ဘာေနဗ်ဴးမွာ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ေျခာက္ဂိုး-ႏွစ္ဂိုးနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ စပါးစ္တို႔နဲ႔အတူ ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ ရပ္တည္မႈေကာင္းဖို႔ကိုသာ အာ႐ုံစိုက္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.